ဝူဟန္ၿမိဳ႕ေရာက္ ျမန္မာေက်ာင္းသား ၆၀ ေက်ာ္ကို ျပန္ေခၚဖို႔စီစဥ္ေန

ဝူဟန္ၿမိဳ႕ေရာက္ ျမန္မာေက်ာင္းသားေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
Coronavirus ျဖစ္ပြားေနတဲ့ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကို ပညာသင္ၾကားဖို႔ေရာက္ရွိေနတဲ့ ျမန္မာေက်ာင္းသား ေက်ာင္းသူ ၆၃ ဦးကို  ျပန္လည္ေခၚယူႏိုင္ေရးအတြက္  ျမန္မာအစိုးရက တ႐ုတ္ႏိုင္ငံအစိုးရနဲ႔ ခ်ိတ္ဆက္ၿပီး အထူးေလယာဥ္နဲ႔ ေခၚေဆာင္ႏိုင္ဖို႔ စီစဥ္ေဆာင္႐ြက္ေနတယ္လို႔  ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထား တာပါ။

လက္ရွိျမန္မာအစိုးရအေနနဲ႔ အထူးေလယာဥ္နဲ႔ ေခၚေဆာင္ဖို႔ ျပင္ဆင္ေနၿပီး တ႐ုတ္အစိုးရဘက္က အေၾကာင္းျပန္ ၾကားတာကိုေစာင့္ေနတယ္လို႔ တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕ရွိ ျမန္မာသံ႐ုံး ဒုတိယအတြင္း ဝန္ဦးစိုးျပည့္စုံက RFA ကိုေျပာပါတယ္။

“အေျခအေနကေတာ့ သူတို႔ကို အထူးေလယာဥ္နဲ႔ေခၚယူဖို႔ တ႐ုတ္ႏိုင္ငံဘက္က ခြင့္ျပဳခ်က္ကိုေစာင့္ေနတာေပါ့၊ ေလာေလာဆယ္ အဲအေျခအေနမွာပဲရွိပါေသးတယ္၊ ဒီဘက္မွာဆက္ၿပီး တင္ျပထားတယ္ဆိုေတာ့ေလ တ႐ုတ္ အစိုးရကခြင့္ျပဳဖို႔ကို အဓိကေစာင့္ေနရတာပါ၊ တ႐ုတ္ဘက္မွာလည္း အဲလိုမ်ိဳးတင္ျပၿပီး ေစာင့္ဆိုင္းေနရတဲ့ ႏိုင္ငံေတြ အမ်ားႀကီးရွိေနပါတယ္”

ဒီေက်ာင္းသားေတြကို ဟူနန္ျပည္နယ္ ခ်န္းရွၿမိဳ႕ကတဆင့္ ျမန္မာႏိုင္ငံကို  ျပန္လည္ပိုေဆာင္ႏိုင္ေရးအတြက္ ျမန္မာသံ႐ုံးအေနနဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊  သက္ဆိုင္ရာျပည္နယ္ ႏိုင္ငံျခားေရး႐ုံးေတြနဲ႔ ခ်ိတ္ဆက္ ေဆာင္႐ြက္ေနတယ္လို႔ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

သက္ဆိုင္ရာေဒသႏၲရက်န္းမာေရးဆိုင္ရာ ၫႊန္ၾကားခ်က္နဲ႔ ေဆာင္႐ြက္မယ္ဆိုရင္ တစ္လေလာက္ၾကာႏိုင္ တာေၾကာင့္ အထူးေလယာဥ္နဲ႔ ေခၚယူႏိုင္ေရးအတြက္ ျမန္မာသံ႐ုံးနဲ႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနတို႔က တ႐ုတ္ႏိုင္ငံဘက္နဲ႔ ေတာက္ေလ်ာက္ခ်ိတ္ဆက္ေဆာင္႐ြက္ေနတယ္လို႔  ထုတ္ျပန္ထားပါတယ္။

လက္ရွိမွာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံေတြကေတာ့ သူတို႔ႏိုင္ငံသားေတြကို  အထူးေလယာဥ္ေတြနဲ႔ သူတို႔ႏိုင္ငံေတြကို ျပန္ေခၚခဲ့တာမ်ိဳးေတြရွိပါတယ္။

ဝူဟန္မွာရွိတဲ့ ျမန္မာေက်ာင္းသားေတြအေနနဲ႔လည္း သူတို႔ကိုအဲလိုျပန္ေခၚဖို႔ သံ႐ုံးဘက္ကို အကူညီေတာင္း တဲ့အခါမွာေတာ့ ျပန္လည္ေခၚယူဖို႔ ႀကိဳးစားေနတယ္လို႔ ျပန္လည္အေၾကာင္းျပန္ထားတယ္လို႔  ေျပာပါတယ္။

ဝူဟန္ၿမိဳ႕မွာရွိတဲ့ ျမန္မာေက်ာင္းသားတစ္ဦးျဖစ္တဲ့ ေဒါက္တာခင္သီရီသန႔္ဇင္ ကေတာ့ သူတို႔အေနနဲ႔  အျမန္ဆုံးျပန္လာခ်င္ေနၿပီလို႔ေျပာပါတယ္။

“အခက္အခဲျဖစ္ေနတဲ့အခ်ိန္၊ ပိတ္မိေနတဲ့အခ်ိန္ စားနပ္ရိကၡာကိစၥေတြအတြက္ေကာ စိတ္ပိုင္းဆိုင္ရာကိစၥေတြ အတြက္ေကာ အခက္အခဲျဖစ္ေနတဲ့အခ်ိန္မွာ ညီမအျဖစ္ခ်င္ဆုံးကေတာ့ အျမန္ဆုံးျပန္လာခ်င္ပါတယ္၊ ျဖစ္ႏိုင္ မယ္ဆိုရင္ ညီမတို႔ကို အျမန္ဆုံးျပန္လာေခၚေပးပါ”

လက္ရွိအခ်ိန္မွာ ဝူဟန္ၿမိဳ႕ကိုေရာက္ရွိေနတဲ့သူေတြကို ျပန္လည္ေခၚယူေရးအတြက္ ျမန္မာႏိုင္ငံအပါအဝင္ အျခားႏိုင္ငံေတြကလည္း တ႐ုတ္အစိုးရနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေနၾကၿပီး အားလုံးဟာ  တ႐ုတ္ဘက္က အေၾကာင္းျပန္တာကို ေစာင့္ဆိုင္းေနရတယ္လို႔ ေပက်င္းရွိ ျမန္မာသံ႐ုံတာဝန္ရွိသူေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံဆီ ျပန္လည္ေခၚယူၿပီးပါက ေက်ာင္းသူ၊ေက်ာင္းသားေတြမွာ Coronavrus ကူးစက္မႈရွိ၊ မရွိကို လိုအပ္တဲ့ က်န္းမာေရးေစာင့္ၾကပ္စစ္ေဆးမႈေတြကို စနစ္တက်ျပဳလုပ္သြားဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ဌာနက စီစဥ္ေဆာင္႐ြက္ထားရွိတယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။

ျပန္ေရာက္လာမယ့္ ေက်ာင္းသားေတြကို ႀကိဳဆိုလက္ခံႏိုင္ဖို႔အတြက္ မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံမွာထားရွိဖို႔ ျပင္ဆင္ထားတယ္လို႔လည္း မေန႔က မႏၲေလးတိုင္းအစိုးရအဖြဲ႕႐ုံးမွာက်င္းပတဲ့ အစည္းအေဝးမွာ မႏၲေလး ၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္ က ေျပာပါတယ္။

“ျမန္မာေက်ာင္းသားေတြ ျပန္လာႏိုင္ဖို႔ရွိပါတယ္၊ ေခၚခြင့္ျပဳထားပါတယ္၊ ဘာျဖစ္လို႔လည္းဆိုေတာ့ သူတို႔က အမ်ားစုကႏိုင္ငံ့ဝန္ထမ္းေတြျဖစ္ၾကပါတယ္၊ ပုဂၢလိကေက်ာင္းတက္ေနတဲ့သူေတြလည္းပါပါတယ္၊ သူတို႔ကို ၁၄ ရက္ေတာ့ ေစာင့္ၾကည္တာလုပ္ရပါတယ္၊ ေစာင့္ၾကည္ဖို႔လည္းလုပ္ထားပါၿပီ”

ဘယ္ေန႔မွာ ျပန္ေရာက္မလဲဆိုတာကိုေတာ့ ထုတ္ျပန္ထားတာမရွိေသးသလို အဲဒီၿမိဳ႕မွာ အလုပ္သြားလုပ္ေနတဲ့ အလုပ္သမားေတြကို ေခၚယူမယ္ဆိုတာမ်ိဳးေတာ့ ထုတ္ျပန္ခ်က္ထဲမွာ မေတြ႕ရပါဘူး။

တ႐ုတ္-ျမန္မာ နယ္စပ္ တ႐ုတ္ႏိုင္ငံထဲ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာႏိုင္ငံသား တစ္ေထာင္ေက်ာ္ တို႔လည္း ျပန္လည္ဝင္ေရာက္လာၾကတယ္လို႔ေတာ့ သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီ ဝူဟန္ၿမိဳ႕မွာ ေက်ာင္းသားေတြအျပင္ တရားမဝင္ အလုပ္လုပ္ကိုင္တဲ့ ျမန္မာလုပ္သားေတြလည္းရွိၿပီး အေရအတြက္ဘယ္ေလာက္ရွိတယ္ဆိုတာေတာ့ မသိရပါဘူး။

ဒီအထဲက ဝူဟန္ၿမိဳ႕ျပင္မွာ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာအေယာက္၂၀ ကေတာ့ စားေသာက္ဖို႔အတြက္ ရိကၡာအနည္းငယ္ပဲရွိေတာ့ၿပီး ေဈးေတြပိတ္ထားတဲ့အတြက္ ရိကၡာအခက္အခဲျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။

ကခ်င္ျပည္နယ္ ကန္ပိုက္တီနယ္စပ္ဂိတ္ကေန ဇန္နဝါရီ ၂၈ နဲ႔ ၂၉ ႏွစ္ရက္ေပါင္း တ႐ုတ္ႏိုင္ငံေရာက္  ျမန္မာအလုပ္သမားတစ္ေထာင္ေက်ာ္ေလာက္ ျပန္ဝင္ေရာက္လာၾကပါတယ္။

သူတို႔ကို ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးတာေတြမွာ ထိေရာက္တဲ့စစ္ေဆးတာေတြေတာ့ လုပ္တာမေတြ႕ရဘူးလို႔ နယ္စပ္ဂိတ္တာဝန္က် ဝန္ထန္းတစ္ဦးက ေျပာပါတယ္။

“စစ္ေဆးမႈေတြကေတာ့ ဒီဘက္မွာ အပူခ်ိန္တိုင္းတဲ့ကိရိယာမ်ိဳးနဲ႔ စစ္ေဆးတာမ်ိဳးေလာက္ပဲလုပ္တယ္၊ ေခတ္မွီစက္ကိရိယာနဲ႔ေတာ့ မဟုတ္ဘူး၊ ဒီဘက္မွာ စိုးရိမ္ရတဲ့အေနအထားေတာ့မရွိဘူး”

ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါေၾကာင့္ တ႐ုတ္ျပည္မွာ ေသဆုံးသူ ၁၇ဝ နဲ႔ကမာၻတဝန္းကူးစက္ျဖစ္ပြားသူ ၇၇၁၁ ဦး ရွိသြားပါၿပီ။ တျခားႏိုင္ငံေတြမွာ ကူးစက္ျဖစ္ပြားေနတယ္လို႔ တရားဝင္ထုတ္ျပန္ထားတဲ့ စာရင္းမွာေတာ့ ထိုင္းမွာ ၁၄ ဦး၊ ေဟာင္ေကာင္ ၁ဝ ဦး၊ ဂ်ပန္မွာ ခုႏွစ္ဦး အေမရိကန္ျပည္ေထာင္စု၊ ျပင္သစ္၊ထိုင္ဝမ္၊ ၾသစေၾတးလ်နဲ႔ မကာအိုေတြမွာ ငါးဦးစီ ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
---------
(Unicode)⤵⤵⤵
ဝူဟန်မြို့ရောက် မြန်မာကျောင်းသား ၆၀ ကျော်ကို ပြန်ခေါ်ဖို့စီစဉ်နေ

ဝူဟန်မြို့ရောက် မြန်မာကျောင်းသားတွေကို တွေ့ရစဉ်

Coronavirus ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကို ပညာသင်ကြားဖို့ရောက်ရှိနေတဲ့ မြန်မာကျောင်းသား ကျောင်းသူ ၆၃ ဦးကို  ပြန်လည်ခေါ်ယူနိုင်ရေးအတွက်  မြန်မာအစိုးရက တရုတ်နိုင်ငံအစိုးရနဲ့ ချိတ်ဆက်ပြီး အထူးလေယာဉ်နဲ့ ခေါ်ဆောင်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့  နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား တာပါ။

လက်ရှိမြန်မာအစိုးရအနေနဲ့ အထူးလေယာဉ်နဲ့ ခေါ်ဆောင်ဖို့ ပြင်ဆင်နေပြီး တရုတ်အစိုးရဘက်က အကြောင်းပြန် ကြားတာကိုစောင့်နေတယ်လို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မြန်မာသံရုံး ဒုတိယအတွင်း ဝန်ဦးစိုးပြည့်စုံက RFA ကိုပြောပါတယ်။

“အခြေအနေကတော့ သူတို့ကို အထူးလေယာဉ်နဲ့ခေါ်ယူဖို့ တရုတ်နိုင်ငံဘက်က ခွင့်ပြုချက်ကိုစောင့်နေတာပေါ့၊ လောလောဆယ် အဲအခြေအနေမှာပဲရှိပါသေးတယ်၊ ဒီဘက်မှာဆက်ပြီး တင်ပြထားတယ်ဆိုတော့လေ တရုတ် အစိုးရကခွင့်ပြုဖို့ကို အဓိကစောင့်နေရတာပါ၊ တရုတ်ဘက်မှာလည်း အဲလိုမျိုးတင်ပြပြီး စောင့်ဆိုင်းနေရတဲ့ နိုင်ငံတွေ အများကြီးရှိနေပါတယ်”

ဒီကျောင်းသားတွေကို ဟူနန်ပြည်နယ် ချန်းရှမြို့ကတဆင့် မြန်မာနိုင်ငံကို  ပြန်လည်ပိုဆောင်နိုင်ရေးအတွက် မြန်မာသံရုံးအနေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊  သက်ဆိုင်ရာပြည်နယ် နိုင်ငံခြားရေးရုံးတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

သက်ဆိုင်ရာဒေသန္တရကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နဲ့ ဆောင်ရွက်မယ်ဆိုရင် တစ်လလောက်ကြာနိုင် တာကြောင့် အထူးလေယာဉ်နဲ့ ခေါ်ယူနိုင်ရေးအတွက် မြန်မာသံရုံးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနတို့က တရုတ်နိုင်ငံဘက်နဲ့ တောက်လျောက်ချိတ်ဆက်ဆောင်ရွက်နေတယ်လို့  ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေကတော့ သူတို့နိုင်ငံသားတွေကို  အထူးလေယာဉ်တွေနဲ့ သူတို့နိုင်ငံတွေကို ပြန်ခေါ်ခဲ့တာမျိုးတွေရှိပါတယ်။

ဝူဟန်မှာရှိတဲ့ မြန်မာကျောင်းသားတွေအနေနဲ့လည်း သူတို့ကိုအဲလိုပြန်ခေါ်ဖို့ သံရုံးဘက်ကို အကူညီတောင်း တဲ့အခါမှာတော့ ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ပြန်လည်အကြောင်းပြန်ထားတယ်လို့  ပြောပါတယ်။

ဝူဟန်မြို့မှာရှိတဲ့ မြန်မာကျောင်းသားတစ်ဦးဖြစ်တဲ့ ဒေါက်တာခင်သီရီသန့်ဇင် ကတော့ သူတို့အနေနဲ့  အမြန်ဆုံးပြန်လာချင်နေပြီလို့ပြောပါတယ်။

“အခက်အခဲဖြစ်နေတဲ့အချိန်၊ ပိတ်မိနေတဲ့အချိန် စားနပ်ရိက္ခာကိစ္စတွေအတွက်ကော စိတ်ပိုင်းဆိုင်ရာကိစ္စတွေ အတွက်ကော အခက်အခဲဖြစ်နေတဲ့အချိန်မှာ ညီမအဖြစ်ချင်ဆုံးကတော့ အမြန်ဆုံးပြန်လာချင်ပါတယ်၊ ဖြစ်နိုင် မယ်ဆိုရင် ညီမတို့ကို အမြန်ဆုံးပြန်လာခေါ်ပေးပါ”

လက်ရှိအချိန်မှာ ဝူဟန်မြို့ကိုရောက်ရှိနေတဲ့သူတွေကို ပြန်လည်ခေါ်ယူရေးအတွက် မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတွေကလည်း တရုတ်အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်နေကြပြီး အားလုံးဟာ  တရုတ်ဘက်က အကြောင်းပြန်တာကို စောင့်ဆိုင်းနေရတယ်လို့ ပေကျင်းရှိ မြန်မာသံရုံတာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဆီ ပြန်လည်ခေါ်ယူပြီးပါက ကျောင်းသူ၊ကျောင်းသားတွေမှာ Coronavrus ကူးစက်မှုရှိ၊ မရှိကို လိုအပ်တဲ့ ကျန်းမာရေးစောင့်ကြပ်စစ်ဆေးမှုတွေကို စနစ်တကျပြုလုပ်သွားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက စီစဉ်ဆောင်ရွက်ထားရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြန်ရောက်လာမယ့် ကျောင်းသားတွေကို ကြိုဆိုလက်ခံနိုင်ဖို့အတွက် မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာထားရှိဖို့ ပြင်ဆင်ထားတယ်လို့လည်း မနေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာကျင်းပတဲ့ အစည်းအဝေးမှာ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင် က ပြောပါတယ်။

“မြန်မာကျောင်းသားတွေ ပြန်လာနိုင်ဖို့ရှိပါတယ်၊ ခေါ်ခွင့်ပြုထားပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က အများစုကနိုင်ငံ့ဝန်ထမ်းတွေဖြစ်ကြပါတယ်၊ ပုဂ္ဂလိကကျောင်းတက်နေတဲ့သူတွေလည်းပါပါတယ်၊ သူတို့ကို ၁၄ ရက်တော့ စောင့်ကြည်တာလုပ်ရပါတယ်၊ စောင့်ကြည်ဖို့လည်းလုပ်ထားပါပြီ”

ဘယ်နေ့မှာ ပြန်ရောက်မလဲဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိသေးသလို အဲဒီမြို့မှာ အလုပ်သွားလုပ်နေတဲ့ အလုပ်သမားတွေကို ခေါ်ယူမယ်ဆိုတာမျိုးတော့ ထုတ်ပြန်ချက်ထဲမှာ မတွေ့ရပါဘူး။

တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံထဲ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော် တို့လည်း ပြန်လည်ဝင်ရောက်လာကြတယ်လို့တော့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ ဝူဟန်မြို့မှာ ကျောင်းသားတွေအပြင် တရားမဝင် အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သားတွေလည်းရှိပြီး အရေအတွက်ဘယ်လောက်ရှိတယ်ဆိုတာတော့ မသိရပါဘူး။

ဒီအထဲက ဝူဟန်မြို့ပြင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအယောက်၂၀ ကတော့ စားသောက်ဖို့အတွက် ရိက္ခာအနည်းငယ်ပဲရှိတော့ပြီး ဈေးတွေပိတ်ထားတဲ့အတွက် ရိက္ခာအခက်အခဲဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်ကနေ ဇန်နဝါရီ ၂၈ နဲ့ ၂၉ နှစ်ရက်ပေါင်း တရုတ်နိုင်ငံရောက်  မြန်မာအလုပ်သမားတစ်ထောင်ကျော်လောက် ပြန်ဝင်ရောက်လာကြပါတယ်။

သူတို့ကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးတာတွေမှာ ထိရောက်တဲ့စစ်ဆေးတာတွေတော့ လုပ်တာမတွေ့ရဘူးလို့ နယ်စပ်ဂိတ်တာဝန်ကျ ဝန်ထန်းတစ်ဦးက ပြောပါတယ်။

“စစ်ဆေးမှုတွေကတော့ ဒီဘက်မှာ အပူချိန်တိုင်းတဲ့ကိရိယာမျိုးနဲ့ စစ်ဆေးတာမျိုးလောက်ပဲလုပ်တယ်၊ ခေတ်မှီစက်ကိရိယာနဲ့တော့ မဟုတ်ဘူး၊ ဒီဘက်မှာ စိုးရိမ်ရတဲ့အနေအထားတော့မရှိဘူး”

ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်ပြည်မှာ သေဆုံးသူ ၁၇ဝ နဲ့ကမ္ဘာတဝန်းကူးစက်ဖြစ်ပွားသူ ၇၇၁၁ ဦး ရှိသွားပါပြီ။ တခြားနိုင်ငံတွေမှာ ကူးစက်ဖြစ်ပွားနေတယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းမှာတော့ ထိုင်းမှာ ၁၄ ဦး၊ ဟောင်ကောင် ၁ဝ ဦး၊ ဂျပန်မှာ ခုနှစ်ဦး အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ထိုင်ဝမ်၊ သြစတြေးလျနဲ့ မကာအိုတွေမှာ ငါးဦးစီ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ဝူဟန္ၿမိဳ႕ေရာက္ ျမန္မာေက်ာင္းသား ၆၀ ေက်ာ္ကို ျပန္ေခၚဖို႔စီစဥ္ေန ဝူဟန္ၿမိဳ႕ေရာက္ ျမန္မာေက်ာင္းသား ၆၀ ေက်ာ္ကို ျပန္ေခၚဖို႔စီစဥ္ေန Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.