အေျခခံဥပေဒျပင္ဆင္ေရးမူၾကမ္းႏွစ္ခု ၄၅ ဦးေကာ္မတီ ေဆြးေႏြး လက္မွတ္ထိုး

(Zawgyi)⤵⤵⤵
၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အခန္း ၁၂ မွာပါတဲ့ ပုဒ္မ ၄၃၆ ( က )နဲ႔ (ခ) အရ ဖြဲ႕စည္းပုံျပင္ဆင္ေရး ဥပေဒမူၾကမ္း ႏွစ္ခုကို လႊတ္ေတာ္ကိုယ္စားလွယ္ ၂၀ ရာခိုင္ႏႈန္းလက္မွတ္နဲ႔ ျပည္ေထာင္စု လႊတ္ေတာ္ကို တင္ျပပါေတာ့မယ္။

အဲဒီ ဥပေဒမူၾကမ္း ႏွစ္ခု ရရွိဖို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ပူးပါင္းေကာ္မတီဟာ အခ်ိန္ ၁၁ လၾကာ ႀကိဳးပမ္းခဲ့ၾကၿပီး ဒီကာလအေတာ္အတြင္း ေကာ္မတီကို အယုံအၾကည္မရွိလို႔ ႏုတ္ထြက္သူေတြရွိခဲ့သလို ေကာ္မတီက တရားမဝင္ပါဘူး ဆိုၿပီး ကန႔္ကြက္သူေတြလည္း ရွိခဲ့ပါတယ္။

အဖြဲ႕ဝင္ ၄၅ ဦးပါတဲ့ ဒီပူး‌ေပါင္းေကာ္မတီဝင္ ကိုယ္စားလွယ္ ၃၀ နီးပါးဟာ ဒီေန႔ အစည္းအေဝးမွာ ဥပေဒမူၾကမ္း ႏွစ္ခုကို စတင္ လက္မွတ္ေရးထိုးခဲ့ၾကၿပီး လာမယ့္ ဇန္နဝါရီလ ၂၃ ရက္ေန႔ ေနျပည္ေတာ္ စည္ပင္ရိပ္သာမွာ ျပဳလုပ္မယ့္ လက္မွတ္ထိုးပြဲမွာ ၂၀ ရာခိုင္ႏႈန္းျပည့္မွီဖို႔ ပါတီအသီးသီးက လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုလည္း ဖိတ္ေခၚထားတယ္လို႔ သိရပါတယ္။

၄၅ ဦးပူးေပါင္းေကာ္မတီမွာ ပါဝင္တဲ့ တပ္မေတာ္သားကိုယ္စားလွယ္ေတြက ဒီေန႔ အစည္းအေဝးကို တက္ေရာက္ျခင္းမရွိသလို ဥပေဒမူၾကမ္း ႏွစ္ခုကိုလည္း အတည္ျပဳ လက္မွတ္ထိုးျခင္း မရွိေသးပါဘူး။

လက္မွတ္ထိုးခဲ့တဲ့ ကိုယ္စားလွယ္ေတြကေတာ့ NLD ပါတီ၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ၊ မြန္ညီၫြတ္ေရးပါတီ၊ ကိုးကန႔္ဒီမိုကရက္တစ္ပါတီ၊ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ စတဲ့ ပါတီေတြက လႊတ္ေတာ္ ကိုယ္စားလွယ္ ၃၀ နီးပါးျဖစ္ပါတယ္။

ဖြဲ႕စည္းပုံ အေျခခံဥပေဒ မူၾကမ္းတစ္ခုကို လႊတ္ေတာ္တင္ႏိုင္ဖို႔ဆိုရင္ ကိုယ္စားလွယ္ ၂၀ ရာခိုင္ႏႈန္းက လက္မွတ္ထိုးရမွာျဖစ္ၿပီး ကိုယ္စားလွယ္ ၁၄၅ ဦးခန႔္က သေဘာတူဖို႔ လိုအပ္ပါတယ္။

တပ္မေတာ္သား ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဒုတိယဗိုလ္မႉးႀကီး မ်ိဳးထက္ဝင္း ကေတာ့ တိုင္းရင္းသားအမတ္ေတြ အားလုံးမပါဝင္ဘဲ မဲခြဲဆုံးျဖတ္ရတဲ့ပုံစံကို လက္မခံႏိုင္တဲ့အတြက္ အစည္းအေဝးကို မတက္တာလို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

ဒါေၾကာင့္ ပူးေပါင္းေကာ္မတီက ထြက္ေပၚလာတဲ့ မူၾကမ္း ႏွစ္ခုကို တပ္မေတာ္ဘက္က အတည္ျပဳ လက္မွတ္ထိုးမလား မထိုးဘူးလားဆိုတာ မသိရေသးပါဘူး။

ဖြဲ႕စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီမွာ ေကာ္မတီဝင္ ၄၅ ဦး ရွိေပမယ့္ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ၊ ရခိုင္အမ်ိဳးသားပါတီ ANP စတဲ့ ပါတီေတြက ကိုယ္စားလွယ္ေတြ ႏုတ္ထြက္ထားတဲ့အတြက္ အေယာက္ ၄၀ သာ က်န္ခဲ့ပါတယ္။

တိုင္းရင္းသားလႊတ္ေတာ္ ကိုယ္စားလွယ္တခ်ိဳ႕က ခရီးေဝးတဲ့အတြက္ အခ်ိန္မွီ မေရာက္ႏိုင္တာျဖစ္ၿပီး ဇန္နဝါရီလ ၂၃ ရက္ေန႔ လက္မွတ္ထိုးပြဲကိုေတာ့ တက္ေရာက္မယ္ဆိုၿပီး ဆက္သြယ္လာတာ ရွိတယ္လို႔ ေဒါက္တာ ျမတ္ဉာဏစိုးက ေျပာပါတယ္။

ပုဒ္မ ၂၆၁ ဟာ တိုင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြကို တိုင္းနဲ႔ ျပည္နယ္လႊတ္ေတာ္ေတြက ခန႔္အပ္ပိုင္ခြင့္နဲ႔ သက္ဆိုင္တဲ့ ပုဒ္မျဖစ္ပါတယ္။

ဖြဲ႕စည္းပုံ အေျခခံဥပေဒ အခန္း ၁၂ မွာပါတဲ့ ပုဒ္မ ၄၃၆ (က) အရ ပုဒ္မေတြကို ျပင္ဆင္လိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္႐ုံနဲ႔ မရေသးဘဲ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲ က်င္းပရမယ္လို႔ ျပဌာန္းထားပါတယ္။

ပုဒ္မ ၄၃၆ (ခ)မွာ ျပဌာန္းခ်က္အရ တခ်ိဳ႕ပုဒ္မေတြကို လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္က သေဘာတူရင္ ျပင္ဆင္ေရး ေဆာင္႐ြက္ႏိုင္တယ္လို႔ ပါရွိပါတယ္။

ႏိုင္ငံေရးေလ့လာသူ ေဒါက္တာ ရန္မ်ိဳးသိမ္းက ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ေအာင္ျမင္ဖို႔ တပ္မေတာ္နဲ႔ NLD ပါတီ ကိုယ္စားလွယ္ေတြ ေထာက္ခံမူရွိဖို႔ အေရးႀကီးတယ္လို႔ ေျပာပါတယ္။

မၾကာခင္ က်င္းပမယ့္ ျပည္ေထာင္စု လႊတ္ေတာ္မွာ တပ္မေတာ္နဲ႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ကိုယ္စားလွယ္ေတြ တင္ျပထားတဲ့ ဥပေဒမူၾကမ္း ငါးခု၊ ၄၅ ဦးပါ ပူးေပါင္းေကာ္မတီက တင္မယ့္ ဥပေဒမူၾကမ္း ႏွစ္ခု စုစုေပါင္း ခုႏွစ္ခုကို တစ္ၿပိဳင္တည္း ေဆြးေႏြးမွာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းနှစ်ခု ၄၅ ဦးကော်မတီ ဆွေးနွေး လက်မှတ်ထိုး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ မှာပါတဲ့ ပုဒ်မ ၄၃၆ ( က )နဲ့ (ခ) အရ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်း နှစ်ခုကို လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းလက်မှတ်နဲ့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြပါတော့မယ်။

အဲဒီ ဥပဒေမူကြမ်း နှစ်ခု ရရှိဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပါင်းကော်မတီဟာ အချိန် ၁၁ လကြာ ကြိုးပမ်းခဲ့ကြပြီး ဒီကာလအတော်အတွင်း ကော်မတီကို အယုံအကြည်မရှိလို့ နုတ်ထွက်သူတွေရှိခဲ့သလို ကော်မတီက တရားမဝင်ပါဘူး ဆိုပြီး ကန့်ကွက်သူတွေလည်း ရှိခဲ့ပါတယ်။

အဖွဲ့ဝင် ၄၅ ဦးပါတဲ့ ဒီပူး‌ပေါင်းကော်မတီဝင် ကိုယ်စားလှယ် ၃၀ နီးပါးဟာ ဒီနေ့ အစည်းအဝေးမှာ ဥပဒေမူကြမ်း နှစ်ခုကို စတင် လက်မှတ်ရေးထိုးခဲ့ကြပြီး လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ နေပြည်တော် စည်ပင်ရိပ်သာမှာ ပြုလုပ်မယ့် လက်မှတ်ထိုးပွဲမှာ ၂၀ ရာခိုင်နှုန်းပြည့်မှီဖို့ ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

၄၅ ဦးပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ဒီနေ့ အစည်းအဝေးကို တက်ရောက်ခြင်းမရှိသလို ဥပဒေမူကြမ်း နှစ်ခုကိုလည်း အတည်ပြု လက်မှတ်ထိုးခြင်း မရှိသေးပါဘူး။

လက်မှတ်ထိုးခဲ့တဲ့ ကိုယ်စားလှယ်တွေကတော့ NLD ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ စတဲ့ ပါတီတွေက လွှတ်တော် ကိုယ်စားလှယ် ၃၀ နီးပါးဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတစ်ခုကို လွှတ်တော်တင်နိုင်ဖို့ဆိုရင် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက လက်မှတ်ထိုးရမှာဖြစ်ပြီး ကိုယ်စားလှယ် ၁၄၅ ဦးခန့်က သဘောတူဖို့ လိုအပ်ပါတယ်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း ကတော့ တိုင်းရင်းသားအမတ်တွေ အားလုံးမပါဝင်ဘဲ မဲခွဲဆုံးဖြတ်ရတဲ့ပုံစံကို လက်မခံနိုင်တဲ့အတွက် အစည်းအဝေးကို မတက်တာလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါကြောင့် ပူးပေါင်းကော်မတီက ထွက်ပေါ်လာတဲ့ မူကြမ်း နှစ်ခုကို တပ်မတော်ဘက်က အတည်ပြု လက်မှတ်ထိုးမလား မထိုးဘူးလားဆိုတာ မသိရသေးပါဘူး။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ကော်မတီဝင် ၄၅ ဦး ရှိပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ ANP စတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေ နုတ်ထွက်ထားတဲ့အတွက် အယောက် ၄၀ သာ ကျန်ခဲ့ပါတယ်။

တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တချို့က ခရီးဝေးတဲ့အတွက် အချိန်မှီ မရောက်နိုင်တာဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ လက်မှတ်ထိုးပွဲကိုတော့ တက်ရောက်မယ်ဆိုပြီး ဆက်သွယ်လာတာ ရှိတယ်လို့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

ပုဒ်မ ၂၆၁ ဟာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေက ခန့်အပ်ပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ မှာပါတဲ့ ပုဒ်မ ၄၃၆ (က) အရ ပုဒ်မတွေကို ပြင်ဆင်လိုရင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရုံနဲ့ မရသေးဘဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမယ်လို့ ပြဌာန်းထားပါတယ်။

ပုဒ်မ ၄၃၆ (ခ)မှာ ပြဌာန်းချက်အရ တချို့ပုဒ်မတွေကို လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရင် ပြင်ဆင်ရေး ဆောင်ရွက်နိုင်တယ်လို့ ပါရှိပါတယ်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ဖွဲ့စည်းပုံ ပြင်ဆင်ရေး အောင်မြင်ဖို့ တပ်မတော်နဲ့ NLD ပါတီ ကိုယ်စားလှယ်တွေ ထောက်ခံမူရှိဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

မကြာခင် ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်မှာ တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ ဥပဒေမူကြမ်း ငါးခု၊ ၄၅ ဦးပါ ပူးပေါင်းကော်မတီက တင်မယ့် ဥပဒေမူကြမ်း နှစ်ခု စုစုပေါင်း ခုနှစ်ခုကို တစ်ပြိုင်တည်း ဆွေးနွေးမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
အေျခခံဥပေဒျပင္ဆင္ေရးမူၾကမ္းႏွစ္ခု ၄၅ ဦးေကာ္မတီ ေဆြးေႏြး လက္မွတ္ထိုး အေျခခံဥပေဒျပင္ဆင္ေရးမူၾကမ္းႏွစ္ခု ၄၅ ဦးေကာ္မတီ ေဆြးေႏြး လက္မွတ္ထိုး Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.