ျမန္မာ ၇၀ ထိုင္း ျပည္ႏွင္ဒဏ္ေပး


(Zawgyi/Unicode)

ထိုင္းႏိုင္ငံအတြင္း ျမန္မာႏုိင္ငံသား ၇၀ နီးပါးကို ထိုင္းအာဏာပုိင္ေတြက ဖမ္းဆီးျပီးတဲ့ေနာက္ တရားရံုးတင္ စစ္ေဆးျပီး ျပည္ႏွင္ဒဏ္ေပးခဲ့ပါတယ္။ ထိုင္းႏိုင္ငံထဲကို တရားမ၀င္ ၀င္ေရာက္လာမႈ၊ တရား၀င္ ၀င္ေရာက္လာေပမဲ့ အလုပ္ စာခ်ဳပ္နဲ႔ကြဲလြဲျပီး အလုပ္ ေနရာ မတူတာေတြ၊ အလုပ္ရွင္မတူတာေတြေၾကာင့္ အခုလို ျပည္ႏွင္ဒဏ္ေပးျပီး နယ္စပ္ကို ျပန္ပို႔ခဲ့တာပါ။ အဲဒီအထဲ လူကုန္ကူး ခံရျပီးေနာက္ ျပန္ပုိ့ခံ ရတဲ့ အသက္မျပည့္ေသးတဲ့ ကေလးေတြလည္းပါ၀င္ပါတယ္။

အေထာက္အထား မခိုင္လုံတာနဲ႔ အလုပ္ရွင္ မတူတာေတြေၾကာင့္ ျပန္ပို႔ခံရတဲ့ ျမန္မာ အလုပ္သမား ၆၈ ဦးမွာ ေယာက္က်ားေလး ၆၈ ဦးနဲ႔ မိန္းကေလး ၅ ဦးပါ၀င္သလို လူကုန္ကူးခံရတဲ့ အသက္ ၁၈ ႏွစ္ေအာက္ ၂ ဦး လည္း ပါ၀င္ပါတယ္။

ျပန္ပို႔ခံရတဲ့အထဲ မြန္ျပည္နယ္က ၅ ဦး အုပ္စုက ပြဲစားေတြနဲ႔ေကာ့ေသာင္းကတစ္ဆင့္ ထိုင္းႏုိင္ငံကို သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၁၈ ေအာက္ထဲမွာ အသက္ ၁၇ ႏွစ္ တစ္ေယာက္နဲ႔ ၁၅ ႏွစ္တစ္ေယာက္ပါျပီး သူတို႔ကို လူငယ္ ထိန္းသိမ္းေရးစခန္းကို ပို႔ၿပီး တရား ရင္ဆိုင္ေစခဲ့တာျဖစ္ပါတယ္။

ျမန္မာ အလုပ္သမားေတြဟာ ႏိုင္ငံကူးလက္မွတ္နဲ႔ အေထာက္အထားျပည္စံုရဲ့သားနဲ႔ အလုပ္ရွင္ဘက္က အလုပ္လဲြေျပာင္းတာေတြ မလုပ္ေပးတာေၾကာင့္ အခုလို ျပည္ႏွင္ဒဏ္ ေပးခံရတာမ်ိဳးေတြရွိေနသလို အသက္မျပည့္ေသးသူူေတြ လူကုန္ကူးခံရမႈေတြလည္း ရွိေနပါတယ္။ ဒါေၾကာင့္ ျပည္ႏွင္ဒဏ္ေပးခံေနရသူေတြကို ေသခ်ာစီစစ္ၿပီး သူတို ့နစ္နာမူေတြ ႏွစ္ႏိုင္ငံတာ၀န္ရွိသူေတြအေနနဲ႔ ေျဖရွင္းေပးဖို႔ လိုအပ္ေၾကာင္း အလုပ္သမားပညာေရးစင္တာ ဖြင့္ထားတဲ့ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက ဦးမုိးေ၀က ေျပာပါတယ္။

...................

မြန်မာ ၇၀ ထိုင်း ပြည်နှင်ဒဏ်ပေး

(Unicode)

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသား ၇၀ နီးပါးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီးတဲ့နောက် တရားရုံးတင် စစ်ဆေးပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာမှု၊ တရားဝင် ဝင်ရောက်လာပေမဲ့ အလုပ် စာချုပ်နဲ့ကွဲလွဲပြီး အလုပ် နေရာ မတူတာတွေ၊ အလုပ်ရှင်မတူတာတွေကြောင့် အခုလို ပြည်နှင်ဒဏ်ပေးပြီး နယ်စပ်ကို ပြန်ပို့ခဲ့တာပါ။ အဲဒီအထဲ လူကုန်ကူး ခံရပြီးနောက် ပြန်ပို့ခံ ရတဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေလည်းပါဝင်ပါတယ်။

အထောက်အထား မခိုင်လုံတာနဲ့ အလုပ်ရှင် မတူတာတွေကြောင့် ပြန်ပို့ခံရတဲ့ မြန်မာ အလုပ်သမား ၆၈ ဦးမှာ ယောက်ကျားလေး ၆၈ ဦးနဲ့ မိန်းကလေး ၅ ဦးပါဝင်သလို လူကုန်ကူးခံရတဲ့ အသက် ၁၈ နှစ်အောက် ၂ ဦး လည်း ပါဝင်ပါတယ်။

ပြန်ပို့ခံရတဲ့အထဲ မွန်ပြည်နယ်က ၅ ဦး အုပ်စုက ပွဲစားတွေနဲ့ကော့သောင်းကတစ်ဆင့် ထိုင်းနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၈ အောက်ထဲမှာ အသက် ၁၇ နှစ် တစ်ယောက်နဲ့ ၁၅ နှစ်တစ်ယောက်ပါပြီး သူတို့ကို လူငယ် ထိန်းသိမ်းရေးစခန်းကို ပို့ပြီး တရား ရင်ဆိုင်စေခဲ့တာဖြစ်ပါတယ်။

မြန်မာ အလုပ်သမားတွေဟာ နိုင်ငံကူးလက်မှတ်နဲ့ အထောက်အထားပြည်စုံရဲ့သားနဲ့ အလုပ်ရှင်ဘက်က အလုပ်လွဲပြောင်းတာတွေ မလုပ်ပေးတာကြောင့် အခုလို ပြည်နှင်ဒဏ် ပေးခံရတာမျိုးတွေရှိနေသလို အသက်မပြည့်သေးသူူတွေ လူကုန်ကူးခံရမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ပြည်နှင်ဒဏ်ပေးခံနေရသူတွေကို သေချာစီစစ်ပြီး သူတို့နစ်နာမူတွေ နှစ်နိုင်ငံတာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း အလုပ်သမားပညာရေးစင်တာ ဖွင့်ထားတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးမိုးဝေက ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
ျမန္မာ ၇၀ ထိုင္း ျပည္ႏွင္ဒဏ္ေပး ျမန္မာ ၇၀ ထိုင္း ျပည္ႏွင္ဒဏ္ေပး Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.