သမၼတ Trump အေပၚ စြဲဆိုခ်က္ေတြ အထက္လႊတ္ေတာ္ လက္ခံလိုက္ၿပီ

ျပည္ေထာင္စု တရား႐ံုးခ်ဳပ္ တရားသူႀကီး ခ်ဳပ္ John Roberts က်မ္းက်ိန္

(Zawgyi/Unicode)

သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္အေပၚ တရားစြဲဆိုဖို႔ စြဲခ်က္ေတြကို အထက္လႊတ္ေတာ္က ၾကာသပေတးေန႔မွာ တရား ဝင္လက္ခံလိုက္ၿပီျဖစ္တာေၾကာင့္ ၾကားနာစစ္ေဆးမႈကို စတင္ေတာ့မွာျဖစ္ပါတယ္။

အေမရိကန္သမိုင္းတေလွ်ာက္ လက္ရွိ သမၼတတဦးကို တရားစြဲဆိုတာ သံုးႀကိမ္ေျမာက္ပဲရွိေသးတဲ့ တရားခြင္ကို ႀကီးၾကပ္မယ့္ ျပည္ေထာင္စု တရား႐ံုးခ်ဳပ္ တရားသူႀကီး ခ်ဳပ္ John Roberts ကိုယ္တိုင္ က်မ္းက်ိန္ၿပီးသြားၿပီျဖစ္သလို တရားသူႀကီးေတြအျဖစ္ ေဆာင္ရြက္ရမယ့္ အထက္လႊတ္ေတာ္ အမတ္ေတြကိုလည္း တရားသူႀကီးခ်ဳပ္က က်မ္းက်ိန္ေပးၿပီးသြားပါၿပီ။ ဒီအေျခအေနအျပည့္အစံုကုိ ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

လြန္ခဲ့တဲ့တလနီးပါးမွာ ေအာက္လႊတ္ေတာ္က အတည္ျပဳ ဆံုးျဖတ္ထားတဲ့ သမၼတထရမ့္ပ္အေပၚ စြဲခ်က္ႏွစ္ခုကို အထက္ လႊတ္ေတာ္ကို တရားဝင္ တင္သြင္းလိုက္တာျဖစ္ပါတယ္။

အထက္လႊတ္ေတာ္မွာ ၾကာသပေတးေန႔ကလုပ္တဲ့ အစီအစဥ္ဟာ ထူးထူးျခားျခား လုပ္ေဆာင္တာမဟုတ္ဘဲ သမၼတကို တရား စစ္ေဆးေရး သတ္မွတ္ထားတဲ့ လုပ္ထံုးလုပ္နည္းေတြအတိုင္းပဲ လုပ္ေဆာင္ခဲ့တာပါ။

အထက္လႊတ္ေတာ္ တရားခြင္မွာ တရားလိုေတြအျဖစ္ လုပ္ေဆာင္ၾကမယ့္၊ တရားဝင္အေခၚအားျဖင့္ မန္ေနဂ်ာေတြျဖစ္တဲ့ ေအာက္လႊတ္ေတာ္အမတ္ ခုနစ္ဦးထဲက ေခါင္းေဆာင္ျဖစ္သူ ေအာက္လႊတ္ေတာ္၊ ေထာက္လွမ္းေရးေကာ္မတီဥကၠ႒ Adam Schiff က သမၼတအေပၚ စြဲခ်က္ႏွစ္ခုကို အထက္ လႊတ္ေတာ္မွာ တင္သြင္းပါတယ္။ ပထမစြဲခ်က္ကေတာ့ အာဏာအလြဲသံုးစား မႈပါ။

“၂၀၂၀ ျပည့္ႏွစ္ အေမရိကန္ သမၼတေရြးေကာက္ပြဲမွာ ျပည္ပအစိုးရတခုျဖစ္တဲ့ ယူကရိန္းအစိုးရက ဝင္ေရာက္ စြက္ဖက္ လုပ္ေဆာင္ေပးဖို႔ Donald J. Trump ဟာ သူ႔ရဲ႕ လုပ္ပို္င္ခြင့္အာဏာကို အသံုးျပဳ ေျပာဆိုၿပီးေတာ့ သမၼတအာဏာကို အလြဲသံုးစားလုပ္ခဲ့ပါတယ္။”

သမၼတကို တရားစြဲဆိုေရး စံုစမ္းစစ္ေဆးမႈကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၄ ရက္ေန႔မွာ ေအာက္လႊတ္ေတာ္က စတင္ခဲ့ၿပီး ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ သမၼတကို တရားစြဲဆိုဖို႔ မဲခြဲဆံုးျဖတ္ခဲ့တာပါ။ အဲဒီလို စံုစမ္းစစ္ေဆးတဲ့ကာလအတြင္း ေအာက္ လႊတ္ေတာ္ကေတာင္းဆိုတဲ့ အေထာက္အထားေတြကိုေပးဖို႔ အိမ္ျဖဴေတာ္က ျငင္းဆိုခဲ့သလို အိမ္ျဖဴေတာ္တာဝန္ရွိသူေတြထဲက သက္ေသအျဖစ္ လာေရာက္ထြက္ဆိုဖို႔ ဆင့္ေခၚသူေတြကို ေစလႊတ္ဖို႔လည္း ျငင္းခဲ့ပါတယ္။

ဒီလုပ္ရပ္ဟာ လႊတ္ေတာ္ရဲ႕လုပ္ငန္းေတြကို ေႏွာင့္ယွက္ဟန္႔တားတာျဖစ္တယ္ဆိုတဲ့ စြဲခ်က္က ေအာက္လႊတ္ေတာ္ရဲ႕ ဒုတိယ စြဲခ်က္ျဖစ္ပါတယ္။

“သမၼတကို တရားစြဲဆိုေရး လုပ္ပိုင္ခြင့္အာဏာရွိတဲ့အတိုင္း ေအာက္လႊတ္ေတာ္က ဆင့္ေခၚခ်က္ေတြကို အစဥ္ အလာမရွိ၊ ႁခြင္းခ်က္မဲ့၊ သံုးသပ္ပိုင္းျခားမႈမရွိဘဲ အံတုၾကဖို႔ Donald J. Trump က ၫႊန္ၾကားခဲ့ပါတယ္။ သမၼတထရမ့္ပ္ဟာ အေျခခံဥပေဒကို ခ်ဳိးေဖာက္ က်ဴးလြန္တဲ့ လုပ္ရပ္မ်ဳိးနဲ႔ သမၼတအာဏာကို အလြဲသံုးစားလုပ္ခ့ဲပါတယ္။”

Adam Schiff က စြဲခ်က္ေတြကို တင္သြင္းၿပီးတဲ့ေနာက္ ဝါရွင္တန္စံေတာ္ခ်ိန္ ေန႔လည္ ၂ နာရီေက်ာ္မွာ တရားသူႀကီးခ်ဳပ္ John Roberts က်မ္းသစၥာက်ိန္ဆိုၿပီး တဆက္ထဲမွာပဲ အထက္လႊတ္ေတာ္အမတ္ ၁၀၀ ကို သူ႔ေရွ႕မွာ က်မ္းသစၥာက်ိန္ဆိုေစပါတယ္။

အထက္လႊတ္ေတာ္မွာ တရားစစ္ေဆးတာကို ေရွ႕သီတင္းပတ္ ဇန္နဝါရီလ ၂၁ ရက္မွာ စတင္မယ္လို႔ အထက္လႊတ္ေတာ္ဥကၠ႒ ရီပတ္ဘလီကန္ လူမ်ားစုေခါင္းေဆာင္ Mitch McConnell က ဒီသီတင္းပတ္အေစာပိုင္းမွာ ေျပာထားပါတယ္။

ဒီတရားစစ္ေဆးမႈ ကာလတေလွ်ာက္ တရားသူႀကီးခ်ဳပ္ John Roberts က တရားခြင္ကို ႀကီးၾကပ္သြားမွာျဖစ္ၿပီး အထက္ လႊတ္ေတာ္အမတ္ေတြအားလံုး တက္ေရာက္ၾကရမွာပါ။ တရားခြင္ဟာ အနည္းဆံုး သီတင္း ႏွစ္ပတ္ကေန သံုးပတ္ ၾကာမယ္လုိ႔ အထက္လႊတ္ေတာ္အမတ္ အေတာ္မ်ားမ်ားက ေျပာၾကပါတယ္။

အခုလို အထက္လႊတ္ေတာ္မွာ တရားစြဲဆိုေရး လုပ္ငန္းစဥ္ေတြ စတင္လိုက္တဲ့ တေန႔ထဲမွာပဲ အစိုးရလုပ္ငန္းမ်ား တာဝန္ခံမႈ ဆိုင္ရာ႐ံုး (GAO) က အစီရင္ခံစာတခုထုတ္ျပန္ၿပီး လႊတ္ေတာ္ကအတည္ျပဳထားတဲ့ ယူကရိန္းကိုေပးဖို႔ စစ္ေရးအကူအညီကို ဆိုင္းငံ့ထားတာဟာ ဖက္ဒရယ္ဥပေဒကို ခ်ဳိးေဖာက္တာျဖစ္တယ္လုိ႔ ေျပာလိုက္ပါတယ္။

ယူကရိန္းကိုေပးရမယ့္ စစ္ေရးအကူအညီ ေဒၚလာ သန္း ၄၀၀ နီးပါးကို သမၼတကမေပးေသးဘဲ သူ႔ရဲ႕ႏိုင္ငံေရးၿပိဳင္ဘက္တဦး ျဖစ္သူ ဒုတိယသမၼတေဟာင္း Joe Biden နဲ႔ သားျဖစ္သူ Hunter Biden တို႔ကို ယူကရိန္းက စံုစမ္းစစ္ေဆးေပးဖို႔ အရင္ ေတာင္းဆိုခဲ့တာပါ။ ဒီကိစၥဟာ သမၼတကို တရားစြဲဆိုေရး ေအာက္လႊတ္ေတာ္ရဲ႕ စံုစမ္းစစ္ေဆးမႈမွာ အဓိကပါဝင္ခဲ့တဲ့ ကိစၥရပ္တခု ျဖစ္ပါတယ္။

အစိုးရရဲ႕လုပ္ေဆာင္ခ်က္ေတြကို ေစာင့္ၾကည့္အကဲျဖတ္တဲ့ သီးျခားလြတ္လပ္တဲ့ အဖြဲ႔အစည္းတခုျဖစ္တဲ့ GAO ရဲ႕ အခု အစီရင္ ခံစာပါ ေကာက္ခ်က္ဟာ သမၼတထရမ့္ပ္ကို တရားစြဲဆိုစစ္ေဆးမႈေပၚ ဘယ္ေလာက္ထိ သက္ေရာက္မႈရွိမယ္ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။

အထက္လႊတ္ေတာ္မွာ တရားစစ္ေဆးတဲ့အခါ သမၼတအိမ္ျဖဴေတာ္က ထိပ္တန္းတာဝန္ရွိသူေတြ လာေရာက္ထြက္ဆိုဖို႔ ဒီမုိကရက္ ေတြက ေတာင္းဆိုထားေပမယ့္ လူမ်ားစုေခါင္းေဆာင္ Mitch McConnell က ဒီအခ်က္ကို လက္မခံေသးတာေၾကာင့္ ခုခ်ိန္ထိ ေျပလည္မႈမရေသးပါဘူး။

တရားစစ္ေဆးေနတဲ့ ကာလအတြင္းမွာပဲ သက္ေသေတြ ဆင့္ေခၚမယ္ မဆင့္ေခၚဘူးဆိုတာ စဥ္းစားသံုးသပ္သြားမယ္လုိ႔ မစၥတာ McConnell က ေျပာထားပါတယ္။

သမၼတမွာအျပစ္ရွိတယ္၊ ရာထူးကေနဖယ္ရွားရမယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္မ်ဳိး အထက္လႊတ္ေတာ္ တရားစစ္ေဆးမႈကေန ထြက္လာ ဖို႔အတြက္ အထက္လႊတ္ေတာ္အမတ္ ၁၀၀ ထဲက သံုးပံုႏွစ္ပံုရဲ႕ေထာက္ခံမႈ လိုအပ္ပါတယ္။

လက္ရွိအထက္လႊတ္ေတာ္မွာ ရီပတ္ဘလီကန္အမတ္က ၅၃ ေယာက္ရွိၿပီး ဒီမုိကရက္အမတ္ ၄၅ ေယာက္နဲ႔ ဒီမုိကရက္ဘက္ ယိမ္းတဲ့ တသီးပုဂၢလအမတ္က ၂ ေယာက္ရွိပါတယ္။ သမၼတကို ရာထူးကဖယ္ရွားဖို႔ ဒီမုိကရက္နဲ႔ တသီးပုဂၢလအမတ္ေတြ အားလံုးက ေထာက္ခံတယ္ဆိုရင္ေတာင္မွ အမတ္အေရအတြက္ သံုးပံုႏွစ္ပံုျဖစ္တဲ့ ၆၇ မဲရဖို႔ ရီပတ္ဘလီကန္အမတ္ အေယာက္ ၂၀ ထက္မနည္းရဲ႕ ေထာက္ခံမႈရဖို႔လိုပါတယ္။

လက္ရွိအခ်ိန္ထိကေတာ့ ဒီလိုေထာက္ခံမယ္ဆုိတဲ့ အလားအလာမ်ဳိး ေျပာဆိုထားသူ ရီပတ္ဘလီကန္အမတ္ တေယာက္တေလ မွ မရွိေသးပါဘူး။

.......................

သမ္မတ Trump အပေါ် စွဲဆိုချက်တွေ အထက်လွှတ်တော် လက်ခံလိုက်ပြီ

(Unicode)

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်အပေါ် တရားစွဲဆိုဖို့ စွဲချက်တွေကို အထက်လွှတ်တော်က ကြာသပတေးနေ့မှာ တရား ဝင်လက်ခံလိုက်ပြီဖြစ်တာကြောင့် ကြားနာစစ်ဆေးမှုကို စတင်တော့မှာဖြစ်ပါတယ်။ အမေရိကန်သမိုင်းတလျှောက် လက်ရှိ သမ္မတတဦးကို တရားစွဲဆိုတာ သုံးကြိမ်မြောက်ပဲရှိသေးတဲ့ တရားခွင်ကို ကြီးကြပ်မယ့် ပြည်ထောင်စု တရားရုံးချုပ် တရားသူကြီး ချုပ် John Roberts ကိုယ်တိုင် ကျမ်းကျိန်ပြီးသွားပြီဖြစ်သလို တရားသူကြီးတွေအဖြစ် ဆောင်ရွက်ရမယ့် အထက်လွှတ်တော် အမတ်တွေကိုလည်း တရားသူကြီးချုပ်က ကျမ်းကျိန်ပေးပြီးသွားပါပြီ။ ဒီအခြေအနေအပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

လွန်ခဲ့တဲ့တလနီးပါးမှာ အောက်လွှတ်တော်က အတည်ပြု ဆုံးဖြတ်ထားတဲ့ သမ္မတထရမ့်ပ်အပေါ် စွဲချက်နှစ်ခုကို အထက် လွှတ်တော်ကို တရားဝင် တင်သွင်းလိုက်တာဖြစ်ပါတယ်။

အထက်လွှတ်တော်မှာ ကြာသပတေးနေ့ကလုပ်တဲ့ အစီအစဉ်ဟာ ထူးထူးခြားခြား လုပ်ဆောင်တာမဟုတ်ဘဲ သမ္မတကို တရား စစ်ဆေးရေး သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ လုပ်ဆောင်ခဲ့တာပါ။

အထက်လွှတ်တော် တရားခွင်မှာ တရားလိုတွေအဖြစ် လုပ်ဆောင်ကြမယ့်၊ တရားဝင်အခေါ်အားဖြင့် မန်နေဂျာတွေဖြစ်တဲ့ အောက်လွှတ်တော်အမတ် ခုနစ်ဦးထဲက ခေါင်းဆောင်ဖြစ်သူ အောက်လွှတ်တော်၊ ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ Adam Schiff က သမ္မတအပေါ် စွဲချက်နှစ်ခုကို အထက် လွှတ်တော်မှာ တင်သွင်းပါတယ်။ ပထမစွဲချက်ကတော့ အာဏာအလွဲသုံးစား မှုပါ။

“၂၀၂၀ ပြည့်နှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ပြည်ပအစိုးရတခုဖြစ်တဲ့ ယူကရိန်းအစိုးရက ဝင်ရောက် စွက်ဖက် လုပ်ဆောင်ပေးဖို့ Donald J. Trump ဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု ပြောဆိုပြီးတော့ သမ္မတအာဏာကို အလွဲသုံးစားလုပ်ခဲ့ပါတယ်။”

သမ္မတကို တရားစွဲဆိုရေး စုံစမ်းစစ်ဆေးမှုကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ အောက်လွှတ်တော်က စတင်ခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ သမ္မတကို တရားစွဲဆိုဖို့ မဲခွဲဆုံးဖြတ်ခဲ့တာပါ။ အဲဒီလို စုံစမ်းစစ်ဆေးတဲ့ကာလအတွင်း အောက် လွှတ်တော်ကတောင်းဆိုတဲ့ အထောက်အထားတွေကိုပေးဖို့ အိမ်ဖြူတော်က ငြင်းဆိုခဲ့သလို အိမ်ဖြူတော်တာဝန်ရှိသူတွေထဲက သက်သေအဖြစ် လာရောက်ထွက်ဆိုဖို့ ဆင့်ခေါ်သူတွေကို စေလွှတ်ဖို့လည်း ငြင်းခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ လွှတ်တော်ရဲ့လုပ်ငန်းတွေကို နှောင့်ယှက်ဟန့်တားတာဖြစ်တယ်ဆိုတဲ့ စွဲချက်က အောက်လွှတ်တော်ရဲ့ ဒုတိယ စွဲချက်ဖြစ်ပါတယ်။

“သမ္မတကို တရားစွဲဆိုရေး လုပ်ပိုင်ခွင့်အာဏာရှိတဲ့အတိုင်း အောက်လွှတ်တော်က ဆင့်ခေါ်ချက်တွေကို အစဉ် အလာမရှိ၊ ခြွင်းချက်မဲ့၊ သုံးသပ်ပိုင်းခြားမှုမရှိဘဲ အံတုကြဖို့ Donald J. Trump က ညွှန်ကြားခဲ့ပါတယ်။ သမ္မတထရမ့်ပ်ဟာ အခြေခံဥပဒေကို ချိုးဖောက် ကျူးလွန်တဲ့ လုပ်ရပ်မျိုးနဲ့ သမ္မတအာဏာကို အလွဲသုံးစားလုပ်ခဲ့ပါတယ်။”

Adam Schiff က စွဲချက်တွေကို တင်သွင်းပြီးတဲ့နောက် ဝါရှင်တန်စံတော်ချိန် နေ့လည် ၂ နာရီကျော်မှာ တရားသူကြီးချုပ် John Roberts ကျမ်းသစ္စာကျိန်ဆိုပြီး တဆက်ထဲမှာပဲ အထက်လွှတ်တော်အမတ် ၁၀၀ ကို သူ့ရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုစေပါတယ်။

အထက်လွှတ်တော်မှာ တရားစစ်ဆေးတာကို ရှေ့သီတင်းပတ် ဇန်နဝါရီလ ၂၁ ရက်မှာ စတင်မယ်လို့ အထက်လွှတ်တော်ဥက္ကဋ္ဌ ရီပတ်ဘလီကန် လူများစုခေါင်းဆောင် Mitch McConnell က ဒီသီတင်းပတ်အစောပိုင်းမှာ ပြောထားပါတယ်။

ဒီတရားစစ်ဆေးမှု ကာလတလျှောက် တရားသူကြီးချုပ် John Roberts က တရားခွင်ကို ကြီးကြပ်သွားမှာဖြစ်ပြီး အထက် လွှတ်တော်အမတ်တွေအားလုံး တက်ရောက်ကြရမှာပါ။ တရားခွင်ဟာ အနည်းဆုံး သီတင်း နှစ်ပတ်ကနေ သုံးပတ် ကြာမယ်လို့ အထက်လွှတ်တော်အမတ် အတော်များများက ပြောကြပါတယ်။

အခုလို အထက်လွှတ်တော်မှာ တရားစွဲဆိုရေး လုပ်ငန်းစဉ်တွေ စတင်လိုက်တဲ့ တနေ့ထဲမှာပဲ အစိုးရလုပ်ငန်းများ တာဝန်ခံမှု ဆိုင်ရာရုံး (GAO) က အစီရင်ခံစာတခုထုတ်ပြန်ပြီး လွှတ်တော်ကအတည်ပြုထားတဲ့ ယူကရိန်းကိုပေးဖို့ စစ်ရေးအကူအညီကို ဆိုင်းငံ့ထားတာဟာ ဖက်ဒရယ်ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ယူကရိန်းကိုပေးရမယ့် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၄၀၀ နီးပါးကို သမ္မတကမပေးသေးဘဲ သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တဦး ဖြစ်သူ ဒုတိယသမ္မတဟောင်း Joe Biden နဲ့ သားဖြစ်သူ Hunter Biden တို့ကို ယူကရိန်းက စုံစမ်းစစ်ဆေးပေးဖို့ အရင် တောင်းဆိုခဲ့တာပါ။ ဒီကိစ္စဟာ သမ္မတကို တရားစွဲဆိုရေး အောက်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ အဓိကပါဝင်ခဲ့တဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။

အစိုးရရဲ့လုပ်ဆောင်ချက်တွေကို စောင့်ကြည့်အကဲဖြတ်တဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ GAO ရဲ့ အခု အစီရင် ခံစာပါ ကောက်ချက်ဟာ သမ္မတထရမ့်ပ်ကို တရားစွဲဆိုစစ်ဆေးမှုပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အထက်လွှတ်တော်မှာ တရားစစ်ဆေးတဲ့အခါ သမ္မတအိမ်ဖြူတော်က ထိပ်တန်းတာဝန်ရှိသူတွေ လာရောက်ထွက်ဆိုဖို့ ဒီမိုကရက် တွေက တောင်းဆိုထားပေမယ့် လူများစုခေါင်းဆောင် Mitch McConnell က ဒီအချက်ကို လက်မခံသေးတာကြောင့် ခုချိန်ထိ ပြေလည်မှုမရသေးပါဘူး။

တရားစစ်ဆေးနေတဲ့ ကာလအတွင်းမှာပဲ သက်သေတွေ ဆင့်ခေါ်မယ် မဆင့်ခေါ်ဘူးဆိုတာ စဉ်းစားသုံးသပ်သွားမယ်လို့ မစ္စတာ McConnell က ပြောထားပါတယ်။

သမ္မတမှာအပြစ်ရှိတယ်၊ ရာထူးကနေဖယ်ရှားရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး အထက်လွှတ်တော် တရားစစ်ဆေးမှုကနေ ထွက်လာ ဖို့အတွက် အထက်လွှတ်တော်အမတ် ၁၀၀ ထဲက သုံးပုံနှစ်ပုံရဲ့ထောက်ခံမှု လိုအပ်ပါတယ်။

လက်ရှိအထက်လွှတ်တော်မှာ ရီပတ်ဘလီကန်အမတ်က ၅၃ ယောက်ရှိပြီး ဒီမိုကရက်အမတ် ၄၅ ယောက်နဲ့ ဒီမိုကရက်ဘက် ယိမ်းတဲ့ တသီးပုဂ္ဂလအမတ်က ၂ ယောက်ရှိပါတယ်။ သမ္မတကို ရာထူးကဖယ်ရှားဖို့ ဒီမိုကရက်နဲ့ တသီးပုဂ္ဂလအမတ်တွေ အားလုံးက ထောက်ခံတယ်ဆိုရင်တောင်မှ အမတ်အရေအတွက် သုံးပုံနှစ်ပုံဖြစ်တဲ့ ၆၇ မဲရဖို့ ရီပတ်ဘလီကန်အမတ် အယောက် ၂၀ ထက်မနည်းရဲ့ ထောက်ခံမှုရဖို့လိုပါတယ်။

လက်ရှိအချိန်ထိကတော့ ဒီလိုထောက်ခံမယ်ဆိုတဲ့ အလားအလာမျိုး ပြောဆိုထားသူ ရီပတ်ဘလီကန်အမတ် တယောက်တလေ မှ မရှိသေးပါဘူး။

ေက်ာ္ေက်ာ္သိန္း/VOA (Burmese)
https://burmese.voanews.com
သမၼတ Trump အေပၚ စြဲဆိုခ်က္ေတြ အထက္လႊတ္ေတာ္ လက္ခံလိုက္ၿပီ သမၼတ Trump အေပၚ စြဲဆိုခ်က္ေတြ အထက္လႊတ္ေတာ္ လက္ခံလိုက္ၿပီ Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.