Mytel ဝန္ထမ္း ႏွစ္ဦးကို AA ျပန္လႊတ္ေပး

ရကၡိဳင့္တပ္ေတာ္ AA က ျပန္လည္လႊတ္ေပးလိုက္တဲ့ Mytel ကုမၸဏီက ဦးေဇာ္ထြန္းေအာင္နဲ႔ ဦးေစာသိန္းေမာင္တို႔ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီးထားတဲ့ စစ္ေတြၿမိဳ႕အေျခစိုက္ Mytel ကုမၸဏီက ျပည္နယ္ဆက္သြယ္ေရးဆိုင္ရာ ၫႊန္ၾကားေရးမႉးနဲ႔ သူရဲ႕ ယာဥ္ေမာင္းတို႔ကို ေပါက္ေတာၿမိဳ႕နယ္မွာ ဒီကေန႔ မနက္ပိုင္းက ျပန္လည္လႊတ္ေပးလိုက္ တယ္လို႔ ရကၡိဳင့္တပ္ေတာ္ AA က ထုတ္ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕အေျခစိုက္ Mytel ကုမၸဏီက ျပည္နယ္ဆက္သြယ္ေရးဆိုင္ရာ ၫႊန္ၾကားေရးမႉး ဦးေဇာ္ထြန္းေအာင္နဲ႔ သူရဲ႕ ယာဥ္ေမာင္း  ဦးေစာသိန္းေမာင္တို႔ကို  ဒီကေန႔မနက္ပိုင္းက  ေပါက္ေတာၿမိဳ႕နယ္၊ မေနာ္သီရိေက်း႐ြာမွာ ျပန္လႊတ္ေပးၿပီးျဖစ္တယ္လို႔ ရကၡိဳင့့္္တပ္ေတာ္ AA ရဲ႕ေျပာ  ေရးဆိုခြင့္ရွိသူ ခိုင္သုခက RFA ကို ေျပာပါတယ္။

“Mytel ကုမၸဏီက တြဲဘက္ဒါ႐ိုက္တာ ဦးေဇာ္ထြန္းေအာင္နဲ႔ သူရဲ႕ ယာဥ္ေမာင္း ဦးေစာသိန္းေမာင္တို႔ ႏွစ္ဦးကို ဒီေန႔ မနက္ ေျခာက္နာရီ ၅၈ မိနစ္မွာ ေပါက္ေတာၿမိဳ႕နယ္ မေနာ္သီရိေက်း႐ြာကေန ကြၽန္ေတာ္တို႔ ေကာင္းေကာင္းမြန္မြန္ ျပန္လႊတ္ေပးလိုက္ၿပီး ျဖစ္တယ္ဗ်”

ဒါ့အျပင္ ဖမ္းဆီးထိန္းသိမ္းထားသူေတြထဲက အျပစ္မရွိတဲ့သူ၊ က်န္းမာေရးမေကာင္းသူေတြနဲ႔ စစ္ဘက္နဲ႔ သက္ဆိုင္ျခင္းမရွိသူေတြကို သင့္ေတာ္တဲ့အခ်ိန္ သင့္ေတာ္တဲ့ ေနရာေတြ ေ႐ြးခ်ယ္ၿပီး ထပ္မံလႊတ္ေပးသြား မယ္လို႔လည္း AA အဖြဲ႕က ထုတ္ျပန္ထားပါတယ္။

Mytel ရဲ႕ ျပင္ပဆက္ဆံေရး အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးကေတာ့ ျပန္လည္လြတ္လာတာ မွန္ကန္ေၾကာင္း အတည္ျပဳခဲ့ၿပီး အခုေလာေလာဆယ္ စစ္ေတြကို ျပန္လာတဲ့ လမ္းေပၚမွာရွိေနေသးတာေၾကာင့္ ေနာက္ပိုင္းမွ အေသးစိတ္ေျပာႏိုင္မယ္လို႔ ေျပာပါတယ္။

“မွန္ပါတယ္။ လႊတ္လာတယ္ဆိုတာလည္း မွန္ပါတယ္။ ကြၽန္ေတာ္တို႔နဲ႔လည္း ေျပာဆိုအဆက္အသြယ္ရ ပါတယ္။ သူနဲ႔လည္း ေျပာဆိုၿပီးသြားၿပီေပါ့ေနာ္၊ ေကာင္းေကာင္းမြန္မြန္ ရွိေနပါတယ္။ စစ္ေတြျပန္ေရာက္မွပဲ အေသးစိတ္ကို ေျပာလို႔ရမယ္ဗ်။ အခုကေတာ့ ျပန္လာေနတဲ့ လမ္းမွာပဲ ရွိေသးတယ္ဗ်”

Mytel ဆက္သြယ္ေရးလုပ္ငန္းက ျပည္နယ္ဆက္သြယ္ေရးဆိုင္ရာ ၫႊန္ၾကားေရးမႉး ဦးေဇာ္ထြန္းေအာင္နဲ႔ ယာဥ္ေမာင္း ဦးေစာသိန္းေမာင္ဟာ ဒီဇင္ဘာလ ၂၃ ရက္ ေက်ာက္ေတာ္ၿမိဳ႕အနီးမွာ ေပ်ာက္ဆုံးသြားၿပီး AA အဖြဲ႕ရဲ႕ ဖမ္းဆီးခံထားရတယ္လို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ဒီဇင္ဘာလ ၂၇ ရက္ေန႔က သတင္းထုတ္ ျပန္ပါတယ္။

Mytel တာဝါတိုင္ေတြကို စစ္ေဆးဖို႔အတြက္  ျပည္နယ္ဆက္သြယ္ေရးဆိုင္ရာ ၫႊန္ၾကားေရးမႉး ဦးေဇာ္ထြန္းေအာင္နဲ႔ ယာဥ္ေမာင္း ဦးေစာသိန္းေမာင္တို႔ဟာ စစ္ေတြၿမိဳ႕ကေန ဒီဇင္ဘာ ၁၇ ရက္က စတင္ထြက္ခြာခဲ့တာျဖစ္ပါတယ္။

ဒီဇင္ဘာ ၂၂ ရက္ေန႔က မင္းျပားၿမိဳ႕မွာ ညအိပ္ခဲ့ၿပီး ဒီဇင္ဘာ ၂၃ ရက္ေန႔မွာေတာ့  ေက်ာက္ေတာ္ၿမိဳ႕ကို ဆက္လက္ထြက္ခြာစဥ္ အဆက္အသြယ္ မရေတာ့ဘဲ ေပ်ာက္ဆုံးသြားတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၁ ရက္ေန႔က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ ခူမီးအမ်ိဳးသား ဦးေဝွ႔တင္းကို AA အဖြဲ႕က ျပန္လႊတ္ေပးခဲ့သလို ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ပကာဝ႐ြာရဲ႕အေနာက္ဘက္ ေတာင္တန္းေပၚကေန ဖမ္းဆီးထားတဲ့ စစ္သုံ႔ပန္း ၁၃ ဦးထဲက အသက္ႀကီးၿပီး မူလကပင္ က်န္းမာေရးမေကာင္းတဲ့ တပ္ၾကပ္ ဦးေမာင္ေထြးနဲ႔ တပ္ၾကပ္ ဦးေဇာ္ေဇာ္တို႔ကို မေန႔က ျပန္လႊတ္ေပးခဲ့ပါတယ္။

AA အဖြဲ႕က အခုလို ျပန္လည္လႊတ္ေပးေနတာေတြဟာ တ႐ုတ္သမၼတ ျမန္မာႏိုင္ငံကို လာေရာက္တဲ့ ခရီးစဥ္နဲ႔ ပတ္သက္ေနတယ္လို႔ တပ္မေတာ္ အၿငိမ္းစားအရာရွိ  ႏိုင္ငံေရးေလ့လာသုံးသပ္သူ  ေဒါက္တာေအာင္မ်ိဳးက ေျပာပါတယ္။

“အခုကိစၥမွာလည္း ဒါတ႐ုတ္သမၼတခရီးစဥ္နဲ႔ အမ်ားႀကီးပတ္သက္တယ္။ ေနာက္တစ္ခုက AA က ဒီစနစ္က အလုပ္မျဖစ္ဘူးဆိုတာကို သေဘာေပါက္သြားၿပီလို႔ ကြၽန္ေတာ္ထင္ပါတယ္။ တ႐ုတ္သမၼတ လာတဲ့အတြက္ ေၾကာင့္ တ႐ုတ္ျပည္ရဲ႕ ဖိအားကလည္း အမ်ားႀကီးရွိပါတယ္။ ထိုနည္းတူစြာပဲ ျပည္တြင္းမွာ ဒီအေျခအေန ေတြကလည္း ဖိအားလို႔ ဒီႏွစ္ခုေၾကာင့္လို႔ ကြၽန္ေတာ္ထင္ပါတယ္။”

ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲကာလ တစ္ႏွစ္အတြင္း ႏွစ္ဘက္သံသယနဲ႔ အရပ္သားနဲ႔ ဝန္ထမ္းေတြ အမ်ားအျပား ဖမ္းဆီးခံေနရတာပါ။

AA က ရဲတပ္ဖြဲ႕ဝင္ ကိုးေယာက္၊ တပ္မေတာ္သား ေျခာက္ေယာက္၊ အက်ဥ္းဦးစီးဝန္ထမ္း တစ္ေယာက္၊ တပ္အင္ဂ်င္နီယာ တစ္ေယာက္ စုစုေပါင္း ၁၇ ေယာက္နဲ႔အတူ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဦးစီးဌာနက လက္ေထာက္ၫႊန္ၾကားေရးမႉး အပါအဝင္ လဝက အရာရွိ သုံးေယာက္ကိုလည္း ဖမ္းဆီးထားပါတယ္။

တဖက္ကလည္း AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ရဲ႕ ႏွမနဲ႔ ေယာက္ဖျဖစ္သူအျပင္ AA ကို ရန္ပုံေငြရွာ ေထာက္ပံ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ရခိုင္တိုင္းရင္းသားတခ်ိဳ႕ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ ဖမ္းဆီးခံ ထားရသလို ဇနီးျဖစ္သူနဲ႔ သားသမီးႏွစ္ဦးကလည္း ထိုင္းႏိုင္ငံမွာ အဖမ္းခံထားရပါတယ္။

ရကၡိဳင့္တပ္ေတာ္(AA)က သုံ႔ပန္းခ်င္းလဲလွယ္လိုေၾကာင္း  အရင္ကထုတ္ျပန္ကမ္းလွမ္းခ်က္ေတြကို  ျမန္မာအစိုးရကေရာ တပ္မေတာ္ဘက္ကပါ လက္မခံဘဲ ပယ္ခ်ထားၾကတာျဖစ္ပါတယ္။

ဒီရက္ပိုင္းအတြင္း တပ္မေတာ္နဲ႔ AA အဖြဲ႕တို႔ ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ဘက္ေတြမွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနၿပီး ဇန္နဝါရီလ ၁ ရက္ေန႔ကေန ၂၈ ရက္ေန႔အထိ အႀကိမ္ေရ ၇၀ နီးပါး တိုက္ပြဲေတြျဖစ္ပြားခဲ့တယ္လို႔ AA အဖြဲ႕က ေျပာပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
Mytel ဝန်ထမ်း နှစ်ဦးကို AA ပြန်လွှတ်ပေး

ရက္ခိုင့်တပ်တော် AA က ပြန်လည်လွှတ်ပေးလိုက်တဲ့ Mytel ကုမ္ပဏီက ဦးဇော်ထွန်းအောင်နဲ့ ဦးစောသိန်းမောင်တို့ကို တွေ့ရစဉ်
Photo: Arakan Army

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားတဲ့ စစ်တွေမြို့အခြေစိုက် Mytel ကုမ္ပဏီက ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ သူရဲ့ ယာဉ်မောင်းတို့ကို ပေါက်တောမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ပြန်လည်လွှတ်ပေးလိုက် တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Mytel ကုမ္ပဏီက ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ သူရဲ့ ယာဉ်မောင်း  ဦးစောသိန်းမောင်တို့ကို  ဒီကနေ့မနက်ပိုင်းက  ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာမှာ ပြန်လွှတ်ပေးပြီးဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြော  ရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ပြောပါတယ်။

“Mytel ကုမ္ပဏီက တွဲဘက်ဒါရိုက်တာ ဦးဇော်ထွန်းအောင်နဲ့ သူရဲ့ ယာဉ်မောင်း ဦးစောသိန်းမောင်တို့ နှစ်ဦးကို ဒီနေ့ မနက် ခြောက်နာရီ ၅၈ မိနစ်မှာ ပေါက်တောမြို့နယ် မနော်သီရိကျေးရွာကနေ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးလိုက်ပြီး ဖြစ်တယ်ဗျ”

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းထားသူတွေထဲက အပြစ်မရှိတဲ့သူ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ စစ်ဘက်နဲ့ သက်ဆိုင်ခြင်းမရှိသူတွေကို သင့်တော်တဲ့အချိန် သင့်တော်တဲ့ နေရာတွေ ရွေးချယ်ပြီး ထပ်မံလွှတ်ပေးသွား မယ်လို့လည်း AA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Mytel ရဲ့ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးကတော့ ပြန်လည်လွတ်လာတာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး အခုလောလောဆယ် စစ်တွေကို ပြန်လာတဲ့ လမ်းပေါ်မှာရှိနေသေးတာကြောင့် နောက်ပိုင်းမှ အသေးစိတ်ပြောနိုင်မယ်လို့ ပြောပါတယ်။

“မှန်ပါတယ်။ လွှတ်လာတယ်ဆိုတာလည်း မှန်ပါတယ်။ ကျွန်တော်တို့နဲ့လည်း ပြောဆိုအဆက်အသွယ်ရ ပါတယ်။ သူနဲ့လည်း ပြောဆိုပြီးသွားပြီပေါ့နော်၊ ကောင်းကောင်းမွန်မွန် ရှိနေပါတယ်။ စစ်တွေပြန်ရောက်မှပဲ အသေးစိတ်ကို ပြောလို့ရမယ်ဗျ။ အခုကတော့ ပြန်လာနေတဲ့ လမ်းမှာပဲ ရှိသေးတယ်ဗျ”

Mytel ဆက်သွယ်ရေးလုပ်ငန်းက ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယာဉ်မောင်း ဦးစောသိန်းမောင်ဟာ ဒီဇင်ဘာလ ၂၃ ရက် ကျောက်တော်မြို့အနီးမှာ ပျောက်ဆုံးသွားပြီး AA အဖွဲ့ရဲ့ ဖမ်းဆီးခံထားရတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၂၇ ရက်နေ့က သတင်းထုတ် ပြန်ပါတယ်။

Mytel တာဝါတိုင်တွေကို စစ်ဆေးဖို့အတွက်  ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယာဉ်မောင်း ဦးစောသိန်းမောင်တို့ဟာ စစ်တွေမြို့ကနေ ဒီဇင်ဘာ ၁၇ ရက်က စတင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့က မင်းပြားမြို့မှာ ညအိပ်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့  ကျောက်တော်မြို့ကို ဆက်လက်ထွက်ခွာစဉ် အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ခူမီးအမျိုးသား ဦးဝှေ့တင်းကို AA အဖွဲ့က ပြန်လွှတ်ပေးခဲ့သလို ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာရဲ့အနောက်ဘက် တောင်တန်းပေါ်ကနေ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၁၃ ဦးထဲက အသက်ကြီးပြီး မူလကပင် ကျန်းမာရေးမကောင်းတဲ့ တပ်ကြပ် ဦးမောင်ထွေးနဲ့ တပ်ကြပ် ဦးဇော်ဇော်တို့ကို မနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

AA အဖွဲ့က အခုလို ပြန်လည်လွှတ်ပေးနေတာတွေဟာ တရုတ်သမ္မတ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်နဲ့ ပတ်သက်နေတယ်လို့ တပ်မတော် အငြိမ်းစားအရာရှိ  နိုင်ငံရေးလေ့လာသုံးသပ်သူ  ဒေါက်တာအောင်မျိုးက ပြောပါတယ်။

“အခုကိစ္စမှာလည်း ဒါတရုတ်သမ္မတခရီးစဉ်နဲ့ အများကြီးပတ်သက်တယ်။ နောက်တစ်ခုက AA က ဒီစနစ်က အလုပ်မဖြစ်ဘူးဆိုတာကို သဘောပေါက်သွားပြီလို့ ကျွန်တော်ထင်ပါတယ်။ တရုတ်သမ္မတ လာတဲ့အတွက် ကြောင့် တရုတ်ပြည်ရဲ့ ဖိအားကလည်း အများကြီးရှိပါတယ်။ ထိုနည်းတူစွာပဲ ပြည်တွင်းမှာ ဒီအခြေအနေ တွေကလည်း ဖိအားလို့ ဒီနှစ်ခုကြောင့်လို့ ကျွန်တော်ထင်ပါတယ်။”

ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲကာလ တစ်နှစ်အတွင်း နှစ်ဘက်သံသယနဲ့ အရပ်သားနဲ့ ဝန်ထမ်းတွေ အများအပြား ဖမ်းဆီးခံနေရတာပါ။

AA က ရဲတပ်ဖွဲ့ဝင် ကိုးယောက်၊ တပ်မတော်သား ခြောက်ယောက်၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ယောက်၊ တပ်အင်ဂျင်နီယာ တစ်ယောက် စုစုပေါင်း ၁၇ ယောက်နဲ့အတူ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် လဝက အရာရှိ သုံးယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။

တဖက်ကလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ နှမနဲ့ ယောက်ဖဖြစ်သူအပြင် AA ကို ရန်ပုံငွေရှာ ထောက်ပံ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရခိုင်တိုင်းရင်းသားတချို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးခံ ထားရသလို ဇနီးဖြစ်သူနဲ့ သားသမီးနှစ်ဦးကလည်း ထိုင်းနိုင်ငံမှာ အဖမ်းခံထားရပါတယ်။

ရက္ခိုင့်တပ်တော်(AA)က သုံ့ပန်းချင်းလဲလှယ်လိုကြောင်း  အရင်ကထုတ်ပြန်ကမ်းလှမ်းချက်တွေကို  မြန်မာအစိုးရကရော တပ်မတော်ဘက်ကပါ လက်မခံဘဲ ပယ်ချထားကြတာဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ဘက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ အကြိမ်ရေ ၇၀ နီးပါး တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ AA အဖွဲ့က ပြောပါတယ်။

RFA Burmese
https://www.rfa.org
Mytel ဝန္ထမ္း ႏွစ္ဦးကို AA ျပန္လႊတ္ေပး Mytel ဝန္ထမ္း ႏွစ္ဦးကို AA ျပန္လႊတ္ေပး Reviewed by THITHTOOLWIN on 02:12 Rating: 5
Powered by Blogger.