ယူကရိန္း ေလယာဥ္ကို အီရန္မွားပစ္ခ်လိုက္တာလို႔ US မီဒီယာေျပာ

ပ်က္က်သြားတဲ့ ယူကရိန္းေလယာဥ္
(Zawgyi)⤵⤵⤵
အီရန္ၿမိဳ႕ေတာ္ တီဟီရန္ကေန ဒီဇင္ဘာ ၈ ရက္ ဗုဒၶဟူးေန႔က ပ်ံတက္ခါစမွာ ပ်က္က်ခဲ့တဲ့ ယူကရိန္းေလယာဥ္ဟာ အီရန္ရဲ႕ မွားယြင္း ပစ္ခ်ခံရတာလို႔ အေမရိကန္ မီဒီယာ တစ္ခုက ေျပာပါတယ္။

ယူကရိန္း ႏိုင္ငံတကာ ေလေၾကာင္းလိုင္းက ဘိုးအင္း 737-800 ေလယာဥ္ဟာ ဒုံးက်ည္ထိမွန္ခဲ့တာလို႔ ယူဆရတယ္ဆိုၿပီး အေမရိကန္ တာဝန္ရွိသူေတြက ေျပာတဲ့အေၾကာင္း CBS သတင္းဌာနက ေျပာပါတယ္။

ပထမပိုင္းမွာ ဒီေလယာဥ္ဟာ ဒုံးက်ည္နဲ႔ ပစ္ခ်ခံရတာလို႔ ယူကရိန္းက ေျပာေပမဲ့ အီရန္က ဒါကို ျငင္းထားပါတယ္။

အီရန္က အီရတ္ဘက္မွာရွိတဲ့ အေမရိကန္ စစ္စခန္းေတြကို ဒုံးက်ည္နဲ႔ တိုက္ခိုက္အၿပီး နာရီပိုင္းအၾကာမွာ ဒီေလယာဥ္ပ်က္က်မႈ ျဖစ္ခဲ့တာပါ။

အေမရိကန္ဘက္ကသတင္းေတြကို CBS က ကိုးကားေျပာရာမွာ ဒုံးက်ည္ႏွစ္ခု ပစ္လိုက္တဲ့ အနီေအာက္ေရာင္ျခည္ ပုံရိပ္ အစက္အေပ်ာက္ကို ၿဂိဳဟ္တုကေန ေတြ႕ရွိခဲ့တယ္၊ အဲဒီေနာက္မွာ ေပါက္ကြဲမႈပုံရိပ္ အစက္အေပ်ာက္ကို ေတြ႕ခဲ့တယ္လို႔ ေျပာပါတယ္။

 ပ်က္က်တဲ့ ဒီလို ေလယာဥ္ကို ဘိုးအင္းဆီက ၂၀၁၆ မွာ ဝယ္ယူခဲ့
Newsweek မဂၢဇင္း ကေတာ့ အေမရိကန္ ပန္တဂြန္ စစ္ဌာနခ်ဳပ္နဲ႔ အေမရိကန္ အႀကီးတန္း ေထာက္လွမ္းေရး တာဝန္ရွိသူေတြကို ကိုးကားၿပီး ဒီယူကရိန္းေလယာဥ္ဟာ ရွရွားလုပ္ ဒုံးက်ည္နဲ႔ ပစ္ခ်ခံရတာလို႔ အီရတ္ အစိုးရဘက္က ယူဆတယ္ဆိုၿပီး ေျပာပါတယ္။

အေမရိကန္ သမၼထရမ့္ကလည္း ဒီေလယာဥ္ကိစၥမွာ တစ္ေယာက္ေယာက္ကေတာ့ အမွားလုပ္မိၿပီလို႔ သံသယရွိတဲ့အေၾကာင္း ၾကာသပေတးေန႔က ေျပာပါတယ္။

အီရန္ ဗိုလ္ခ်ဳပ္ႀကီးကို အေမရိကန္တို႔က ေလေၾကာင္းက တိုက္ခတ္သတ္ျဖတ္ခဲ့လို႔ အေျခအေနေတြ တင္းမာေနခ်ိန္မွာပဲ အခု ပ်က္က်တဲ့ ေလယာဥ္ရဲ႕ ပ်ံသန္းမႈ ဆိုင္ရာမွတ္တမ္းေတြကို ေျခရာခံၾကည့္ႏိုင္မယ့္ Black Box ကို ေလယာဥ္ထုတ္လုပ္တဲ့ ဘိုးအင္း ေလယာဥ္ကုမၸဏီ ျဖစ္ျဖစ္ အေမရိကန္ဘက္ကို ျဖစ္ျဖစ္ ျပန္ေပးမွာ မဟုတ္ဘူးလို႔ အီရန္က ေျပာခဲ့ပါတယ္။

ႏိုင္ငံတကာ ေလေၾကာင္း စည္းမ်ဥ္းစည္းကမ္းေတြအရ ေလယာဥ္ပ်က္က်မႈကို အီရန္အေနနဲ႔ ဦးေဆာင္ စုံစမ္းစစ္ေဆးႏိုင္ပါတယ္။ ဒါေပမဲ့ ပုံမွန္အားျဖင့္ ေလယာဥ္ထုတ္လုပ္သူေတြလည္း ဒီစုံစမ္းစစ္ေဆးမႈမွာ ပါဝင္ၾကပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ယူကရိန်း လေယာဉ်ကို အီရန်မှားပစ်ချလိုက်တာလို့ US မီဒီယာပြော

ဓာတ်ပုံ မူပိုင် AFP
Image caption ပျက်ကျသွားတဲ့ ယူကရိန်းလေယာဉ်

အီရန်မြို့တော် တီဟီရန်ကနေ ဒီဇင်ဘာ ၈ ရက် ဗုဒ္ဓဟူးနေ့က ပျံတက်ခါစမှာ ပျက်ကျခဲ့တဲ့ ယူကရိန်းလေယာဉ်ဟာ အီရန်ရဲ့ မှားယွင်း ပစ်ချခံရတာလို့ အမေရိကန် မီဒီယာ တစ်ခုက ပြောပါတယ်။

ယူကရိန်း နိုင်ငံတကာ လေကြောင်းလိုင်းက ဘိုးအင်း 737-800 လေယာဉ်ဟာ ဒုံးကျည်ထိမှန်ခဲ့တာလို့ ယူဆရတယ်ဆိုပြီး အမေရိကန် တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း CBS သတင်းဌာနက ပြောပါတယ်။

ပထမပိုင်းမှာ ဒီလေယာဉ်ဟာ ဒုံးကျည်နဲ့ ပစ်ချခံရတာလို့ ယူကရိန်းက ပြောပေမဲ့ အီရန်က ဒါကို ငြင်းထားပါတယ်။

အီရန်က အီရတ်ဘက်မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်နဲ့ တိုက်ခိုက်အပြီး နာရီပိုင်းအကြာမှာ ဒီလေယာဉ်ပျက်ကျမှု ဖြစ်ခဲ့တာပါ။

အမေရိကန်ဘက်ကသတင်းတွေကို CBS က ကိုးကားပြောရာမှာ ဒုံးကျည်နှစ်ခု ပစ်လိုက်တဲ့ အနီအောက်ရောင်ခြည် ပုံရိပ် အစက်အပျောက်ကို ဂြိုဟ်တုကနေ တွေ့ရှိခဲ့တယ်၊ အဲဒီနောက်မှာ ပေါက်ကွဲမှုပုံရိပ် အစက်အပျောက်ကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ပျက်ကျတဲ့ ဒီလို လေယာဉ်ကို ဘိုးအင်းဆီက ၂၀၁၆ မှာ ဝယ်ယူခဲ့

Newsweek မဂ္ဂဇင်း ကတော့ အမေရိကန် ပန်တဂွန် စစ်ဌာနချုပ်နဲ့ အမေရိကန် အကြီးတန်း ထောက်လှမ်းရေး တာဝန်ရှိသူတွေကို ကိုးကားပြီး ဒီယူကရိန်းလေယာဉ်ဟာ ရှရှားလုပ် ဒုံးကျည်နဲ့ ပစ်ချခံရတာလို့ အီရတ် အစိုးရဘက်က ယူဆတယ်ဆိုပြီး ပြောပါတယ်။

အမေရိကန် သမ္မထရမ့်ကလည်း ဒီလေယာဉ်ကိစ္စမှာ တစ်ယောက်ယောက်ကတော့ အမှားလုပ်မိပြီလို့ သံသယရှိတဲ့အကြောင်း ကြာသပတေးနေ့က ပြောပါတယ်။

အီရန် ဗိုလ်ချုပ်ကြီးကို အမေရိကန်တို့က လေကြောင်းက တိုက်ခတ်သတ်ဖြတ်ခဲ့လို့ အခြေအနေတွေ တင်းမာနေချိန်မှာပဲ အခု ပျက်ကျတဲ့ လေယာဉ်ရဲ့ ပျံသန်းမှု ဆိုင်ရာမှတ်တမ်းတွေကို ခြေရာခံကြည့်နိုင်မယ့် Black Box ကို လေယာဉ်ထုတ်လုပ်တဲ့ ဘိုးအင်း လေယာဉ်ကုမ္ပဏီ ဖြစ်ဖြစ် အမေရိကန်ဘက်ကို ဖြစ်ဖြစ် ပြန်ပေးမှာ မဟုတ်ဘူးလို့ အီရန်က ပြောခဲ့ပါတယ်။

နိုင်ငံတကာ လေကြောင်း စည်းမျဉ်းစည်းကမ်းတွေအရ လေယာဉ်ပျက်ကျမှုကို အီရန်အနေနဲ့ ဦးဆောင် စုံစမ်းစစ်ဆေးနိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့် လေယာဉ်ထုတ်လုပ်သူတွေလည်း ဒီစုံစမ်းစစ်ဆေးမှုမှာ ပါဝင်ကြပါတယ်။

BBC Burmese
https://www.bbc.com
ယူကရိန္း ေလယာဥ္ကို အီရန္မွားပစ္ခ်လိုက္တာလို႔ US မီဒီယာေျပာ ယူကရိန္း ေလယာဥ္ကို အီရန္မွားပစ္ခ်လိုက္တာလို႔ US မီဒီယာေျပာ Reviewed by THITHTOOLWIN on 09:36 Rating: 5
Powered by Blogger.