ျမန္မာနယ္စပ္ အိႏိၵယ မဏိပူရျပည္နယ္တြင္းမွာ ထူးဆန္းေရာဂါေၾကာင့္ လူေသဆံုး

မဏိပူရျပည္နယ္၊ Ukhrul ခ႐ိုင္တြင္း နာဂအလံပါ အေရာင္မ်ားျခယ္ထားသည့္ ဂိတ္တခုကုိ ျဖတ္ေမာင္းသြားသည့္ လံုျခံဳေရးတပ္ဖြဲ႔ဝင္မ်ား လိုက္ပါလာသည့္ကား။ မတ္ ၈၊ ၂၀၁၁။

(Zawgyi / Unicode)

အိႏၵိယ-ျမန္မာနယ္စပ္ မဏိပူရျပည္နယ္အတြင္း Ukhrul ခရုိင္ထဲမွာ အမည္မသိ ထူးဆန္းတဲ့ ေရာဂါတခုေၾကာင့္ လူ ၂ ဦး ေသဆုံးသြားတဲ့အတြက္ ျပည္နယ္ က်န္းမာေရးအရာရွိေတြ အဲဒီေနရာကုိ အေရးေပၚ သြားေရာက္ စစ္ေဆးေနေၾကာင္း အိႏၵိယအေျခစုိက္ Express သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။

အေသးစိတ္ ဓါတ္ခြဲစမ္းသပ္မႈေတြ ျပဳလုပ္ဖုိ႔ အဲဒီ က်န္းမာေရးအရာရွိေတြက ေဒသခံ ေက်းရြာသားေတြရဲ႕ ေသြးနမူနာေတြ ယူခဲ့တယ္လုိ႔ ဆုိပါတယ္။

Ukhrul ခရုိင္ထဲက Khamasom Phungthar ဆုိတဲ့ ေက်းရြာမွာ အဲဒီထူးဆန္းတဲ့ ေရာဂါတခုနဲ႔ ၂ ရက္အတြင္း လူ ၂ ေယာက္ေသဆုံးခဲ့ၿပီး ေနာက္ထပ္ ၂ ေယာက္လည္း ဆင္တူရုိးမွား ေရာဂါလကၡဏာေတြ ခံစားေနရတာကုိ ေတြ႔ရတယ္လုိ႔ ဆုိပါတယ္။

ဇန္န၀ါရီလ ၁၇ ရက္ေန႔က အသက္ ၄ ႏွစ္အရြယ္ မိန္းကေလးငယ္ေလးဟာ ၀မ္းဗုိက္မအီမသာျဖစ္ၿပီး နာရီပုိင္းအတြင္း ေသဆုံးသြားခဲ့သလုိ အသက္ ၃၈ ႏွစ္အရြယ္ အမ်ဳိးသမီးတဦးဟာလည္း ၀မ္းဗုိက္မအီမသာျဖစ္တဲ့အျပင္ ပ်ဳိ႕အန္ၿပီး ဇန္န၀ါရီလ ၁၉ ရက္ေန႔မွာ ေသဆုံးသြားတယ္လုိ႔ ဆုိပါတယ္။ သူတုိ႔ ၂ ေယာက္စလုံးဟာ အဲဒီ ထူးဆန္းတဲ့ ေရာဂါကုိ ခံစားရၿပီး နာရီပုိင္းအတြင္းမွာတင္ ကြယ္လြန္သြားခဲ့ၾကတာပါ။

သူတုိ႔ မေသဆုံးခင္မွာ ၀မ္းဗုိက္နဲ႔ ေျခေထာက္ေတြမွာ အမဲေရာင္ အျခစ္ရာေတြ ေတြ႔ခဲ့ရေၾကာင္း ရြာသူႀကီး Chihanpam Ramrak က ေျပာပါတယ္။

ရြာသားေတြအၾကား ေရာဂါအလ်င္အျမန္ ကူးစက္ေနတာကုိ ေတြ႔ရတဲ့အတြက္ အစုိးရက အခ်ိန္မီ ေဆာင္ရြက္ျခင္းမရွိရင္ လူေတြ အမ်ားအျပား ေသဆုံးမွာကုိ စုိးရိမ္ရေၾကာင္း ရြာသူႀကီးက ျပည္နယ္၀န္ႀကီးခ်ဳပ္ N Biren Singh ထံ စာေရးအေၾကာင္းၾကားခဲ့တယ္လုိ႔ ဆုိပါတယ္။

............

မြန်မာနယ်စပ် အိန္ဒိယ မဏိပူရပြည်နယ်တွင်းမှာ ထူးဆန်းရောဂါကြောင့် လူသေဆုံး

(Unicode)

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်အတွင်း Ukhrul ခရိုင်ထဲမှာ အမည်မသိ ထူးဆန်းတဲ့ ရောဂါတခုကြောင့် လူ ၂ ဦး သေဆုံးသွားတဲ့အတွက် ပြည်နယ် ကျန်းမာရေးအရာရှိတွေ အဲဒီနေရာကို အရေးပေါ် သွားရောက် စစ်ဆေးနေကြောင်း အိန္ဒိယအခြေစိုက် Express သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အသေးစိတ် ဓါတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်ဖို့ အဲဒီ ကျန်းမာရေးအရာရှိတွေက ဒေသခံ ကျေးရွာသားတွေရဲ့ သွေးနမူနာတွေ ယူခဲ့တယ်လို့ ဆိုပါတယ်။

Ukhrul ခရိုင်ထဲက Khamasom Phungthar ဆိုတဲ့ ကျေးရွာမှာ အဲဒီထူးဆန်းတဲ့ ရောဂါတခုနဲ့ ၂ ရက်အတွင်း လူ ၂ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် ၂ ယောက်လည်း ဆင်တူရိုးမှား ရောဂါလက္ခဏာတွေ ခံစားနေရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့က အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်လေးဟာ ဝမ်းဗိုက်မအီမသာဖြစ်ပြီး နာရီပိုင်းအတွင်း သေဆုံးသွားခဲ့သလို အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတဦးဟာလည်း ဝမ်းဗိုက်မအီမသာဖြစ်တဲ့အပြင် ပျို့အန်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သူတို့ ၂ ယောက်စလုံးဟာ အဲဒီ ထူးဆန်းတဲ့ ရောဂါကို ခံစားရပြီး နာရီပိုင်းအတွင်းမှာတင် ကွယ်လွန်သွားခဲ့ကြတာပါ။

သူတို့ မသေဆုံးခင်မှာ ဝမ်းဗိုက်နဲ့ ခြေထောက်တွေမှာ အမဲရောင် အခြစ်ရာတွေ တွေ့ခဲ့ရကြောင်း ရွာသူကြီး Chihanpam Ramrak က ပြောပါတယ်။

ရွာသားတွေအကြား ရောဂါအလျင်အမြန် ကူးစက်နေတာကို တွေ့ရတဲ့အတွက် အစိုးရက အချိန်မီ ဆောင်ရွက်ခြင်းမရှိရင် လူတွေ အများအပြား သေဆုံးမှာကို စိုးရိမ်ရကြောင်း ရွာသူကြီးက ပြည်နယ်ဝန်ကြီးချုပ် N Biren Singh ထံ စာရေးအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

VOA (Burmese)
https://burmese.voanews.com
ျမန္မာနယ္စပ္ အိႏိၵယ မဏိပူရျပည္နယ္တြင္းမွာ ထူးဆန္းေရာဂါေၾကာင့္ လူေသဆံုး ျမန္မာနယ္စပ္ အိႏိၵယ မဏိပူရျပည္နယ္တြင္းမွာ ထူးဆန္းေရာဂါေၾကာင့္ လူေသဆံုး Reviewed by THITHTOOLWIN on 01:54 Rating: 5
Powered by Blogger.