တပ္နဲ႔ TNLA ရဲ႕ ေက်ာက္မဲတိုက္ပြဲမွာ အမ်ိဳးသမီး ႏွစ္ဦး ေသဆုံး

ေက်ာက္မဲၿမိဳ႕နယ္ ေညာင္ေမာင္း႐ြာအနီး တိုက္ပြဲေၾကာင့္ ဘုံေက်ာင္းမွာ လာေရာက္ခိုလႈံေနၾကတဲ့ ႐ြာသားေတြကို ၂၀၁၆ ခုႏွစ္က ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ေက်ာက္ျဖဴေလးေက်း႐ြာနဲ႔ ေညာင္ေမာင္းေက်း႐ြာနားမွာ  တပ္မေတာ္နဲ႔ TNLA အဖြဲ႕တို႔ ဇန္နဝါရီလ ၂၈ ေန႔ကတိုက္ပြဲျဖစ္ပြားခဲ့ရာ ေညာင္ေဖာင္းေက်း႐ြာအတြင္း လက္နက္ႀကီးက်ခဲ့တာေၾကာင့္ ေဒသခံအမ်ိဳးသမီးႏွစ္ဦး ေသဆုံးခဲ့ပါတယ္။

ေက်ာက္မဲၿမိဳ႕ SNLD ပါတီ ျပည္နယ္လႊတ္ေတာ္ကိုယ္စာလွယ္ စိုင္းထြန္းဝင္းကေတာ့  ႏွစ္ဖက္တိုက္ပြဲ ေၾကာင့္ အမ်ိဳးသမီးႏွစ္ဦး ေသဆုံးတာ မွန္ကန္ေၾကာင္းနဲ႔ ေက်ာက္မဲနဲ႔ မိုင္ငါးဆယ္ေလာက္ေဝးတဲ့ေနရာျဖစ္လို႔ ျဖစ္စဥ္ အေသးစိတ္ကို မသိရေသးဘူးလို႔ေျပာပါတယ္။

ေက်ာက္ျဖဴေလးနဲ႔ ေညာင္ေမာင္း႐ြာအနီးမွာ တိုက္ပြဲႏွစ္ေနရာျဖစ္ခဲ့ၿပီး ေညာင္ေမာင္း႐ြာအနီးတိုက္ပြဲမွာ တပ္မေတာ္က  ေက်း႐ြာအတြင္းလက္နက္ႀကီး  ပစ္ခတ္မႈေၾကာင့္ ေညာင္ေမာင္း႐ြာက ေဒၚခင္စိန္ အိမ္ေပၚကို လက္နက္ႀကီးက်ခဲ့ၿပီး ေဒၚခင္စိန္နဲ႔ သမီးျဖစ္သူ မနန္းခမ္းေအာင္တို႔ ႏွစ္ဦး ေသဆုံးတယ္လို႔ TNLA ေျပာခြင့္ရ ဗိုလ္မႉးမိုင္း အိုက္ေက်ာ္ ကေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ေမးျမန္းရာမွာေတာ့ တိုက္ပြဲျဖစ္တာမွန္ေၾကာင္းနဲ႔ တိုက္ပြဲျဖစ္ေနခ်ိန္မွာ ႏွစ္ဖက္စလုံးက ပစ္ခတ္တာျဖစ္ ႏိုင္ၿပီး တပ္မေတာ္က ပစ္တယ္ဆိုတာခ်ည္းေတာ့ မျဖစ္ႏိုင္ဘူးလို႔  ေျပာပါတယ္။

ဒီတိုက္ပြဲအတြင္း တပ္မေတာ္ဘက္ကလည္း ထိခိုက္ဒဏ္ရာရရွိခဲ့သလို႔ TNLA ဘက္ကလည္း ထိခိုက္ဒဏ္ရာရ သြားတယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း က ေျပာပါတယ္။

ေတာ့ဆန္နဲ႔ ေညာင္ေမာင္းေက်း႐ြာေတြဟာ တပ္မေတာ္နဲ႔ TNLA ၾကားမွာ မၾကာခဏဆိုသလို တိုက္ပြဲေတြ ျဖစ္ပြားေလ့ရွိၿပီး အရပ္သားထိခိုက္ေသဆုံးတာေတြလည္းရွိတယ္လို႔  ေဒသခံေတြ ကေျပာပါတယ္။

တိုက္ပြဲဟာ မူလကေက်း႐ြာအျပင္ဘက္မွာျဖစ္တာျဖစ္ၿပီး ေနာက္ပိုင္းမွာေက်း႐ြာအထိေရာက္လာေၾကာင္း လက္နက္ႀကီးက်လို႔ သားအမိႏွစ္ဦးေသဆုံးခဲ့သလို ႏြားတစ္ေကာင္လည္း ေသဆုံးခဲ့ေၾကာင္း ဘုန္းႀကီးေက်ာင္းနဲ႔ ေနအိမ္အခ်ိဳ႕ လက္နက္ႀကီးထိလို႔ ပ်က္စီးတာရွိတယ္လို႔  ေညာင္ေမာင္းေက်း႐ြာ ဆရာေတာ္က မိန႔္ပါတယ္။

အဲဒီေန႔မွာပဲ ေက်ာက္မဲၿမိဳ႕နယ္နဲ႔ နမ့္ဆန္ၿမိဳ႕နယ္အစပ္ ေက်ာက္ျဖဴေလး႐ြာအနီးမွာ အမ်ိဳးသားတစ္ဦး မိုင္းနင္း မိလို႔ ေျခေထာက္ထိခိုက္ဒဏ္ရာရခဲ့ၿပီး ေက်ာက္မဲေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ရတယ္လို႔ ပန္မုံ ဆရာေတာ္ က RFA ကိုမိန႔္ပါတယ္။

အခုဒီျဖစ္စဥ္နဲ႔ဆိုရင္ ေက်ာက္မဲနဲ႔နမ့္ဆန္ၾကားကေက်း႐ြာေတြမွာ ဇန္နဝါရီလတစ္လအတြင္းမွာပဲ မိုင္းေၾကာင့္ ထိခိုက္မႈေျခာက္ခုရွိခဲ့ၿပီး အရပ္သားဆယ္ဦး ထိခိုက္ခဲ့ၿပီျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
တပ်နဲ့ TNLA ရဲ့ ကျောက်မဲတိုက်ပွဲမှာ အမျိုးသမီး နှစ်ဦး သေဆုံး

ကျောက်မဲမြို့နယ် ညောင်မောင်းရွာအနီး တိုက်ပွဲကြောင့် ဘုံကျောင်းမှာ လာရောက်ခိုလှုံနေကြတဲ့ ရွာသားတွေကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်ဖြူလေးကျေးရွာနဲ့ ညောင်မောင်းကျေးရွာနားမှာ  တပ်မတော်နဲ့ TNLA အဖွဲ့တို့ ဇန်နဝါရီလ ၂၈ နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ရာ ညောင်ဖောင်းကျေးရွာအတွင်း လက်နက်ကြီးကျခဲ့တာကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။

ကျောက်မဲမြို့ SNLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် စိုင်းထွန်းဝင်းကတော့  နှစ်ဖက်တိုက်ပွဲ ကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးတာ မှန်ကန်ကြောင်းနဲ့ ကျောက်မဲနဲ့ မိုင်ငါးဆယ်လောက်ဝေးတဲ့နေရာဖြစ်လို့ ဖြစ်စဉ် အသေးစိတ်ကို မသိရသေးဘူးလို့ပြောပါတယ်။

ကျောက်ဖြူလေးနဲ့ ညောင်မောင်းရွာအနီးမှာ တိုက်ပွဲနှစ်နေရာဖြစ်ခဲ့ပြီး ညောင်မောင်းရွာအနီးတိုက်ပွဲမှာ တပ်မတော်က  ကျေးရွာအတွင်းလက်နက်ကြီး  ပစ်ခတ်မှုကြောင့် ညောင်မောင်းရွာက ဒေါ်ခင်စိန် အိမ်ပေါ်ကို လက်နက်ကြီးကျခဲ့ပြီး ဒေါ်ခင်စိန်နဲ့ သမီးဖြစ်သူ မနန်းခမ်းအောင်တို့ နှစ်ဦး သေဆုံးတယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်း အိုက်ကျော် ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာတော့ တိုက်ပွဲဖြစ်တာမှန်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေချိန်မှာ နှစ်ဖက်စလုံးက ပစ်ခတ်တာဖြစ် နိုင်ပြီး တပ်မတော်က ပစ်တယ်ဆိုတာချည်းတော့ မဖြစ်နိုင်ဘူးလို့  ပြောပါတယ်။

ဒီတိုက်ပွဲအတွင်း တပ်မတော်ဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို့ TNLA ဘက်ကလည်း ထိခိုက်ဒဏ်ရာရ သွားတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

တော့ဆန်နဲ့ ညောင်မောင်းကျေးရွာတွေဟာ တပ်မတော်နဲ့ TNLA ကြားမှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပြီး အရပ်သားထိခိုက်သေဆုံးတာတွေလည်းရှိတယ်လို့  ဒေသခံတွေ ကပြောပါတယ်။

တိုက်ပွဲဟာ မူလကကျေးရွာအပြင်ဘက်မှာဖြစ်တာဖြစ်ပြီး နောက်ပိုင်းမှာကျေးရွာအထိရောက်လာကြောင်း လက်နက်ကြီးကျလို့ သားအမိနှစ်ဦးသေဆုံးခဲ့သလို နွားတစ်ကောင်လည်း သေဆုံးခဲ့ကြောင်း ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ လက်နက်ကြီးထိလို့ ပျက်စီးတာရှိတယ်လို့  ညောင်မောင်းကျေးရွာ ဆရာတော်က မိန့်ပါတယ်။

အဲဒီနေ့မှာပဲ ကျောက်မဲမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်အစပ် ကျောက်ဖြူလေးရွာအနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်း မိလို့ ခြေထောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျောက်မဲဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ပန်မုံ ဆရာတော် က RFA ကိုမိန့်ပါတယ်။

အခုဒီဖြစ်စဉ်နဲ့ဆိုရင် ကျောက်မဲနဲ့နမ့်ဆန်ကြားကကျေးရွာတွေမှာ ဇန်နဝါရီလတစ်လအတွင်းမှာပဲ မိုင်းကြောင့် ထိခိုက်မှုခြောက်ခုရှိခဲ့ပြီး အရပ်သားဆယ်ဦး ထိခိုက်ခဲ့ပြီဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
တပ္နဲ႔ TNLA ရဲ႕ ေက်ာက္မဲတိုက္ပြဲမွာ အမ်ိဳးသမီး ႏွစ္ဦး ေသဆုံး တပ္နဲ႔ TNLA ရဲ႕ ေက်ာက္မဲတိုက္ပြဲမွာ အမ်ိဳးသမီး ႏွစ္ဦး ေသဆုံး Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.