ကရင္ျပည္နယ္မွာ တပ္ရင္းမႉးတစ္ဦး မိုင္းထိက်ဆုံး

ကရင္ျပည္နယ္ သံေတာင္ႀကီးနဲ႔ ဖာပြန္ၿမိဳ႕ျပ ေျမပုံ
(Zawgyi)⤵⤵⤵
ကရင္ျပည္နယ္ သံေတာင္ႀကီးၿမိဳ႕နယ္နဲ႔ ဖာပြန္ၿမိဳ႕နယ္အၾကားမွာ တပ္မေတာ္က လမ္းေၾကာင္းသြားၾကည့္ရင္း မိုင္းဆြဲတိုက္ခံရတာေၾကာင့္ တပ္မေတာ္ဘက္က တပ္ရင္းမႉးတစ္ဦး က်ဆုံးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၇ ရက္ေန႔ညေနပိုင္းမွာ လမ္းေၾကာင္းသြားၾကည့္တဲ့  စကခ (၄)လက္ေအာက္ခံ ခမရ ၇၀၈ က တပ္ရင္းမႉး ဒုဗိုလ္မႉးႀကီး ေအာင္ေက်ာ္စိုးဟာ ဆြဲမိုင္းနဲ႔ တိုက္ခိုက္ခံရလို႔ က်ဆုံးသြားခဲ့တယ္လို႔ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ေက်ာ္စိုးမိုးက ေျပာပါတယ္။

ထင္းရႉးေတာင္နဲ႔ ၃၉၁၇ ၾကားထဲမွာ ပုံမွန္လမ္းေၾကာင္းၾကည့္သြားရင္း  အခုလို မိုင္းဆြဲတိုက္ခိုက္ခံရတာလို႔ ဗိုလ္မႉးႀကီး ေက်ာ္စိုးမိုးက ေျပာပါတယ္။

“ပုံမွန္သြားေနတာပဲေလ၊ ထင္းရႉးေတာင္နဲ႔ ၃၉၁၇ ၾကား၊ လမ္းေၾကာင္းအေျခအေန ၾကည့္ရင္းျဖစ္တာ၊ ဆြဲမိုင္းျဖစ္မွာေပါ့၊ ကားမိုင္းဆိုတာမ်ိဳးက ကားအ႐ြယ္အစားမွ၊ လူေလာက္နဲ႔ ကြဲတာမဟုတ္တာ ဆြဲမိုင္းမို႔လို႔ေပါ့၊ ပုံမွန္လုပ္စရာရွိတာေတြေတာ့ အကုန္လုပ္ထားပါတယ္”

ဒီေနရာမွာ မိုင္းဆြဲတိုက္ခိုက္တဲ့ေနရာမွာ KNU တပ္မဟာ ၅ လက္ေအာက္ခံတပ္ေတြ လႈပ္ရွားတဲ့နယ္ေျမျဖစ္တာေၾကာင့္ KNU ဘက္ကျပဳလုပ္တာျဖစ္ႏိုင္တယ္လို႔ ဗိုလ္မႉးႀကီး ေက်ာ္စိုးမိုးက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္အေနနဲ႔  JMC အပါအဝင္ KNU ဘက္ကို တရားဝင္ကန႔္ကြက္စာ ပို႔ထားတယ္လို႔လည္း ဗိုလ္မႉးႀကီး ေက်ာ္စိုးမိုးက ေျပာပါတယ္။

KNU တပ္မဟာ ၅ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး ကလယ္ဒိုကေတာ့ အခုလို ေပါက္ကြဲတာဟာ သူတို႔လုပ္တာမဟုတ္ဘူးလို႔ ျငင္းဆိုဆိုပါတယ္။

“ကားလမ္းမေဖာက္ႏိုင္ေအာင္ဆိုၿပီး ကားမိုင္းသြားေထာင္ထားတာေတာ့ရွိတယ္၊ KNU တပ္မဟာ ၅ နယ္ေျမမွာ၊ သူတို႔ကေနၿပီးေတာ့ လမ္းကင္းနဲ႔ မိုင္းရွာတဲ့သူေတြက လာရွာတယ္၊ သူတို႔က တပ္မဟာ ၅ က ေထာင္တဲ့မိုင္းေတြက ေတြ႕တယ္၊ ေတြေတာ့ ကားမိုင္းကို သူတို႔ေဖာက္ခြဲပစ္လိုက္တယ္၊ ေဖာက္ခြဲေတာ့ သူတို႔ဟာသူတို႔ထိတာ၊ ဒီဘက္က ေဖာက္ခြဲတာ မဟုတ္ဘူးေနာ္၊ ဒီဘက္ကသြားၿပီး မိုင္းဆြဲတာမဟုတ္ဘူး”

ဒီနယ္ေျမဟာ တပ္မေတာ္နဲ႔ KNU ပဏမာအပစ္ရပ္ဖို႔ သေဘာတူတုန္းကတည္း လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္ ကာလေလာက္က ဒီေနေျမထဲမွာ ကားလမ္းမေဖာက္ဖို႔၊ ဒီနယ္ေျမထဲမွာရွိတဲ့ တပ္မေတာ္ စခန္းေတြဆီကို ရိကၡာပို႔တဲ့အခါမွာ လူ၊ ျမင္း စတာေတြနဲ႔ပို႔ဖို႔ ညႇိႏႈိင္းခဲ့တယ္လို႔ KNU တပ္မဟာ ၅ က ဗိုလ္မႉး ကလယ္ဒိုက ေျပာပါတယ္။

KNU အေနနဲ႔ သူနယ္ေျမထဲမွာ တပ္မေတာ္ကသြားေရာက္ရင္ လမ္းသတ္မွတ္ေပးထားၿပီး တပ္မေတာ္ဘက္က သတ္မွတ္လမ္းအျပင္ နယ္ေျမေက်ာ္တဲ့သေဘာမ်ိဳးနဲ႔ သြားလာတာေတြရွိတာေၾကာင့္ ပစ္ခတ္မႈေတြ မၾကာခဏျဖစ္ေလ့ရွိတယ္လို႔ ဗိုလ္မႉး ကလယ္ဒိုက ေျပာပါတယ္။

ဒီလိုပစ္ခတ္မႈေတြျဖစ္တာဟာ တပ္ပိုင္းဆိုင္ရာ ေနရာခ်ထားေရးကိစၥေတြ မေဆြးေႏြးရေသးတာေၾကာင့္ ျဖစ္ေနတာလို႔ ဗိုလ္မႉး ကလယ္ဒိုက ေျပာပါတယ္။

“တပ္ေနရာခ်ထားေရးနဲ႔ ပတ္သက္ၿပီး ေကာင္းေကာင္းမြန္မြန္ မေဆြးေႏြးတဲ့အေပၚမွာ အဲလိုမ်ိဳးျဖစ္တာေပါ့ေလ၊ တကယ္လို႔ တပ္ေနရာခ်ထားေရးနဲ႔ ပတ္သက္ၿပီး ႏွစ္ဖက္ေတြ႕ဆုံညႇိႏႈိင္းၿပီးေတာ့မွ ႏွစ္ဖက္သေဘာတူတဲ့အေပၚမွာ လုပ္ေဆာင္သြားမယ္ဆိုရင္ ဒီလိုျပႆနာမ်ိဳးဟာ နည္းနည္းရွင္းသြားမယ္လို႔ က်ေနာ္အေနနဲ႔ေတာ့ ျမင္တာေပါ့ေနာ္”

KNU အဖြဲ႕ဟာ ၿပီးခဲ့တဲ့ သမၼတဦးသိန္းစိန္ လက္ထပ္ကတည္းက NCA လက္မွတ္ေရးထိုးခဲ့တဲ့အဖြဲ႕ျဖစ္ၿပီး အခုလို ပြင့္လင္းရာသီ တပ္မေတာ္က ရိကၡာပို႔တဲ့အခ်ိန္မွာ KNU တပ္မဟာ ၅ နယ္ေျမမွာ မၾကာခဏဆို ပစ္ခတ္မႈေတြျဖစ္ေလ့ရွိပါတယ္။

KNU အဖြဲ႕ဟာ JMC ကို ယုံၾကည္တဲ့အဖြဲ႕ျဖစ္တာေၾကာင့္ အခုလို တပ္မေတာ္ဘက္က တပ္ရင္းမႉး တစ္ဦးမိုင္းဆြဲတိုက္ခိုက္ခံၿပီး ေသဆုံးခဲ့တာနဲ႔ပတ္သက္ၿပီး ေျဖရွင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္တယ္လို႔  တပ္မေတာ္ အရာရွိေဟာင္းတစ္ဦးလည္းျဖစ္ ျပန္ၾကားေရးဝန္ႀကီးေဟာင္းလည္းျဖစ္တဲ့ ဦးရဲထြဋ္က ေျပာပါတယ္။

“အဲမွာကေတာ့ က်န္တဲ့ေနရာေတြနဲ႔စာရင္ တပ္ေနရာခ်င္းက ပိုနီးတယ္၊တပ္မဟာ ၅ က အစကတည္းက NCA အေပၚမွာ သေဘာထားက တစ္မ်ိဳးျဖစ္ေနေတာ့ အဲလိုျပႆနာျဖစ္တယ္လို႔ျမင္တယ္၊ သို႔ေသာ္ ဘာပဲျဖစ္ျဖစ္ KNU နယ္ေျမမွာ JMC ယႏၲရားက အသက္ဝင္တာေၾကာင့္ အဲဒါကိုႏွစ္ဖက္ညႇိႏႈိင္းၿပီး ေျဖရွင္းႏိုင္မယ္လို႔ ျမင္ပါတယ္”

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းကလည္း KNU တပ္မဟာ၊ တပ္ရင္းဌာနခ်ဳပ္စခန္းေတြကို တပ္မေတာ္ဘက္က ဒ႐ုန္းေတြေစလႊတ္ၿပီး စုံစမ္းေထာက္လွမ္းတာေတြရွိတယ္ဆိုၿပီး KNU တပ္မဟာ ၅ ဌာနခ်ဳပ္က ကရင္ျပည္နယ္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီဆီကို ကန႔္ကြက္လႊာ ေပးပို႔ခဲ့ပါတယ္။

ဒီလကုန္ပိုင္းမွာပဲ KNU နဲ႔ တပ္မေတာ္ေခါင္းေဆာင္ေတြ တပ္ပိုင္းဆိုင္ရာကိစၥေတြေဆြးေႏြးဖို႔ သေဘာတူထားေပမယ့္ ႏွစ္ဘက္ေခါင္းေဆာင္ေတြ အစည္းအေဝးရွိလို႔ဆိုၿပီး ေ႐ႊ႕ဆိုင္းထားပါတယ္။

KNU အဖြဲ႕ဟာ NCA လက္မွတ္ေရးထိုးတဲ့အဖြဲ႕ျဖစ္ေပမယ့္ နယ္ေျမကိစၥေတြ၊ တပ္ပိုင္းဆိုင္ရာ ေနရာခ်ထားေရးကိစၥေတြ ေသခ်ာမေဆြးေႏြးႏိုင္ေသးတာေၾကာင့္ တပ္မေတာ္နဲ႔ ပစ္ခတ္မႈေတြျဖစ္တာ၊ နယ္ေျမေက်ာ္တယ္ဆိုၿပီး ကန႔္ကြက္တာေတြ မၾကာခဏဆိုသလို ျဖစ္ေလ့ရွိပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
ကရင်ပြည်နယ်မှာ တပ်ရင်းမှူးတစ်ဦး မိုင်းထိကျဆုံး

ကရင်ပြည်နယ် သံတောင်ကြီးနဲ့ ဖာပွန်မြို့ပြ မြေပုံ
Photo: Google Map

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နဲ့ ဖာပွန်မြို့နယ်အကြားမှာ တပ်မတော်က လမ်းကြောင်းသွားကြည့်ရင်း မိုင်းဆွဲတိုက်ခံရတာကြောင့် တပ်မတော်ဘက်က တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ညနေပိုင်းမှာ လမ်းကြောင်းသွားကြည့်တဲ့  စကခ (၄)လက်အောက်ခံ ခမရ ၇၀၈ က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်စိုးဟာ ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရလို့ ကျဆုံးသွားခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ကျော်စိုးမိုးက ပြောပါတယ်။

ထင်းရှူးတောင်နဲ့ ၃၉၁၇ ကြားထဲမှာ ပုံမှန်လမ်းကြောင်းကြည့်သွားရင်း  အခုလို မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဗိုလ်မှူးကြီး ကျော်စိုးမိုးက ပြောပါတယ်။

“ပုံမှန်သွားနေတာပဲလေ၊ ထင်းရှူးတောင်နဲ့ ၃၉၁၇ ကြား၊ လမ်းကြောင်းအခြေအနေ ကြည့်ရင်းဖြစ်တာ၊ ဆွဲမိုင်းဖြစ်မှာပေါ့၊ ကားမိုင်းဆိုတာမျိုးက ကားအရွယ်အစားမှ၊ လူလောက်နဲ့ ကွဲတာမဟုတ်တာ ဆွဲမိုင်းမို့လို့ပေါ့၊ ပုံမှန်လုပ်စရာရှိတာတွေတော့ အကုန်လုပ်ထားပါတယ်”

ဒီနေရာမှာ မိုင်းဆွဲတိုက်ခိုက်တဲ့နေရာမှာ KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေ လှုပ်ရှားတဲ့နယ်မြေဖြစ်တာကြောင့် KNU ဘက်ကပြုလုပ်တာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ကျော်စိုးမိုးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့  JMC အပါအဝင် KNU ဘက်ကို တရားဝင်ကန့်ကွက်စာ ပို့ထားတယ်လို့လည်း ဗိုလ်မှူးကြီး ကျော်စိုးမိုးက ပြောပါတယ်။

KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကလယ်ဒိုကတော့ အခုလို ပေါက်ကွဲတာဟာ သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုဆိုပါတယ်။

“ကားလမ်းမဖောက်နိုင်အောင်ဆိုပြီး ကားမိုင်းသွားထောင်ထားတာတော့ရှိတယ်၊ KNU တပ်မဟာ ၅ နယ်မြေမှာ၊ သူတို့ကနေပြီးတော့ လမ်းကင်းနဲ့ မိုင်းရှာတဲ့သူတွေက လာရှာတယ်၊ သူတို့က တပ်မဟာ ၅ က ထောင်တဲ့မိုင်းတွေက တွေ့တယ်၊ တွေတော့ ကားမိုင်းကို သူတို့ဖောက်ခွဲပစ်လိုက်တယ်၊ ဖောက်ခွဲတော့ သူတို့ဟာသူတို့ထိတာ၊ ဒီဘက်က ဖောက်ခွဲတာ မဟုတ်ဘူးနော်၊ ဒီဘက်ကသွားပြီး မိုင်းဆွဲတာမဟုတ်ဘူး”

ဒီနယ်မြေဟာ တပ်မတော်နဲ့ KNU ပဏမာအပစ်ရပ်ဖို့ သဘောတူတုန်းကတည်း လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကာလလောက်က ဒီနေမြေထဲမှာ ကားလမ်းမဖောက်ဖို့၊ ဒီနယ်မြေထဲမှာရှိတဲ့ တပ်မတော် စခန်းတွေဆီကို ရိက္ခာပို့တဲ့အခါမှာ လူ၊ မြင်း စတာတွေနဲ့ပို့ဖို့ ညှိနှိုင်းခဲ့တယ်လို့ KNU တပ်မဟာ ၅ က ဗိုလ်မှူး ကလယ်ဒိုက ပြောပါတယ်။

KNU အနေနဲ့ သူနယ်မြေထဲမှာ တပ်မတော်ကသွားရောက်ရင် လမ်းသတ်မှတ်ပေးထားပြီး တပ်မတော်ဘက်က သတ်မှတ်လမ်းအပြင် နယ်မြေကျော်တဲ့သဘောမျိုးနဲ့ သွားလာတာတွေရှိတာကြောင့် ပစ်ခတ်မှုတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့ ဗိုလ်မှူး ကလယ်ဒိုက ပြောပါတယ်။

ဒီလိုပစ်ခတ်မှုတွေဖြစ်တာဟာ တပ်ပိုင်းဆိုင်ရာ နေရာချထားရေးကိစ္စတွေ မဆွေးနွေးရသေးတာကြောင့် ဖြစ်နေတာလို့ ဗိုလ်မှူး ကလယ်ဒိုက ပြောပါတယ်။

“တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီး ကောင်းကောင်းမွန်မွန် မဆွေးနွေးတဲ့အပေါ်မှာ အဲလိုမျိုးဖြစ်တာပေါ့လေ၊ တကယ်လို့ တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီး နှစ်ဖက်တွေ့ဆုံညှိနှိုင်းပြီးတော့မှ နှစ်ဖက်သဘောတူတဲ့အပေါ်မှာ လုပ်ဆောင်သွားမယ်ဆိုရင် ဒီလိုပြဿနာမျိုးဟာ နည်းနည်းရှင်းသွားမယ်လို့ ကျနော်အနေနဲ့တော့ မြင်တာပေါ့နော်”

KNU အဖွဲ့ဟာ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် လက်ထပ်ကတည်းက NCA လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ဖြစ်ပြီး အခုလို ပွင့်လင်းရာသီ တပ်မတော်က ရိက္ခာပို့တဲ့အချိန်မှာ KNU တပ်မဟာ ၅ နယ်မြေမှာ မကြာခဏဆို ပစ်ခတ်မှုတွေဖြစ်လေ့ရှိပါတယ်။

KNU အဖွဲ့ဟာ JMC ကို ယုံကြည်တဲ့အဖွဲ့ဖြစ်တာကြောင့် အခုလို တပ်မတော်ဘက်က တပ်ရင်းမှူး တစ်ဦးမိုင်းဆွဲတိုက်ခိုက်ခံပြီး သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တယ်လို့  တပ်မတော် အရာရှိဟောင်းတစ်ဦးလည်းဖြစ် ပြန်ကြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဦးရဲထွဋ်က ပြောပါတယ်။

“အဲမှာကတော့ ကျန်တဲ့နေရာတွေနဲ့စာရင် တပ်နေရာချင်းက ပိုနီးတယ်၊တပ်မဟာ ၅ က အစကတည်းက NCA အပေါ်မှာ သဘောထားက တစ်မျိုးဖြစ်နေတော့ အဲလိုပြဿနာဖြစ်တယ်လို့မြင်တယ်၊ သို့သော် ဘာပဲဖြစ်ဖြစ် KNU နယ်မြေမှာ JMC ယန္တရားက အသက်ဝင်တာကြောင့် အဲဒါကိုနှစ်ဖက်ညှိနှိုင်းပြီး ဖြေရှင်းနိုင်မယ်လို့ မြင်ပါတယ်”

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း KNU တပ်မဟာ၊ တပ်ရင်းဌာနချုပ်စခန်းတွေကို တပ်မတော်ဘက်က ဒရုန်းတွေစေလွှတ်ပြီး စုံစမ်းထောက်လှမ်းတာတွေရှိတယ်ဆိုပြီး KNU တပ်မဟာ ၅ ဌာနချုပ်က ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဆီကို ကန့်ကွက်လွှာ ပေးပို့ခဲ့ပါတယ်။

ဒီလကုန်ပိုင်းမှာပဲ KNU နဲ့ တပ်မတော်ခေါင်းဆောင်တွေ တပ်ပိုင်းဆိုင်ရာကိစ္စတွေဆွေးနွေးဖို့ သဘောတူထားပေမယ့် နှစ်ဘက်ခေါင်းဆောင်တွေ အစည်းအဝေးရှိလို့ဆိုပြီး ရွှေ့ဆိုင်းထားပါတယ်။

KNU အဖွဲ့ဟာ NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့ဖြစ်ပေမယ့် နယ်မြေကိစ္စတွေ၊ တပ်ပိုင်းဆိုင်ရာ နေရာချထားရေးကိစ္စတွေ သေချာမဆွေးနွေးနိုင်သေးတာကြောင့် တပ်မတော်နဲ့ ပစ်ခတ်မှုတွေဖြစ်တာ၊ နယ်မြေကျော်တယ်ဆိုပြီး ကန့်ကွက်တာတွေ မကြာခဏဆိုသလို ဖြစ်လေ့ရှိပါတယ်။

RFA Burmese
https://www.rfa.org
ကရင္ျပည္နယ္မွာ တပ္ရင္းမႉးတစ္ဦး မိုင္းထိက်ဆုံး ကရင္ျပည္နယ္မွာ တပ္ရင္းမႉးတစ္ဦး မိုင္းထိက်ဆုံး Reviewed by THITHTOOLWIN on 02:09 Rating: 5
Powered by Blogger.