
(Zawgyi)⤵⤵⤵
ဆိပ်ဖြူ ဇန်နဝါရီ ၃၀



ကိုဇွဲ(အညာမြေ)
Myanmaalinn
-------------
(Unicode)⤵⤵⤵
ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာတွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်း ဆိုင်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူသေဆုံးမှုဖြစ်ပွား

ဆိပ်ဖြူ ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ဆိပ်ဖြူ - စလင်းကားလမ်း ကမ္ဘားကြီးကျေးရွာတွင် အနက်ရောင်(Probox ) ယာဉ်နှင့် စူပါကပ် ဆိုင်ကယ်တစ်စီးတို့ ဇန်နဝါရီ ၂၉ရက် ည ၇နာရီခွဲခန့်တွင် မျက်နှာချင်း ဆိုင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆိပ်ဖြူ၏ အနောက်ဘက် (၅)မိုင် ခန့်အကွာ ဆိပ်ဖြူ - စလင်းကားလမ်း ကမ္ဘားကြီးကျေးရွာတွင် ဆိပ်ဖြူမှ စလင်းဘက်သို့ အမည်မသိ မောင်းနှင်လာသည့် အနက်ရောင်(Probox) ယာဉ်မှ တဘက်ယာဉ်ကြော စလင်းမြို့မှ ဆိပ်ဖြူမြို့ဘက်သို့ ဦးမျိုးညွန့်အောင် အသက် (၅၃)နှစ် အမှတ်(၁၃) ချောက်မြို့နေသူ စီးနင်းလာသည့် စူပါကပ်(HARLEVDIVIDSON)စာတန်းပါ အနီရောင်ဆိုင်ကယ်အား တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်စီးနင်သူ ဦးမျိုးညွန့်အောင် ၊အသက် (၅၃)နှစ်မှာ သွေးထွက်ဒဏ်ရာများနှင့် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရလူနာအား ချောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဦးမျိုးညွန့်အောင် ၊အသက် (၅၃)နှစ်မှာ ချောက်မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ၊ ဆိပ်ဖြူမှ စလင်းဘက်သို့ အမည်မသိ မောင်းနှင်လာသည့် အနက်ရောင်(Probox )ယာဉ်မှ ယာဉ်မောင်းသည် ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ အခင်းဖြစ်နေရာသို့ ဒေသခံပြည်သူ များ၏ ဖုန်းသတင်းပေးချက်အရ ဆိပ်ဖြူမြို့မ ရဲစခန်းမှ တာဝန်မှူး ဒုတိယ ရဲအုပ်စုစုထွေးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ကျေးရွာ တာဝန်ရှိ သူများသွာရောက်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆိပ်ဖြူမြို့မရဲစခန်းတွင် ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကာ ထွက်ပြေးတိမ်းရှောင်သူ အနက်ရောင်(Probox )ယာဉ်မှ ယာဉ်မောင်း အား စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

ကိုဇွဲ(အညာမြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာတွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်း ဆိုင်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူသေဆုံးမှုဖြစ်ပွား ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာတွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်း ဆိုင်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.