ထိေတြ႕ပစ္ခတ္မႈမ်ားတဲ့ တပ္နဲ႔ RCSS လကုန္ပိုင္းမွာ ေဆြးေႏြးမည္

(Zawgyi)⤵⤵⤵
ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS အဖြဲ႕ဟာ အစိုးရနဲ႔ Bilateral သေဘာတူညီမႈ လက္မွတ္ ေရးထိုးခဲ့ၿပီး ျဖစ္ေပမယ့္ လက္ေတြ႕မွာ အေကာင္အထည္ မေဖာ္ႏိုင္ပဲ အျငင္းပြားဖြယ္ရာ ကိစၥေတြနဲ႔ ႏွစ္ဖက္ ညႇိႏႈိင္းမရ ျဖစ္ေနတဲ့ ကိစၥေတြ ရွိေနေသးတယ္လို႔ ဆိုပါတယ္။

NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားတဲ့ RCSS ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ အဖြဲ႕ဟာ အစိုးရ တပ္မေတာ္နဲ႔ တိုက္ပြဲျပန္ျဖစ္ပြားခဲ့မႈ အမ်ားဆုံး အဖြဲ႕တစ္ဖြဲ႕ျဖစ္ၿပီး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲ ေစာင့္ၾကည့္ေရး ေကာ္မတီ JMC နဲ႔ ျပည္နယ္အဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ JMC-s အဖြဲ႕ေတြထံ ေျဖရွင္းေပးဖို႔ တင္ျပခဲ့တာရွိေပမယ့္ ဆိုင္းငံ့ခံထားရတာေတြ ႀကဳံခဲ့ရတယ္လို႔လည္း ဆိုပါတယ္။

ဒီအေျခအေနေတြကို ေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS က ေခါင္းေဆာင္ ေတြနဲ႔ တပ္မေတာ္ညႇိႏႈိင္းေရး ကိုယ္စားလွယ္အဖြဲ႕ဟာ လာမယ့္ ဇန္နဝါရီလ ၂၈ ရက္ေန႔ မတိုင္ခင္ ႏွစ္ဖက္ သီးျခားစီ ေတြ႕ဆုံေဆြးေႏြးသြားမယ္လို႔ ဗိုလ္မႉးႀကီး စိုင္းငင္း က သတင္းေထာက္ေတြကို အခုလို ေျပာဆိုပါတယ္။

"ၿပီးခဲ့တဲ့ JICM အစည္းအေဝးမွာလည္း သေဘာတူညီထားတဲ့ အတိုင္းေလ Bilateral  သတ္သတ္ခ်င္း ေတြ႕မယ့္ပြဲ အစီအစဥ္ရွိတယ္၊ ဒါေၾကာင့္ က်ေနာ္တို႔ RCSS အေနနဲ႔ ခုနေျပာတဲ့ ၂၈ - ၂၉ ညႇိႏႈိင္းေရးအဖြဲ႕ ေတြ႕ဆုံပြဲ မတိုင္ခင္ ထပ္ေတြ႕မယ္ဆိုတဲ့ အေနအထားေတာ့ ညႇိႏႈိင္းထားတာ ရွိတယ္၊ အဲလို လ်ာထားတာေပါ့။" လို႔ ေျပာပါတယ္။

၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလက ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ ထိပ္သီးအစည္းအေဝးၿပီး ေနာက္ပိုင္းမွာ RCSS အဖြဲ႕ဟာ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ JMC မွာ ပါဝင္မႈကို ရပ္ဆိုင္း သြားမွာျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြဟာလည္း ရပ္တန႔္သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ JICM အစည္းအေဝးမွာေတာ့ ဒီကိစၥေတြ ေျပလည္မႈရရွိေစဖို႔ ႏွစ္ဖက္ထိပ္သီးေခါင္းေဆာင္ေတြ ျပန္လည္ေဆြးေႏြးသြားၾကဖို႔ သေဘာတူညီခဲ့ၾကၿပီးေနာက္ အစိုးရနဲ႔ Bilateral သေဘာတူညီမႈ လက္မွတ္ ေရးထိုးထားၾကတဲ့ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕ တစ္ဖြဲ႕ခ်င္းအလိုက္ တပ္မေတာ္ညႇိႏႈိင္းေရး ကိုယ္စားလွယ္ေတြနဲ႔ သီးျခားစီ ေတြ႕ဆုံမႈေတြ လုပ္ၿပီး တစ္ဖြဲ႕ခ်င္းရဲ႕ လိုလားမႈေတြကို ညႇိႏႈိင္းေဆြးေႏြးမႈေတြ လုပ္ေနၾကတာပါ။

RCSS အဖြဲ႕အေနနဲ႔ကေတာ့ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ JMC နဲ႔ သက္ဆိုင္တဲ့ နားလည္မႈ လြဲမွားတာေတြကို အဓိကထား ေဆြးေႏြးသြားဖို႔ရွိတယ္လို႔ ဗိုလ္မႉးႀကီး စိုင္းငင္း က ေျပာပါတယ္။

"အဓိက တခ်ိဳ႕ေနရာေတြ က်ေနာ္တို႔ နားလည္မႈ လြဲေနတဲ့အပိုင္းေတြ လည္းရွိတယ္၊ ဘာပဲေျပာေျပာ တခ်ိဳ႕ကိစၥ ေတြကလည္း ဘယ္လိုေျပာမတုန္း JMC နဲ႔ ဆိုင္တဲ့အပိုင္းေတြ အဲမွာပဲ က်ေနာ္တို႔ ေဆြးေႏြးမည့္ အေနအထားေတြ ရွိပါတယ္။ ဒီမွာ အေသးစိတ္ေတြေတာ့ ေျပာလို႔ေတာ့ အဆင္မေျပဘူး။" လို႔ ေျပာပါတယ္။

ဒီညႇိႏႈိင္းမႈအေပၚ မူတည္ၿပီး ဇန္နဝါရီလ ၂၈ ရက္ေန႔မွာ က်င္းပမယ့္ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းေရး အဖြဲ႕နဲ႔ အစိုးရ ကိုယ္စားလွယ္တို႔အၾကား ထပ္မံညႇိႏႈိင္းမႈေတြ ဆက္လုပ္သြားရမွာျဖစ္သလို JMC ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ အစည္းအေဝးေတြ ဆက္လက္ က်င္းပႏိုင္ဖို႔ဟာလည္း အခုအစည္းအေဝးဟာ အဓိက က်တယ္လို႔ ဗိုလ္မႉးႀကီး စိုင္းငင္းက ဆက္ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ဒီေန႔ညေန ၄ နာရီေက်ာ္ထိ ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားျခင္းမရွိပါဘူး။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS အဖြဲ႕နဲ႔ ျမန္မာအစိုးရတို႔ဟာ ၿပီးခဲ့တဲ့ ၂၀၁၁ ခုႏွစ္ ဒီဇင္ဘာ ၂ ရက္ေန႔က ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕မွာ ပဏာမအဆင့္ အပစ္အခတ္ရပ္စဲေရး သေဘာတူ လက္မွတ္ ေရးထိုးထားခဲ့ၿပီးေနာက္ ျပည္နယ္အဆင့္ ပဏာမအပစ္အခတ္ရပ္စဲေရး သေဘာတူ လက္မွတ္ ထပ္မံေရးထိုးခဲ့ၿပီး ၂၀၁၅ ေအာက္တိုဘာလမွာ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕ ၁၀ ဖြဲ႕နဲ႔ NCA သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕တစ္ဖြဲ႕ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ထိတွေ့ပစ်ခတ်မှုများတဲ့ တပ်နဲ့ RCSS လကုန်ပိုင်းမှာ ဆွေးနွေးမည်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ဟာ အစိုးရနဲ့ Bilateral သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ပေမယ့် လက်တွေ့မှာ အကောင်အထည် မဖော်နိုင်ပဲ အငြင်းပွားဖွယ်ရာ ကိစ္စတွေနဲ့ နှစ်ဖက် ညှိနှိုင်းမရ ဖြစ်နေတဲ့ ကိစ္စတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ အဖွဲ့ဟာ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲပြန်ဖြစ်ပွားခဲ့မှု အများဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMC နဲ့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-s အဖွဲ့တွေထံ ဖြေရှင်းပေးဖို့ တင်ပြခဲ့တာရှိပေမယ့် ဆိုင်းငံ့ခံထားရတာတွေ ကြုံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ခေါင်းဆောင် တွေနဲ့ တပ်မတော်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် ဇန်နဝါရီလ ၂၈ ရက်နေ့ မတိုင်ခင် နှစ်ဖက် သီးခြားစီ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်း က သတင်းထောက်တွေကို အခုလို ပြောဆိုပါတယ်။

"ပြီးခဲ့တဲ့ JICM အစည်းအဝေးမှာလည်း သဘောတူညီထားတဲ့ အတိုင်းလေ Bilateral  သတ်သတ်ချင်း တွေ့မယ့်ပွဲ အစီအစဉ်ရှိတယ်၊ ဒါကြောင့် ကျနော်တို့ RCSS အနေနဲ့ ခုနပြောတဲ့ ၂၈ - ၂၉ ညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံပွဲ မတိုင်ခင် ထပ်တွေ့မယ်ဆိုတဲ့ အနေအထားတော့ ညှိနှိုင်းထားတာ ရှိတယ်၊ အဲလို လျာထားတာပေါ့။" လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးပြီး နောက်ပိုင်းမှာ RCSS အဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC မှာ ပါဝင်မှုကို ရပ်ဆိုင်း သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာလည်း ရပ်တန့်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ JICM အစည်းအဝေးမှာတော့ ဒီကိစ္စတွေ ပြေလည်မှုရရှိစေဖို့ နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေ ပြန်လည်ဆွေးနွေးသွားကြဖို့ သဘောတူညီခဲ့ကြပြီးနောက် အစိုးရနဲ့ Bilateral သဘောတူညီမှု လက်မှတ် ရေးထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့ချင်းအလိုက် တပ်မတော်ညှိနှိုင်းရေး ကိုယ်စားလှယ်တွေနဲ့ သီးခြားစီ တွေ့ဆုံမှုတွေ လုပ်ပြီး တစ်ဖွဲ့ချင်းရဲ့ လိုလားမှုတွေကို ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေကြတာပါ။

RCSS အဖွဲ့အနေနဲ့ကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC နဲ့ သက်ဆိုင်တဲ့ နားလည်မှု လွဲမှားတာတွေကို အဓိကထား ဆွေးနွေးသွားဖို့ရှိတယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။

"အဓိက တချို့နေရာတွေ ကျနော်တို့ နားလည်မှု လွဲနေတဲ့အပိုင်းတွေ လည်းရှိတယ်၊ ဘာပဲပြောပြော တချို့ကိစ္စ တွေကလည်း ဘယ်လိုပြောမတုန်း JMC နဲ့ ဆိုင်တဲ့အပိုင်းတွေ အဲမှာပဲ ကျနော်တို့ ဆွေးနွေးမည့် အနေအထားတွေ ရှိပါတယ်။ ဒီမှာ အသေးစိတ်တွေတော့ ပြောလို့တော့ အဆင်မပြေဘူး။" လို့ ပြောပါတယ်။

ဒီညှိနှိုင်းမှုအပေါ် မူတည်ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တို့အကြား ထပ်မံညှိနှိုင်းမှုတွေ ဆက်လုပ်သွားရမှာဖြစ်သလို JMC ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးတွေ ဆက်လက် ကျင်းပနိုင်ဖို့ဟာလည်း အခုအစည်းအဝေးဟာ အဓိက ကျတယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေ ၄ နာရီကျော်ထိ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့နဲ့ မြန်မာအစိုးရတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးထားခဲ့ပြီးနောက် ပြည်နယ်အဆင့် ပဏာမအပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ထပ်မံရေးထိုးခဲ့ပြီး ၂၀၁၅ အောက်တိုဘာလမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့နဲ့ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ထိေတြ႕ပစ္ခတ္မႈမ်ားတဲ့ တပ္နဲ႔ RCSS လကုန္ပိုင္းမွာ ေဆြးေႏြးမည္ ထိေတြ႕ပစ္ခတ္မႈမ်ားတဲ့ တပ္နဲ႔ RCSS လကုန္ပိုင္းမွာ ေဆြးေႏြးမည္ Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.