အီရန္ ေနာက္ဆုတ္သြားၿပီလို႔ ယတိျပတ္မေျပာႏိုင္

သမၼတ ေဒၚနယ္ထရမ့္ ႏွင့္ အီရန္ သမၼတ Rounani
(Zawgyi/ Unicode)

အေမရိကန္နဲ႔ ဆက္ဆံေရး တင္းမာေနတဲ့ အီရန္တို႔ ေနာက္ဆုတ္သြားပုံရၿပီလို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ဗုဒၶဟူးေန႔ က သူ႔ရဲ႕မိန္႔ခြန္းမွာ ထည့္သြင္း ေျပာၾကားခဲ့ေပမဲ့ အီရန္ႏုိင္ငံဟာ တကယ္ေတာ့ သူ႔ရဲ႕ပဲ့ထိန္းဒုံးက်ည္ေတြနဲ႔ အေမရိကန္တပ္ဖြဲ႔၀င္ေတြကိုသတ္ျဖတ္ ဖို႔ ရည္ရြယ္ခ်က္ရွိခဲ့တယ္လို႔ အေမရိကန္တာ၀န္ရွိသူေတြကယုံၾကည္ေနၾကပါတယ္။

အီရတ္ႏုိင္ငံအတြင္းက အေမရိကန္ တပ္စခန္း ၂ခုကိုခ်ိန္ရြယ္ပစ္လႊတ္ခဲ့တဲ့အီရန္တို႔ရဲ႕ဒုံးက်ည္ေတြဟာအေမရိကန္တပ္သားေတြအသက္ေသဆုံးဖို႔ရည္ရြယ္ခဲ့တာလို႔အေမရိကန္ဒုတိယသမၼတ Mike Pence က ၾကာသပေတးေန႔က NBC နဲ႔ေတြ႔ဆုံေမးျမန္းခန္းမွာ ေျပာလုိက္တာပါ။ ေထာက္လွမ္းေရး သတင္းေတြ အရ အေထာက္အထားေတြ ရွိတယ္လို႔လည္း သူက ေျပာပါတယ္။

ဒုတိယ သမၼတ Pence ရဲ႕ ေျပာၾကားခ်က္ဟာ အေမရိကန္ ပူးတြဲ စစ္ဦးစီးအဖြဲ႕ ဥကၠဌ ဗိုလ္ခ်ဳပ္ၾကီး Mark Milley နဲ႕လည္း ထပ္တူက်ေနပါတယ္။ ဗိုလ္ခ်ဳပ္ၾကီး Mark Milley ကလည္း ဒုုံးက်ည္ ဒဏ္ခံရတဲ့ေနရာဟာ တပ္ဖြဲ႕ေတြနဲ႔ လက္နက္ကိရိယာ သိုေလွာင္ထားရွိရာ ေနရာေတြနဲ႔ သိပ္ကို နီးကပ္လြန္း တာရယ္၊ ကၽြန္ေတာ္ ၾကားသိ ျမင္ေတြ႔ခဲ့ရတာေတြရယ္ကို မူတည္ျပီး ေျပာရရင္ စစ္စခန္း အေဆာက္အအုံေတြကို ပ်က္စီးေစဖို႔၊ ေလယာဥ္၊ ေမာ္ေတာ္ယာဥ္ေတြန႔ဲ ပစၥည္းကိရိယာေတြကို ဖ်က္ဆီးဖို႔နဲ႔ တပ္ဖြဲ႕၀င္ေတြကို ေသေစဖို႔ ရည္ရြယ္ထားခဲ့ တာျဖစ္ပါတယ္ လို႔ ကာကြယ္ေရး ၀န္ၾကီးဌာန သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားထားတာပါ။

အီရန္ႏုိ္င္ငံအတြင္း ေနရာ ၃ ေနရာကေန ပစ္လႊတ္ခဲ့တဲ့ တာတိုပစ္ ပဲ့ထိန္း ဒုံးက်ည္ ၁၆ စင္းေၾကာင့္ အေမရိကန္ ဘက္မွာ ထိခိုက္ ဒဏ္ရာရမႈ တစ္စုံတစ္ရာ မရွိခဲ့ပါဘူး။ ဗုိလ္ခ်ဳပ္ၾကီး Milley ရဲ႕ အဆိုအရ အီရန္ရဲ႕ ဒုံးက်ည္ေတြဟာ ေပါင္ ၁၀၀၀ ကေန ၂၀၀၀ အထိ ရွိတဲ့ ထိပ္ဖူးေတြ တပ္ဆင္ထားေပမဲ့ အေမရိကန္တို႔အေနနဲ႔ လုံေလာက္တဲ့ ၾကိဳတင္ ကာကြယ္မႈေတြ ျပဳလုပ္ထားတာေၾကာင့္ ထိခိုက္မႈ မရွိတာလို႔ ဆိုပါတယ္။

......................

အီရန် နောက်ဆုတ်သွားပြီလို့ ယတိပြတ်မပြောနိုင်

(Unicode)

အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာနေတဲ့ အီရန်တို့ နောက်ဆုတ်သွားပုံရပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့ က သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပေမဲ့ အီရန်နိုင်ငံဟာ တကယ်တော့ သူ့ရဲ့ပဲ့ထိန်းဒုံးကျည်တွေနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကိုသတ်ဖြတ် ဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေကယုံကြည်နေကြပါတယ်။

အီရတ်နိုင်ငံအတွင်းက အမေရိကန် တပ်စခန်း ၂ခုကိုချိန်ရွယ်ပစ်လွှတ်ခဲ့တဲ့အီရန်တို့ရဲ့ဒုံးကျည်တွေဟာအမေရိကန်တပ်သားတွေအသက်သေဆုံးဖို့ရည်ရွယ်ခဲ့တာလို့အမေရိကန်ဒုတိယသမ္မတ Mike Pence က ကြာသပတေးနေ့က NBC နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်တာပါ။ ထောက်လှမ်းရေး သတင်းတွေ အရ အထောက်အထားတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒုတိယ သမ္မတ Pence ရဲ့ ပြောကြားချက်ဟာ အမေရိကန် ပူးတွဲ စစ်ဦးစီးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley နဲ့လည်း ထပ်တူကျနေပါတယ်။ ဗိုလ်ချုပ်ကြီး Mark Milley ကလည်း ဒုံးကျည် ဒဏ်ခံရတဲ့နေရာဟာ တပ်ဖွဲ့တွေနဲ့ လက်နက်ကိရိယာ သိုလှောင်ထားရှိရာ နေရာတွေနဲ့ သိပ်ကို နီးကပ်လွန်း တာရယ်၊ ကျွန်တော် ကြားသိ မြင်တွေ့ခဲ့ရတာတွေရယ်ကို မူတည်ပြီး ပြောရရင် စစ်စခန်း အဆောက်အအုံတွေကို ပျက်စီးစေဖို့၊ လေယာဉ်၊ မော်တော်ယာဉ်တွေနဲ့ ပစ္စည်းကိရိယာတွေကို ဖျက်ဆီးဖို့နဲ့ တပ်ဖွဲ့ဝင်တွေကို သေစေဖို့ ရည်ရွယ်ထားခဲ့ တာဖြစ်ပါတယ် လို့ ကာကွယ်ရေး ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားတာပါ။

အီရန်နိုင်ငံအတွင်း နေရာ ၃ နေရာကနေ ပစ်လွှတ်ခဲ့တဲ့ တာတိုပစ် ပဲ့ထိန်း ဒုံးကျည် ၁၆ စင်းကြောင့် အမေရိကန် ဘက်မှာ ထိခိုက် ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ ဗိုလ်ချုပ်ကြီး Milley ရဲ့ အဆိုအရ အီရန်ရဲ့ ဒုံးကျည်တွေဟာ ပေါင် ၁၀၀၀ ကနေ ၂၀၀၀ အထိ ရှိတဲ့ ထိပ်ဖူးတွေ တပ်ဆင်ထားပေမဲ့ အမေရိကန်တို့အနေနဲ့ လုံလောက်တဲ့ ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်ထားတာကြောင့် ထိခိုက်မှု မရှိတာလို့ ဆိုပါတယ်။

VOA Burmese
https://burmese.voanews.com
အီရန္ ေနာက္ဆုတ္သြားၿပီလို႔ ယတိျပတ္မေျပာႏိုင္ အီရန္ ေနာက္ဆုတ္သြားၿပီလို႔ ယတိျပတ္မေျပာႏိုင္ Reviewed by THITHTOOLWIN on 09:32 Rating: 5
Powered by Blogger.