ICOE ရဲ႕ အၿပီးသတ္အစီရင္ခံစာအရ ရာဇဝတ္မႈဆိုင္ရာ စံုစမ္းမႈလုပ္ၿပီး တရားစြဲဆိုသြားမယ္လို႔ သမၼတ႐ံုး ထုတ္ျပန္

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ဇန္နဝါရီ ၂၁

ရခိုင္ျပည္နယ္ ျဖစ္စဥ္အတြက္ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ (Independent Commission of Enquiry-ICOE) ေကာ္မရွင္ရဲ႕ အၿပီးသတ္အစီရင္ခံစာမွာ အႀကံျပဳခ်က္ (၂၂) ခ်က္ပါဝင္ၿပီး ျပည္ေထာင္စု ေရွ႕ ေနခ်ဳပ္႐ုံးနဲ႕ စစ္ဥပေဒခ်ဳပ္႐ုံး တို႔အေနနဲ႔ လိုအပ္တဲ့ ရာဇဝတ္မႈဆိုင္ရာ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္ ႐ြက္သြားဖို႔ဆိုတဲ့ အခ်က္ပါဝင္တယ္လို႔ ႏိုင္ငံေတာ္ သမၼတ႐ံုးက ဇန္န၀ါရီ ၂၁ ရက္(ဒီကေန႔) မွာ ထုတ္ျပန္လိုက္ ပါတယ္။

ဒါနဲ႔ပတ္သက္လို႔ “ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားခဲ့သည့္ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡမ်ားအတြင္း ေပၚေပါက္ ခဲ့ေသာ ပစၥည္းဥစၥာ ဖ်က္ဆီးခံရမႈမ်ား (သို႔မဟုတ္) လုယက္မႈမ်ား (သို႔မဟုတ္) အရပ္သားမ်ားက က်ဳးလြန္ခဲ့ သည့္ အျခားရာဇဝတ္မႈႀကီးမ်ားအား ဆက္လက္စုံစမ္း စစ္ေဆးမႈမ်ားႏွင့္ တရားစြဲဆိုမႈမ်ား ျပဳလုပ္သြားေစရန္အ တြက္ ႏိုင္ငံေတာ္သမၼတက ေကာ္မရွင္၏ အစီရင္ခံစာ အျပည္အစုံကို ေနာက္ဆက္တြဲမ်ားနဲ႔ အတူ ျပည္ ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးသို႔ ေပးပို႔ခဲ့ၿပီး ျဖစ္ပါတယ္။

ႏိုင္ငံေတာ္သမၼတ က “ ARSA အဖြဲ႕ဝင္မ်ား (သို႔မဟုတ္) အလိုတူ ပူးေပါင္းပါဝင္ခဲ့သူမ်ားက က်ဳးလြန္ခဲ့သည့္ ႀကီးေလးေသာ ရာဇဝတ္မႈမ်ားကို စုံစမ္းစစ္ေဆးျခင္းႏွင့္ တရားစြဲဆိုျခင္းမ်ား မည္သို႔ျပဳလုပ္သြားသင့္သည္ကို စစ္ ဥပေဒခ်ဳပ္ႏွင့္ လိုအပ္သကဲ့သို႔ တိုင္ပင္ေဆာင္႐ြက္သြားရန္လည္း ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္အား အေၾကာင္း ၾကားထားသည္ ” လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံေတာ္ သမၼတ႐ံုးအေနနဲ႔ ၂၀၁၆ - ၂၀၁၇ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ ျမန္မာ့တပ္မေတာ္နဲ႔ ARSA (အာဆာ) အ ၾကမ္းဖက္အဖြဲ႕တို႔ၾကား ျဖစ္ပြားခဲ့တဲ့ တိုက္ခိုက္မႈေတြမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိတယ္ဆိုတာကို စံု စမ္းစစ္ေဆးဖို႔ အတြက္ ၂၀၁၈ ခုႏွစ္ ဇူလိုင္လမွာ ဒီေကာ္မရွင္ကို ဖြဲ႕စည္းခဲ့တာပါ။

ကုလသမဂၢ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ ကိစၥရပ္ေတြမွာ တာဝန္ယူခဲ့တဲ့ သံအမတ္ႀကီးေတြနဲ႔ ဖြဲ႕ စည္းခဲ့တဲ့ ဒီေကာ္မရွင္ရဲ႕ အၿပီးသတ္ အစီရင္ခံစာမွာ မင္းႀကီးရြာ၊ ခၽြတ္ျပင္ရြာ၊ ေမာင္ႏု စတဲ့ရြာေတြမွာ အသက္ ဆံုး႐ံႈးမႈ မ်ားျပားခဲ့တာေတြကို စံုစမ္းေတြ႕ရွိခဲ့ရတယ္ဆိုတဲ့ အေၾကာင္းအရာေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။

အစီရင္ခံစာနဲ႔ ပတ္သက္ၿပီး သမၼတ႐ံုးရဲ႕ ထုတ္ျပန္ခ်က္မွာ “ တိုက္ခိုက္မႈ ျဖစ္စဥ္မ်ားအတြင္း ARSA အဖြဲ႕ဝင္ မ်ားႏွင့္ ၎တို႔၏ အလိုတူ ပူးေပါင္းပါဝင္ခဲ့သူမ်ား၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ အရပ္သားမ်ားက စစ္ရာဇဝတ္မႈ မ်ား က်ဴးလြန္မႈမ်ားရွိခဲ့တာကို ေကာ္မရွင္မွ ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဒါအျပင္ အရပ္သားမ်ားအား သတ္ျဖတ္ျခင္း၊ အင္အားမမွ်မတ သုံးစြဲျခင္း၊ လုယက္မႈ က်ဴးလြန္ျခင္း၊ ရခိုင္ျပည္ နယ္ ေျမာက္ပိုင္းရွိ ေမာင္ေတာ၊ ဘူးသီးေတာင္ႏွင့္ ရေသ့ေတာင္ ၿမိဳ႕နယ္မ်ားတြင္ မူဆလင္မ်ား၏ စြန္႔ခြာ သြားေသာ ေနအိမ္မ်ားကို ဖ်က္ဆီးျခင္း စသည့္ ရာဇဝတ္မႈမ်ားကို က်ဴးလြန္ခဲ့ၾကေၾကာင္း ေတြ႕ရွိရသည္ ” လို႔ ေဖာ္ျပပါရွိပါတယ္။

ဒါေတြအျပင္ တပ္မေတာ္ရဲ႕ က်ဴးလြန္ခဲ့မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း တပ္မေတာ္ စစ္ဥပေဒခ်ဳပ္႐ံုးကို လက္ ရွိ ေဆာင္ရြက္ေနတဲ့ စံုစမ္းစစ္ေဆးမႈမ်ား၊ တရားစြဲဆိုမႈမ်ားကို တိုးခ်ဲ႕ေဆာင္ရြက္ႏိုင္ဖို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ထံကို အစီရင္ခံစာ ေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။

ျမတ္ယေသာ္
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
ICOE ရဲ့ အပြီးသတ်အစီရင်ခံစာအရ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းမှုလုပ်ပြီး တရားစွဲဆိုသွားမယ်လို့ သမ္မတရုံး ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရခိုင်ပြည်နယ် ဖြစ်စဉ်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ အကြံပြုချက် (၂၂) ချက်ပါဝင်ပြီး ပြည်ထောင်စု ရှေ့ နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံး တို့အနေနဲ့ လိုအပ်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင် ရွက်သွားဖို့ဆိုတဲ့ အချက်ပါဝင်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဇန်နဝါရီ ၂၁ ရက်(ဒီကနေ့) မှာ ထုတ်ပြန်လိုက် ပါတယ်။

ဒါနဲ့ပတ်သက်လို့ “ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများအတွင်း ပေါ်ပေါက် ခဲ့သော ပစ္စည်းဥစ္စာ ဖျက်ဆီးခံရမှုများ (သို့မဟုတ်) လုယက်မှုများ (သို့မဟုတ်) အရပ်သားများက ကျုးလွန်ခဲ့ သည့် အခြားရာဇဝတ်မှုကြီးများအား ဆက်လက်စုံစမ်း စစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ပြုလုပ်သွားစေရန်အ တွက် နိုင်ငံတော်သမ္မတက ကော်မရှင်၏ အစီရင်ခံစာ အပြည်အစုံကို နောက်ဆက်တွဲများနဲ့ အတူ ပြည် ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ က “ ARSA အဖွဲ့ဝင်များ (သို့မဟုတ်) အလိုတူ ပူးပေါင်းပါဝင်ခဲ့သူများက ကျုးလွန်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ မည်သို့ပြုလုပ်သွားသင့်သည်ကို စစ် ဥပဒေချုပ်နှင့် လိုအပ်သကဲ့သို့ တိုင်ပင်ဆောင်ရွက်သွားရန်လည်း ပြည်ထောင်စု ရှေ့နေချုပ်အား အကြောင်း ကြားထားသည် ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော် သမ္မတရုံးအနေနဲ့ ၂၀၁၆ - ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ ARSA (အာဆာ) အ ကြမ်းဖက်အဖွဲ့တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတာကို စုံ စမ်းစစ်ဆေးဖို့ အတွက် ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ဒီကော်မရှင်ကို ဖွဲ့စည်းခဲ့တာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေမှာ တာဝန်ယူခဲ့တဲ့ သံအမတ်ကြီးတွေနဲ့ ဖွဲ့ စည်းခဲ့တဲ့ ဒီကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာမှာ မင်းကြီးရွာ၊ ချွတ်ပြင်ရွာ၊ မောင်နု စတဲ့ရွာတွေမှာ အသက် ဆုံးရှုံးမှု များပြားခဲ့တာတွေကို စုံစမ်းတွေ့ရှိခဲ့ရတယ်ဆိုတဲ့ အကြောင်းအရာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အစီရင်ခံစာနဲ့ ပတ်သက်ပြီး သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ “ တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း ARSA အဖွဲ့ဝင် များနှင့် ၎င်းတို့၏ အလိုတူ ပူးပေါင်းပါဝင်ခဲ့သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများက စစ်ရာဇဝတ်မှု များ ကျူးလွန်မှုများရှိခဲ့တာကို ကော်မရှင်မှ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် အရပ်သားများအား သတ်ဖြတ်ခြင်း၊ အင်အားမမျှမတ သုံးစွဲခြင်း၊ လုယက်မှု ကျူးလွန်ခြင်း၊ ရခိုင်ပြည် နယ် မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် မူဆလင်များ၏ စွန့်ခွာ သွားသော နေအိမ်များကို ဖျက်ဆီးခြင်း စသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြကြောင်း တွေ့ရှိရသည် ” လို့ ဖော်ပြပါရှိပါတယ်။

ဒါတွေအပြင် တပ်မတော်ရဲ့ ကျူးလွန်ခဲ့မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း တပ်မတော် စစ်ဥပဒေချုပ်ရုံးကို လက် ရှိ ဆောင်ရွက်နေတဲ့ စုံစမ်းစစ်ဆေးမှုများ၊ တရားစွဲဆိုမှုများကို တိုးချဲ့ဆောင်ရွက်နိုင်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံကို အစီရင်ခံစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

မြတ်ယသော်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ICOE ရဲ႕ အၿပီးသတ္အစီရင္ခံစာအရ ရာဇဝတ္မႈဆိုင္ရာ စံုစမ္းမႈလုပ္ၿပီး တရားစြဲဆိုသြားမယ္လို႔ သမၼတ႐ံုး ထုတ္ျပန္ ICOE ရဲ႕ အၿပီးသတ္အစီရင္ခံစာအရ ရာဇဝတ္မႈဆိုင္ရာ စံုစမ္းမႈလုပ္ၿပီး တရားစြဲဆိုသြားမယ္လို႔ သမၼတ႐ံုး ထုတ္ျပန္ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.