ေက်ာင္းဆရာမကို ပစ္သတ္တဲ့ တပ္ဖြဲ႕ဝင္ကို အေရးယူထားေၾကာင္း TNLA ေျပာ

ဆရာမ ေလြးျမေမႊးေအာင္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ကြတ္ခိုင္ၿမိဳ႕နယ္ ေဟြခုတ္႐ြာမွ အေျခခံပညာမူလတန္းေက်ာင္းကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
မူလတန္းျပ ေက်ာင္းဆရာမ အသတ္ခံရတဲ့ကိစၥမွာ ျပစ္မႈက်ဴးလြန္ခဲ့တယ္လို႔ စြပ္စြဲခံရသူ TNLA တပ္ဖြဲ႕ဝင္ မိုင္းဖိုးစိန္ကို ဖမ္းဆီးထားၿပီး ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး PSLF / TNLA တရားေရးဌာနကို အမႈစြဲတင္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

TNLA တပ္ဖြဲ႕ဝင္အေနနဲ႔ ဒီလိုျပစ္မႈမ်ိဳး က်ဴးလြန္တာ ပထမဆုံးျဖစ္ၿပီး ဘယ္လိုအမိန႔္ခ်မွတ္မလဲ ဆိုတာကိုေတာ့ အတိအက် မေျပာႏိုင္ေသးဘူးလို႔ TNLA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္က RFA ကို ေျပာပါတယ္။

ျပစ္မႈက်ဴးလြန္သူကို ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး PSLF/TNLA တရားေရးဌာနက တရားစီရင္ၿပီးရင္ ျပည္သူလူထုကို အသိေပးခ်ျပသြားမွာျဖစ္ၿပီး အမႈကို အျမန္ဆုံးစစ္ေဆး ေဆာင္႐ြက္သြားမယ္လို႔ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္က ေျပာပါတယ္။

“ဘယ္သူျဖစ္ျဖစ္ ျပစ္မႈက်ဴးလြန္တဲ့အေပၚမွာ ထိုက္တန္တဲ့အျပစ္ေပး အေရးယူဖို႔ ကြၽန္ေတာ္တို႔ အၿမဲတမ္း လုပ္တယ္။ ျပစ္မႈႀကီးကေတာ့ ဒီတစ္ေခါက္ပဲ ေတြ႕ဖူးတယ္။ အျခားအမႈေတြေတာ့ ရွိခဲ့ဖူးတယ္။ ဒီအတိုင္းေတာ့ ပစ္မထားပါဘူး။ အၿမဲတမ္း အေရးယူေဆာင္႐ြက္ပါတယ္”

ဇန္နဝါရီ ၂၄ ညဦးပိုင္းက မိုင္းဖိုးစိန္ဟာ ေက်ာင္းဆရာမ ေလြးျမေမႊးေအာင္ေနထိုင္တဲ့ ေဟြခုတ္ေက်း႐ြာထဲက ေနအိမ္အတြင္းကို ဝင္လာၿပီး ဘယ္ဘက္ပါးနဲ႔ ဘယ္ဘက္နားထင္ကို ေသနတ္နဲ႔ အနီးကပ္ ပစ္သြားခဲ့တာလို႔ သိရပါတယ္။

TNLA က ထိန္းသိမ္းထားတယ္ဆိုတဲ့ သူကို ရဲတပ္ဖြဲ႕ကလည္း အလိုရွိေနပါတယ္။

အမႈျဖစ္စဥ္နဲ႔ပတ္သက္လို႔  ရဲလုပ္ငန္းစဥ္အတိုင္း စုံစမ္းစစ္ေဆးေနေၾကာင္း၊ လူမႈေရး ျပႆနာတစ္ခုေၾကာင့္ အခုလို ပစ္ခတ္မႈျဖစ္ပြားတယ္လို႔ သိရေၾကာင္း လားရႈိးၿမိဳ႕နယ္ ဒုၿမိဳ႕နယ္မႉး ရဲမႉးႀကီး ဗညားဦးက ေျပာပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္ (ၿမိဳ႕မ) ရဲစခန္းကလည္း ေက်ာင္းဆရာမ ေသဆုံးမႈအတြက္ ရာဇသတ္ႀကီးပုဒ္မ (၃၀၂) နဲ႔ အမႈဖြင့္ထားၿပီး  တရားခံရရွိဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

“တရားခံမိၿပီဆိုရင္ ဥပေဒအတိုင္း ဆက္လုပ္သြားမယ္။ လက္နက္ကိုင္ အဖြဲ႕အစည္းဆိုင္ရာက်ေတာ့ ကြၽန္ေတာ္တို႔နဲ႔ နည္းနည္းေဝးတယ္။ ရပ္ဖိရပ္ဖေတြနဲ႔ ကြၽန္ေတာ္တို႔အပိုင္မွာ တရားခံေတြ႕ရင္ေျပာ၊  ကြၽန္ေတာ္တို႔ဖမ္းလို႔ရရင္ ဖမ္းေပးၿပီး ဥပေဒအတိုင္းပဲ ဆက္လုပ္မယ္။ လက္နက္ကိုင္အဖြဲ႕အစည္းနဲ႔က်ေတာ့ ကြၽန္ေတာ္တို႔နဲ႔ မအပ္စပ္ဘူး။  ကြၽန္ေတာ္တို႔ဆီက ၿမိဳ႕နယ္မႉးတို႔ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးတို႔ေတြနဲ႔ ညႇိႏႈိင္းၿပီး ဆက္လက္ေဆာင္႐ြက္မယ္။ သူတို႔ေတြညႇိႏႈိင္းၿပီးေတာ့ ဘယ္လိုေတြ အေျဖထြက္မလဲေတာ့ မသိဘူး”

အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္ (ျမန္မာႏိုင္ငံ) အေထြေထြ အတြင္းေရးမႉး ေလြးပိုးငယ္က ဘယ္လက္နက္ကိုင္ အဖြဲ႕အစည္းမဆို အရပ္သားျပည္သူေတြအေပၚ အခုလို က်ဴးလြန္သူကို ထိထိေရာက္ေရာက္ အေရးယူဖို႔ တိုက္တြန္းလိုက္ပါတယ္။

“ကိုယ့္ရဲ႕စစ္သားပဲေျပာေျပာ၊ ေနာက္လိုက္ပဲေျပာေျပာ သူတို႔ေတြ ဒီလိုမ်ိဳးမက်ဴးလြန္ေအာင္ စနစ္ရွိရမယ္။ စနစ္လို႔ေျပာတဲ့အခါမွာ ျပစ္ဒဏ္ႀကီးႀကီးမားမား ေပးတယ္ဆိုရင္လည္း  တျခားလူေတြကို ဒီလို ထပ္မလုပ္ ရဲေအာင္ဆိုတဲ့ သာဓကေတာ့ ျဖစ္ေပမယ့္ စနစ္တက်နဲ႔ ျဖစ္မေနဘူးေလ။ ဒီလိုျဖစ္တဲ့အတြက္ တကယ္ကို စနစ္တက်နဲ႔ ကိုယ့္ရဲ႕ေအာက္ေျခ စစ္သားေတြကို ထိန္းခ်ဳပ္ႏိုင္မယ့္ စနစ္တစ္ခုေတာ့ လိုအပ္တယ္”

မူလတန္းျပဆရာမ ေလြးျမေမႊးေအာင္ဟာ ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖက္ကာေက်း႐ြာဇာတိျဖစ္ၿပီး ေဟြခုတ္ေက်း႐ြာမွာ တာဝန္ထမ္းေဆာင္ေနတာ ေလးႏွစ္ဝန္းက်င္ရွိေနၿပီလို႔ သိရပါတယ္။

ဇန္နဝါရီလ ၂၅ ရက္ေန႔က သူ႔ဇာတိ႐ြာမွာ မီးသၿဂႋဳဟ္ေပးခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ေဟြခုတ္ေက်း႐ြာအနီး ပတ္ဝန္းက်င္မွာ TNLA လက္နက္ကိုင္တပ္ဖြဲ႕နဲ႔ အျခားေသာ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ တပ္ဖြဲ႕ဝင္ေတြ သြားလာလႈပ္ရွားတဲ့ ေနရာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ရွမ္းျပည္နယ္မွာ ဆယ္စုႏွစ္အတန္ၾကာ တိုက္ပြဲဝင္ခဲ့တဲ့ ပေလာင္လက္နက္ကိုင္အဖြဲ႕ဟာ ၁၉၉၁ ခုႏွစ္မွာ တပ္မေတာ္အစိုးရနဲ႔ အပစ္ရပ္ၿပီးေနာက္ အဖြဲ႕အတြင္း သေဘာထားကြဲၾကၿပီး TNLA အဖြဲ႕ကို ၁၉၉၂ ခုႏွစ္မွာ ထူေထာင္ခဲ့တယ္လို႔ ျမန္မာသတင္းႏိုင္ငံတကာ (BNI) က ေရးသားတည္းျဖတ္တဲ့ ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကိုပုံေဖာ္ျခင္း စာအုပ္မွာ ေဖာ္ျပထားပါတယ္။

TNLA အဖြဲ႕ဟာ ရွမ္းျပည္ေျမာက္ပိုင္း ၿမိဳ႕နယ္အမ်ားအျပားမွာ လႈပ္ရွားေနၿပီး ဌာနခ်ဳပ္ကို ေနရာအတည္တက် မထားဘူးလို႔ ၂၀၁၇ -၂၀၁၈အတြက္ ထုတ္ေဝတဲ့ အဲဒီစာအုပ္မွာ ေဖာ္ျပထားပါတယ္။ အဖြဲ႕မွာ လက္နက္ကိုင္ စစ္သည္အင္အား ၆၀၀၀ ရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ကျောင်းဆရာမကို ပစ်သတ်တဲ့ တပ်ဖွဲ့ဝင်ကို အရေးယူထားကြောင်း TNLA ပြော

ဆရာမ လွေးမြမွှေးအောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကွတ်ခိုင်မြို့နယ် ဟွေခုတ်ရွာမှ အခြေခံပညာမူလတန်းကျောင်းကို တွေ့ရစဉ်
Photo: Ah Linn's FB

မူလတန်းပြ ကျောင်းဆရာမ အသတ်ခံရတဲ့ကိစ္စမှာ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရသူ TNLA တပ်ဖွဲ့ဝင် မိုင်းဖိုးစိန်ကို ဖမ်းဆီးထားပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF / TNLA တရားရေးဌာနကို အမှုစွဲတင် စစ်ဆေးနေတယ်လို့ သိရပါတယ်။

TNLA တပ်ဖွဲ့ဝင်အနေနဲ့ ဒီလိုပြစ်မှုမျိုး ကျူးလွန်တာ ပထမဆုံးဖြစ်ပြီး ဘယ်လိုအမိန့်ချမှတ်မလဲ ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က RFA ကို ပြောပါတယ်။

ပြစ်မှုကျူးလွန်သူကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တရားရေးဌာနက တရားစီရင်ပြီးရင် ပြည်သူလူထုကို အသိပေးချပြသွားမှာဖြစ်ပြီး အမှုကို အမြန်ဆုံးစစ်ဆေး ဆောင်ရွက်သွားမယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

“ဘယ်သူဖြစ်ဖြစ် ပြစ်မှုကျူးလွန်တဲ့အပေါ်မှာ ထိုက်တန်တဲ့အပြစ်ပေး အရေးယူဖို့ ကျွန်တော်တို့ အမြဲတမ်း လုပ်တယ်။ ပြစ်မှုကြီးကတော့ ဒီတစ်ခေါက်ပဲ တွေ့ဖူးတယ်။ အခြားအမှုတွေတော့ ရှိခဲ့ဖူးတယ်။ ဒီအတိုင်းတော့ ပစ်မထားပါဘူး။ အမြဲတမ်း အရေးယူဆောင်ရွက်ပါတယ်”

ဇန်နဝါရီ ၂၄ ညဦးပိုင်းက မိုင်းဖိုးစိန်ဟာ ကျောင်းဆရာမ လွေးမြမွှေးအောင်နေထိုင်တဲ့ ဟွေခုတ်ကျေးရွာထဲက နေအိမ်အတွင်းကို ဝင်လာပြီး ဘယ်ဘက်ပါးနဲ့ ဘယ်ဘက်နားထင်ကို သေနတ်နဲ့ အနီးကပ် ပစ်သွားခဲ့တာလို့ သိရပါတယ်။

TNLA က ထိန်းသိမ်းထားတယ်ဆိုတဲ့ သူကို ရဲတပ်ဖွဲ့ကလည်း အလိုရှိနေပါတယ်။

အမှုဖြစ်စဉ်နဲ့ပတ်သက်လို့  ရဲလုပ်ငန်းစဉ်အတိုင်း စုံစမ်းစစ်ဆေးနေကြောင်း၊ လူမှုရေး ပြဿနာတစ်ခုကြောင့် အခုလို ပစ်ခတ်မှုဖြစ်ပွားတယ်လို့ သိရကြောင်း လားရှိုးမြို့နယ် ဒုမြို့နယ်မှူး ရဲမှူးကြီး ဗညားဦးက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် (မြို့မ) ရဲစခန်းကလည်း ကျောင်းဆရာမ သေဆုံးမှုအတွက် ရာဇသတ်ကြီးပုဒ်မ (၃၀၂) နဲ့ အမှုဖွင့်ထားပြီး  တရားခံရရှိဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

“တရားခံမိပြီဆိုရင် ဥပဒေအတိုင်း ဆက်လုပ်သွားမယ်။ လက်နက်ကိုင် အဖွဲ့အစည်းဆိုင်ရာကျတော့ ကျွန်တော်တို့နဲ့ နည်းနည်းဝေးတယ်။ ရပ်ဖိရပ်ဖတွေနဲ့ ကျွန်တော်တို့အပိုင်မှာ တရားခံတွေ့ရင်ပြော၊  ကျွန်တော်တို့ဖမ်းလို့ရရင် ဖမ်းပေးပြီး ဥပဒေအတိုင်းပဲ ဆက်လုပ်မယ်။ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ကျတော့ ကျွန်တော်တို့နဲ့ မအပ်စပ်ဘူး။  ကျွန်တော်တို့ဆီက မြို့နယ်မှူးတို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့တွေနဲ့ ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်မယ်။ သူတို့တွေညှိနှိုင်းပြီးတော့ ဘယ်လိုတွေ အဖြေထွက်မလဲတော့ မသိဘူး”

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေ အတွင်းရေးမှူး လွေးပိုးငယ်က ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို အရပ်သားပြည်သူတွေအပေါ် အခုလို ကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူဖို့ တိုက်တွန်းလိုက်ပါတယ်။

“ကိုယ့်ရဲ့စစ်သားပဲပြောပြော၊ နောက်လိုက်ပဲပြောပြော သူတို့တွေ ဒီလိုမျိုးမကျူးလွန်အောင် စနစ်ရှိရမယ်။ စနစ်လို့ပြောတဲ့အခါမှာ ပြစ်ဒဏ်ကြီးကြီးမားမား ပေးတယ်ဆိုရင်လည်း  တခြားလူတွေကို ဒီလို ထပ်မလုပ် ရဲအောင်ဆိုတဲ့ သာဓကတော့ ဖြစ်ပေမယ့် စနစ်တကျနဲ့ ဖြစ်မနေဘူးလေ။ ဒီလိုဖြစ်တဲ့အတွက် တကယ်ကို စနစ်တကျနဲ့ ကိုယ့်ရဲ့အောက်ခြေ စစ်သားတွေကို ထိန်းချုပ်နိုင်မယ့် စနစ်တစ်ခုတော့ လိုအပ်တယ်”

မူလတန်းပြဆရာမ လွေးမြမွှေးအောင်ဟာ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာဇာတိဖြစ်ပြီး ဟွေခုတ်ကျေးရွာမှာ တာဝန်ထမ်းဆောင်နေတာ လေးနှစ်ဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့က သူ့ဇာတိရွာမှာ မီးသင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဟွေခုတ်ကျေးရွာအနီး ပတ်ဝန်းကျင်မှာ TNLA လက်နက်ကိုင်တပ်ဖွဲ့နဲ့ အခြားသော မြောက်ပိုင်းမဟာမိတ်အဖွဲ့ တပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားတဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မှာ ဆယ်စုနှစ်အတန်ကြာ တိုက်ပွဲဝင်ခဲ့တဲ့ ပလောင်လက်နက်ကိုင်အဖွဲ့ဟာ ၁၉၉၁ ခုနှစ်မှာ တပ်မတော်အစိုးရနဲ့ အပစ်ရပ်ပြီးနောက် အဖွဲ့အတွင်း သဘောထားကွဲကြပြီး TNLA အဖွဲ့ကို ၁၉၉၂ ခုနှစ်မှာ ထူထောင်ခဲ့တယ်လို့ မြန်မာသတင်းနိုင်ငံတကာ (BNI) က ရေးသားတည်းဖြတ်တဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုပုံဖော်ခြင်း စာအုပ်မှာ ဖော်ပြထားပါတယ်။

TNLA အဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်း မြို့နယ်အများအပြားမှာ လှုပ်ရှားနေပြီး ဌာနချုပ်ကို နေရာအတည်တကျ မထားဘူးလို့ ၂၀၁၇ -၂၀၁၈အတွက် ထုတ်ဝေတဲ့ အဲဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ အဖွဲ့မှာ လက်နက်ကိုင် စစ်သည်အင်အား ၆၀၀၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

RFA Burmese
https://www.rfa.org
ေက်ာင္းဆရာမကို ပစ္သတ္တဲ့ တပ္ဖြဲ႕ဝင္ကို အေရးယူထားေၾကာင္း TNLA ေျပာ ေက်ာင္းဆရာမကို ပစ္သတ္တဲ့ တပ္ဖြဲ႕ဝင္ကို အေရးယူထားေၾကာင္း TNLA ေျပာ Reviewed by THITHTOOLWIN on 00:42 Rating: 5
Powered by Blogger.