လူမ်ိဳးတုံးသတ္ျဖတ္မႈ အေထာက္အထားမေတြ႕ရဟု ICOE ထုတ္ျပန္

independent commission of enquiry(ICOE facebook)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ႐ုိဟင္ဂ်ာမြတ္ဆလင္ေတြအေပၚ လူမ်ဳိးတုံးသတ္ျဖတ္ခဲ့တယ္ဆိုတဲ့ အေထာက္အထားမေတြ႔ရဘူးလုိ႔ ရခိုင္အေရးနဲ႔ပတ္သက္လုိ႔ ျမန္မာအစိုးရ ဖဲြ႔စည္းထားတဲ့ လြတ္လပ္တဲ့စံုစမ္းစစ္ေဆးေရးေကာ္မ႐ွင္က ေျပာၾကားလုိက္ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ သတ္ျဖတ္မႈေတြ၊ အိုးအိမ္စြန္႔ခြာရတဲ့ အေျခအေနျဖစ္ေအာင္ လုပ္ခဲ့တာေတြဟာ မြတ္ဆလင္ ဒါမွမဟုတ္ တျခားလူမႈအသိုင္းအဝိုင္းတခုကို ဖ်က္စီးဖုိ႔ ရည္႐ြယ္ခ်က္နဲ႔ လုပ္ခဲ့တယ္ဆိုတဲ့ အေထာက္အထား တစံုတရာ မေတြ႔ရဘူးလို႔ အဖဲြ႔ဝင္ ၄ ဦးပါတဲ့ ေကာ္မ႐ွင္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လံုၿခံဳေရးတပ္ဖဲြ႔ဝင္ေတြရဲ႕လုပ္ရပ္ဟာ လူမ်ဳိး၊ တိုင္းရင္းသား၊ အသားအေရာင္ ဘာသာတခုကို ဖ်က္စီးဖို႔ ရည္႐ြယ္ခ်က္နဲ႔ လုပ္ခဲ့တယ္၊ လူမ်ဳိးတုံးသတ္ျဖတ္ဖုိ႔ လုပ္ခဲ့တယ္လို႔ ေကာက္ခ်က္ဆြဲႏိုင္ေလာက္ေအာင္ အေထာက္အထား ခိုင္ခိုင္လံုလံု မေတြ႔ရဘူးလုိ႔ ေျပာပါတယ္။ ဒါေပမဲ့ ၂၀၁၇ ခုႏွစ္တုန္းက စစ္တပ္ရဲ႕ လုပ္ရပ္ေတြအတြင္း စစ္ရာဇဝတ္က်ဴးလြန္မႈ၊ ႀကီးေလးတဲ့လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကို စစ္တပ္အပါအဝင္၊ သက္ဆိုင္သူေတြ က်ဴးလြန္ခ့ဲတယ္ဆိုတာေတာ့ ခိုင္လံုတဲ့အေထာက္အထားေတြ ေတြ႔ရတယ္လို႔ စံုစမ္းမႈေတြလုပ္ခဲ့တဲ့ ေကာ္မ႐ွင္ကရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

အျပစ္မဲ့႐ြာသားေတြကို သတ္ျဖတ္တာ၊ သူတို႔ေနအိမ္ေတြကို ဖ်က္စီးတာ စတဲ့လုပ္ရပ္ေတြကို က်ဴးလြန္ခဲ့တယ္လို႔ ေျပာပါတယ္။ ႐ြာသားေတြနဲ႔ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြကို ေမးျမန္းစံုစမ္းၿပီးေရးသားတဲ့ အစီရင္ခံစာထဲမွာ၊ ကင္းစခန္း ၃၀ ကိုတိုက္ခိုက္မႈ၊ နယ္ေျမ႐ွင္းလင္းေရးလုပ္ေအာင္ တြန္းပို႔မႈတို႔အတြက္ ႐ုိဟင္ဂ်ာစစ္ေသြးႂကြေတြကို အျပစ္တင္ထားပါတယ္။ သူတုိ႔ေတ႔ြ႐ွိခ်က္အစီရင္ခံစာကို ျမန္မာအစိုးရကို ေပးပို႔လိုက္ၿပီျဖစ္ေပမဲ့ အစီရင္ခံစာကို လူသိ႐ွင္ၾကား ထုတ္ျပန္ျခင္း မ႐ွိေသးပါဘူး။

ျမန္မာအစိုးရ ဖဲြ႔စည္းထားတဲ့ လြတ္လပ္တဲ့စံုစမ္းစစ္ေဆးေရးေကာ္မ႐ွင္ထဲမွာ ျပည္တြင္းက ကၽြမ္းက်င္သူ ၂ ေယာက္အျပင္ ဖိလစ္ပိုင္ ဒုႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Rosario Manalo၊ ကုလသမဂၢဆိုင္ရာ ဂ်ပန္သံအမတ္ႀကီးေဟာင္း Kenzo Oshima တုိ႔ပါဝင္ပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို ျမန္မာအစိုးရက လက္မခံသလုိ ေကာ္မ႐ွင္ကလည္း ႐ိုဟင္ဂ်ာလို႔ သံုးႏႈန္းတာ မ႐ွိခဲ့ပါဘူး။

.....................

လူမျိုးတုံးသတ်ဖြတ်မှုအထောက်အထားမတွေ့ရဟု ICOE ထုတ်ပြန်

(Unicode)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရဘူးလို့ ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သတ်ဖြတ်မှုတွေ၊ အိုးအိမ်စွန့်ခွာရတဲ့ အခြေအနေဖြစ်အောင် လုပ်ခဲ့တာတွေဟာ မွတ်ဆလင် ဒါမှမဟုတ် တခြားလူမှုအသိုင်းအဝိုင်းတခုကို ဖျက်စီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထား တစုံတရာ မတွေ့ရဘူးလို့ အဖွဲ့ဝင် ၄ ဦးပါတဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လုပ်ရပ်ဟာ လူမျိုး၊ တိုင်းရင်းသား၊ အသားအရောင် ဘာသာတခုကို ဖျက်စီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်၊ လူမျိုးတုံးသတ်ဖြတ်ဖို့ လုပ်ခဲ့တယ်လို့ ကောက်ချက်ဆွဲနိုင်လောက်အောင် အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ လုပ်ရပ်တွေအတွင်း စစ်ရာဇဝတ်ကျူးလွန်မှု၊ ကြီးလေးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်တပ်အပါအဝင်၊ သက်ဆိုင်သူတွေ ကျူးလွန်ခဲ့တယ်ဆိုတာတော့ ခိုင်လုံတဲ့အထောက်အထားတွေ တွေ့ရတယ်လို့ စုံစမ်းမှုတွေလုပ်ခဲ့တဲ့ ကော်မရှင်ကရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အပြစ်မဲ့ရွာသားတွေကို သတ်ဖြတ်တာ၊ သူတို့နေအိမ်တွေကို ဖျက်စီးတာ စတဲ့လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။ ရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မေးမြန်းစုံစမ်းပြီးရေးသားတဲ့ အစီရင်ခံစာထဲမှာ၊ ကင်းစခန်း ၃၀ ကိုတိုက်ခိုက်မှု၊ နယ်မြေရှင်းလင်းရေးလုပ်အောင် တွန်းပို့မှုတို့အတွက် ရိုဟင်ဂျာစစ်သွေးကြွတွေကို အပြစ်တင်ထားပါတယ်။ သူတို့တေ့ွရှိချက်အစီရင်ခံစာကို မြန်မာအစိုးရကို ပေးပို့လိုက်ပြီဖြစ်ပေမဲ့ အစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

မြန်မာအစိုးရ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ထဲမှာ ပြည်တွင်းက ကျွမ်းကျင်သူ ၂ ယောက်အပြင် ဖိလစ်ပိုင် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း Rosario Manalo၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီးဟောင်း Kenzo Oshima တို့ပါဝင်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံသလို ကော်မရှင်ကလည်း ရိုဟင်ဂျာလို့ သုံးနှုန်းတာ မရှိခဲ့ပါဘူး။

VOA (Burmese)
https://burmese.voanews.com
လူမ်ိဳးတုံးသတ္ျဖတ္မႈ အေထာက္အထားမေတြ႕ရဟု ICOE ထုတ္ျပန္ လူမ်ိဳးတုံးသတ္ျဖတ္မႈ အေထာက္အထားမေတြ႕ရဟု ICOE ထုတ္ျပန္ Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.