ေက်ာက္ျဖဴစီမံကိန္းေၾကာင့္ ေျမနဲ႔အလုပ္အကိုင္ဆုံးရႈံးမွာ ေဒသခံေတြ စိုးရိမ္

 ေျမယာနဲ႔အလုပ္အကိုင္ေတြ ဆုံးရႈံးမွာ စိုးရိမ္ေန
(Zawgyi)⤵⤵⤵
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ရဲ႕ ျမန္မာခရီးစဥ္မွာ ရခိုင္ျပည္နယ္က ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္းအပါအဝင္ စီမံကိန္းတခ်ိဳ႕အတြက္ ႏွစ္ႏိုင္ငံလက္မွတ္ထိုးၾကမွာ ျဖစ္လို႔ ေဒသခံေတြစိုးရိမ္ေနတဲ့ ေက်ာက္ျဖဴစီမံကိန္း လက္မွတ္ေရးထိုးတာကို ရပ္ထားဖို႔ ေက်ာက္ျဖဴဇုန္ ေစာင့္ၾကည့္ေရးအဖြဲ႕က ထုတ္ျပန္ပါတယ္။

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္နဲ႔ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းေတြ လက္မွတ္ထိုးမယ့္ အစီအစဥ္ကို ရပ္တန႔္ထားဖို႔ ေက်ာက္ျဖဴ အရပ္ဘက္အဖြဲ႕ ၁၈ ဖြဲ႕နဲ႔ ဖြဲ႕ထားတဲ့ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ေစာင့္ၾကည့္ေရးအဖြဲ႕က ဇန္နဝါရီ ၁၆ ရက္မွာ ထုတ္ျပန္ေတာင္းဆိုတာ ျဖစ္ပါတယ္။

၂၀၁၀ ျပည့္ႏွစ္က စတင္တည္ေဆာက္ခဲ့တဲ့ တ႐ုတ္စီမံကိန္းတစ္ခုျဖစ္တဲ့ Shwe Gas စီမံကိန္းအတြင္းမွာ ေျမယာသိမ္းဆည္းခံလိုက္ရတဲ့ ေဒသခံေတြဟာ ေလ်ာ္ေၾကးေငြ ျပည့္ျပည့္ဝဝ မရရွိၾကသလို ေဒသခံတခ်ိဳ႕တရားစြဲခံရတာေတြ၊ ျပစ္ဒဏ္ခ်မွတ္ခံရတာေတြ ႀကဳံေတြ႕ခဲ့ၾကပါတယ္။

ေက်ာက္ျဖဴ စီမံကိန္းသာ အေကာင္အထည္ေဖာ္မယ္ဆိုရင္ ေဒသခံေတြ အက်ိဳးအျမတ္ ခံစားခြင့္ မရွိႏိုင္သလို ပါဝင္ဆုံးျဖတ္ပိုင္ခြင့္နဲ႔ စီမံခန႔္ခြဲပိုင္ခြင့္ ရရွိလာမွာမဟုတ္ဘူးလို႔ အရပ္ဖက္ အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ေက်ာက္ျဖဴေက်းလက္ေဒသဖြံ႕ၿဖိဳးေရးအသင္းရဲ႕ ညႇိႏႈိင္းေရးမႉး ဦးထြန္းၾကည္က ေျပာပါတယ္။

"တ႐ုတ္သမၼတအေနနဲ႔လည္း အိမ္နီးခ်င္းေကာင္းပီသစြာနဲ႔ ျမန္မာႏိုင္ငံရဲ႕ ျပဳျပင္ေျပာင္းလဲေရး၊ ျမန္မာႏိုင္ငံ ဖက္ဒရယ္ ဒီမိုကေရစီ ျဖစ္ထြန္းလာေရးကိစၥမွာပဲ ဦးစားေပးသင့္တယ္လို႔ ျမင္တယ္။ အခုအခ်ိန္ခါက်ေတာ့ မတည္မၿငိမ္တဲ့ကာလမွာ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းကို လက္မွတ္ထိုးလိုက္ေသာအားျဖင့္ ကြၽန္ေတာ္တို႔ အခြင့္အေရးေတြ အမ်ားႀကီး ဆုံးရႈံးတယ္လို႔ ေျပာလို႔ရတယ္"လို႔ ဦးထြန္းၾကည္က ေျပာပါတယ္။

အက်ိဳးအျမတ္အတြက္ ႀကိဳတင္တြက္ဆၿပီး ေျမယာဝယ္ယူထားသူ ေငြေၾကးခ်မ္းသာသူေတြနဲ႔ သက္ဆိုင္ရာဌာနတခ်ိဳ႕နဲ႔ပူးေပါင္းၿပီး ေဒသခံေတြရဲ႕ ေျမေတြကို ရယူထားသူတခ်ိဳ႕ကေတာ့ ဒီစီမံကိန္းကိုေထာက္ခံတယ္လို႔ ေဒသခံတခ်ိဳ႕က စြပ္စြဲေျပာဆိုတာေတြလည္း ရွိေနပါတယ္။

၂၀ ရက္ေန႔မွာလည္း အဲ့ဒီစီမံကိန္းကို ေထာက္ခံသူေတြက နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးတာကို ေထာက္ခံတဲ့ အခမ္းအနားတစ္ခု ေက်ာက္ျဖဴၿမိဳ႕မွာ ျပဳလုပ္သြားဖို႔ရွိေနပါတယ္။
ငါးဖမ္းလုပ္ငန္းလုပ္ကိုင္သူေတြလည္း ေ႐ႊ႕ေျပာင္းေပးရမွာစိုးရိမ္တယ္လို႔ဆို
စီးပြားေရးလုပ္ငန္းရွင္တခ်ိဳ႕ကလည္း ေက်ာက္ျဖဴေဒသခံေတြအတြက္ တန္ဖိုးရွိတဲ့ ရင္းႏွီးျမႇဳပ္နံွမႈေတြကို အာ႐ုံစိုက္ၿပီး စဥ္းစားေပးေစခ်င္တယ္လို႔ ေျပာပါတယ္။

အဲ့ဒီေရနက္ဆိပ္ကမ္းတည္ေဆာက္ေရးစီမံကိန္းကို မူလက ၇ ဘီလီယံေက်ာ္ အကုန္က်ခံသုံးစြဲဖို႔အတြက္ ေယဘုယ်သေဘာတူညီခ်က္ေတြရွိခဲ့ေပမယ့္ အခု NLD အစိုးရလက္ထက္မွာေတာ့ ၁ ဒသမ ၂ ဘီလီယံသာ ရင္းႏွီးျမႇဳပ္ႏွံေတာ့မယ္လို႔ သိရပါတယ္။

"တ႐ုတ္သမၼတကိုလည္းကြၽန္ေတာ္တို႔က ေျပာႏိုင္တဲ့အေနအထားမွမဟုတ္တာ။ ဒီလိုမ်ိဳးရင္းႏွီးျမႇဳပ္ႏွံမႈေတြက အမွန္တကယ္ ရခိုင္ျပည္သူေတြနဲ႔ ေက်ာက္ျဖဴေဒသခံေတြ လက္ေတြ႕က်က် အက်ိဳးခံစားႏိုင္မယ့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ိဳးကို စဥ္းစားၿပီးေတာ့လုပ္ပါလို႔ပဲ ေျပာခ်င္တယ္"လို႔ ရခိုင္အမ်ားပိုင္ကုမၸဏီ REIC ရဲ႕ ဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ ဦးခင္ေမာင္ႀကီးက ေျပာပါတယ္။

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေစာင့္ၾကည့္ေရးအဖြဲ႕ရဲ႕ ေၾကညာခ်က္မွာလည္း စီမံကိန္းနဲ႔ပတ္သက္လို႔ ေဒသခံေတြအေပၚ ပြင့္လင္းျမင္သာစြာခ်ျပဖို႔နဲ႔ ေျမယာကိစၥေတြကို တိတိက်က်ပြင့္လင္းျမင္သာစြာ ေဆာင္႐ြက္ဖို႔နဲ႔ စီမံကိန္းကိစၥလက္မွတ္မေရးထိုးမီ စစ္ေရးေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးေနၾကရတဲ့ ေဒခသံျပည္သူ တစ္သိန္းေက်ာ္ ဂုဏ္သိကၡာရွိစြာ ေနရပ္ျပန္ႏိုင္ေရးအတြက္ ေဆာင္႐ြက္ေပးဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

ဒါ့အျပင္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္နဲ႔ပတ္သက္လို႔ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ (ကိုဖီအာနန္) အစီရင္ခံစာပါ အႀကံျပဳခ်က္ေတြကိုလည္း လိုက္နာေဆာင္႐ြက္တာ မေတြ႕ရေသးေၾကာင္းနဲ႔ အဲ့ဒီအႀကံျပဳခ်က္ေတြကို အစိုးရက အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေပးဖို႔ စတဲ့ အခ်က္ေတြကို ေတာင္းဆိုထားပါတယ္။

"ေရွ႕ကလည္း ေရနံနဲ႔ ဂက္စ္ပိုက္လိုင္းေတြ အမ်ားႀကီးရွိခဲ့ၿပီးၿပီ။ သူတို႔စီမံကိန္းေတြ။ အနည္းဆုံးကေတာ့ မေဒးကြၽန္းလိုေနရာမွာ ႐ြာေလး႐ြာေလာက္ကိုေတာင္ ေကာင္းေကာင္းမလုပ္ေပးတဲ့အေနအထားမ်ိဳးေတြ႕ရတယ္။ ဒီပိုက္လိုင္းသြယ္တန္းတုန္းကလည္း ေျမယာေလ်ာ္ေၾကးေတြက သူတို႔ထင္ထားသေလာက္ မေတြ႕ရဘူး။ အခုထက္ထိ အရႈပ္အရွင္းေတြက မၿပီးေသးဘူး။ ေနာက္စီမံကိန္းေတြလည္း ဒီတိုင္းပဲလို႔"လို႔ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕က ဦးခိုင္ဦးကေျပာပါတယ္။
 ေရနံတင္သေဘၤာႀကီးေတြအတြက္ လမ္းေၾကာင္းသတ္မွတ္လိုက္လို႔ မူလေနရာေတြမွာ ငါးဖမ္းခြင့္မရေတာ့
အဲ့ဒီစီမံကိန္းနဲ႔ပတ္သက္လို႔ လက္မွတ္ေရးထိုးတာဟာ ေစာေနေသးလို႔ အခုလိုမ်ိဳးလက္မွတ္ေရးထိုး လိုက္ျခင္းအားျဖင့္လည္း ေက်ာက္ျဖဴနဲ႔ ရခိုင္ေဒသခံျပည္သူေတြအတြက္ စိန္ေခၚမႈေတြ ပိုမိုႀကီးထြားလာမွာျဖစ္တယ္လို႔ ေက်ာက္ျဖဴေက်းလက္ေဒသဖြံ႕ၿဖိဳးေရးအသင္းရဲ႕ ညႇိႏႈိင္းေရးမႉး ဦးထြန္းၾကည္က ေျပာပါတယ္။

"စီမံကိန္းႀကီးေတြေၾကာင့္ ေဒသဖြံ႕ၿဖိဳးလာမယ္ဆိုတာ ျပည္သူကို အာမခံခ်က္ေပးထားတဲ့ ဥပေဒေတြ ရွိေနဖို႔ လိုပါတယ္။ အခု ကြၽန္ေတာ္တို႔ ရခိုင္ျပည္နယ္ကထြက္တဲ့ ဂက္စ္ေတြရွိတယ္။ ေရနက္ဆိပ္ကမ္း တည္ေဆာက္ၿပီးေတာ့ အေရွ႕အလယ္ပိုင္းကလာတဲ့ ေရနံေတြကို တ႐ုတ္ကို တင္ပို႔ေနတာရွိတယ္။ ဒီအေပၚမွာ ရခိုင္လူထုရဲ႕ ခံစားပိုင္ခြင့္ဘယ္ေလာက္ရွိၿပီလဲ၊ ဘယ္ေလာက္ရၿပီလဲ။ ကြၽန္ေတာ္သိသေလာက္ တစ္ျပားမွာမရေသးဘူး။ ဒါက ေသခ်ာတယ္။ ကြၽန္ေတာ္တို႔ ရခိုင္လူထုအတြက္ ဖြံ႕ၿဖိဳးလာမယ့္ စီမံကိန္းေတာ့မျဖစ္ဘူး"လို႔ ဦးထြန္းၾကည္က ေျပာပါတယ္။

လက္ရွိမွာ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ တည္ေဆာက္ေရးအတြက္ ေျမယာလ်ာထားမႈေတြ ျပဳလုပ္ထားၿပီး ျဖစ္ေပမယ့္ ေဒသခံေတြကို ရွင္းလင္းထားတာမ်ိဳး မရွိေသးလို႔ ေျမယာသိမ္းဆည္းခံရမွာကိုလည္း ေဒသခံေတြ စိုးရိမ္ေနပါတယ္။

ဒါ့အျပင္ ေရနက္ဆိပ္ကမ္းနဲ႔ နီးစပ္တဲ့ ေနရာေတြမွာ လုပ္ကိုင္စားေသာက္ေနၾကတဲ့ ငါးဖမ္းလုပ္ငန္း လုပ္ကိုင္သူေတြ အေနနဲ႔လည္း သူတို႔ရဲ႕စီးပြားေရးလုပ္ငန္းေတြ ဖယ္ရွားခံၾကရမွာကို စိုးရိမ္ေနပါတယ္။

ေက်ာက္ျဖဴေဒသက ယခင္တ႐ုတ္စီမံကိန္းႀကီးေတြျဖစ္တဲ့ ေ႐ႊသဘာဝဓါတ္ေငြစီမံကိန္း၊ ေရနက္ဆိပ္ကမ္းစီမံကိန္းေတြမွာ ျပည္ပကဝင္ေရာက္လာခဲ့တဲ့ ေရနံတင္သေဘၤာႀကီးေတြ သြားလာႏိုင္ေရးအတြက္ ႏိုင္ငံတကာ ေရလမ္းေၾကာင္းအျဖစ္ သတ္မွတ္လိုက္ခ်ိန္မွာ အဲ့ဒီျမစ္ေၾကာင္းေတြ၊ ပင္လယ္ျပင္ေတြအတြင္းမွာ ငါးဖမ္းလုပ္ငန္းနဲ႔ အသက္ေမြးေနၾကတဲ့ ေဒသခံေတြဟာ ငါးဖမ္းဆီးခြင့္မရရွိၾကေတာ့ဘဲ သူတို႔ရဲ႕လုပ္ငန္းေတြကိုပါ စြန႔္လႊတ္ခဲ့ၾကရတာေတြလည္း ရွိေနပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကျောက်ဖြူစီမံကိန်းကြောင့် မြေနဲ့အလုပ်အကိုင်ဆုံးရှုံးမှာ ဒေသခံတွေ စိုးရိမ်

Image caption မြေယာနဲ့အလုပ်အကိုင်တွေ ဆုံးရှုံးမှာ စိုးရိမ်နေ

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာခရီးစဉ်မှာ ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအပါအဝင် စီမံကိန်းတချို့အတွက် နှစ်နိုင်ငံလက်မှတ်ထိုးကြမှာ ဖြစ်လို့ ဒေသခံတွေစိုးရိမ်နေတဲ့ ကျောက်ဖြူစီမံကိန်း လက်မှတ်ရေးထိုးတာကို ရပ်ထားဖို့ ကျောက်ဖြူဇုန် စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွေ လက်မှတ်ထိုးမယ့် အစီအစဉ်ကို ရပ်တန့်ထားဖို့ ကျောက်ဖြူ အရပ်ဘက်အဖွဲ့ ၁၈ ဖွဲ့နဲ့ ဖွဲ့ထားတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်တောင်းဆိုတာ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်က စတင်တည်ဆောက်ခဲ့တဲ့ တရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့ Shwe Gas စီမံကိန်းအတွင်းမှာ မြေယာသိမ်းဆည်းခံလိုက်ရတဲ့ ဒေသခံတွေဟာ လျော်ကြေးငွေ ပြည့်ပြည့်ဝဝ မရရှိကြသလို ဒေသခံတချို့တရားစွဲခံရတာတွေ၊ ပြစ်ဒဏ်ချမှတ်ခံရတာတွေ ကြုံတွေ့ခဲ့ကြပါတယ်။

ကျောက်ဖြူ စီမံကိန်းသာ အကောင်အထည်ဖော်မယ်ဆိုရင် ဒေသခံတွေ အကျိုးအမြတ် ခံစားခွင့် မရှိနိုင်သလို ပါဝင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ စီမံခန့်ခွဲပိုင်ခွင့် ရရှိလာမှာမဟုတ်ဘူးလို့ အရပ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး ဦးထွန်းကြည်က ပြောပါတယ်။

"တရုတ်သမ္မတအနေနဲ့လည်း အိမ်နီးချင်းကောင်းပီသစွာနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး၊ မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်ထွန်းလာရေးကိစ္စမှာပဲ ဦးစားပေးသင့်တယ်လို့ မြင်တယ်။ အခုအချိန်ခါကျတော့ မတည်မငြိမ်တဲ့ကာလမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို လက်မှတ်ထိုးလိုက်သောအားဖြင့် ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးတယ်လို့ ပြောလို့ရတယ်"လို့ ဦးထွန်းကြည်က ပြောပါတယ်။

အကျိုးအမြတ်အတွက် ကြိုတင်တွက်ဆပြီး မြေယာဝယ်ယူထားသူ ငွေကြေးချမ်းသာသူတွေနဲ့ သက်ဆိုင်ရာဌာနတချို့နဲ့ပူးပေါင်းပြီး ဒေသခံတွေရဲ့ မြေတွေကို ရယူထားသူတချို့ကတော့ ဒီစီမံကိန်းကိုထောက်ခံတယ်လို့ ဒေသခံတချို့က စွပ်စွဲပြောဆိုတာတွေလည်း ရှိနေပါတယ်။

၂၀ ရက်နေ့မှာလည်း အဲ့ဒီစီမံကိန်းကို ထောက်ခံသူတွေက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတာကို ထောက်ခံတဲ့ အခမ်းအနားတစ်ခု ကျောက်ဖြူမြို့မှာ ပြုလုပ်သွားဖို့ရှိနေပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေလည်း ရွှေ့ပြောင်းပေးရမှာစိုးရိမ်တယ်လို့ဆို

စီးပွားရေးလုပ်ငန်းရှင်တချို့ကလည်း ကျောက်ဖြူဒေသခံတွေအတွက် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နံှမှုတွေကို အာရုံစိုက်ပြီး စဉ်းစားပေးစေချင်တယ်လို့ ပြောပါတယ်။

အဲ့ဒီရေနက်ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းကို မူလက ၇ ဘီလီယံကျော် အကုန်ကျခံသုံးစွဲဖို့အတွက် ယေဘုယျသဘောတူညီချက်တွေရှိခဲ့ပေမယ့် အခု NLD အစိုးရလက်ထက်မှာတော့ ၁ ဒသမ ၂ ဘီလီယံသာ ရင်းနှီးမြှုပ်နှံတော့မယ်လို့ သိရပါတယ်။

"တရုတ်သမ္မတကိုလည်းကျွန်တော်တို့က ပြောနိုင်တဲ့အနေအထားမှမဟုတ်တာ။ ဒီလိုမျိုးရင်းနှီးမြှုပ်နှံမှုတွေက အမှန်တကယ် ရခိုင်ပြည်သူတွေနဲ့ ကျောက်ဖြူဒေသခံတွေ လက်တွေ့ကျကျ အကျိုးခံစားနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို စဉ်းစားပြီးတော့လုပ်ပါလို့ပဲ ပြောချင်တယ်"လို့ ရခိုင်အများပိုင်ကုမ္ပဏီ REIC ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ကြီးက ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာလည်း စီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံတွေအပေါ် ပွင့်လင်းမြင်သာစွာချပြဖို့နဲ့ မြေယာကိစ္စတွေကို တိတိကျကျပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့နဲ့ စီမံကိန်းကိစ္စလက်မှတ်မရေးထိုးမီ စစ်ရေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေခသံပြည်သူ တစ်သိန်းကျော် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် (ကိုဖီအာနန်) အစီရင်ခံစာပါ အကြံပြုချက်တွေကိုလည်း လိုက်နာဆောင်ရွက်တာ မတွေ့ရသေးကြောင်းနဲ့ အဲ့ဒီအကြံပြုချက်တွေကို အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုထားပါတယ်။

"ရှေ့ကလည်း ရေနံနဲ့ ဂက်စ်ပိုက်လိုင်းတွေ အများကြီးရှိခဲ့ပြီးပြီ။ သူတို့စီမံကိန်းတွေ။ အနည်းဆုံးကတော့ မဒေးကျွန်းလိုနေရာမှာ ရွာလေးရွာလောက်ကိုတောင် ကောင်းကောင်းမလုပ်ပေးတဲ့အနေအထားမျိုးတွေ့ရတယ်။ ဒီပိုက်လိုင်းသွယ်တန်းတုန်းကလည်း မြေယာလျော်ကြေးတွေက သူတို့ထင်ထားသလောက် မတွေ့ရဘူး။ အခုထက်ထိ အရှုပ်အရှင်းတွေက မပြီးသေးဘူး။ နောက်စီမံကိန်းတွေလည်း ဒီတိုင်းပဲလို့"လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဦးခိုင်ဦးကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ရေနံတင်သင်္ဘောကြီးတွေအတွက် လမ်းကြောင်းသတ်မှတ်လိုက်လို့ မူလနေရာတွေမှာ ငါးဖမ်းခွင့်မရတော့

အဲ့ဒီစီမံကိန်းနဲ့ပတ်သက်လို့ လက်မှတ်ရေးထိုးတာဟာ စောနေသေးလို့ အခုလိုမျိုးလက်မှတ်ရေးထိုး လိုက်ခြင်းအားဖြင့်လည်း ကျောက်ဖြူနဲ့ ရခိုင်ဒေသခံပြည်သူတွေအတွက် စိန်ခေါ်မှုတွေ ပိုမိုကြီးထွားလာမှာဖြစ်တယ်လို့ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး ဦးထွန်းကြည်က ပြောပါတယ်။

"စီမံကိန်းကြီးတွေကြောင့် ဒေသဖွံ့ဖြိုးလာမယ်ဆိုတာ ပြည်သူကို အာမခံချက်ပေးထားတဲ့ ဥပဒေတွေ ရှိနေဖို့ လိုပါတယ်။ အခု ကျွန်တော်တို့ ရခိုင်ပြည်နယ်ကထွက်တဲ့ ဂက်စ်တွေရှိတယ်။ ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီးတော့ အရှေ့အလယ်ပိုင်းကလာတဲ့ ရေနံတွေကို တရုတ်ကို တင်ပို့နေတာရှိတယ်။ ဒီအပေါ်မှာ ရခိုင်လူထုရဲ့ ခံစားပိုင်ခွင့်ဘယ်လောက်ရှိပြီလဲ၊ ဘယ်လောက်ရပြီလဲ။ ကျွန်တော်သိသလောက် တစ်ပြားမှာမရသေးဘူး။ ဒါက သေချာတယ်။ ကျွန်တော်တို့ ရခိုင်လူထုအတွက် ဖွံ့ဖြိုးလာမယ့် စီမံကိန်းတော့မဖြစ်ဘူး"လို့ ဦးထွန်းကြည်က ပြောပါတယ်။

လက်ရှိမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် မြေယာလျာထားမှုတွေ ပြုလုပ်ထားပြီး ဖြစ်ပေမယ့် ဒေသခံတွေကို ရှင်းလင်းထားတာမျိုး မရှိသေးလို့ မြေယာသိမ်းဆည်းခံရမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေပါတယ်။

ဒါ့အပြင် ရေနက်ဆိပ်ကမ်းနဲ့ နီးစပ်တဲ့ နေရာတွေမှာ လုပ်ကိုင်စားသောက်နေကြတဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့လည်း သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေ ဖယ်ရှားခံကြရမှာကို စိုးရိမ်နေပါတယ်။

ကျောက်ဖြူဒေသက ယခင်တရုတ်စီမံကိန်းကြီးတွေဖြစ်တဲ့ ရွှေသဘာဝဓါတ်ငွေစီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေမှာ ပြည်ပကဝင်ရောက်လာခဲ့တဲ့ ရေနံတင်သင်္ဘောကြီးတွေ သွားလာနိုင်ရေးအတွက် နိုင်ငံတကာ ရေလမ်းကြောင်းအဖြစ် သတ်မှတ်လိုက်ချိန်မှာ အဲ့ဒီမြစ်ကြောင်းတွေ၊ ပင်လယ်ပြင်တွေအတွင်းမှာ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးနေကြတဲ့ ဒေသခံတွေဟာ ငါးဖမ်းဆီးခွင့်မရရှိကြတော့ဘဲ သူတို့ရဲ့လုပ်ငန်းတွေကိုပါ စွန့်လွှတ်ခဲ့ကြရတာတွေလည်း ရှိနေပါတယ်။

BBC Burmese
https://www.bbc.com
ေက်ာက္ျဖဴစီမံကိန္းေၾကာင့္ ေျမနဲ႔အလုပ္အကိုင္ဆုံးရႈံးမွာ ေဒသခံေတြ စိုးရိမ္ ေက်ာက္ျဖဴစီမံကိန္းေၾကာင့္ ေျမနဲ႔အလုပ္အကိုင္ဆုံးရႈံးမွာ ေဒသခံေတြ စိုးရိမ္ Reviewed by THITHTOOLWIN on 05:49 Rating: 5
Powered by Blogger.