Coronavirus ကာကြယ္ေရး ဟိုတယ္ လုပ္ငန္းရွင္ေတြနဲ႔ က်န္းမာေရးဌာန ေဆြးေႏြး

(Zawgyi)⤵⤵⤵
ဟိုတယ္ေတြမွာ လာေရာက္တည္းခိုတဲ့ ဧည့္သည္ေတြထဲကေန ဖ်ားနာတာေတြ၊ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရတယ္လို႔ သံသယရွိရင္ က်န္းမာေရးဝန္ႀကီးဌာနကို ဆက္သြယ္ဖို႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြနဲ႔ ဟိုတယ္လုပ္ငန္းရွင္ေတြ မေန႔က ေဆြးေႏြးခဲ့ၾကပါတယ္။

တ႐ုတ္ႏွစ္သစ္ကူးကာလ စတင္ခ်ိန္ကစၿပီး ျမန္မာႏိုင္ငံကို ဝင္ေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံသား ဧည့္သည္ ၁ သိန္း ေလာက္ရွိခဲ့ၿပီး ႏွစ္သစ္ကူးကာလအၿပီးမွာေတာ့ အေယာက္ ေလးေသာင္းေလာက္ လွည့္လည္သြားလာေနၾကတယ္ လို႔ ျမန္မာခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူေတြက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးဆက္ခံရၿပီး ေသဆုံးတာေတြပါရွိေန တာေၾကာင့္ ျမန္မာႏိုင္ငံအတြင္း ဝင္ေရာက္ေနတဲ့ ဧည့္သည္ေတြမွာ ဖ်ားနာၿပီး ေရာဂါကူးစက္ခံရတဲ့ လကၡဏာေတြ ရွိလာရင္ အေၾကာင္းၾကားဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ေဒါက္တာသက္ခိုင္ဝင္း က ေျပာပါတယ္။

"ဟိုတယ္ေတြမွာ လိုက္ၾကည့္ဖို႔က နည္းနည္းေလးမ်ား အခက္ခဲရွိမလားလို႔၊ ဝန္ထမ္းေတြအေနနဲ႔ေပါ့ ။ အဲဒီေတာ့ ဆရာတို႔အေနနဲ႔ သံသယရွိတယ္ဆိုရင္ ေပးထားတဲ့နံပါတ္ရွိပါတယ္။ အဲဒါကို ဆက္သြယ္လိုက္ပါ။ အဓိကက ႏွစ္ခ်က္ရွိပါတယ္။ ခရီးသြားတဲ့ History ကို တိတိက်က်သိဖို႔ လိုပါတယ္။ ဘယ္ရက္မွာေနခဲ့တယ္။ ဘယ္ေတြသြား ခဲ့တယ္၊ ေမးၿပီး က်ေနာ္တို႔ကို ဆက္သြယ္ပါ။ တကယ္လို႔ သံသယရွိလို႔ က်ေနာ္တို႔ကို ဆက္သြယ္လာရင္ လူနာတင္ ယာဥ္ လႊတ္ပါမယ္"

တ႐ုတ္ႏိုင္ငံသားဧည့္သည္ေတြ ဝင္ထြက္သြားလာႏိုင္တဲ့ ေလဆိပ္၊ သေဘၤာဆိပ္ေတြအျပင္ နယ္စပ္ဂိတ္ေတြမွာ လည္း အပူခ်ိန္တိုင္းတဲ့စက္ေတြနဲ႔တိုင္းတာေနရာမွာ ကိုယ္အပူခ်ိန္ျမင့္တဲ့သူေတြကို သီးျခားေခၚထားၿပီး သာမန္ ကိုယ္အပူခ်ိန္ရွိတဲ့သူေတြကိုေတာ့ ေပးဝင္ထားတဲ့အေၾကာင္း၊ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံသား ဝူဟန္ကေန ဝင္ေရာက္လာတဲ့သူေတြကို အေသခ်ာေစာင့္ၾကည့္ေနတယ္လို႔ ရန္ကုန္တိုင္း က်န္းမာေရးဦးစီးဌာနကေန ေျပာပါတယ္။

ဖ်ားနာသူေတြနဲ႔ ကိုယ္အပူခ်ိန္ျမင့္တက္ေနတဲ့ ဧည့္သည္လူနာကို ေဆးကုသဖို႔ လာေရာက္ေခၚေဆာင္ရာမွာလည္း သာမာန္လူနာတင္ယာဥ္နဲ႔မဟုတ္ဘဲ အကာကြယ္အျပည့္အစုံပါတဲ့ ယာဥ္ေတြနဲ႔သာ လာေရာက္ေခၚယူမွာျဖစ္တဲ့ အေၾကာင္း၊ ဧည့္သည္မွာ တကယ္ေရာဂါပိုး ကူးစက္ခံထားရတာ ရွိ၊ မရွိ ေနာက္ဆက္တြဲ သတင္းအခ်က္လက္ေတြ ကိုလည္း ဟိုတယ္လုပ္ငန္းရွင္ေတြဆီ ျပန္အေၾကာင္းၾကားမယ့္အေၾကာင္း၊ ဟိုတယ္ေတြမွာလည္း ကို႐ိုနာဗိုင္းရပ္ ပိုး ကူးစက္ခံရရင္ ျဖစ္လာမယ့္ လကၡဏာေတြ၊ ေရွာင္ရန္ ေဆာင္ရန္ေတြကို ေၾကညာစာ႐ြက္နဲ႔ ထုတ္ျပန္ထားႏိုင္ ေအာင္ ကူညီေပးသြားမယ္လို႔ ေျပာပါတယ္။

ႏိုင္ငံထဲ ဝင္လာတဲ့ဧည့္သည္ေတြထဲက မက်န္းမာတဲ့သူတစ္ေယာက္ေယာက္ပါလာခဲ့ရင္ အခန္းတစ္ခုခုထဲမွာ ခဏခြဲထားကာ ေသခ်ာေမးျမန္းၿပီး ဆက္သြယ္ၾကဖို႔ ေဝဘာဂီေဆး႐ုံ ပါေမာကၡ ေဒါက္တာ စံပယ္ျဖဴက  ေျပာပါတယ္။

"အခုခ်ိန္မွာေတာ့ ေနမေကာင္းဘူးဆိုတာကို စသိရဖို႔ ေနေကာင္းပါလား၊ ဒါမွမဟုတ္ ေလဆိပ္က စာ႐ြက္ေလးလိုပဲ ဖ်ားလား ဆိုတာ ေလးခုေလာက္ေပးထားၿပီး အဲဒီထဲက တစ္ခုခု ျခစ္ၿပီဆိုရင္ေတာ့ ဧည့္ႀကိဳအခန္းေလး အရင္လုပ္ ထားၿပီး အဲဒီအထဲ အရင္ဝင္ အဲဒီမွာ ဘယ္ေဒသကလဲ၊ ဘယ္ကလာတာလဲ ေသေသခ်ာခ်ာေလးေမးရင္ အဆင္ေျပ မယ္လို႔ ထင္ပါတယ္။"

ျမန္မာႏိုင္ငံ ဟိုတယ္လုပ္ငန္းရွင္မ်ားအသင္းကို ဝင္ထားတဲ့ ဟိုတယ္ ၁၄၀၀ ေက်ာ္ရွိၿပီး အခန္းေပါင္း ၅၇၀၀၀ ေက်ာ္ရွိတဲ့အေၾကာင္း၊ လာတဲ့ဧည့္သည္တခ်ိဳ႕ဟာ ေနမေကာင္းျဖစ္ရင္ ေဆး႐ုံ၊ ေဆးခန္းေတြကိုမသြားဘဲ ဆရာဝန္ေခၚခိုင္းတာမ်ိဳးေတြ ရွိတတ္တဲ့အေၾကာင္း၊ ဘယ္ကလာတာလဲဆိုတာကို ဧည့္သည္ကိုေမးရင္လည္း သူတို႔အမွန္ေျဖမွသာ သိႏိုင္မယ့္ အခက္ခဲေတြရွိတယ္လို႔ ျမန္မာႏိုင္ငံဟိုတယ္လုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠ႒ ဦးသန္းထြဋ္က ေဆြးေႏြးပါတယ္။

"တခါတေလက်ရင္ ဆရာေျပာသလိုပဲ ဧည့္သည္က ေနမေကာင္းျဖစ္လို႔ ေဆးခန္းလိုက္ပို႔မယ္ဆိုရင္ သူတို႔ ကိုယ္တိုင္က မသြားခ်င္တာရွိတယ္။ အဲဒါဆိုရင္ သူတို႔မသိဘဲ အေၾကာင္းၾကားေပးရမလား။ ၿပီးေတာ့ ဝူဟန္ကလာတာဟုတ္ မဟုတ္က သူတို႔က မေျပာဘူးဆိုရင္ မသိရပါဘူး။"

ဧည့္သည္ေတြနဲ႔ ထိေတြ႕ရတဲ့ေနရာမွာ က်န္းမာေရးဝန္ထမ္းေတြအျပင္ ဧည့္ႀကိဳဝန္ထမ္းေတြ၊ ဟိုတယ္ဝန္ထမ္း ေတြလည္း ပါဝင္တာျဖစ္ပါတယ္။

တကယ္လို႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရတယ္လို႔ သံသယရွိတဲ့ ဧည့္သည္ေနခဲ့တဲ့ အခန္းေတြကို သန႔္ရွင္းေရး လုပ္ခ်င္တယ္ဆိုရင္လည္း လုပ္ရမယ့္နည္းလမ္းေတြကို ျဖန႔္ေဝထားမွာျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးခံရတယ္လို႔ သံသယရွိသူကို ေစာင့္ၾကည့္ကုသဖို႔ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေဝဘာဂီ ကူးစက္ေဆး႐ုံမွာ စက္ပစၥည္းေတြရွိေနၿပီး လူအင္အားထပ္ျဖည့္ဖို႔ေတြ ျပင္ဆင္ထားတယ္လို႔ ေဆး႐ုံအုပ္ ေဒါက္တာ ေအးေအးေအာင္ က ေျပာပါတယ္။

"စက္ပစၥည္းေတြက နဂိုကတည္းကရွိထားပါတယ္။ အခုက လူနာပို႔မယ္ဆိုရင္ လူအင္အားေပါ့။ ပုံမွန္လူအင္အားနဲ႔ လည္ပတ္ေနတာရွိတယ္။ ဒီလိုမ်ိဳးေရာဂါရလာရင္ လူအင္အားျဖည့္ရမယ္ေပါ့။ အဲဒါဆိုရင္ တိုင္းဦးစီးဆီကေန လူအင္အားျဖည့္ဖို႔ ေတာင္းဆိုပါမယ္။"

တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႕က လူဝင္မႈႀကီးၾကပ္ေရးဂိတ္ ႏွစ္ခုမွာ တ႐ုတ္ႏိုင္ငံက ျပန္လာတဲ့ ျမန္မာ ႏိုင္ငံသား ႏွစ္ဦးဟာ ကိုယ္အပူခ်ိန္ျမင့္တက္ေနတာေၾကာင့္ မူဆယ္ခ႐ိုင္ေဆး႐ုံႀကီးမွာ မေန႔က ေခတၱေခၚယူ ေစာင့္ၾကည့္ခဲ့တာလည္းရွိပါတယ္။ အလားတူ ရွမ္းျပည္နယ္ ေညာင္ေ႐ႊၿမိဳ႕မွာလည္း တ႐ုတ္ႏိုင္ငံသူတစ္ဦး ဝမ္းပ်က္၊ ဝမ္းေလ်ာျဖစ္ခဲ့တာေၾကာင့္ ေညာင္ေ႐ႊၿမိဳ႕နယ္ ေဆး႐ုံမွာ သီးျခားထားရွိၿပီး ေစာင့္ၾကည့္ခဲ့ေပမယ့္ သက္သာသြားၿပီျဖစ္ေပမယ့္ လိုအပ္တဲ့စစ္ေဆးမႈေတြ ဆက္လုပ္ေနတယ္လို႔ ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စပ္ ေရာဂါနဲ႔ပတ္သက္ၿပီး အဓိက ေစာင့္ၾကည့္တဲ့ အခ်က္ထဲမွာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳကို ၿပီးခဲ့တဲ့ ၁၄ ရက္အတြင္း ခရီးသြားခဲ့တာ၊ ၁၄ ရက္အတြင္းမွာ အဆုတ္ေရာင္ေရာဂါကူးစက္ခံရတယ္လို႔ သံသယရွိသူ (ဒါမွမဟုတ္) အတည္ျပဳခံရသူနဲ႔ အထူေနထိုင္ခဲ့တာ၊ အဲဒီေနာက္ပိုင္းမွာ အပူခ်ိန္ ၃၈ ဒီဂရီ စင္တီရိတ္အထက္ရွိၿပီး ဖ်ားတာ၊ ေခ်ာင္းဆိုးတာ၊ အသက္ရႈရခက္ခဲတာ၊ အားအင္ကုန္ခမ္းတဲ့လကၡဏာ ေပၚေပါက္တာေတြ ျဖစ္ပါတယ္။

အဆုတ္ေရာင္ေရာဂါ ကူးစက္ပုံ ကူးစက္နည္းေတြကို အတည္ျပဳႏိုင္တာမရွိေသးေပမဲ့ ေခ်ာင္းဆိုး၊ ႏွာေခ်တာေတြ ကေနတဆင့္  ကူးစက္ႏိုင္တာ၊ အသက္ရႈလမ္းေၾကာင္းကေန တိုက္႐ိုက္ကူးစက္ႏိုင္သလို ေရာဂါကူးစက္ခံထားရ သူလက္ေတြ၊ ႏွာေခ်ေခ်ာင္းဆိုးတဲ့အခ်ိန္မွာ အသုံးျပဳထားတဲ့ တစ္သ်ဴးေတြ၊ ကိုင္တယ္ထားတဲ့ ေနရာေတြကေန တဆင့္ ကူးစက္ႏိုင္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ ဖ်ားနာေနတဲ့သူ၊ ေခ်ာင္းဆိုး၊ ႏွာေခ်စတဲ့ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာခံစားေနရသူနဲ႔ အနီးကပ္ေနတာ၊ လူထူထပ္တဲ့ေနရာေတြကို ေရွာင္ရွားၿပီး လက္ကို ေသခ်ာ ေဆးေၾကာဖို႔၊ တကိုယ္ရည္သန႔္ရွင္းဖို႔၊ ကိုယ္လက္လႈပ္ရွားၿပီး အဟာရျပည့္ေအာင္ စားသုံးၾကဖို႔ တိုက္တြန္း ထားပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
Coronavirus ကာကွယ်ရေး ဟိုတယ် လုပ်ငန်းရှင်တွေနဲ့ ကျန်းမာရေးဌာန ဆွေးနွေး

ဟိုတယ်တွေမှာ လာရောက်တည်းခိုတဲ့ ဧည့်သည်တွေထဲကနေ ဖျားနာတာတွေ၊ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ သံသယရှိရင် ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နှစ်သစ်ကူးကာလ စတင်ချိန်ကစပြီး မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ဧည့်သည် ၁ သိန်း လောက်ရှိခဲ့ပြီး နှစ်သစ်ကူးကာလအပြီးမှာတော့ အယောက် လေးသောင်းလောက် လှည့်လည်သွားလာနေကြတယ် လို့ မြန်မာခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံရပြီး သေဆုံးတာတွေပါရှိနေ တာကြောင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်နေတဲ့ ဧည့်သည်တွေမှာ ဖျားနာပြီး ရောဂါကူးစက်ခံရတဲ့ လက္ခဏာတွေ ရှိလာရင် အကြောင်းကြားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း က ပြောပါတယ်။

"ဟိုတယ်တွေမှာ လိုက်ကြည့်ဖို့က နည်းနည်းလေးများ အခက်ခဲရှိမလားလို့၊ ဝန်ထမ်းတွေအနေနဲ့ပေါ့ ။ အဲဒီတော့ ဆရာတို့အနေနဲ့ သံသယရှိတယ်ဆိုရင် ပေးထားတဲ့နံပါတ်ရှိပါတယ်။ အဲဒါကို ဆက်သွယ်လိုက်ပါ။ အဓိကက နှစ်ချက်ရှိပါတယ်။ ခရီးသွားတဲ့ History ကို တိတိကျကျသိဖို့ လိုပါတယ်။ ဘယ်ရက်မှာနေခဲ့တယ်။ ဘယ်တွေသွား ခဲ့တယ်၊ မေးပြီး ကျနော်တို့ကို ဆက်သွယ်ပါ။ တကယ်လို့ သံသယရှိလို့ ကျနော်တို့ကို ဆက်သွယ်လာရင် လူနာတင် ယာဉ် လွှတ်ပါမယ်"

တရုတ်နိုင်ငံသားဧည့်သည်တွေ ဝင်ထွက်သွားလာနိုင်တဲ့ လေဆိပ်၊ သင်္ဘောဆိပ်တွေအပြင် နယ်စပ်ဂိတ်တွေမှာ လည်း အပူချိန်တိုင်းတဲ့စက်တွေနဲ့တိုင်းတာနေရာမှာ ကိုယ်အပူချိန်မြင့်တဲ့သူတွေကို သီးခြားခေါ်ထားပြီး သာမန် ကိုယ်အပူချိန်ရှိတဲ့သူတွေကိုတော့ ပေးဝင်ထားတဲ့အကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံသား ဝူဟန်ကနေ ဝင်ရောက်လာတဲ့သူတွေကို အသေချာစောင့်ကြည့်နေတယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနကနေ ပြောပါတယ်။

ဖျားနာသူတွေနဲ့ ကိုယ်အပူချိန်မြင့်တက်နေတဲ့ ဧည့်သည်လူနာကို ဆေးကုသဖို့ လာရောက်ခေါ်ဆောင်ရာမှာလည်း သာမာန်လူနာတင်ယာဉ်နဲ့မဟုတ်ဘဲ အကာကွယ်အပြည့်အစုံပါတဲ့ ယာဉ်တွေနဲ့သာ လာရောက်ခေါ်ယူမှာဖြစ်တဲ့ အကြောင်း၊ ဧည့်သည်မှာ တကယ်ရောဂါပိုး ကူးစက်ခံထားရတာ ရှိ၊ မရှိ နောက်ဆက်တွဲ သတင်းအချက်လက်တွေ ကိုလည်း ဟိုတယ်လုပ်ငန်းရှင်တွေဆီ ပြန်အကြောင်းကြားမယ့်အကြောင်း၊ ဟိုတယ်တွေမှာလည်း ကိုရိုနာဗိုင်းရပ် ပိုး ကူးစက်ခံရရင် ဖြစ်လာမယ့် လက္ခဏာတွေ၊ ရှောင်ရန် ဆောင်ရန်တွေကို ကြေညာစာရွက်နဲ့ ထုတ်ပြန်ထားနိုင် အောင် ကူညီပေးသွားမယ်လို့ ပြောပါတယ်။

နိုင်ငံထဲ ဝင်လာတဲ့ဧည့်သည်တွေထဲက မကျန်းမာတဲ့သူတစ်ယောက်ယောက်ပါလာခဲ့ရင် အခန်းတစ်ခုခုထဲမှာ ခဏခွဲထားကာ သေချာမေးမြန်းပြီး ဆက်သွယ်ကြဖို့ ဝေဘာဂီဆေးရုံ ပါမောက္ခ ဒေါက်တာ စံပယ်ဖြူက  ပြောပါတယ်။

"အခုချိန်မှာတော့ နေမကောင်းဘူးဆိုတာကို စသိရဖို့ နေကောင်းပါလား၊ ဒါမှမဟုတ် လေဆိပ်က စာရွက်လေးလိုပဲ ဖျားလား ဆိုတာ လေးခုလောက်ပေးထားပြီး အဲဒီထဲက တစ်ခုခု ခြစ်ပြီဆိုရင်တော့ ဧည့်ကြိုအခန်းလေး အရင်လုပ် ထားပြီး အဲဒီအထဲ အရင်ဝင် အဲဒီမှာ ဘယ်ဒေသကလဲ၊ ဘယ်ကလာတာလဲ သေသေချာချာလေးမေးရင် အဆင်ပြေ မယ်လို့ ထင်ပါတယ်။"

မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းကို ဝင်ထားတဲ့ ဟိုတယ် ၁၄၀၀ ကျော်ရှိပြီး အခန်းပေါင်း ၅၇၀၀၀ ကျော်ရှိတဲ့အကြောင်း၊ လာတဲ့ဧည့်သည်တချို့ဟာ နေမကောင်းဖြစ်ရင် ဆေးရုံ၊ ဆေးခန်းတွေကိုမသွားဘဲ ဆရာဝန်ခေါ်ခိုင်းတာမျိုးတွေ ရှိတတ်တဲ့အကြောင်း၊ ဘယ်ကလာတာလဲဆိုတာကို ဧည့်သည်ကိုမေးရင်လည်း သူတို့အမှန်ဖြေမှသာ သိနိုင်မယ့် အခက်ခဲတွေရှိတယ်လို့ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းထွဋ်က ဆွေးနွေးပါတယ်။

"တခါတလေကျရင် ဆရာပြောသလိုပဲ ဧည့်သည်က နေမကောင်းဖြစ်လို့ ဆေးခန်းလိုက်ပို့မယ်ဆိုရင် သူတို့ ကိုယ်တိုင်က မသွားချင်တာရှိတယ်။ အဲဒါဆိုရင် သူတို့မသိဘဲ အကြောင်းကြားပေးရမလား။ ပြီးတော့ ဝူဟန်ကလာတာဟုတ် မဟုတ်က သူတို့က မပြောဘူးဆိုရင် မသိရပါဘူး။"

ဧည့်သည်တွေနဲ့ ထိတွေ့ရတဲ့နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေအပြင် ဧည့်ကြိုဝန်ထမ်းတွေ၊ ဟိုတယ်ဝန်ထမ်း တွေလည်း ပါဝင်တာဖြစ်ပါတယ်။

တကယ်လို့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ သံသယရှိတဲ့ ဧည့်သည်နေခဲ့တဲ့ အခန်းတွေကို သန့်ရှင်းရေး လုပ်ချင်တယ်ဆိုရင်လည်း လုပ်ရမယ့်နည်းလမ်းတွေကို ဖြန့်ဝေထားမှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးခံရတယ်လို့ သံသယရှိသူကို စောင့်ကြည့်ကုသဖို့ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ကူးစက်ဆေးရုံမှာ စက်ပစ္စည်းတွေရှိနေပြီး လူအင်အားထပ်ဖြည့်ဖို့တွေ ပြင်ဆင်ထားတယ်လို့ ဆေးရုံအုပ် ဒေါက်တာ အေးအေးအောင် က ပြောပါတယ်။

"စက်ပစ္စည်းတွေက နဂိုကတည်းကရှိထားပါတယ်။ အခုက လူနာပို့မယ်ဆိုရင် လူအင်အားပေါ့။ ပုံမှန်လူအင်အားနဲ့ လည်ပတ်နေတာရှိတယ်။ ဒီလိုမျိုးရောဂါရလာရင် လူအင်အားဖြည့်ရမယ်ပေါ့။ အဲဒါဆိုရင် တိုင်းဦးစီးဆီကနေ လူအင်အားဖြည့်ဖို့ တောင်းဆိုပါမယ်။"

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က လူဝင်မှုကြီးကြပ်ရေးဂိတ် နှစ်ခုမှာ တရုတ်နိုင်ငံက ပြန်လာတဲ့ မြန်မာ နိုင်ငံသား နှစ်ဦးဟာ ကိုယ်အပူချိန်မြင့်တက်နေတာကြောင့် မူဆယ်ခရိုင်ဆေးရုံကြီးမှာ မနေ့က ခေတ္တခေါ်ယူ စောင့်ကြည့်ခဲ့တာလည်းရှိပါတယ်။ အလားတူ ရှမ်းပြည်နယ် ညောင်ရွှေမြို့မှာလည်း တရုတ်နိုင်ငံသူတစ်ဦး ဝမ်းပျက်၊ ဝမ်းလျောဖြစ်ခဲ့တာကြောင့် ညောင်ရွှေမြို့နယ် ဆေးရုံမှာ သီးခြားထားရှိပြီး စောင့်ကြည့်ခဲ့ပေမယ့် သက်သာသွားပြီဖြစ်ပေမယ့် လိုအပ်တဲ့စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စပ် ရောဂါနဲ့ပတ်သက်ပြီး အဓိက စောင့်ကြည့်တဲ့ အချက်ထဲမှာ တရုတ်နိုင်ငံ ဝူဟန်မြိုကို ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ခရီးသွားခဲ့တာ၊ ၁၄ ရက်အတွင်းမှာ အဆုတ်ရောင်ရောဂါကူးစက်ခံရတယ်လို့ သံသယရှိသူ (ဒါမှမဟုတ်) အတည်ပြုခံရသူနဲ့ အထူနေထိုင်ခဲ့တာ၊ အဲဒီနောက်ပိုင်းမှာ အပူချိန် ၃၈ ဒီဂရီ စင်တီရိတ်အထက်ရှိပြီး ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှုရခက်ခဲတာ၊ အားအင်ကုန်ခမ်းတဲ့လက္ခဏာ ပေါ်ပေါက်တာတွေ ဖြစ်ပါတယ်။

အဆုတ်ရောင်ရောဂါ ကူးစက်ပုံ ကူးစက်နည်းတွေကို အတည်ပြုနိုင်တာမရှိသေးပေမဲ့ ချောင်းဆိုး၊ နှာချေတာတွေ ကနေတဆင့်  ကူးစက်နိုင်တာ၊ အသက်ရှုလမ်းကြောင်းကနေ တိုက်ရိုက်ကူးစက်နိုင်သလို ရောဂါကူးစက်ခံထားရ သူလက်တွေ၊ နှာချေချောင်းဆိုးတဲ့အချိန်မှာ အသုံးပြုထားတဲ့ တစ်သျူးတွေ၊ ကိုင်တယ်ထားတဲ့ နေရာတွေကနေ တဆင့် ကူးစက်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဖျားနာနေတဲ့သူ၊ ချောင်းဆိုး၊ နှာချေစတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာခံစားနေရသူနဲ့ အနီးကပ်နေတာ၊ လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားပြီး လက်ကို သေချာ ဆေးကြောဖို့၊ တကိုယ်ရည်သန့်ရှင်းဖို့၊ ကိုယ်လက်လှုပ်ရှားပြီး အဟာရပြည့်အောင် စားသုံးကြဖို့ တိုက်တွန်း ထားပါတယ်။

RFA Burmese
https://www.rfa.org
Coronavirus ကာကြယ္ေရး ဟိုတယ္ လုပ္ငန္းရွင္ေတြနဲ႔ က်န္းမာေရးဌာန ေဆြးေႏြး Coronavirus ကာကြယ္ေရး ဟိုတယ္ လုပ္ငန္းရွင္ေတြနဲ႔ က်န္းမာေရးဌာန ေဆြးေႏြး Reviewed by THITHTOOLWIN on 00:40 Rating: 5
Powered by Blogger.