ေနအိမ္တစ္လုံး ဗုံးသီးနဲ႔ပစ္ခတ္ခံရလို႔ ေလးဦးဒဏ္ရာရ

ဗုံးေၾကာင့္ ဒဏ္ရာရခဲ့တဲ့ ေျမာက္ဦးၿမိဳ႕နယ္ အုတ္ဖိုကန္႐ြာက ကေလးတစ္ဦးကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ အုတ္ဖိုကန္ေက်း႐ြာထဲကို ဒီေန႔ညေန သုံးနာရီခြဲေလာက္က ဗုံးသီးနဲ႔ ပစ္ခတ္ခံရလို႔ ကေလး သုံးဦးနဲ႔ လူႀကီး တစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ၾကပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ ေျမာက္ဘက္ ရန္ကုန္-စစ္ေတြ ကားလမ္းမႀကီးေဘးက အုတ္ဖိုကန္ေက်း႐ြာထဲက ေနအိမ္တစ္လုံးဟာ ဗုံးသီးတစ္လုံးနဲ႔ လွမ္းပစ္ခံရၿပီးေနာက္ ကေလး သုံးဦးနဲ႔ လူႀကီး တစ္ဦး ထိခိုက္ဒဏ္ရာရၿပီး ေျမာက္ဦးေဆး႐ုံကို ပို႔ေဆာင္လိုက္ရပါတယ္။

ထိခိုက္ဒဏ္ရာရသြားသူေတြဟာ အသက္ ၁ ႏွစ္ခြဲအ႐ြယ္ မခိုင္စုေဌး၊ အသက္ ၁၂ ႏွစ္အ႐ြယ္ ေမာင္သန္းေဇာ္ဦး၊ အသက္ ၁၃ ႏွစ္အ႐ြယ္ ေမာင္ညီညီလင္းနဲ႔  အသက္ ၅၀ အ႐ြယ္ ဦးေအာင္သိန္းထြန္းတို႔ ျဖစ္ၿပီး အားလုံးဟာ မိသားစုေဆြမ်ိဳးေတြျဖစ္ၾကပါတယ္။

ဒဏ္ရာရသြားတဲ့ အသက္ တစ္ႏွစ္ခြဲအ႐ြယ္ မခိုင္စုေဌးရဲ႕ မိခင္ ေဒၚဦးဝင္းၾကည္က အဲဒီဗုံးသီးဟာ အိမ္ကို တည့္တည့္က်ေရာက္လာခဲ့တာလို႔ ေျပာပါတယ္။

“႐ြာထဲကိုက်တာနဲ႔ က်ည္ကအိမ္ေခါင္မိုးကိုေဖာက္ၿပီးဆင္းလာတာ။ ကြၽန္မက အိမ္ေပၚမွာရွိတယ္။ ကေလးေတြက ေအာက္မွာေဆာ့ေနၾကတာ။ ကေလးကိုပဲအဓိကထိတာ။ ကြၽန္မကိုေတာ့ မထိခဲ့ဘူး။ ကြၽန္မသမီးေလးဆို ဒဏ္ရာနည္းနည္းျပင္းတယ္”

တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ႐ြာနဲ႔မလွမ္းမကမ္းကိုေရာက္လာခ်ိန္မွာ ဗုံးသီးနဲ႔ႏွစ္ခ်က္ပစ္ခတ္ခဲ့တဲ့အနက္ ဒုတိယအခ်က္က ႐ြာထဲကိုက်ေရာက္လာခဲ့တာလို႔ ႐ြာသားေတြကဆိုပါတယ္။

လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေက်း႐ြာရပ္မိရပ္ဖတစ္ဦးက တပ္မေတာ္စစ္ေၾကာင္းက သူတို႔လမ္းေၾကာင္း အတြက္ ရွင္းလင္းပစ္ခတ္ရာမွာ ႐ြာထဲကိုပါ ပစ္ခတ္ခဲ့တာလို႔ေျပာပါတယ္။

“ျမန္မာ့တပ္မေတာ္က စစ္ေၾကာင္းထြက္လာတဲ့အခ်ိန္မွာ သူတို႔ဆီမွာပါလာတဲ့ လက္နက္နဲ႔လွမ္းပစ္လို႔ ႐ြာထဲက်ၿပီး ၄ ဦးဒဏ္ရာရတာ။ ႐ြာနားကိုလာတဲ့ စစ္ေၾကာင္းကပစ္တာလို႔ လူအမ်ားႀကီးက ေျပာေနၾကတယ္။ အဲဒီစစ္ေၾကာင္းက သူတို႔လမ္းေၾကာင္းေရွ႕ကို ရွင္းလင္းၿပီးသြားတဲ့အခါမွာ ပစ္လိုက္တာလို႔ ယူဆတယ္”

ဒီေန႔ပစ္ခတ္မႈဟာ ႏွစ္ဘက္အျပန္အလွန္အလွန္ ပစ္ခတ္တာမ်ိဳးမဟုတ္ဘူးလို႔ ႐ြာသားေတြကေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ေျပာခြင့္ရသူ ခိုင္သုခက အခုလိုေျပာပါတယ္။

“အဲဒီေနရာမွာေတာ့ ကြၽန္ေတာ္တို႔နဲ႔တိုက္ပြဲျဖစ္တာ လုံးဝမရွိဘူးဗ်။ အဲဒီမွာ ကြၽန္ေတာ္တို႔သိရသေလာက္ကေတာ့ ျမန္မာစစ္ေၾကာင္းတစ္ခုကေနၿပီးေတာ့မွ သူတို႔ ဒီ မသကၤာလို႔ ရမ္းသမ္း ပစ္တာေပါ့ဗ်ာ။ သူတို႔လမ္းရွင္းတဲ့အေနနဲ႔ ရမ္းသမ္းပစ္တာလို႔သိရတယ္။ ဆိုေတာ့ အဲဒီမွာ ႐ြာကအိမ္ကိုထိတာေပါ့ေနာ္။ အဲလိုထိတဲ့အခါ ကေလးေတြ၊ ေနာက္ လူႀကီးတစ္ေယာက္၊ ကေလးသုံးေယာက္ ဒဏ္ရာရတယ္လို႔ေတာ့သိရတယ္”

တပ္မေတာ္စစ္ေၾကာင္း ပစ္ခတ္တယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက အခုလိုတုံ႔ျပန္ပါတယ္။

“ေျမာက္ဦးမွာ တိုက္ပြဲျဖစ္တာမရွိဘူးခင္ဗ်။ ဒီကိစၥက သူတို႔ဟာသူတို႔ေလွ်ာက္ေျပာေနတာ။ အဲဒီဘက္မွာ ဒီလိုမ်ိဳးမရွိဘူးဗ်။ ကြၽန္ေတာ္ကေတာ့ မၾကားမိဘူး”

ဒဏ္ရာရသူေတြကေတာ့ အသက္အႏၲရာယ္အတြက္ စိုးရိမ္စရာမရွိေၾကာင္း ၿမိဳ႕နယ္ဆရာဝန္က ေျပာဆိုတယ္လို႔ မိသားစုဝင္ေတြကေျပာပါတယ္။

ေျမာက္ဦး၊ ေက်ာက္ေတာ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၅ ရက္ေန႔ကေန ဒီေန႔အထိ အခ်ိန္ ငါးရက္အတြင္းမွာ လက္နက္ေတြေၾကာင့္ ေသဆုံးသူ ေလးဦးနဲ႔ ထိခိုက္ဒဏ္ရာရသူက ၁၁ ဦးအထိ ရွိပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
နေအိမ်တစ်လုံး ဗုံးသီးနဲ့ပစ်ခတ်ခံရလို့ လေးဦးဒဏ်ရာရ

ဗုံးကြောင့် ဒဏ်ရာရခဲ့တဲ့ မြောက်ဦးမြို့နယ် အုတ်ဖိုကန်ရွာက ကလေးတစ်ဦးကို တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာထဲကို ဒီနေ့ညနေ သုံးနာရီခွဲလောက်က ဗုံးသီးနဲ့ ပစ်ခတ်ခံရလို့ ကလေး သုံးဦးနဲ့ လူကြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

မြောက်ဦးမြို့နယ် မြောက်ဘက် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးဘေးက အုတ်ဖိုကန်ကျေးရွာထဲက နေအိမ်တစ်လုံးဟာ ဗုံးသီးတစ်လုံးနဲ့ လှမ်းပစ်ခံရပြီးနောက် ကလေး သုံးဦးနဲ့ လူကြီး တစ်ဦး ထိခိုက်ဒဏ်ရာရပြီး မြောက်ဦးဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်။

ထိခိုက်ဒဏ်ရာရသွားသူတွေဟာ အသက် ၁ နှစ်ခွဲအရွယ် မခိုင်စုဌေး၊ အသက် ၁၂ နှစ်အရွယ် မောင်သန်းဇော်ဦး၊ အသက် ၁၃ နှစ်အရွယ် မောင်ညီညီလင်းနဲ့  အသက် ၅၀ အရွယ် ဦးအောင်သိန်းထွန်းတို့ ဖြစ်ပြီး အားလုံးဟာ မိသားစုဆွေမျိုးတွေဖြစ်ကြပါတယ်။

ဒဏ်ရာရသွားတဲ့ အသက် တစ်နှစ်ခွဲအရွယ် မခိုင်စုဌေးရဲ့ မိခင် ဒေါ်ဦးဝင်းကြည်က အဲဒီဗုံးသီးဟာ အိမ်ကို တည့်တည့်ကျရောက်လာခဲ့တာလို့ ပြောပါတယ်။

“ရွာထဲကိုကျတာနဲ့ ကျည်ကအိမ်ခေါင်မိုးကိုဖောက်ပြီးဆင်းလာတာ။ ကျွန်မက အိမ်ပေါ်မှာရှိတယ်။ ကလေးတွေက အောက်မှာဆော့နေကြတာ။ ကလေးကိုပဲအဓိကထိတာ။ ကျွန်မကိုတော့ မထိခဲ့ဘူး။ ကျွန်မသမီးလေးဆို ဒဏ်ရာနည်းနည်းပြင်းတယ်”

တပ်မတော်စစ်ကြောင်းတစ်ခုက ရွာနဲ့မလှမ်းမကမ်းကိုရောက်လာချိန်မှာ ဗုံးသီးနဲ့နှစ်ချက်ပစ်ခတ်ခဲ့တဲ့အနက် ဒုတိယအချက်က ရွာထဲကိုကျရောက်လာခဲ့တာလို့ ရွာသားတွေကဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာရပ်မိရပ်ဖတစ်ဦးက တပ်မတော်စစ်ကြောင်းက သူတို့လမ်းကြောင်း အတွက် ရှင်းလင်းပစ်ခတ်ရာမှာ ရွာထဲကိုပါ ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။

“မြန်မာ့တပ်မတော်က စစ်ကြောင်းထွက်လာတဲ့အချိန်မှာ သူတို့ဆီမှာပါလာတဲ့ လက်နက်နဲ့လှမ်းပစ်လို့ ရွာထဲကျပြီး ၄ ဦးဒဏ်ရာရတာ။ ရွာနားကိုလာတဲ့ စစ်ကြောင်းကပစ်တာလို့ လူအများကြီးက ပြောနေကြတယ်။ အဲဒီစစ်ကြောင်းက သူတို့လမ်းကြောင်းရှေ့ကို ရှင်းလင်းပြီးသွားတဲ့အခါမှာ ပစ်လိုက်တာလို့ ယူဆတယ်”

ဒီနေ့ပစ်ခတ်မှုဟာ နှစ်ဘက်အပြန်အလှန်အလှန် ပစ်ခတ်တာမျိုးမဟုတ်ဘူးလို့ ရွာသားတွေကပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက အခုလိုပြောပါတယ်။

“အဲဒီနေရာမှာတော့ ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူးဗျ။ အဲဒီမှာ ကျွန်တော်တို့သိရသလောက်ကတော့ မြန်မာစစ်ကြောင်းတစ်ခုကနေပြီးတော့မှ သူတို့ ဒီ မသင်္ကာလို့ ရမ်းသမ်း ပစ်တာပေါ့ဗျာ။ သူတို့လမ်းရှင်းတဲ့အနေနဲ့ ရမ်းသမ်းပစ်တာလို့သိရတယ်။ ဆိုတော့ အဲဒီမှာ ရွာကအိမ်ကိုထိတာပေါ့နော်။ အဲလိုထိတဲ့အခါ ကလေးတွေ၊ နောက် လူကြီးတစ်ယောက်၊ ကလေးသုံးယောက် ဒဏ်ရာရတယ်လို့တော့သိရတယ်”

တပ်မတော်စစ်ကြောင်း ပစ်ခတ်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုတုံ့ပြန်ပါတယ်။

“မြောက်ဦးမှာ တိုက်ပွဲဖြစ်တာမရှိဘူးခင်ဗျ။ ဒီကိစ္စက သူတို့ဟာသူတို့လျှောက်ပြောနေတာ။ အဲဒီဘက်မှာ ဒီလိုမျိုးမရှိဘူးဗျ။ ကျွန်တော်ကတော့ မကြားမိဘူး”

ဒဏ်ရာရသူတွေကတော့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာမရှိကြောင်း မြို့နယ်ဆရာဝန်က ပြောဆိုတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကနေ ဒီနေ့အထိ အချိန် ငါးရက်အတွင်းမှာ လက်နက်တွေကြောင့် သေဆုံးသူ လေးဦးနဲ့ ထိခိုက်ဒဏ်ရာရသူက ၁၁ ဦးအထိ ရှိပါတယ်။

RFA Burmese
https://www.rfa.org
ေနအိမ္တစ္လုံး ဗုံးသီးနဲ႔ပစ္ခတ္ခံရလို႔ ေလးဦးဒဏ္ရာရ ေနအိမ္တစ္လုံး ဗုံးသီးနဲ႔ပစ္ခတ္ခံရလို႔ ေလးဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 10:00 Rating: 5
Powered by Blogger.