ကြတ္ခိုင္ၿမိဳ႕နယ္ ေက်ာင္းဆရာမ တဦးကို TNLA တပ္သား ပစ္သတ္ခဲ့ေၾကာင္း ဝန္းခံ

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၂၈၊၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္း ကြတ္ခုိင္ၿမိဳ႕နယ္ ေဟြခုတ္ရြာ မူလတန္းျပ ေက်ာင္းဆရာမ ကို တအာင္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) တပ္သား ေသနတ္ျဖင့္ ပစ္သတ္ခံေၾကာင္း သတင္းရရွိသည္။

လြန္ခဲ့သည့္ ဇန္နဝါရီ ၂၄ရက္ ည ၇နာရီ ဝန္းက်င္တြြင္TNLA တပ္သား မိုင္းဖုိးစိန္သည္ ေဟြခုတ္ေက်းရြာ မူလတန္းျပ ေက်ာင္းဆရာမ ေလြးျမေမႊးေအာင္ကို ေသနတ္ျဖင့္ ပစ္သတ္ခံေၾကာင္း TNLA ၏ ဇန္နဝါရီ ၂၇ ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့သည္။

ေက်ာင္းဆရာမ ကို ေသနတ္ပစ္သတ္ခဲ့သည့္ မိုင္းဖုိးစိန္ ကုိ လက္ရွိမွာ TNLA က ဖမ္းဆီးထားၿပီး ဥပေဒ အရ အေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ထိုျပစ္မႈက်ဴးလြန္သည့္ မိုင္းဖိုးစိန္ကို TNLA တရားေရး ဌာန မွ အမ်ားျပည္သူ ေရွ႕ေမွာက္တြင္ တရားစီရင္ၿပီးပါက ျပည္သူလူထုထံသို႔ ထပ္မံခ်ၿပီး ရွင္းလင္းေပးသြားမည္ ဟုလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

မူလတန္းျပ ေက်ာင္းဆရာမကို ေသနတ္ပစ္သတ္ခဲ့သည့္ မုိင္းဖိုးစိန္ ကို TNLA ဥပေဒ အရ မည္ကဲ့သို႔ တရားစီရင္ခ်က္ ခ်မည္ကို TNLA ေျပာေရးဆုိခြင့္ရ မုိင္းအိုက္ေက်ာ္ ကုိ သွ်မ္းသံေတာ္ဆင့္ က ဆက္သြယ္ေမးျမန္းရာ ျပန္လည္ေျဖၾကားျခင္း မရွိခဲ့ေပ။

ထုိ႔ျပင္ TNLA ထုတ္ျပန္ခ်က္ ႏွင့္ ပတ္သက္ၿပီး ေက်ာင္းဆရာမ ေလြးျမေမႊးေအာင္ ၏ ဦးေလး ဦးေအာင္ဝင္း က “ လက္နက္ကိုင္ဘက္ကေတာ့ သူတုိ႔လူဆုိတာ ဝန္ခံလုိက္တာေတြ႔တယ္။ သူတို႔ ဘယ္လိုစီရင္ခ်က္ခ်မယ္ဆုိတာေတာ့ က်ေနာ္တုိ႔လည္း မသိေသးဘူး” ဟု သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

လက္ရွိမွာ တရားခံကို TNLA က ဖမ္းဆီးထားၿပီး၊ TNLA ဥပေဒ လုပ္ထံုးလုပ္နည္း အရ ျပဳလုပ္သြားမည္ဟု သိရွိထားေၾကာင္း ဦးေအာင္ဝင္း က ေျပာျပသည္။

ဆက္လက္ၿပီး ဦးေအာင္ဝင္း က “ ေနာက္ေနာင္ ဒီလုိ ကိစၥေတြမျဖစ္ေအာင္၊ အဖြဲ႔အစည္းနဲ႔ ပုဂၢိဳလ္ေရး နဲ႔ နားလည္မႈ လြဲေနတာ ကြဲျပားေအာင္ လုပ္ေပးဖုိ႔ ေျပာခ်င္ပါတယ္။မွ်မွ်တတ စီရင္ခ်ဖို႔ ေျပာခ်င္ပါတယ္” ဟု ေတာင္းဆုိလုိက္သည္။

TNLA တပ္သား အေနျဖင့္ ျပႆနာကို ေျဖရွင္းသည့္ အခါ လက္နက္ျဖင့္ မေျဖရွင္းရန္၊ ေနာက္ေနာင္ ထပ္မံ မျပဳလုပ္ရန္ စံျပ အေနျဖင့္ ျပစ္ဒဏ္ေပးသင့္ေၾကာင္းလည္း ဦးေအာင္ဝင္း က ေျပာသည္။

“ ေနာက္ ဘယ္သူမွ မလုပ္ရဲေအာင္၊ ျပႆနာကို ေဒါနဲ႔ ေမာနဲ႔ မေျဖရွင္ေအာင္ စံျပ အေနနဲ႔ တခုခု လုပ္သင့္တယ္” ဟု လည္း ေလြးျမေမႊးေအာင္ရဲ့ ဦးေလး က ေျပာသည္။

ကေလးပညာေရး ကိုသာအဓိကထားသင္ျပေပးေနသည့္ ေက်ာင္းဆရာမ တဦး ဆံုး႐ံႈးရသလို စိတ္ထားေကာင္းၿပီး ေအးေဆးေနတက္သည့္ တူမလည္း ဆံုး႐ံႈးရျခင္းသည္ အတုိင္းမသိ ဝမ္းနည္းေၾကာင္းလည္း ဦးေအာင္ဝင္း က ေျပာသည္။

ေဟြခုတ္ေက်းရြာ မူလတန္း ေက်ာင္းဆရာမသည္ ဇန္နဝါရီ ၂၄ရက္ ည ၇နာရီ တြင္ ဆရာမမ်ားေနသည့္ အေဆာင္တြင္ TNLA တပ္သား မိုင္းဖိုးစိန္ က လာေရာက္ ပစ္သတ္ခဲ့သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-----------
(Unicode)⤵⤵⤵
ကွတ်ခိုင်မြို့နယ် ကျောင်းဆရာမ တဦးကို TNLA တပ်သား ပစ်သတ်ခဲ့ကြောင်း ဝန်းခံ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၂၈၊၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟွေခုတ်ရွာ မူလတန်းပြ ကျောင်းဆရာမ ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သား သေနတ်ဖြင့် ပစ်သတ်ခံကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၂၄ရက် ည ၇နာရီ ဝန်းကျင်တွင်TNLA တပ်သား မိုင်းဖိုးစိန်သည် ဟွေခုတ်ကျေးရွာ မူလတန်းပြ ကျောင်းဆရာမ လွေးမြမွှေးအောင်ကို သေနတ်ဖြင့် ပစ်သတ်ခံကြောင်း TNLA ၏ ဇန်နဝါရီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ကျောင်းဆရာမ ကို သေနတ်ပစ်သတ်ခဲ့သည့် မိုင်းဖိုးစိန် ကို လက်ရှိမှာ TNLA က ဖမ်းဆီးထားပြီး ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုပြစ်မှုကျူးလွန်သည့် မိုင်းဖိုးစိန်ကို TNLA တရားရေး ဌာန မှ အများပြည်သူ ရှေ့မှောက်တွင် တရားစီရင်ပြီးပါက ပြည်သူလူထုထံသို့ ထပ်မံချပြီး ရှင်းလင်းပေးသွားမည် ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူလတန်းပြ ကျောင်းဆရာမကို သေနတ်ပစ်သတ်ခဲ့သည့် မိုင်းဖိုးစိန် ကို TNLA ဥပဒေ အရ မည်ကဲ့သို့ တရားစီရင်ချက် ချမည်ကို TNLA ပြောရေးဆိုခွင့်ရ မိုင်းအိုက်ကျော် ကို သျှမ်းသံတော်ဆင့် က ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

ထို့ပြင် TNLA ထုတ်ပြန်ချက် နှင့် ပတ်သက်ပြီး ကျောင်းဆရာမ လွေးမြမွှေးအောင် ၏ ဦးလေး ဦးအောင်ဝင်း က “ လက်နက်ကိုင်ဘက်ကတော့ သူတို့လူဆိုတာ ဝန်ခံလိုက်တာတွေ့တယ်။ သူတို့ ဘယ်လိုစီရင်ချက်ချမယ်ဆိုတာတော့ ကျနော်တို့လည်း မသိသေးဘူး” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိမှာ တရားခံကို TNLA က ဖမ်းဆီးထားပြီး၊ TNLA ဥပဒေ လုပ်ထုံးလုပ်နည်း အရ ပြုလုပ်သွားမည်ဟု သိရှိထားကြောင်း ဦးအောင်ဝင်း က ပြောပြသည်။

ဆက်လက်ပြီး ဦးအောင်ဝင်း က “ နောက်နောင် ဒီလို ကိစ္စတွေမဖြစ်အောင်၊ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်ရေး နဲ့ နားလည်မှု လွဲနေတာ ကွဲပြားအောင် လုပ်ပေးဖို့ ပြောချင်ပါတယ်။မျှမျှတတ စီရင်ချဖို့ ပြောချင်ပါတယ်” ဟု တောင်းဆိုလိုက်သည်။

TNLA တပ်သား အနေဖြင့် ပြဿနာကို ဖြေရှင်းသည့် အခါ လက်နက်ဖြင့် မဖြေရှင်းရန်၊ နောက်နောင် ထပ်မံ မပြုလုပ်ရန် စံပြ အနေဖြင့် ပြစ်ဒဏ်ပေးသင့်ကြောင်းလည်း ဦးအောင်ဝင်း က ပြောသည်။

“ နောက် ဘယ်သူမှ မလုပ်ရဲအောင်၊ ပြဿနာကို ဒေါနဲ့ မောနဲ့ မဖြေရှင်အောင် စံပြ အနေနဲ့ တခုခု လုပ်သင့်တယ်” ဟု လည်း လွေးမြမွှေးအောင်ရဲ့ ဦးလေး က ပြောသည်။

ကလေးပညာရေး ကိုသာအဓိကထားသင်ပြပေးနေသည့် ကျောင်းဆရာမ တဦး ဆုံးရှုံးရသလို စိတ်ထားကောင်းပြီး အေးဆေးနေတက်သည့် တူမလည်း ဆုံးရှုံးရခြင်းသည် အတိုင်းမသိ ဝမ်းနည်းကြောင်းလည်း ဦးအောင်ဝင်း က ပြောသည်။

ဟွေခုတ်ကျေးရွာ မူလတန်း ကျောင်းဆရာမသည် ဇန်နဝါရီ ၂၄ရက် ည ၇နာရီ တွင် ဆရာမများနေသည့် အဆောင်တွင် TNLA တပ်သား မိုင်းဖိုးစိန် က လာရောက် ပစ်သတ်ခဲ့သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ကြတ္ခိုင္ၿမိဳ႕နယ္ ေက်ာင္းဆရာမ တဦးကို TNLA တပ္သား ပစ္သတ္ခဲ့ေၾကာင္း ဝန္းခံ ကြတ္ခိုင္ၿမိဳ႕နယ္ ေက်ာင္းဆရာမ တဦးကို TNLA တပ္သား ပစ္သတ္ခဲ့ေၾကာင္း ဝန္းခံ Reviewed by THITHTOOLWIN on 00:45 Rating: 5
Powered by Blogger.