ဝူဟန္က တရားမဝင္ျမန္မာအလုပ္သမားေတြျပန္ခ်င္ေနၿပီး သံ႐ုံးကကူညီမည္ဟုဆို

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ေရာဂါအမ်ားဆုံးျဖစ္ေနတဲ့ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ တရားမဝင္ေနထိုင္အလုပ္လုပ္ေနရတဲ့ ျမန္မာႏိုင္ငံသားရာေပါင္းမ်ားစြာရွိေနၿပီး၊ တခ်ိဳ႕က ျမန္မာျပည္ျပန္ခ်င္ေပမယ့္ ျပန္ႏိုင္ေအာင္ ကူညီမယ့္သူမရွိလို႔ အခက္အခဲျဖစ္ေနတယ္လို႔ RFA က စုံစမ္းသိရွိရပါတယ္။

ျမန္မာႏိုင္ငံကေန ပညာေတာ္သင္အျဖစ္နဲ႔ေရာက္ေနတဲ့ ေက်ာင္းသား ၆၃ ေယာက္ကို ျပန္ေခၚဖို႔ ေဘဂ်င္းၿမိဳ႕ ျမန္မာသံ႐ုံးကတ႐ုတ္အစိုးရနဲ႔ ဆက္သြယ္ၿပီးေဆာင္႐ြက္ေနတယ္လို႔ ေၾကညာထားတဲ့အတြက္ အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားေတြအတြက္ကိုေရာ ဘယ္လိုေဆာင္႐ြက္ေပးမယ္ဆိုတဲ့ အစီအစဥ္ သိခ်င္ေနၾကတယ္လို႔ ဝူဟန္ၿမိဳ႕က ျမန္မာအလုပ္သမားေတြက ေျပာၾကပါတယ္။ အလုပ္သမားေတြက သူတို႔မွာ တရားမဝင္အလုပ္လုပ္ေနရတဲ့အတြက္ အျပင္မထြက္ရဲသလို၊ ေလာေလာဆယ္မွာေတာ့ အလုပ္႐ုံေတြပိတ္ထားၿပီး၊ သူတို႔အလုပ္ရွင္ေတြ ေပးထားတဲ့ အစားအေသာက္တခ်ိဳ႕နဲ႔ ရွင္သန္ေနထိုင္ၾကတယ္လို႔ ေျပာပါတယ္။

တရားမဝင္ေရာက္ေနတဲ့ ျမန္မာအလုပ္သမားအမ်ားစုက တ႐ုတ္မွတ္ပုံတင္မရွိတဲ့အတြက္ တယ္လီဖုန္းဆင္းကတ္ေတြ ဝယ္ခြင့္မရွိလို႔ အဆက္အသြယ္ေတြလဲ ခက္ၾကတယ္လို႔ ေျပာပါတယ္။

ျမန္မာေက်ာင္းသားေတြကိုေတာ့ အေစာဆုံးအေနနဲ႔ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ညမွာ ေနရပ္ျပန္ပို႔ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားတယ္လို႔လဲ သံ႐ုံးက ဒီေန႔ေၾကညာထားပါတယ္။

ဒါနဲ႔ပတ္သက္လို႔ တ႐ုတ္ႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးရဲ႕ ဒုတိယအတြင္းဝန္ဦးစိုးျပည့္ဝင္းကို RFA က ဆက္သြယ္ေမးျမန္းတဲ့အခါမွာေတာ့၊ သူတို႔ဆီကိုလဲ အလုပ္သမားတခ်ိဳ႕ ဆက္သြယ္လာတာရွိၿပီး၊ အလုပ္သမားေတြက ဘယ္မွာရွိေနတယ္၊ ဘယ္လိုဆက္သြယ္ရမယ္ဆိုတာ သံ႐ုံးကို ေျပာမယ္ဆိုရင္ လိုအပ္တာေတြ ဆက္ၿပီးေဆာင္႐ြက္ေပးမယ္လို႔ေျပာပါတယ္။ သံ႐ုံးအေနနဲ႔ အလုပ္သမားေတြရဲ႕ အခ်က္အလက္သိရတဲ့အခါ ျမန္မာႏိုင္ငံသားမွန္ကန္ေၾကာင္း အေထာက္အထားထုတ္ေပးမွာ ျဖစ္သလို၊ ေနရပ္ျပန္ဖို႔ကိုလဲ တ႐ုတ္အာဏာပိုင္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေပးမယ္လို႔ ေျပာပါတယ္။

ေပက်င္းၿမိဳ႕ ျမန္မာသံ႐ုံးဒုတိယအတြင္းဝန္ ဦးစိုးျပည့္ဝင္းကို RFA ဝိုင္းေတာ္သား ကိုေနရိန္ေက်ာ္ ဆက္သြယ္ေမးျမန္းထားပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ဝူဟန်က တရားမဝင်မြန်မာအလုပ်သမားတွေပြန်ချင်နေပြီး သံရုံးကကူညီမည်ဟုဆို

ကိုရိုနာဗိုင်းရပ်စ်ရောဂါအများဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ တရားမဝင်နေထိုင်အလုပ်လုပ်နေရတဲ့ မြန်မာနိုင်ငံသားရာပေါင်းများစွာရှိနေပြီး၊ တချို့က မြန်မာပြည်ပြန်ချင်ပေမယ့် ပြန်နိုင်အောင် ကူညီမယ့်သူမရှိလို့ အခက်အခဲဖြစ်နေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

မြန်မာနိုင်ငံကနေ ပညာတော်သင်အဖြစ်နဲ့ရောက်နေတဲ့ ကျောင်းသား ၆၃ ယောက်ကို ပြန်ခေါ်ဖို့ ဘေဂျင်းမြို့ မြန်မာသံရုံးကတရုတ်အစိုးရနဲ့ ဆက်သွယ်ပြီးဆောင်ရွက်နေတယ်လို့ ကြေညာထားတဲ့အတွက် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက်ကိုရော ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတဲ့ အစီအစဉ် သိချင်နေကြတယ်လို့ ဝူဟန်မြို့က မြန်မာအလုပ်သမားတွေက ပြောကြပါတယ်။ အလုပ်သမားတွေက သူတို့မှာ တရားမဝင်အလုပ်လုပ်နေရတဲ့အတွက် အပြင်မထွက်ရဲသလို၊ လောလောဆယ်မှာတော့ အလုပ်ရုံတွေပိတ်ထားပြီး၊ သူတို့အလုပ်ရှင်တွေ ပေးထားတဲ့ အစားအသောက်တချို့နဲ့ ရှင်သန်နေထိုင်ကြတယ်လို့ ပြောပါတယ်။

တရားမဝင်ရောက်နေတဲ့ မြန်မာအလုပ်သမားအများစုက တရုတ်မှတ်ပုံတင်မရှိတဲ့အတွက် တယ်လီဖုန်းဆင်းကတ်တွေ ဝယ်ခွင့်မရှိလို့ အဆက်အသွယ်တွေလဲ ခက်ကြတယ်လို့ ပြောပါတယ်။

မြန်မာကျောင်းသားတွေကိုတော့ အစောဆုံးအနေနဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ညမှာ နေရပ်ပြန်ပို့နိုင်မယ်လို့ မျှော်လင့်ထားတယ်လို့လဲ သံရုံးက ဒီနေ့ကြေညာထားပါတယ်။

ဒါနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးရဲ့ ဒုတိယအတွင်းဝန်ဦးစိုးပြည့်ဝင်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့၊ သူတို့ဆီကိုလဲ အလုပ်သမားတချို့ ဆက်သွယ်လာတာရှိပြီး၊ အလုပ်သမားတွေက ဘယ်မှာရှိနေတယ်၊ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ သံရုံးကို ပြောမယ်ဆိုရင် လိုအပ်တာတွေ ဆက်ပြီးဆောင်ရွက်ပေးမယ်လို့ပြောပါတယ်။ သံရုံးအနေနဲ့ အလုပ်သမားတွေရဲ့ အချက်အလက်သိရတဲ့အခါ မြန်မာနိုင်ငံသားမှန်ကန်ကြောင်း အထောက်အထားထုတ်ပေးမှာ ဖြစ်သလို၊ နေရပ်ပြန်ဖို့ကိုလဲ တရုတ်အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

ပေကျင်းမြို့ မြန်မာသံရုံးဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

RFA Burmese
https://www.rfa.org
ဝူဟန္က တရားမဝင္ျမန္မာအလုပ္သမားေတြျပန္ခ်င္ေနၿပီး သံ႐ုံးကကူညီမည္ဟုဆို ဝူဟန္က တရားမဝင္ျမန္မာအလုပ္သမားေတြျပန္ခ်င္ေနၿပီး သံ႐ုံးကကူညီမည္ဟုဆို Reviewed by THITHTOOLWIN on 00:32 Rating: 5
Powered by Blogger.