တ႐ုတ္ႏိုင္ငံ Corona ဗိုင္းရပ္ပိုး ကူးစက္ခံရသူ ၂၀၀ေက်ာ္ထိ တိုးလာ


(Zawgyi / Unicode)

တ႐ုတ္ႏိုင္ငံ အလယ္ပိုင္းက Wuhan ၿမိဳ႕မွာ အသက္႐ူလမ္းေၾကာင္းထိခိုက္ႏိုင္တဲ့ Coronavirus ပိုး ေနာက္ထပ္ကူးစက္သူ ၿပီးခဲ့တဲ့ ၃ ရက္အတြင္း ၁၃၆ ေယာက္႐ွိခဲ့တယ္လို႔ တ႐ုတ္က်န္းမာေရး တာဝန္႐ွိသူေတြ အတည္ျပဳေျပာလိုက္ပါတယ္။ ေဘဂ်င္းၿမိဳ႕မွာ Virus ပိုးကူးသူ ၂ ေယာက္ ႏိုင္ငံေတာင္ပိုင္း Shenzhen ၿမိဳ႕မွာကူးစက္သူ ၁ ေယာက္အပါအဝင္ Coronavirus ပိုးကူးသူ စုစုေပါင္း ၂ ရာေက်ာ္သြားၿပီလို႔ Wuhan က်န္းမာေရးေကာ္မ႐ွင္က အတည္ျပဳပါတယ္။

ပိုးကူးစက္ေနသူအမ်ားစုရဲ႕ ေရာဂါလကၡဏာေတြ မျပင္းထန္ၾကေပမဲ့၊ ၃ ေယာက္ေသဆံုးတယ္လို႔ တ႐ုတ္ကလာတဲ့ သတင္းေတြကေျပာပါတယ္။ တ႐ုတ္ႏုိင္ငံမွာ လူဦးေရအထူထပ္ဆံုးၿမိဳ႕ထဲမွာပါတဲ့ Wuhan ၿမိဳ႕က ဆရာဝန္ေတြဟာ နမိုးနီးယား အဆုတ္ေရာင္ေရာဂါ ျဖစ္ေနႏိုင္သူေတြကို စစ္ေဆးမႈေတြ တုိးျမွင့္လုပ္ေနပါတယ္။ Wuhan ၿမိဳ႕ကေနလာတဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ အမ်ဳိးသမီးတေယာက္မွာ Coronavirus ပိုးကူးစက္ေနတယ္လို႔ ေတာင္ကိုရီးယားက်န္းမာေရးတာဝန္႐ွိသူေတြကလည္း ဒီကေန႔ အတည္ျပဳပါတယ္။

ထိုင္းနဲ႔ ဂ်ပန္ႏိုင္ငံေတြမွာလည္း Virus ပိုးကူးစက္ေနသူေတြ႐ွိတယ္ဆိုတာ အတည္ျပဳထားၿပီးျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာလည္း Wuhan ကလာတဲ့ေလယာဥ္ေတြဆိုက္တဲ့ San Francisco, Los Angeles, နဲ႔ New York ၿမိဳ႕ကေလဆိပ္ ၃ ခုမွာ ေသာၾကာေန႔ထဲကစလို႔ ခရီးသည္ေတြရဲ႕ က်န္းမာေရးအေျခအေန စိစစ္မႈေတြကို လုပ္ေနပါတယ္။

အလားတူပဲ ဂ်ပန္၊ ထုိင္း၊ ေတာင္ကိုရီးယား၊ စကၤာပူႏိုင္ငံေတြမွာလည္း ေလဆိပ္ေတြမွာ ေစာင့္ၾကည့္စစ္ေဆးမႈေတြလုပ္ေနပါတယ္။ ဇန္နဝါရီ ၂၅ ရက္ေန႔မွာ စတင္မယ့္ တ႐ုတ္ႏွစ္သစ္ကူးကာလအတြင္း တ႐ုတ္လူမ်ဳိး ၁ ဘီလ်ံခြဲေလာက္ တ႐ုတ္ျပည္တြင္းတင္မက ျပည္ပကိုပါ ခရီးသြားၾကမယ္လို႔ ခန္႔မွန္းရတဲ့အတြက္ Coronavirus ပိုးကူးစက္ပ်ံ႕ႏွံ႔မွာကို တ႐ုတ္နဲ႔ အေမရိကန္က်န္းမာေရးတာဝန္႐ွိသူေတြ စိုးရိမ္ေနၾကပါတယ္။

Coronavirus ပိုးကူးစက္သူေတြအေနနဲ႔ သာမန္အေအးမိတာမ်ဳိးကေန အသက္႐ူလမ္းေၾကာင္းထိခိုက္ၿပီး အသက္ဆံုး႐ႈံးတဲ့အထိ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ တကိုယ္ေရသန္႔႐ွင္းမႈအတြက္ သတိထားၾကဖုိ႔နဲ႔ ေခ်ာင္းဆိုး၊ ႏွာေျခတဲ့အခါ ပါးစပ္ကို အုပ္ထားၾကဖုိ႔လည္း ဆရာဝန္ေတြ တိုက္တြန္းေနၾကပါတယ္။

...................

တရုတ်နိုင်ငံ Corona ဗိုင်းရပ်ပိုး ကူးစက်ခံရသူ နှစ်ရာကျော်ထိ တိုးလာ

(Unicode)

တရုတ်နိုင်ငံ အလယ်ပိုင်းက Wuhan မြို့မှာ အသက်ရူလမ်းကြောင်းထိခိုက်နိုင်တဲ့ Coronavirus ပိုး နောက်ထပ်ကူးစက်သူ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ၁၃၆ ယောက်ရှိခဲ့တယ်လို့ တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေ အတည်ပြုပြောလိုက်ပါတယ်။ ဘေဂျင်းမြို့မှာ Virus ပိုးကူးသူ ၂ ယောက် နိုင်ငံတောင်ပိုင်း Shenzhen မြို့မှာကူးစက်သူ ၁ ယောက်အပါအဝင် Coronavirus ပိုးကူးသူ စုစုပေါင်း ၂ ရာကျော်သွားပြီလို့ Wuhan ကျန်းမာရေးကော်မရှင်က အတည်ပြုပါတယ်။

ပိုးကူးစက်နေသူအများစုရဲ့ ရောဂါလက္ခဏာတွေ မပြင်းထန်ကြပေမဲ့၊ ၃ ယောက်သေဆုံးတယ်လို့ တရုတ်ကလာတဲ့ သတင်းတွေကပြောပါတယ်။ တရုတ်နိုင်ငံမှာ လူဦးရေအထူထပ်ဆုံးမြို့ထဲမှာပါတဲ့ Wuhan မြို့က ဆရာဝန်တွေဟာ နမိုးနီးယား အဆုတ်ရောင်ရောဂါ ဖြစ်နေနိုင်သူတွေကို စစ်ဆေးမှုတွေ တိုးမြှင့်လုပ်နေပါတယ်။ Wuhan မြို့ကနေလာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတယောက်မှာ Coronavirus ပိုးကူးစက်နေတယ်လို့ တောင်ကိုရီးယားကျန်းမာရေးတာဝန်ရှိသူတွေကလည်း ဒီကနေ့ အတည်ပြုပါတယ်။

ထိုင်းနဲ့ ဂျပန်နိုင်ငံတွေမှာလည်း Virus ပိုးကူးစက်နေသူတွေရှိတယ်ဆိုတာ အတည်ပြုထားပြီးဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း Wuhan ကလာတဲ့လေယာဉ်တွေဆိုက်တဲ့ San Francisco, Los Angeles, နဲ့ New York မြို့ကလေဆိပ် ၃ ခုမှာ သောကြာနေ့ထဲကစလို့ ခရီးသည်တွေရဲ့ ကျန်းမာရေးအခြေအနေ စိစစ်မှုတွေကို လုပ်နေပါတယ်။

အလားတူပဲ ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယား၊ စင်္ကာပူနိုင်ငံတွေမှာလည်း လေဆိပ်တွေမှာ စောင့်ကြည့်စစ်ဆေးမှုတွေလုပ်နေပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့မှာ စတင်မယ့် တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်လူမျိုး ၁ ဘီလျံခွဲလောက် တရုတ်ပြည်တွင်းတင်မက ပြည်ပကိုပါ ခရီးသွားကြမယ်လို့ ခန့်မှန်းရတဲ့အတွက် Coronavirus ပိုးကူးစက်ပျံ့နှံ့မှာကို တရုတ်နဲ့ အမေရိကန်ကျန်းမာရေးတာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။

Coronavirus ပိုးကူးစက်သူတွေအနေနဲ့ သာမန်အအေးမိတာမျိုးကနေ အသက်ရူလမ်းကြောင်းထိခိုက်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တကိုယ်ရေသန့်ရှင်းမှုအတွက် သတိထားကြဖို့နဲ့ ချောင်းဆိုး၊ နှာခြေတဲ့အခါ ပါးစပ်ကို အုပ်ထားကြဖို့လည်း ဆရာဝန်တွေ တိုက်တွန်းနေကြပါတယ်။

VOA (Burmese)
https://burmese.voanews.com
တ႐ုတ္ႏိုင္ငံ Corona ဗိုင္းရပ္ပိုး ကူးစက္ခံရသူ ၂၀၀ေက်ာ္ထိ တိုးလာ တ႐ုတ္ႏိုင္ငံ Corona ဗိုင္းရပ္ပိုး ကူးစက္ခံရသူ ၂၀၀ေက်ာ္ထိ တိုးလာ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.