ျမန္မာႏိုင္ငံမွာႏုိဗယ္ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာအနည္းဆံုး၃ ဦး ရွိေၾကာင္း သမၼတရံုးအတည္ျပဳ

သမၼတရံုးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး

(Zawgyi/ Unicode)

ျမန္မာႏိုင္ငံမွာ ႏုိဗယ္ ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာအျဖစ္ အနည္းဆံုး ၃ ဦးကို ေတြ႔ရွိထားေၾကာင္း သမၼတရံုးတာ၀န္ရွိသူက သတင္းထုတ္ျပန္ပါတယ္။

ဒီမနက္ပိုင္းက China Southern ေလေၾကာင္းလိုင္းနဲ႔ ကြမ္က်ိဳးကေန ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို ေရာက္လာတဲ့ ခရီးသည္ ၇၉ဦးထဲမွာ အသက္ ၆၀ ဝန္းက်င္ရွိတဲ့ အမ်ိဳးသားတဦးကို ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာအျဖစ္နဲ႔ ေဝဘာဂီေဆးရံုမွာ သီးျခားထားၿပီး ကုသေပးေနတယ္လို႔ က်န္းမာေရးဌာနတာဝန္ရွိသူက ေျပာပါတယ္။ မႏၱေလးနဲ႔ မိတၳီလာမွာလည္း ဒီေရာဂါပိုး အကူးစက္ခံရသူ သံသယလူနာ ၂ ဦးရွိေနတယ္လို႔ သမၼတရံုးက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဒါေပမယ့္ ဒီသံသယ လူနာေတြ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံေနရတာ ဟုတ္ မဟုတ္ဆုိတဲ့ အတည္ျပဳခ်က္ ရယူရအံုးမွာ ျဖစ္ပါတယ္။ အျပည့္အစံုကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပသြားမွာပါ။

တရုတ္ႏုိင္ငံ၊ ကြမ္က်ိဳးေလဆိပ္ကေန ထြက္လာတဲ့ China Southern ေလေၾကာင္းလိုင္းဟာ ခရီးသည္ ၇၉ ဦးကို တင္ေဆာင္ၿပီး ရန္ကုန္အျပည္အျပည္ဆုိင္ရာ ေလဆိပ္ကို ဒီကေန႔မနက္ပိုင္းမွာ ေရာက္ရွိလာပါတယ္။ ခရီးသည္ေတြထဲက ဟူနန္ျပည္နယ္သား အသက္၆၀ ဝန္းက်င္အရြယ္ အမ်ိဳးသားတဦးမွာ ကုိရုိနာဗုိင္းရပ္စ္ပိုး လကၡဏာေတြ႕ရွိတာေၾကာင့္ သံသယလူနာအျဖစ္နဲ႔ ေဝဘာဂီေဆးရံုႀကီးမွာ ကုသေပးေန တယ္လို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနက ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“သံသယလူနာကို က်မတို႔အေနနဲ႔ ေဝဘာဂီေဆးရံုကို ပို႔ေဆာင္ၿပီးေတာ့ လုိအပ္တဲ့ကုသမႈေတြ ရရွိဖို႔အတြက္ ေဆာင္ရြက္ေနသလိုပဲ။ က်မတို႔ National Health Laboratory (အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈ ဆိုင္ရာဌာန) နဲ႔ ေစ့စပ္ညွိႏိႈ္င္းၿပီးေတာ့ ဒီလူနာဆီက ဓာတ္ခြဲနမူနာေတြကုိ ရယူဖုိ႔အတြက္ ေဆာင္ရြက္ေန ပါတယ္။ အဲဒီ ဓာတ္ခြဲနမူနာေတြ ရယူၿပီးတဲ့ေနာက္ ထုိင္းႏုိင္ငံမွာရွိတဲ့ National Institute of Health ကို ရရွိလာတဲ့ နမူနာေတြကုိ ေပးပို႔ၿပီးေတာ့ အတည္ျပဳခ်က္ယူမွာ ျဖစ္ပါတယ္။”
ျမန္မာျပည္တြင္း Corona ဗိုင္းရပ္စ္ကူးစက္မႈမွ ကာကြယ္ရန္ ေဆာင္ရြက္ေနသည္႔ သတင္းဓါတ္ပံုမ်ား
အဲဒီ သံသယလူနာဆီကိို ဓာတ္ခြဲ စစ္ေဆးဖုိ႔ နမူနာယူတာနဲ႔ စမ္းသပ္ကုသမႈေတြ ဆက္လုပ္ဖုိ႔ ႔ေဆာင္ရြက္ေန တဲ့ အျပင္ သူဟာ ကိုရိုနာဗုိင္းရပ္စ္ပိုး ကူးစက္ခံေနရသူ ဟုတ္ မဟုတ္ဆုိတာကုိေတာ့ ေစာင့္ၾကည့္ရဦးမယ္လို႔ လည္း ေျပာပါတယ္။

“ကြမ္က်ိဳးက ရန္ကုန္ေလဆိပ္ကုိ China Southern Airline ေပါ့။ အဲဒီမွာပါလာတဲ့ ခရီးသည္တဦးက ေခါင္းမူးတယ္၊ ဖ်ားတယ္လို႔ ေလယာဥ္မယ္ကိုေျပာတယ္။ ေလယာဥ္မယ္ကေနၿပီးေတာ့ ေလယာဥ္မွဴးကို သတင္းပို႔တယ္။ ေလာေလာဆယ္မွာ ဖ်ားနာေနတဲ့လူနာကို အေရးေပၚအေနနဲ႔ ေဝဘာဂီေဆးရံုကို ပို႔ထားပါတယ္။”

ေလယာဥ္ေပၚပါလာတဲ့ ခရီးသည္ ၇၉ဦးထဲက ျမန္မာႏုိင္ငံသား ၂ဦးနဲ႔ ဒီသံသယလူနာ တဦးကလြဲၿပီး က်န္တဲ့ခရီးသည္အားလံုးကို ျပည္တြင္းကိုအဝင္မခံဘဲ အဲဒီေလယာဥ္နဲ႔ပဲ ဒီကေန႔ ေန႔လည္ပိုင္းမွာ ျပန္တင္ ေပးခဲ့ တယ္လို႔ သမၼတရံုး ေျပာခြင့္ရ ဦးေဇာ္ေဌးက သတင္းေထာက္ေတြကို ေျပာပါတယ္။

ဒါ့အျပင္ မႏၱေလးနဲ႔ မိတၳီလာ ၿမိဳ႕ေတြမွာ သံသယလူနာ ၂ ဦး ထပ္ေတြ႔ရတဲ့ အတြက္ ေစာင့္ၾကည့္ ကုသေပးေနတယ္လို႔လည္း ေျပာပါတယ္။

“ေနာက္ျဖစ္စဥ္တခုက ဒီေန႔ကူမင္းေလဆိပ္ကေနၿပီးေတာ့ မႏၱေလးေလဆိပ္ကို ဆိုက္ေရာက္လာတဲ့ခရီးစဥ္မွာ ခရီးသည္ ၄၈ဦး ပါတယ္။ အဲဒီမွာ ျမန္မာႏုိင္ငံသား ၆ဦး၊ ႏုိင္ငံျခားသား ၄၂ဦး ပါတယ္။ သူတို႔ကို Screen Test စစ္တဲ့အခါမွာ တရုတ္ႏုိင္ငံသူ သံုးႏွစ္ကေလးေပါ့ေနာ္။ အပူခ်ိန္က ၃၈ ဒႆမ ၅ စင္တီဂရိတ္ရွိေနတာ ေတြ႕ရတယ္။ သူတို႔မိဘေတြကုိ စစ္ေတာ့ သာမန္ဖ်ားတာပဲေတြ႕တယ္။ သူတုိ႔ကို မႏၱေလးၿမိဳ႕ ကုတင္ ၅၅၀ ကေလးအထူးကုေဆးရံုမွာ သီးသန္႔ေစာင့္ၾကည့္ေနတယ္။ ေနာက္ မိတၳီလာက အဆုတ္မွာအနာျဖစ္တဲ့သူကို ကိုရုိနာအဆုတ္ေရာင္ ရွိမရွိ စစ္ေဆးေနဆဲျဖစ္ပါတယ္။”

ကူးစက္မႈႏႈန္းတိုး ေနၿပီး ေသဆံုးသူဦးေရပါ တိုးလာေနတဲ့ ဒီ ကိုရိုနာဗို္င္းရပ္စ္ပိုး ကူးစက္မႈနဲ႔ ပတ္သက္ၿပီး ကမာၻ႕က်န္းမာေရးအေရးေပၚ အေျခအေနအျဖစ္ မေန႕က ၾကာသပေတးေန႔မွာ ကမာၻ႕က်န္းမာေရးအဖြဲ႕ WHO က ေၾကညာလိုက္ပါတယ္။ ဒါ့အျပင္ က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္အားနည္းၿပီး ျပင္ဆင္မႈအားနည္းတဲ့ ႏုိင္ငံေတြဆီ ဒီေရာဂါကူးစက္သြားမယ့္အျဖစ္ဟာ စုိးရိမ္စရာေကာင္းတယ္လို႔ WHO ညႊန္ၾကားေရးမွဴးခ်ဳပ္က သတိေပး ထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကလည္း တရုတ္ႏုိင္ငံက လာတဲ့ခရီးသည္ေတြကို ဆိုက္ေရာက္ဗီဇာ ထုတ္ေပးေနတာကို ယာယီရပ္နားထားဖုိ႔အတြက္ ႏုိင္ငံျခားေရး ဝန္ႀကီးဌာနနဲ႔ ေဆြးေႏြးေနတယ္လို႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က သတင္းထုတ္ျပန္ထားပါတယ္။ ေရာဂါကူးစက္ႏႈန္းတက္ေနတဲ့ အခ်ိန္မွာ အစိုးရအေနနဲ႔ တရုတ္ႏုိင္ငံသား ခရီးသြာေတြကို ဗီဇာထုတ္ေပးေနတာ ကန္႔သတ္သင့္ၿပီလို႔ ခရီးသြားလုပ္ငန္းရွင္တဦးျဖစ္တဲ့ ဦးေအးေက်ာ္က ေျပာပါတယ္။

“အစုိးရက လုပ္တာကိုင္တာက အရမ္းကိုေႏွးအားႀကီးတယ္ဗ်။ တခ်ိဳ႕ႏိုင္ငံေတြမွာ တရုတ္ေတြကုိ Tourist Visa မေပးေတာ့ဘူး။ အဲေတာ့ ျမန္မာျပည္မွာ ေရာဂါျဖစ္လာမွ မရွဴႏုိင္ မကယ္ႏုိင္ ေဆးလည္းမရွိေသးဘူး။ က်ေတာ္တို႔အကုန္လံုး ေသကုန္လိမ့္မယ္။”

ဒီကေန႔ မနက္ပိုင္းအထိ WHO ရဲ႕ ထုတ္ျပန္ခ်က္အရ ႏုိင္ငံေပါင္း ၂၁ႏုိင္ငံအထိ ဒီေရာဂါျပန္႔ႏွံ႕ေနၿပီး ကူးစက္ခံထားရသူ တေသာင္းနီးပါးနဲ႔ ေသဆံုးသူ ၂၀၀ေက်ာ္ထိ ရွိလာပါၿပီ။

ျမန္မာႏုိင္ငံမွာေတာ့ ကိုရိုနာဗုိင္းရပ္စ္ကာကြယ္ေရးနဲ႔ ကုသေရးအတြက္ ေဆာင္ရြက္ခ်က္ေတြကို ျပင္ဆင္ထားရွိၿပီးျဖစ္တယ္လုိ႔ က်န္းမာေရးဌာန တာဝန္ရွိသူေတြကေျပာပါတယ္။ အခု သံသယလူနာအျဖစ္ ေတြ႕ရွိထားတဲ့လူနာ ေတြကို သီးျခားခန္းမွာ ထားၿပီး ကိုရိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့ အဆုတ္ေရာင္ေရာဂါ ရွိ၊ မရွိကိုေတာ့ အတည္ျပဳႏုိင္ဖုိ႔ ေဆာင္ရြက္ေနတယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

.......................

မြန်မာနိုင်ငံမှာနိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအနည်းဆုံး၃ ဦး ရှိကြောင်း သမ္မတရုံးအတည်ပြု

(Unicode)

မြန်မာနိုင်ငံမှာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် အနည်းဆုံး ၃ ဦးကို တွေ့ရှိထားကြောင်း သမ္မတရုံးတာဝန်ရှိသူက သတင်းထုတ်ပြန်ပါတယ်။​

ဒီမနက်ပိုင်းက China Southern လေကြောင်းလိုင်းနဲ့ ကွမ်ကျိုးကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာတဲ့ ခရီးသည် ၇၉ဦးထဲမှာ အသက် ၆၀ ဝန်းကျင်ရှိတဲ့ အမျိုးသားတဦးကို ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ်နဲ့ ဝေဘာဂီဆေးရုံမှာ သီးခြားထားပြီး ကုသပေးနေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ မန္တလေးနဲ့ မိတ္ထီလာမှာလည်း ဒီရောဂါပိုး အကူးစက်ခံရသူ သံသယလူနာ ၂ ဦးရှိနေတယ်လို့ သမ္မတရုံးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါပေမယ့် ဒီသံသယ လူနာတွေ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတာ ဟုတ် မဟုတ်ဆိုတဲ့ အတည်ပြုချက် ရယူရအုံးမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

တရုတ်နိုင်ငံ၊ ကွမ်ကျိုးလေဆိပ်ကနေ ထွက်လာတဲ့ China Southern လေကြောင်းလိုင်းဟာ ခရီးသည် ၇၉ ဦးကို တင်ဆောင်ပြီး ရန်ကုန်အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို ဒီကနေ့မနက်ပိုင်းမှာ ရောက်ရှိလာပါတယ်။ ခရီးသည်တွေထဲက ဟူနန်ပြည်နယ်သား အသက်၆၀ ဝန်းကျင်အရွယ် အမျိုးသားတဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး လက္ခဏာတွေ့ရှိတာကြောင့် သံသယလူနာအဖြစ်နဲ့ ဝေဘာဂီဆေးရုံကြီးမှာ ကုသပေးနေ တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“သံသယလူနာကို ကျမတို့အနေနဲ့ ဝေဘာဂီဆေးရုံကို ပို့ဆောင်ပြီးတော့ လိုအပ်တဲ့ကုသမှုတွေ ရရှိဖို့အတွက် ဆောင်ရွက်နေသလိုပဲ။ ကျမတို့ National Health Laboratory (အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန) နဲ့ စေ့စပ်ညှိနှိုင်းပြီးတော့ ဒီလူနာဆီက ဓာတ်ခွဲနမူနာတွေကို ရယူဖို့အတွက် ဆောင်ရွက်နေ ပါတယ်။ အဲဒီ ဓာတ်ခွဲနမူနာတွေ ရယူပြီးတဲ့နောက် ထိုင်းနိုင်ငံမှာရှိတဲ့ National Institute of Health ကို ရရှိလာတဲ့ နမူနာတွေကို ပေးပို့ပြီးတော့ အတည်ပြုချက်ယူမှာ ဖြစ်ပါတယ်။”

အဲဒီ သံသယလူနာဆီကို ဓာတ်ခွဲ စစ်ဆေးဖို့ နမူနာယူတာနဲ့ စမ်းသပ်ကုသမှုတွေ ဆက်လုပ်ဖို့ဆောင်ရွက်နေ တဲ့ အပြင် သူဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူ ဟုတ် မဟုတ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ လည်း ပြောပါတယ်။

“ကွမ်ကျိုးက ရန်ကုန်လေဆိပ်ကို China Southern Airline ပေါ့။ အဲဒီမှာပါလာတဲ့ ခရီးသည်တဦးက ခေါင်းမူးတယ်၊ ဖျားတယ်လို့ လေယာဉ်မယ်ကိုပြောတယ်။ လေယာဉ်မယ်ကနေပြီးတော့ လေယာဉ်မှူးကို သတင်းပို့တယ်။ လောလောဆယ်မှာ ဖျားနာနေတဲ့လူနာကို အရေးပေါ်အနေနဲ့ ဝေဘာဂီဆေးရုံကို ပို့ထားပါတယ်။”

လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၇၉ဦးထဲက မြန်မာနိုင်ငံသား ၂ဦးနဲ့ ဒီသံသယလူနာ တဦးကလွဲပြီး ကျန်တဲ့ခရီးသည်အားလုံးကို ပြည်တွင်းကိုအဝင်မခံဘဲ အဲဒီလေယာဉ်နဲ့ပဲ ဒီကနေ့ နေ့လည်ပိုင်းမှာ ပြန်တင် ပေးခဲ့ တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် မန္တလေးနဲ့ မိတ္ထီလာ မြို့တွေမှာ သံသယလူနာ ၂ ဦး ထပ်တွေ့ရတဲ့ အတွက် စောင့်ကြည့် ကုသပေးနေတယ်လို့လည်း ပြောပါတယ်။

“နောက်ဖြစ်စဉ်တခုက ဒီနေ့ကူမင်းလေဆိပ်ကနေပြီးတော့ မန္တလေးလေဆိပ်ကို ဆိုက်ရောက်လာတဲ့ခရီးစဉ်မှာ ခရီးသည် ၄၈ဦး ပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံသား ၆ဦး၊ နိုင်ငံခြားသား ၄၂ဦး ပါတယ်။ သူတို့ကို Screen Test စစ်တဲ့အခါမှာ တရုတ်နိုင်ငံသူ သုံးနှစ်ကလေးပေါ့နော်။ အပူချိန်က ၃၈ ဒဿမ ၅ စင်တီဂရိတ်ရှိနေတာ တွေ့ရတယ်။ သူတို့မိဘတွေကို စစ်တော့ သာမန်ဖျားတာပဲတွေ့တယ်။ သူတို့ကို မန္တလေးမြို့ ကုတင် ၅၅၀ ကလေးအထူးကုဆေးရုံမှာ သီးသန့်စောင့်ကြည့်နေတယ်။ နောက် မိတ္ထီလာက အဆုတ်မှာအနာဖြစ်တဲ့သူကို ကိုရိုနာအဆုတ်ရောင် ရှိမရှိ စစ်ဆေးနေဆဲဖြစ်ပါတယ်။”

ကူးစက်မှုနှုန်းတိုး နေပြီး သေဆုံးသူဦးရေပါ တိုးလာနေတဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် မနေ့က ကြာသပတေးနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေငြာလိုက်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု စနစ်အားနည်းပြီး ပြင်ဆင်မှုအားနည်းတဲ့ နိုင်ငံတွေဆီ ဒီရောဂါကူးစက်သွားမယ့်အဖြစ်ဟာ စိုးရိမ်စရာကောင်းတယ်လို့ WHO ညွှန်ကြားရေးမှူးချုပ်က သတိပေး ထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း တရုတ်နိုင်ငံက လာတဲ့ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေတာကို ယာယီရပ်နားထားဖို့အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေးနေတယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ရောဂါကူးစက်နှုန်းတက်နေတဲ့ အချိန်မှာ အစိုးရအနေနဲ့ တရုတ်နိုင်ငံသား ခရီးသွာတွေကို ဗီဇာထုတ်ပေးနေတာ ကန့်သတ်သင့်ပြီလို့ ခရီးသွားလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးအေးကျော်က ပြောပါတယ်။

“အစိုးရက လုပ်တာကိုင်တာက အရမ်းကိုနှေးအားကြီးတယ်ဗျ။ တချို့နိုင်ငံတွေမှာ တရုတ်တွေကို Tourist Visa မပေးတော့ဘူး။ အဲတော့ မြန်မာပြည်မှာ ရောဂါဖြစ်လာမှ မရှူနိုင် မကယ်နိုင် ဆေးလည်းမရှိသေးဘူး။ ကျတော်တို့အကုန်လုံး သေကုန်လိမ့်မယ်။”

ဒီကနေ့ မနက်ပိုင်းအထိ WHO ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၂၁နိုင်ငံအထိ ဒီရောဂါပြန့်နှံ့နေပြီး ကူးစက်ခံထားရသူ တသောင်းနီးပါးနဲ့ သေဆုံးသူ ၂၀၀ကျော်ထိ ရှိလာပါပြီ။

မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ ကုသရေးအတွက် ဆောင်ရွက်ချက်တွေကို ပြင်ဆင်ထားရှိပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေကပြောပါတယ်။ အခု သံသယလူနာအဖြစ် တွေ့ရှိထားတဲ့လူနာ တွေကို သီးခြားခန်းမှာ ထားပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါ ရှိ၊ မရှိကိုတော့ အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စုစု/ VOA (Burmese)
https://burmese.voanews.com
ျမန္မာႏိုင္ငံမွာႏုိဗယ္ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာအနည္းဆံုး၃ ဦး ရွိေၾကာင္း သမၼတရံုးအတည္ျပဳ ျမန္မာႏိုင္ငံမွာႏုိဗယ္ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာအနည္းဆံုး၃ ဦး ရွိေၾကာင္း သမၼတရံုးအတည္ျပဳ Reviewed by THITHTOOLWIN on 00:37 Rating: 5
Powered by Blogger.