Wuhan-မႏၲေလး ေလေၾကာင္းခရီးစဥ္အားလံုး အကန္႔အသတ္မဲ့ ရပ္ဆိုင္း

China Eastern ေလယာဥ္လိုင္း

(Zawgyi / Unicode)

တရုတ္ႏုိင္ငံမွာ အသက္႐ႈလမ္းေၾကာင္းဆိုင္ရာ coronavirus ေရာဂါပိုးသစ္ ကူးစက္ ျပန္႔ပြားေနတာေၾကာင့္ ေရာဂါပုိး စတင္ေတြ႔ရွိရာ Wuhan ၿမိဳ႕နဲ႔ ျမန္မာႏုိင္ငံ၊ မႏၱေလးၿမိဳ႕အၾကား ေျပးဆြဲေနတဲ့ China Eastern Airlines တရုတ္အေရွ႕ပုိင္း ေလေၾကာင္းလုိင္းရဲ႕ ေလယာဥ္ ပ်ံသန္းမႈေတြကုိ ရပ္ဆုိင္းထားလုိက္ေၾကာင္း ေလေၾကာင္းလုိင္းက ဇန္န၀ါရီ ၂၄ ရက္ေန႔ ရက္စြဲနဲ႔ တရား၀င္ ေၾကညာလုိက္ပါတယ္။

Wuhan ၿမိဳ႕ကုိ ၀င္ထြက္ ပ်ံသန္းေနတဲ့ ေလေၾကာင္းလုိင္းအားလုံးကုိ ရပ္ဆုိင္းလုိက္တာ ျဖစ္ပါတယ္။

လက္ရွိျဖစ္ေပၚေနတဲ့ ဗုိင္းရပ္စ္ေရာဂါပုိးကုိ ထိန္းခ်ဳပ္ႏုိင္တယ္လုိ႔ ယူဆရတဲ့အခ်ိန္အထိ ေလယာဥ္ပ်ံသန္းမႈေတြကုိ အကန္႔အသတ္မရွိ ဆုိင္းငံ့ထားမယ္လုိ႔လည္း ေလေၾကာင္းလုိင္းရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကူးစက္ေရာဂါေၾကာင့္ အခုခ်ိန္ထိ ေသဆုံးသူ အနည္းဆုံး လူ ၂၆ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

အခုခ်ိန္ထိေတာ့ Wuhan ၿမိဳ႕မွာ ျမန္မာႏုိင္ငံသား ခရီးသြားေတြ ပိတ္မိေနတယ္ဆုိတာနဲ႔ တရုတ္ႏုိင္ငံအတြင္း ဒီ ဗုိင္းရပ္စ္ပုိး ကူးစက္ေနတဲ့ ျမန္မာႏုိင္ငံသား ရွိတယ္ မရွိဘူးဆုိတာေတာ့ အတိအက် အသိရေသးပါဘူး။

အခုလုိ လူေသဆုံးတဲ့အထိ ျပင္းထန္တဲ့ Coronovirus ကူးစက္ ျပန္႔ႏွံ႔ေနတာေၾကာင့္ တရုတ္ႏုိင္ငံအတြင္းမွာရွိေနတဲ့ ျမန္မာႏုိင္ငံသားေတြ အေနနဲ႔တ႐ုတ္အစုိးရနဲ႔ ေဒသခံအာဏာပုိင္ေတြ၊ က်န္းမာေရးဌာန တာ၀န္ရွိသူေတြရဲ႕ လမ္းညႊန္ခ်က္ေတြကုိ လုိက္နာၾကဖုိ႔ ေဘဂ်င္းၿမိဳ႕မွာရွိတဲ့ ျမန္မာသံရုံးက ညြန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ ျမန္မာႏုိင္ငံသားေတြထဲက အခက္အခဲရွိသူေတြ ေဘဂ်င္းၿမိဳ႕မွာရွိတဲ့ ျမန္မာသံရုံးထံ အကူအညီ ေတာင္းခံႏုိင္ေၾကာင္းလည္း ဆက္သြယ္ရမယ့္ ဖုန္းနံပတ္နဲ႔တကြ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

Wuhan ၿမိဳ႕ ေလယာဥ္နဲ႔ မီးရထားေျပးဆြဲမႈေတြ အားလုံးကုိ ရပ္ဆုိင္းထားတဲ့အျပင္ အမ်ားျပည္သူသုံး ဘတ္စ္ကား၊ ဖယ္ရီနဲ႔ အေ၀းေျပး ကားလုိင္းေတြ အားလုံးကုိပါ အာဏာပုိင္ေတြက ပိတ္ပင္ထားလုိက္ၿပီး ၿမိဳ႕ခံေတြကုိလည္း ခရီးသြားလာခြင့္ ပိတ္ပင္ထားပါတယ္။ တျခား ၿမိဳ႕ ၂ ၿမိဳ႕က ေဒသခံေတြရဲ႕ ခရီးသြားလာခြင့္ကုိလည္း တရုတ္အာဏာပုိင္ေတြက ပိတ္ပင္ထားလုိက္ပါတယ္။

လက္ရွိအခ်ိန္ထိ တႏုိင္ငံလုံးက ရုပ္ရွင္ရုံေတြကုိ ပိတ္ပင္ထားၿပီး ၿမိဳ႕ေတာ္ ေဘဂ်င္းက ကမၻာလွည့္ခရီးသြားေတြ အလာမ်ားတဲ့ နံမည္ႀကီး ေနရာတခ်ဳိ႕နဲ႔ တရုတ္မဟာတံတုိင္းႀကီးတုိ႔ကုိလည္း ယာယီ ပိတ္ပင္ထားလုိက္ပါတယ္။

ဒီအေတာအတြင္း Coronavirus ပုိး ကူးစက္ေနသူေတြကုိ သီးျခားခြဲၿပီး ကုသႏုိင္ဖုိ႔ ကုတင္ ၁,၀၀၀ ဆန္႔တဲ့ ေဆးရုံတခုကုိ Wuhan ၿမိဳ႕မွာ အာဏာပုိင္ေတြက ၁၀ ရက္အတြင္း အၿပီးေဆာက္ေနတယ္လုိ႔ ဆုိပါတယ္။

..........................

Wuhan-မန္တလေး လေကြောင်းခရီးစဉ်အားလုံး အကန့်အသတ်မဲ့ ရပ်ဆိုင်း

(Unicode)

တရုတ်နိုင်ငံမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ coronavirus ရောဂါပိုးသစ် ကူးစက် ပြန့်ပွားနေတာကြောင့် ရောဂါပိုး စတင်တွေ့ရှိရာ Wuhan မြို့နဲ့ မြန်မာနိုင်ငံ၊ မန္တလေးမြို့အကြား ပြေးဆွဲနေတဲ့ China Eastern Airlines တရုတ်အရှေ့ပိုင်း လေကြောင်းလိုင်းရဲ့ လေယာဉ် ပျံသန်းမှုတွေကို ရပ်ဆိုင်းထားလိုက်ကြောင်း လေကြောင်းလိုင်းက ဇန်နဝါရီ ၂၄ ရက်နေ့ ရက်စွဲနဲ့ တရားဝင် ကြေညာလိုက်ပါတယ်။ Wuhan မြို့ကို ဝင်ထွက် ပျံသန်းနေတဲ့ လေကြောင်းလိုင်းအားလုံးကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ဗိုင်းရပ်စ်ရောဂါပိုးကို ထိန်းချုပ်နိုင်တယ်လို့ ယူဆရတဲ့အချိန်အထိ လေယာဉ်ပျံသန်းမှုတွေကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားမယ်လို့လည်း လေကြောင်းလိုင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကူးစက်ရောဂါကြောင့် အခုချိန်ထိ သေဆုံးသူ အနည်းဆုံး လူ ၂၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခုချိန်ထိတော့ Wuhan မြို့မှာ မြန်မာနိုင်ငံသား ခရီးသွားတွေ ပိတ်မိနေတယ်ဆိုတာနဲ့ တရုတ်နိုင်ငံအတွင်း ဒီ ဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့ မြန်မာနိုင်ငံသား ရှိတယ် မရှိဘူးဆိုတာတော့ အတိအကျ အသိရသေးပါဘူး။

အခုလို လူသေဆုံးတဲ့အထိ ပြင်းထန်တဲ့ Coronovirus ကူးစက် ပြန့်နှံ့နေတာကြောင့် တရုတ်နိုင်ငံအတွင်းမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့တရုတ်အစိုးရနဲ့ ဒေသခံအာဏာပိုင်တွေ၊ ကျန်းမာရေးဌာန တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ ဘေဂျင်းမြို့မှာရှိတဲ့ မြန်မာသံရုံးက ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။​

ဒါ့အပြင် မြန်မာနိုင်ငံသားတွေထဲက အခက်အခဲရှိသူတွေ ဘေဂျင်းမြို့မှာရှိတဲ့ မြန်မာသံရုံးထံ အကူအညီ တောင်းခံနိုင်ကြောင်းလည်း ဆက်သွယ်ရမယ့် ဖုန်းနံပတ်နဲ့တကွ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Wuhan မြို့ လေယာဉ်နဲ့ မီးရထားပြေးဆွဲမှုတွေ အားလုံးကို ရပ်ဆိုင်းထားတဲ့အပြင် အများပြည်သူသုံး ဘတ်စ်ကား၊ ဖယ်ရီနဲ့ အဝေးပြေး ကားလိုင်းတွေ အားလုံးကိုပါ အာဏာပိုင်တွေက ပိတ်ပင်ထားလိုက်ပြီး မြို့ခံတွေကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။ တခြား မြို့ ၂ မြို့က ဒေသခံတွေရဲ့ ခရီးသွားလာခွင့်ကိုလည်း တရုတ်အာဏာပိုင်တွေက ပိတ်ပင်ထားလိုက်ပါတယ်။

လက်ရှိအချိန်ထိ တနိုင်ငံလုံးက ရုပ်ရှင်ရုံတွေကို ပိတ်ပင်ထားပြီး မြို့တော် ဘေဂျင်းက ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ နံမည်ကြီး နေရာတချို့နဲ့ တရုတ်မဟာတံတိုင်းကြီးတို့ကိုလည်း ယာယီ ပိတ်ပင်ထားလိုက်ပါတယ်။

ဒီအတောအတွင်း Coronavirus ပိုး ကူးစက်နေသူတွေကို သီးခြားခွဲပြီး ကုသနိုင်ဖို့ ကုတင် ၁,၀၀၀ ဆန့်တဲ့ ဆေးရုံတခုကို Wuhan မြို့မှာ အာဏာပိုင်တွေက ၁၀ ရက်အတွင်း အပြီးဆောက်နေတယ်လို့ ဆိုပါတယ်။

VOA (Burmese)
https://burmese.voanews.com
Wuhan-မႏၲေလး ေလေၾကာင္းခရီးစဥ္အားလံုး အကန္႔အသတ္မဲ့ ရပ္ဆိုင္း Wuhan-မႏၲေလး ေလေၾကာင္းခရီးစဥ္အားလံုး အကန္႔အသတ္မဲ့ ရပ္ဆိုင္း Reviewed by THITHTOOLWIN on 01:56 Rating: 5
Powered by Blogger.