ဘူးသီးေတာင္ လက္နက္ႀကီးပစ္ခတ္မႈမွာ ေဒသခံ ႏွစ္ဦးေသ၊ ခုႏွစ္ဦး ဒဏ္ရာရ

ဘူးသီးေတာင္ၿမိဳ႕နယ္ ကင္းေတာင္ေက်း႐ြာက လက္နက္ႀကီးက်ည္ က်ေရာက္မႈေၾကာင့္ ဒဏ္ရာရရွိတဲ့ ‌‌‌ေဒသခံမ်ားကို ေတြ႕ရစဥ္ / ဓါတ္ပုံ - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
(Zawgyi)⤵⤵⤵
ဘူးသီးေတာင္ၿမိဳ႕နယ္ ကင္းေတာင္ မြတ္စလင္ေက်း႐ြာမွာ ဒီေန႔မနက္ ၁ နာရီခြဲေလာက္မွာ ေနအိမ္တစ္လုံးေပၚ လက္နက္ႀကီးက်ည္တစ္လုံး က်ေရာက္ေပါက္ကြဲခဲ့ၿပီး ကိုယ္ဝန္ေဆာင္တစ္ဦးနဲ႔ ၁၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့တာျဖစ္ပါတယ္။

တစ္ေနရာကေန ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီး က်ည္ သုံးလုံးမွာ တစ္လုံးက ေက်း႐ြာေနအိမ္အတြင္း က်ေရာက္ေပါက္ကြဲခဲ့တာလို႔ ကင္းေတာင္ေက်း႐ြာ ရာအိမ္မႉး ဦးဂ်ဴပိုင္က ေျပာပါတယ္။

“တိုက္ပြဲျဖစ္တာမဟုတ္ဘူး။ တိုက္ပြဲျဖစ္တဲ့အေျခအေနမၾကားရဘူး။ လက္နက္ႀကီးတစ္လုံး ႐ြာထဲက် ဆုံးသြားတဲ့အိမ္ကို က်တယ္။ က်န္တဲ့ ႏွစ္လုံးက ဆယ္ရပ္ျပင္ေတာင္ဘက္မွာ က်တယ္။ က်ေနာ္တို႔က အသံပဲၾကားတယ္ ဘယ္က ပစ္တယ္ဆိုတာ မသိရဘူး။”

ေသဆုံးသူ ထိခိုက္ဒဏ္ရာရရွိသူေတြကို ဘူးသီးေတာင္ေဆး႐ုံကို ပို႔ေဆာင္ထားၿပီး ဒဏ္ရာရရွိသူထဲမွာ အမ်ိဳးသား ေလးဦးနဲ႔ အမ်ိဳးသမီး ႏွစ္ဦး၊ သုံးႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးတို႔ ပါဝင္ပါတယ္။

ထိခိုက္ဒဏ္ရာရသူေတြရဲ႕ အေျခအေနကေတာ့ မစိုးရိမ္ရဘူးလို႔ ေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားတာမ်ိဳးမဟုတ္ဘဲ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြမွာလည္း ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ ၾကားသိရၿပီး ေက်း႐ြာေတြထဲကို လက္နက္ႀကီးနဲ႔ ပစ္ခတ္တာမ်ိဳးက မလုပ္သင့္ေၾကာင္း ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊက ေျပာပါတယ္။

“တိုက္ပြဲမရွိပဲ ဒီလိုပဲျဖစ္ေနတာ ၾကားတယ္၊ ဟိုတစ္ေလာက ထိပ္ထူးေပါက္မွာျဖစ္တယ္ အခုလည္းျဖစ္တယ္။ တိုက္ပြဲမရွိရင္လည္း ဒီလိုပဲ လက္နက္ႀကီးေတြနဲ႔ တိုက္ခိုက္ေနတယ္ဆိုတာ ၾကားတယ္၊ အဲ့ဒါနဲ႔ မေတာ္တဆ လက္နက္ႀကီးက က်သြားတာ။ လက္နက္ႀကီးနဲ႔ပစ္တဲ့သူမွာ တာဝန္ရွိတယ္။ ျပည္သူကို ရည္႐ြယ္ခ်က္ရွိရွိ ပစ္ေနတဲ့သေဘာ၊ ဒါေနာက္မျဖစ္ေအာင္ ထိန္းသိမ္းရမွာေပါ့။”

တပ္မေတာ္ဘက္ကေတာ့ ကင္းေတာင္ေက်း႐ြာအနီးက တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ လုံၿခဳံေရး ယူထားတဲ့ ဖုန္ညိဳလိပ္တံတားကို AA က ပစ္ခတ္ခဲ့တဲ့အတြက္ တပ္မေတာ္ဘက္က ျပန္လည္ ပစ္ခတ္မႈေတြရွိခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီလိုပတ္ခတ္ရာမွာ AA ဘက္က ပစ္လိုက္တဲ့ လက္နက္ႀကီးက်ည္ဟာ ကင္းေတာင္ေက်း႐ြာအတြင္း က်ေရာက္ေပါက္ကြဲခဲ့တာျဖစ္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္  ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ဘူးသီးေတာင္ၿမိဳ႕နယ္ ဖုန္ညိဳလိပ္တံတား ဒီေန႔မနက္ ၁နာရီနဲ႔ ၁ နာရီခြဲအၾကားမွာ စခန္းရဲ႕ အေရွ႕ေျမာက္ဘက္ မီတာ ၁၀၀၀ ေလာက္အကြာကေန ႏွစ္ေနရာခြဲၿပီး လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ခဲ့တာရွိပါတယ္။ အဲဒီတံတားမွာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က အဓိက လုံၿခဳံေရးယူထားတာျဖစ္ပါတယ္။ ရန္သူရွိတဲ့ အေရွ႕ေျမာက္ဘက္ကို ျပန္ပစ္ခတ္ခဲ့တယ္။ AA အၾကမ္းဖက္ေသာင္းက်မ္းသူေတြက တံတားကို ပစ္ခတ္ရာကေန သူတို႔နဲ႔ မ်က္ႏွာခ်င္းဆိုင္က ကင္းေတာင္ေက်း႐ြာကို ပစ္ခတ္ပါတယ္။”

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလနဲ႔  ၂၀၂၀ ဇန္နဝါရီလေတြအတြင္း AA အဖြဲ႕က ဖုန္ညိဳလိပ္တံတားကို  ေႏွာင့္ယွက္ပစ္ခတ္တိုက္ခိုက္မႈ ငါးႀကိမ္ေလာက္ လုပ္ေဆာင္ခဲ့တယ္လို႔ တပ္မေတာ္ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရ ခိုင္သုခကေတာ့ ဒီေန႔မနက္က အဲ့ဒီေနရာမွာ တိုက္ပြဲျဖစ္တာ မရွိခဲ့ေၾကာင္းနဲ႔ တပ္မေတာ္ဘက္က တစ္ဖက္သတ္ ပစ္ခတ္မႈေတြေၾကာင့္ အရပ္သားေတြ ထိခိုက္ခဲ့ရတာလို႔ ေျပာပါတယ္။

“အဲ့ဒီေနရာမွာ တိုက္ပြဲျဖစ္တာမရွိဘူး။ က်ေနာ္တို႔ဘက္က သြားပစ္ခတ္တာလည္းမရွိဘူး။ ျမန္မာစစ္တပ္ဘက္က သူတို႔က်ဴးလြန္တဲ့ စစ္ရာဇဝတ္မႈေတြကို ဖုံးကြယ္ခ်င္လို႔ AA ဘက္က ပစ္ခတ္တာကို ျပန္ပစ္ရပါတယ္ဆိုၿပီး အဲဒီလိုဆင္ေျခေပးၿပီး ျပည္သူလူထုကို သူတို႔စစ္ရာဇဝတ္မႈ က်ဴးလြန္ေနတာ အေတာ္ၾကာေနၿပီ။”

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၀ ရက္ေန႔ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ ဆင္ေသျပင္ မြတ္စလင္ေက်း႐ြာမွာ တိုက္ပြဲျဖစ္ပြားတာမ်ိဳးမရွိဘဲ ႐ြာထဲက ေနအိမ္တစ္လုံးကို ေသနတ္က်ည္က်ေရာက္လို႔ အသက္ ခုႏွစ္ႏွစ္အ႐ြယ္ ကေလးတစ္ဦး ယာဘက္ေျခေထာက္မွာ က်ည္ထိမွန္ ဒဏ္ရာရသြားပါတယ္။

အျပန္အလွန္ပစ္ခတ္မႈေတြ မရွိပဲထိခိုက္ခဲ့ရတယ္လို႔ အရပ္သားေတြဘက္က စြပ္စြဲေျပာဆိုေပမယ့္ တပ္မေတာ္ဘက္က AA ကပစ္လို႔ တိုက္ပြဲျဖစ္ပြားတာလို႔ ေျပာဆိုထားၿပီး AA ဘက္ကေတာ့ တိုက္ပြဲျဖစ္တာမရွိသလို သူတို႔ဘက္က ပစ္ခတ္တာလည္းမရွိေၾကာင္း ေျပာဆိုေနၾကတာျဖစ္ပါတယ္။

AA အဖြဲ႕အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္ သုံးဖြဲ႕က ဇန္နဝါရီ ၁ ရက္ေန႔ကေန ေဖေဖာ္ဝါရီ ၂၉ ရက္ေန႔ အထိ ႏွစ္လၾကာ တစ္ဖက္သတ္ အပစ္ရပ္ေၾကာင္း ေၾကျငာခ်က္ ထုတ္ျပန္ထားေပမယ့္ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနၿပီး အရပ္သား ထိခိုက္ေသဆုံးမႈေတြလည္း ရွိေနတာျဖစ္ပါတယ္။

စစ္ေရးပဋိပကၡေတြ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသေတြမွာ ၿပီးခဲ့တဲ့ တစ္ႏွစ္တာကာလအတြင္း အရပ္သား ေသဆုံးမႈ ၁၀၀ ေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာရမႈက ၂၅၀ ေက်ာ္အထိရွိခဲ့တယ္လို႔ စစ္ေတြၿမိဳ႕အေျခစိုက္ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) က ဆိုပါတယ္။

အခုႏွစ္ဆန္းပိုင္းမွာလည္း ၿပီးခဲ့တဲ့ ဇန္နဝါရီ ၅ ရက္ကေန ဒီေန႔အထိ အခ်ိန္ ႏွစ္ပတ္အတြင္းမွာ ထိခိုက္ဒဏ္ရာရသူ ၂၀ ေက်ာ္နဲ႔ ေသဆုံးသူ ကိုးဦးထက္မနည္းရွိေနပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ဘူးသီးတောင် လက်နက်ကြီးပစ်ခတ်မှုမှာ ဒေသခံ နှစ်ဦးသေ၊ ခုနှစ်ဦး ဒဏ်ရာရ

ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာက လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒဏ်ရာရရှိတဲ့ ‌‌‌ဒေသခံများကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဘူးသီးတောင်မြို့နယ် ကင်းတောင် မွတ်စလင်ကျေးရွာမှာ ဒီနေ့မနက် ၁ နာရီခွဲလောက်မှာ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုယ်ဝန်ဆောင်တစ်ဦးနဲ့ ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

တစ်နေရာကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် သုံးလုံးမှာ တစ်လုံးက ကျေးရွာနေအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာလို့ ကင်းတောင်ကျေးရွာ ရာအိမ်မှူး ဦးဂျူပိုင်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ တိုက်ပွဲဖြစ်တဲ့အခြေအနေမကြားရဘူး။ လက်နက်ကြီးတစ်လုံး ရွာထဲကျ ဆုံးသွားတဲ့အိမ်ကို ကျတယ်။ ကျန်တဲ့ နှစ်လုံးက ဆယ်ရပ်ပြင်တောင်ဘက်မှာ ကျတယ်။ ကျနော်တို့က အသံပဲကြားတယ် ဘယ်က ပစ်တယ်ဆိုတာ မသိရဘူး။”

သေဆုံးသူ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူထဲမှာ အမျိုးသား လေးဦးနဲ့ အမျိုးသမီး နှစ်ဦး၊ သုံးနှစ်အရွယ် မိန်းကလေးတစ်ဦးတို့ ပါဝင်ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေရဲ့ အခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမျိုးမဟုတ်ဘဲ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ကြားသိရပြီး ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးက မလုပ်သင့်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

“တိုက်ပွဲမရှိပဲ ဒီလိုပဲဖြစ်နေတာ ကြားတယ်၊ ဟိုတစ်လောက ထိပ်ထူးပေါက်မှာဖြစ်တယ် အခုလည်းဖြစ်တယ်။ တိုက်ပွဲမရှိရင်လည်း ဒီလိုပဲ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်ဆိုတာ ကြားတယ်၊ အဲ့ဒါနဲ့ မတော်တဆ လက်နက်ကြီးက ကျသွားတာ။ လက်နက်ကြီးနဲ့ပစ်တဲ့သူမှာ တာဝန်ရှိတယ်။ ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်နေတဲ့သဘော၊ ဒါနောက်မဖြစ်အောင် ထိန်းသိမ်းရမှာပေါ့။”

တပ်မတော်ဘက်ကတော့ ကင်းတောင်ကျေးရွာအနီးက တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ယူထားတဲ့ ဖုန်ညိုလိပ်တံတားကို AA က ပစ်ခတ်ခဲ့တဲ့အတွက် တပ်မတော်ဘက်က ပြန်လည် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလိုပတ်ခတ်ရာမှာ AA ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကင်းတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်  ဇော်မင်းထွန်းက ပြောပါတယ်။

zawmintun-350.jpg“ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်တံတား ဒီနေ့မနက် ၁နာရီနဲ့ ၁ နာရီခွဲအကြားမှာ စခန်းရဲ့ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ လောက်အကွာကနေ နှစ်နေရာခွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။ အဲဒီတံတားမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အဓိက လုံခြုံရေးယူထားတာဖြစ်ပါတယ်။ ရန်သူရှိတဲ့ အရှေ့မြောက်ဘက်ကို ပြန်ပစ်ခတ်ခဲ့တယ်။ AA အကြမ်းဖက်သောင်းကျမ်းသူတွေက တံတားကို ပစ်ခတ်ရာကနေ သူတို့နဲ့ မျက်နှာချင်းဆိုင်က ကင်းတောင်ကျေးရွာကို ပစ်ခတ်ပါတယ်။”

၂၀၁၉ ခုနှစ် ဒီဇင်ဘာလနဲ့  ၂၀၂၀ ဇန်နဝါရီလတွေအတွင်း AA အဖွဲ့က ဖုန်ညိုလိပ်တံတားကို  နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှု ငါးကြိမ်လောက် လုပ်ဆောင်ခဲ့တယ်လို့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခကတော့ ဒီနေ့မနက်က အဲ့ဒီနေရာမှာ တိုက်ပွဲဖြစ်တာ မရှိခဲ့ကြောင်းနဲ့ တပ်မတော်ဘက်က တစ်ဖက်သတ် ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်ခဲ့ရတာလို့ ပြောပါတယ်။

khinethukha-350.jpg“အဲ့ဒီနေရာမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ ကျနော်တို့ဘက်က သွားပစ်ခတ်တာလည်းမရှိဘူး။ မြန်မာစစ်တပ်ဘက်က သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ချင်လို့ AA ဘက်က ပစ်ခတ်တာကို ပြန်ပစ်ရပါတယ်ဆိုပြီး အဲဒီလိုဆင်ခြေပေးပြီး ပြည်သူလူထုကို သူတို့စစ်ရာဇဝတ်မှု ကျူးလွန်နေတာ အတော်ကြာနေပြီ။”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ရွာထဲက နေအိမ်တစ်လုံးကို သေနတ်ကျည်ကျရောက်လို့ အသက် ခုနှစ်နှစ်အရွယ် ကလေးတစ်ဦး ယာဘက်ခြေထောက်မှာ ကျည်ထိမှန် ဒဏ်ရာရသွားပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေ မရှိပဲထိခိုက်ခဲ့ရတယ်လို့ အရပ်သားတွေဘက်က စွပ်စွဲပြောဆိုပေမယ့် တပ်မတော်ဘက်က AA ကပစ်လို့ တိုက်ပွဲဖြစ်ပွားတာလို့ ပြောဆိုထားပြီး AA ဘက်ကတော့ တိုက်ပွဲဖြစ်တာမရှိသလို သူတို့ဘက်က ပစ်ခတ်တာလည်းမရှိကြောင်း ပြောဆိုနေကြတာဖြစ်ပါတယ်။

AA အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ဇန်နဝါရီ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၉ ရက်နေ့ အထိ နှစ်လကြာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေငြာချက် ထုတ်ပြန်ထားပေမယ့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း အရပ်သား သေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက ၂၅၀ ကျော်အထိရှိခဲ့တယ်လို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က ဆိုပါတယ်။

အခုနှစ်ဆန်းပိုင်းမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကနေ ဒီနေ့အထိ အချိန် နှစ်ပတ်အတွင်းမှာ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်နဲ့ သေဆုံးသူ ကိုးဦးထက်မနည်းရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ဘူးသီးေတာင္ လက္နက္ႀကီးပစ္ခတ္မႈမွာ ေဒသခံ ႏွစ္ဦးေသ၊ ခုႏွစ္ဦး ဒဏ္ရာရ ဘူးသီးေတာင္ လက္နက္ႀကီးပစ္ခတ္မႈမွာ ေဒသခံ ႏွစ္ဦးေသ၊ ခုႏွစ္ဦး ဒဏ္ရာရ Reviewed by THITHTOOLWIN on 01:59 Rating: 5
Powered by Blogger.