မႏၲေလး တကၠသိုလ္ပါခ်ဳပ္ အၿငိမ္းစားေပးေပမဲ့ သပိတ္စခန္းဆက္ဖြင့္မယ္

 ေတာင္းဆိုခ်က္တစ္ခ်က္ပဲ ရေသးလို႔ သပိတ္စခန္း ဆက္ဖြင့္ထားမယ္
(Zawgyi)⤵⤵⤵
မႏၲေလး တကၠသိုလ္က စားေသာက္တန္း တည္ေဆာက္ေရးမွာ သမၼတ႐ုံးရဲ႕ အမိန႔္နဲ႔ၫႊန္ၾကားခ်က္ကို မလိုက္နာဘူးဆိုၿပီး ပါေမာကၡခ်ဳပ္ ေဒါက္တာ သီတာဝင္းကို အၿငိမ္းစားေပးလိုက္ေပမဲ့ သပိတ္စခန္းကို ဆက္ဖြင့္ထားမယ္လို႔ သပိတ္ေမွာက္ေတာင္းဆိုေနတဲ့ ေက်ာင္းသားသမဂၢက ေက်ာင္းသားေတြက ေျပာပါတယ္။

မေန႔ ဇန္နဝါရီ ၂၈ ရက္က ေနျပည္ေတာ္မွာ က်င္းပတဲ့ ပညာေရး ႏွီးေႏွာဖလွယ္ပြဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန႔္ခြန္း ေျပာေနတုန္း ပညာေရး တကၠသိုလ္နဲ႔ ေကာလိပ္ ေက်ာင္းသားတခ်ိဳ႕က မႏၲေလးတကၠသိုလ္ ေက်ာင္းသားသမဂၢ သပိတ္ကိစၥ ေျဖရွင္းေရးအပါအဝင္ အခ်က္ ၅ ခ်က္ကို ေျဖရွင္းေပးဖို႔ ဆႏၵျပခဲ့အၿပီးမွာ မႏၲေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္ကို အၿငိမ္းစားေပးလိုက္ေၾကာင္း မေန႔က ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

မႏၲေလးတကၠသိုလ္ထဲက စားေသာက္တန္း လုပ္ပိုင္ခြင့္ကို ေအာ္ရီယန္တဲလ္ေဟာက္စ္ စားေသာက္ဆိုင္ လုပ္ငန္းစု တစ္ခုတည္းကို ေက်ာင္းအာဏာပိုင္ေတြဘက္က တင္ဒါ မေခၚဘဲ လုပ္ကိုင္ခြင့္ျပဳခဲ့တာအေပၚ စုံစမ္းစစ္ေဆးေပးဖို႔ အပါအဝင္ အခ်က္ေလးခ်က္ကို ေက်ာင္းသားေတြဘက္က ေတာင္းဆိုေနတာပါ။
 ဒုတိယအႀကိမ္ သပိတ္စခန္း ထပ္ဖြင့္ခ်ိန္မွာ စားေသာက္တန္းကို ပိတ္သိမ္းထား
အခုလို ပါေမာကၡခ်ဳပ္ ေဒၚသီတာဝင္းကို အၿငိမ္းစားေပးလိုက္တာနဲ႔ ပတ္သက္လို႔ မႏၲေလးတကၠသိုလ္ေက်ာင္းသားသပိတ္ ေကာ္မတီဝင္ မယမင္းသူက "မႏၲေလးတကၠသိုလ္ကို အသုံးခ်ၿပီး ကိုယ္က်ိဳးရွာတဲ့ ပါေမာကၡခ်ဳပ္ကို အလိုမရွိတဲ့အတြက္ေၾကာင့္ ေဒၚသီတာဝင္းကို အၿငိမ္းစားေပးလိုက္တယ္ဆိုတာ ေတာင္းဆိုခ်က္ထဲက အစိတ္အပိုင္းတစ္ခုပဲလို႔ ေျပာလို႔ရတယ္"

"မွန္ကန္မွ်တေသာရလဒ္ အၿပီးသတ္စုံစမ္းစစ္ေဆးမႈရလဒ္ အျမန္ဆုံးထုတ္ျပန္ေပးေရးဆိုတဲ့ အခ်က္ကလည္း ရွိေသးတယ္"

"ေနာက္ဒီပါေမာကၡခ်ဳပ္တင္ မဟုတ္ဘူး။ အဲဒီတုန္းက စီမံဘ႑ာ ဌာနမႉး ရွိတယ္။ စုံစမ္းစစ္ေဆးမႈ စတင္လိုက္တဲ့ အခ်ိန္မွာပဲ သူ႔ကို Transfer ေပးလိုက္တယ္။ အဲဒီလို ေပးတာသည္ သူ႔ဘာသူ ႐ိုး႐ိုးတန္းတန္း Transfer သြားတာလား၊ ဒါမွမဟုတ္ အျပစ္ရွိလို႔ သူ႔ကို Transfer ေပးလိုက္တာလား။ အဲဒါကလည္း ေမးခြန္းထုတ္စရာ ရွိေသးတယ္" လို႔ ေျပာပါတယ္။

ပါေမကၡခ်ဳပ္ကို အၿငိမ္းစားေပးတာဟာ သပိတ္စခန္းေတာင္းဆိုခ်က္ ေလးခ်က္ထဲက တစ္ခ်က္သာ ရရွိေသးတာ ျဖစ္ၿပီး အဂတိတိုက္ဖ်က္ေရးေကာ္မရွင္ကို တိုင္ၾကားထားတာက ဘာမွထူးျခားမႈ မရွိေသးတဲ့အတြက္ သပိတ္စခန္း ဆက္ဖြင့္ထားမွာ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။

မႏၲေလးတကၠသိုလ္ကို အသုံးခ်ၿပီး ကိုယ္က်ိဳးရွာတဲ့ ပါေမာကၡခ်ဳပ္ကို အလိုမရွိဘူးလို႔ဆို
က်န္ေနေသးတဲ့ ေတာင္းဆိုခ်က္ေတြျဖစ္တဲ့ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ကို အေရးယူေပးေရး၊ ပညာေရး ဝန္ႀကီးဌာန အခ်ိန္ဆြဲ ဘက္လိုက္ေျဖရွင္းမႈ မရွိေရးနဲ႔ အၿပီးသတ္ စုံစမ္းစစ္ေဆးေရး ရလဒ္ အျမန္ထုတ္ေပးဖို႔ ဆက္လက္ေတာင္းဆိုသြားမယ္လို႔ မယမင္းသူက ေျပာပါတယ္။

အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသိန္းဝင္းကေတာ့ ပါေမာကၡခ်ဳပ္ ေဒါက္တာသီတာဝင္းကို ပညာေရးဒုဝန္ႀကီး ဦးဝင္းေမာ္ထြန္းဦးေဆာင္တဲ့ စုံစမ္းစစ္ေဆးေရး အဖြဲ႕က စစ္ေဆးခဲ့တာျဖစ္ၿပီး ပါေမာကၡခ်ဳပ္ကို စုံစမ္းစစ္ေဆးေနတာ ၾကာၿပီလို႔ ဘီဘီစီကို ေျပာပါ တယ္။

"ကြၽန္ေတာ့္ဘက္ကေတာ့ ကြၽန္ေတာ္မႏၲေလးလာတယ္။ သူ႔ကို အမိန႔္စာ လာေပးတယ္။ ဒါပဲ။ ကြၽန္ေတာ့္ရဲ႕ ဦးစီးတဲ့ ေအာက္မွာရွိတဲ့ တကၠသိုလ္ရဲ႕ ပါခ်ဳပ္မို႔လို႔ ကြၽန္ေတာ္ကိုယ္တိုင္လာေပးတာ။ အခုေလာေလာဆယ္ မႏၲေလးတကၠသိုလ္မွာ ဒုခ်ဳပ္ သုံးေယာက္ရွိတယ္။ ေလာေလာဆယ္ စီမံခန႔္ခြဲမႈ ဆက္လက္သြားလို႔ရေအာင္ စီနီယာအျဖစ္ဆုံး အႀကီးဆုံးတစ္ေယာက္ကို ယာယီ Authority ေပးထားတယ္"

ဒုတိယပါေမာကၡခ်ဳပ္တစ္ေယာက္ကို ယာယီစီမံခန္႔ခြဲအာဏာေပးထား
စားေသာက္ဆိုင္တန္းဖြင့္တာကို ေက်ာင္းသားေတြဘက္က မူအားျဖင့္ လက္ခံေပမယ့္ ဒီလို ဥပေဒနဲ႔ မညီဘဲ လုပ္ကိုင္ခြင့္ျပဳတာအျပင္ ေက်ာင္းေျမကို အလကားနီးပါး လုပ္ကိုင္ခြင့္ေပးပစ္ခဲ့တယ္ဆိုတဲ့အခ်က္နဲ႔ စုံစမ္းစစ္ေဆးဖို႔ မႏၲေလး တကၠသိုလ္ေက်ာင္းသားသမဂၢက ၂၀၁၉ ႏွစ္လယ္ပိုင္းမွာ ပညာေရးဝန္ႀကီးဌာနကို တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာမွာ မႏၲေလးတကၠသိုလ္ ေက်ာင္းသားသမဂၢက ဦးေဆာင္ၿပီး ေက်ာင္းထဲမွာ သပိတ္စခန္း ဖြင့္ ကန႔္ကြက္ခဲ့ပါတယ္။

ၾကားမွာ သပိတ္စခန္း ေခတၱရပ္နားခဲ့ၿပီးတဲ့ေနာက္ ဇန္နဝါရီလဆန္းမွာ ဒုတိယအႀကိမ္ သပိတ္စခန္း ထပ္ဖြင့္ခ်ိန္မွာ ေတာ့ ေအာ္ရီယန္တဲလ္ဘက္ကလည္း စားေသာက္တန္းကို ပိတ္သိမ္းထားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
မန္တလေး တက္ကသိုလ်ပါချုပ် အငြိမ်းစားပေးပေမဲ့ သပိတ်စခန်းဆက်ဖွင့်မယ်

ဓာတ်ပုံ မူပိုင် Kaung Zaw Hein/MPA
Image caption တောင်းဆိုချက်တစ်ချက်ပဲ ရသေးလို့ သပိတ်စခန်း ဆက်ဖွင့်ထားမယ်

မန္တလေး တက္ကသိုလ်က စားသောက်တန်း တည်ဆောက်ရေးမှာ သမ္မတရုံးရဲ့ အမိန့်နဲ့ညွှန်ကြားချက်ကို မလိုက်နာဘူးဆိုပြီး ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းကို အငြိမ်းစားပေးလိုက်ပေမဲ့ သပိတ်စခန်းကို ဆက်ဖွင့်ထားမယ်လို့ သပိတ်မှောက်တောင်းဆိုနေတဲ့ ကျောင်းသားသမဂ္ဂက ကျောင်းသားတွေက ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၂၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပညာရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောနေတုန်း ပညာရေး တက္ကသိုလ်နဲ့ ကောလိပ် ကျောင်းသားတချို့က မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ သပိတ်ကိစ္စ ဖြေရှင်းရေးအပါအဝင် အချက် ၅ ချက်ကို ဖြေရှင်းပေးဖို့ ဆန္ဒပြခဲ့အပြီးမှာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို အငြိမ်းစားပေးလိုက်ကြောင်း မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်ထဲက စားသောက်တန်း လုပ်ပိုင်ခွင့်ကို အော်ရီယန်တဲလ်ဟောက်စ် စားသောက်ဆိုင် လုပ်ငန်းစု တစ်ခုတည်းကို ကျောင်းအာဏာပိုင်တွေဘက်က တင်ဒါ မခေါ်ဘဲ လုပ်ကိုင်ခွင့်ပြုခဲ့တာအပေါ် စုံစမ်းစစ်ဆေးပေးဖို့ အပါအဝင် အချက်လေးချက်ကို ကျောင်းသားတွေဘက်က တောင်းဆိုနေတာပါ။
ဓာတ်ပုံ မူပိုင် တာရာ - မန္တလေး
Image caption ဒုတိယအကြိမ် သပိတ်စခန်း ထပ်ဖွင့်ချိန်မှာ စားသောက်တန်းကို ပိတ်သိမ်းထား

အခုလို ပါမောက္ခချုပ် ဒေါ်သီတာဝင်းကို အငြိမ်းစားပေးလိုက်တာနဲ့ ပတ်သက်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ် ကော်မတီဝင် မယမင်းသူက "မန္တလေးတက္ကသိုလ်ကို အသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါမောက္ခချုပ်ကို အလိုမရှိတဲ့အတွက်ကြောင့် ဒေါ်သီတာဝင်းကို အငြိမ်းစားပေးလိုက်တယ်ဆိုတာ တောင်းဆိုချက်ထဲက အစိတ်အပိုင်းတစ်ခုပဲလို့ ပြောလို့ရတယ်"

"မှန်ကန်မျှတသောရလဒ် အပြီးသတ်စုံစမ်းစစ်ဆေးမှုရလဒ် အမြန်ဆုံးထုတ်ပြန်ပေးရေးဆိုတဲ့ အချက်ကလည်း ရှိသေးတယ်"

"နောက်ဒီပါမောက္ခချုပ်တင် မဟုတ်ဘူး။ အဲဒီတုန်းက စီမံဘဏ္ဍာ ဌာနမှူး ရှိတယ်။ စုံစမ်းစစ်ဆေးမှု စတင်လိုက်တဲ့ အချိန်မှာပဲ သူ့ကို Transfer ပေးလိုက်တယ်။ အဲဒီလို ပေးတာသည် သူ့ဘာသူ ရိုးရိုးတန်းတန်း Transfer သွားတာလား၊ ဒါမှမဟုတ် အပြစ်ရှိလို့ သူ့ကို Transfer ပေးလိုက်တာလား။ အဲဒါကလည်း မေးခွန်းထုတ်စရာ ရှိသေးတယ်" လို့ ပြောပါတယ်။

ပါမေက္ခချုပ်ကို အငြိမ်းစားပေးတာဟာ သပိတ်စခန်းတောင်းဆိုချက် လေးချက်ထဲက တစ်ချက်သာ ရရှိသေးတာ ဖြစ်ပြီး အဂတိတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားထားတာက ဘာမှထူးခြားမှု မရှိသေးတဲ့အတွက် သပိတ်စခန်း ဆက်ဖွင့်ထားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Kaung Zaw Hein/ MPA
Image caption မန္တလေးတက္ကသိုလ်ကို အသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါမောက္ခချုပ်ကို အလိုမရှိဘူးလို့ဆို

ကျန်နေသေးတဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အရေးယူပေးရေး၊ ပညာရေး ဝန်ကြီးဌာန အချိန်ဆွဲ ဘက်လိုက်ဖြေရှင်းမှု မရှိရေးနဲ့ အပြီးသတ် စုံစမ်းစစ်ဆေးရေး ရလဒ် အမြန်ထုတ်ပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ မယမင်းသူက ပြောပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကတော့ ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးခဲ့တာဖြစ်ပြီး ပါမောက္ခချုပ်ကို စုံစမ်းစစ်ဆေးနေတာ ကြာပြီလို့ ဘီဘီစီကို ပြောပါ တယ်။

"ကျွန်တော့်ဘက်ကတော့ ကျွန်တော်မန္တလေးလာတယ်။ သူ့ကို အမိန့်စာ လာပေးတယ်။ ဒါပဲ။ ကျွန်တော့်ရဲ့ ဦးစီးတဲ့ အောက်မှာရှိတဲ့ တက္ကသိုလ်ရဲ့ ပါချုပ်မို့လို့ ကျွန်တော်ကိုယ်တိုင်လာပေးတာ။ အခုလောလောဆယ် မန္တလေးတက္ကသိုလ်မှာ ဒုချုပ် သုံးယောက်ရှိတယ်။ လောလောဆယ် စီမံခန့်ခွဲမှု ဆက်လက်သွားလို့ရအောင် စီနီယာအဖြစ်ဆုံး အကြီးဆုံးတစ်ယောက်ကို ယာယီ Authority ပေးထားတယ်"
ဓာတ်ပုံ မူပိုင် Kaung Zaw Hein/MPA
Image caption ဒုတိယပါမောက္ခချုပ်တစ်ယောက်ကို ယာယီစီမံခန့်ခွဲအာဏာပေးထား

စားသောက်ဆိုင်တန်းဖွင့်တာကို ကျောင်းသားတွေဘက်က မူအားဖြင့် လက်ခံပေမယ့် ဒီလို ဥပဒေနဲ့ မညီဘဲ လုပ်ကိုင်ခွင့်ပြုတာအပြင် ကျောင်းမြေကို အလကားနီးပါး လုပ်ကိုင်ခွင့်ပေးပစ်ခဲ့တယ်ဆိုတဲ့အချက်နဲ့ စုံစမ်းစစ်ဆေးဖို့ မန္တလေး တက္ကသိုလ်ကျောင်းသားသမဂ္ဂက ၂၀၁၉ နှစ်လယ်ပိုင်းမှာ ပညာရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၉ ခုနှစ် စက်တင်ဘာမှာ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ကျောင်းထဲမှာ သပိတ်စခန်း ဖွင့် ကန့်ကွက်ခဲ့ပါတယ်။

ကြားမှာ သပိတ်စခန်း ခေတ္တရပ်နားခဲ့ပြီးတဲ့နောက် ဇန်နဝါရီလဆန်းမှာ ဒုတိယအကြိမ် သပိတ်စခန်း ထပ်ဖွင့်ချိန်မှာ တော့ အော်ရီယန်တဲလ်ဘက်ကလည်း စားသောက်တန်းကို ပိတ်သိမ်းထားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
မႏၲေလး တကၠသိုလ္ပါခ်ဳပ္ အၿငိမ္းစားေပးေပမဲ့ သပိတ္စခန္းဆက္ဖြင့္မယ္ မႏၲေလး တကၠသိုလ္ပါခ်ဳပ္ အၿငိမ္းစားေပးေပမဲ့ သပိတ္စခန္းဆက္ဖြင့္မယ္ Reviewed by THITHTOOLWIN on 02:16 Rating: 5
Powered by Blogger.