လူကုန္ကူးခံရတဲ့ ဆယ္ေက်ာ္သက္မင္းကြန္းသူ မိသားစုထံ ျပန္ေရာက္

(Zawgyi)⤵⤵⤵
တ႐ုတ္မွာ လူကုန္ကူးရာေဘးကေန လြတ္ေျမာက္လာတဲ့ စစ္ကိုင္းတိုင္းက မင္းကြန္းသူဟာ မႏၲေလးမွာ ဒီေန႔ သူ႔မိခင္ဆီကို ျပန္လည္ေရာက္ရွိလာပါတယ္။

တ႐ုတ္မွာ ကေလးထိန္းအလုပ္ရမယ္ဆိုၿပီး ေဆြမ်ိဳးေတာ္စပ္သူတစ္ေယာက္က မႏၲေလးကေန မူဆယ္-ေ႐ႊလီ နယ္စပ္ကိုေခၚသြားၿပီးေတာ့ ေရာင္းခ်လိုက္တာပါ။ ၂၀၁၉ ႏိုဝင္ဘာလကေန လူကုန္ကူးခံရလိုက္ရၿပီး ႏွစ္လအၾကာမွာ မိသားစုနဲ႔ျပန္လည္ေတြ႕ဆုံရတာပါ။

တ႐ုတ္နယ္စပ္ မူဆယ္ၿမိဳ႕ကေန မႏၲေလးၿမိဳ႕က အမ်ိဳးသမီး သက္ေမြးဝမ္းအတတ္ပညာသင္တန္းေက်ာင္းကို တရားဝင္လႊဲေပးလိုက္တာပါ။ ေက်ာင္းတာဝန္ခံ ေဒၚခင္ႏြယ္ႏြယ္ရီက မင္းကြန္းသူဟာ လူကုန္ကူးခံလိုက္ရတဲ့ အျဖစ္ကို သိရွိတာနဲ႔ အတင္းအက်ပ္ေခၚေဆာင္ခံရတဲ့ တ႐ုတ္ေတြလက္ထဲကေန ထြက္ေျပးလြတ္ေျမာက္လာတာ လို႔ ရွင္းျပပါတယ္။

တ႐ုတ္ကို လူကုန္ကူးခံရတဲ့ မိန္းကေလး ၃၀ ခန႔္ကိုလည္း မူဆယ္မွာ ကယ္တင္ထားပါတယ္။ မႏၲေလးက အတတ္ပညာေက်ာင္းကို မေန႔ညက ခုႏွစ္ေယာက္ ေရာက္ရွိလာၿပီလို႔လည္း ေျပာပါတယ္။ အမ်ားစုက အသက္ ၂၀ ဝန္းက်င္အ႐ြယ္ေတြပါ။

မိဘေတြအေနနဲ႔လည္း လူတိုင္းကိုမယုံၾကည္ဖို႔ လိုအပ္တယ္လို႔ မိခင္ျဖစ္သူဟာ သူရဲ႕အေတြ႕အႀကဳံကို ေျပာပါတယ္။

"အခုကေတာ့ ေပ်ာ္တယ္။ သူ ဒုကၡေတြလည္းႀကဳံေတြ႕ခဲ့ရေတာ့ ဝမ္းလည္းနည္းတယ္။တျခားမိဘေတြကို ေျပာခ်င္တာက ယုံၿပီးမထည့္ၾကပါနဲ႔၊ က်မက ယုံၿပီးထည့္လိုက္ေတာ့ အခုလိုႀကဳံရတာ၊ မထင္မွတ္ပဲျဖစ္သြားတာ"

မႏၲေလးၿမိဳ႕ သက္ေမြးအတတ္ပညာသင္တင္းေက်ာင္းဟာ လူကုန္ကူးခံရသူေတြ တေထာက္နားရာေနရာျဖစ္ၿပီး ၂၀၁၈ ခုႏွစ္က လူ ၈၀ ေလာက္နဲ႔ ၂၀၁၉ ခုႏွစ္မွာ လူ ၁၀၀ ေလာက္ကို ကူညီႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ အမ်ားစုကေတာ့ တ႐ုတ္ကေန ကယ္တင္တဲ့သူေတြကို လက္ခံႏိုင္ခဲ့တာျဖစ္တယ္လို႔ ေဒၚခင္ႏြယ္ႏြယ္ရီ ကေျပာပါတယ္။

အတတ္ေမြးအတက္ပညာေက်ာင္းအေနနဲ႔ကေတာ့ အခုလို ႀကဳံေတြ႕ရတဲ့ မိန္းကေလးေတြကို ပုံမွန္အေျခေနမွာ သုံးလေလာက္ၾကာေအာင္ ထိန္းသိမ္းထားတတ္ေပမဲ့ အိမ္ျပန္ေခၚရဖို႔ ေတာင္းဆိုလာတဲ့အခါမွာေတာ့ သက္ေသေတြနဲ႔ ေပးအပ္လိုက္တယ္လို႔ မႏၲေလးၿမိဳ႕ အမ်ိဳးသမီး သက္ေမြးအတတ္ပညာသင္ေက်ာင္းက တာဝန္ခံ ေဒၚခင္ႏြယ္ႏြယ္ရီ ကေျပာပါတယ္။

“ပုံမွန္ဆိုရင္ က်မတို႔က ေစာင့္ေရွာက္တာ၊ အမႈျပတ္မွျပန္ပို႔တာ၊ လုံးဝစိတ္ခ်ရမွျပန္ပို႔တယ္။ မူဆယ္မွာလည္း ဒီလိုပါပဲ ၊ က်မတို႔ဆီမွာရွိရင္ က်မတို႔တာဝန္ေပါ့၊ အခုက အာမခံတဲ့သူလည္းရွိေတာ့ ျပန္လည္အပ္ႏွံေပးတာ၊ တာဝန္ယူမႈက အခုက သူတို႔အပိုင္းျဖစ္သြားၿပီ”

လူကုန္ကူးခံရတာနဲ႔ဆက္စပ္တဲ့ တရားခံ သုံးေယာက္ကို မႏၲေလးၿမိဳ႕ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕က ဖမ္းဆီးထားတာရွိလို႔ ဒီမိန္းကေလးဟာ အမႈကိုဆက္လက္ရင္ဆိုင္သြားရအုံးမွာျဖစ္ပါတယ္။ မင္းကြန္းသူကို လူကုန္ကူးရာမွာ ပတ္သက္တယ္လို႔ ယူဆရသူ သုံးဦးကိုလည္း ရဲတပ္ဖြဲ႕က ဖမ္းထားတာရွိပါတယ္။

မႏၲေလးကေန မူဆယ္ကို ထည့္ေပးလိုက္တဲ့ ေဆြမ်ိဳးေတာ္စပ္သူကေတာ့ ထြက္ေျပးလြတ္ေျမာက္ေနဆဲပါ။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
လူကုန်ကူးခံရတဲ့ ဆယ်ကျော်သက်မင်းကွန်းသူ မိသားစုထံ ပြန်ရောက်

တရုတ်မှာ လူကုန်ကူးရာဘေးကနေ လွတ်မြောက်လာတဲ့ စစ်ကိုင်းတိုင်းက မင်းကွန်းသူဟာ မန္တလေးမှာ ဒီနေ့ သူ့မိခင်ဆီကို ပြန်လည်ရောက်ရှိလာပါတယ်။

တရုတ်မှာ ကလေးထိန်းအလုပ်ရမယ်ဆိုပြီး ဆွေမျိုးတော်စပ်သူတစ်ယောက်က မန္တလေးကနေ မူဆယ်-ရွှေလီ နယ်စပ်ကိုခေါ်သွားပြီးတော့ ရောင်းချလိုက်တာပါ။ ၂၀၁၉ နိုဝင်ဘာလကနေ လူကုန်ကူးခံရလိုက်ရပြီး နှစ်လအကြာမှာ မိသားစုနဲ့ပြန်လည်တွေ့ဆုံရတာပါ။

တရုတ်နယ်စပ် မူဆယ်မြို့ကနေ မန္တလေးမြို့က အမျိုးသမီး သက်မွေးဝမ်းအတတ်ပညာသင်တန်းကျောင်းကို တရားဝင်လွှဲပေးလိုက်တာပါ။ ကျောင်းတာဝန်ခံ ဒေါ်ခင်နွယ်နွယ်ရီက မင်းကွန်းသူဟာ လူကုန်ကူးခံလိုက်ရတဲ့ အဖြစ်ကို သိရှိတာနဲ့ အတင်းအကျပ်ခေါ်ဆောင်ခံရတဲ့ တရုတ်တွေလက်ထဲကနေ ထွက်ပြေးလွတ်မြောက်လာတာ လို့ ရှင်းပြပါတယ်။

တရုတ်ကို လူကုန်ကူးခံရတဲ့ မိန်းကလေး ၃၀ ခန့်ကိုလည်း မူဆယ်မှာ ကယ်တင်ထားပါတယ်။ မန္တလေးက အတတ်ပညာကျောင်းကို မနေ့ညက ခုနှစ်ယောက် ရောက်ရှိလာပြီလို့လည်း ပြောပါတယ်။ အများစုက အသက် ၂၀ ဝန်းကျင်အရွယ်တွေပါ။

မိဘတွေအနေနဲ့လည်း လူတိုင်းကိုမယုံကြည်ဖို့ လိုအပ်တယ်လို့ မိခင်ဖြစ်သူဟာ သူရဲ့အတွေ့အကြုံကို ပြောပါတယ်။

"အခုကတော့ ပျော်တယ်။ သူ ဒုက္ခတွေလည်းကြုံတွေ့ခဲ့ရတော့ ဝမ်းလည်းနည်းတယ်။တခြားမိဘတွေကို ပြောချင်တာက ယုံပြီးမထည့်ကြပါနဲ့၊ ကျမက ယုံပြီးထည့်လိုက်တော့ အခုလိုကြုံရတာ၊ မထင်မှတ်ပဲဖြစ်သွားတာ"

မန္တလေးမြို့ သက်မွေးအတတ်ပညာသင်တင်းကျောင်းဟာ လူကုန်ကူးခံရသူတွေ တထောက်နားရာနေရာဖြစ်ပြီး ၂၀၁၈ ခုနှစ်က လူ ၈၀ လောက်နဲ့ ၂၀၁၉ ခုနှစ်မှာ လူ ၁၀၀ လောက်ကို ကူညီနိုင်ခဲ့တယ်လို့ သိရပါတယ်။ အများစုကတော့ တရုတ်ကနေ ကယ်တင်တဲ့သူတွေကို လက်ခံနိုင်ခဲ့တာဖြစ်တယ်လို့ ဒေါ်ခင်နွယ်နွယ်ရီ ကပြောပါတယ်။

အတတ်မွေးအတက်ပညာကျောင်းအနေနဲ့ကတော့ အခုလို ကြုံတွေ့ရတဲ့ မိန်းကလေးတွေကို ပုံမှန်အခြေနေမှာ သုံးလလောက်ကြာအောင် ထိန်းသိမ်းထားတတ်ပေမဲ့ အိမ်ပြန်ခေါ်ရဖို့ တောင်းဆိုလာတဲ့အခါမှာတော့ သက်သေတွေနဲ့ ပေးအပ်လိုက်တယ်လို့ မန္တလေးမြို့ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းက တာဝန်ခံ ဒေါ်ခင်နွယ်နွယ်ရီ ကပြောပါတယ်။

“ပုံမှန်ဆိုရင် ကျမတို့က စောင့်ရှောက်တာ၊ အမှုပြတ်မှပြန်ပို့တာ၊ လုံးဝစိတ်ချရမှပြန်ပို့တယ်။ မူဆယ်မှာလည်း ဒီလိုပါပဲ ၊ ကျမတို့ဆီမှာရှိရင် ကျမတို့တာဝန်ပေါ့၊ အခုက အာမခံတဲ့သူလည်းရှိတော့ ပြန်လည်အပ်နှံပေးတာ၊ တာဝန်ယူမှုက အခုက သူတို့အပိုင်းဖြစ်သွားပြီ”

လူကုန်ကူးခံရတာနဲ့ဆက်စပ်တဲ့ တရားခံ သုံးယောက်ကို မန္တလေးမြို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးထားတာရှိလို့ ဒီမိန်းကလေးဟာ အမှုကိုဆက်လက်ရင်ဆိုင်သွားရအုံးမှာဖြစ်ပါတယ်။ မင်းကွန်းသူကို လူကုန်ကူးရာမှာ ပတ်သက်တယ်လို့ ယူဆရသူ သုံးဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းထားတာရှိပါတယ်။

မန္တလေးကနေ မူဆယ်ကို ထည့်ပေးလိုက်တဲ့ ဆွေမျိုးတော်စပ်သူကတော့ ထွက်ပြေးလွတ်မြောက်နေဆဲပါ။

RFA Burmese
https://www.rfa.org
လူကုန္ကူးခံရတဲ့ ဆယ္ေက်ာ္သက္မင္းကြန္းသူ မိသားစုထံ ျပန္ေရာက္ လူကုန္ကူးခံရတဲ့ ဆယ္ေက်ာ္သက္မင္းကြန္းသူ မိသားစုထံ ျပန္ေရာက္ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.