ICJ မွာ ျမန္မာ့အေရး ဆုံးျဖတ္ခ်က္ခ်မယ့္အေပၚ ဥပေဒအရ ျပင္ဆင္ထားၿပီလို႔ ျမန္မာေျပာ

 အျပည္ျပည္ဆိုင္ရာ တရား႐ုံးေရာက္ ေဒၚေအာင္ဆန္းစုၾကည္
(Zawgyi)⤵⤵⤵
နယ္သလန္ႏိုင္ငံ သည္ဟိဂ္ၿမိဳ႕ အေျခစိုက္ ကုလသမဂၢရဲ႕ ႏိုင္ငံတကာတရား႐ုံး ICJ မွာ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးနဲ႔ အျပစ္ေပးေရးဆိုင္ရာ ကုလသမဂၢပဋိဉာဥ္ကို ခ်ိဳးေဖာက္တယ္ဆိုၿပီး တရားစြဲဆို ၾကားျဖတ္အစီအမံ ခ်မွတ္ဖို႔ေတာင္းဆိုထားတဲ့ ဆုံးျဖတ္ခ်က္ ထြက္လာမယ့္ ဇန္နဝါရီလ ၂၃ ရက္ေန႔မွာ ျမန္မာဘက္က ကိုယ္စားလွယ္ေစလႊတ္ဖို႔ စီစဥ္ထားၿပီးျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ႏိုင္ငံေရးရာဌာနရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ကိုက ဘီဘီစီကို ေျပာပါတယ္။

"၂၃ ရက္ေန႔မွာ အိုင္စီေဂ်က ထုတ္ျပန္ဖို႔ ရွိတာေပါ့၊ အဲ့ဒီအတြက္ ဥပေဒပိုင္းဆိုင္ရာ လိုအပ္တဲ့ အစီအမံေတြ လုပ္ထားပါတယ္၊ ကိုယ္စားလွယ္ ေစလႊတ္ဖို႔လည္း ရွိပါတယ္" လို႔ ႏိုင္ငံေရးရာဌာနရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ကိုက ေျပာပါတယ္။

ICJ ဘက္ကေတာ့ ႐ိုဟင္ဂ်ာေတြအေပၚမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္းကို ျမန္မာက ခ်ိဳးေဖာက္တယ္ဆိုၿပီး ၾကားျဖတ္အစီအမံေတြ ခ်မွတ္ေပးဖို႔ ဂမ္ဘီယာႏိုင္ငံက အစၥလာမ္မစ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ ICJ ကိုယ္စား အမႈဖြင့္ထားတာျဖစ္ပါတယ္။

ICJ အဆုံးအျဖတ္ ထြက္လာမယ့္ေန႔မွာ ျမန္မာဘက္က ဘယ္သူ႔ကို ကိုယ္စားလွယ္ေစလႊတ္မယ္၊ ဥပေဒပိုင္းဆိုင္ရာ ဘယ္လို ေလွ်ာက္ထားမယ္ဆိုတဲ့ အေသးစိတ္ကိုေတာ့ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ကိုက တိတိပပ မေျပာပါဘူး။

ဒီအမႈကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၀ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိ ICJ မွာ ၾကားနာခဲ့ပါတယ္။

ရခိုင္ေျမာက္ပိုင္းက ပဋိပကၡေတြေၾကာင့္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္စခန္းေတြကို ထြက္ေျပးခိုလႈံခဲ့တဲ့ ႐ိုဟင္ဂ်ာ ၇ သိန္းေက်ာ္ ရွိတယ္လို႔ ကုလသမဂၢက ထုတ္ျပန္ထားပါတယ္။

အစိုးရက ဖြဲ႕ထားတဲ့ ရခိုင္ျပည္နယ္ လူသားခ်င္းစာနာမႈ အကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္လည္ ေနရာခ်ထားေရး၊ ဖြံ႕ၿဖိဳးေရး ေကာ္မတီ(UEHRD) ဥကၠ႒ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးကေတာ့ ICJ အတြက္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ကို UEHRD က ေဆာင္႐ြက္ေနတဲ့ အခ်က္အလက္ေတြ ပို႔ထားၿပီး ျဖစ္တယ္လို႔ ေျပာပါတယ္။
၂၀၁၈ ခု ဧၿပီတုန္းက ဘဂၤလားေဒ့ရွ္ဘက္ေရာက္ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ျမန္မာ ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး

ျမန္မာအစိုးရနဲ႔ ဘဂၤလားေဒ့ရွ္အၾကား ႐ိုဟင္ဂ်ာေတြ တရားဝင္လမ္းေၾကာင္းကေန ျပန္လာဖို႔ ၂ ႀကိမ္ တိုင္တိုင္ ေဆာင္႐ြက္ၿပီးကာမွ ျပန္လာမယ့္ေန႔မွာ ျမန္မာဘက္က စခန္းကို တစ္ဦးတစ္ေယာက္မွ ျပန္မလာခဲ့ၾကပါဘူး။

ေဒါက္တာဝင္းျမတ္ေအးကေတာ့ "သူတို႔ဆီက ပို႔လာတဲ့စာရင္းက တကယ္ပဲ ျပန္လာခ်င္လို႔ဆိုတဲ့ အေျခအေနသေဘာ မေပၚလြင္ဘူး၊ ၂ ႏိုင္ငံ သေဘာတူညီခ်က္က ႐ိုး႐ိုးရွင္းရွင္းေလး၊ ဒီက ေပးတဲ့ ပုံစံေတြကို ဟိုဘက္က ျပန္လာမယ့္သူေတြက မ်က္ဝါးထင္ထင္ ေတြ႕ၿပီးေတာ့ ဒါေတြကို သေဘာေပါက္နားလည္ၿပီးေတာ့ ဒါေတြကို ျဖည့္စြက္ၿပီးေတာ့ တာဝန္ရွိတဲ့သူက ျပန္ပို႔ရမွာ၊ ခုက အဲ့လို မဟုတ္ဘူး ျဖစ္ေနတယ္" လို႔ ေျပာပါတယ္။

"လတ္တေလာမွာေတာ့ ျပန္လာခ်င္တဲ့ ဟိႏၷဴ ၄၀၀ ေက်ာ္ ရွိၿပီးေတာ့ ဒီဘက္ကလည္း စစ္ေဆးၿပီး စာရင္းေတြလည္း ျပန္ပို႔ထားၿပီး ျဖစ္တယ္" လို႔ ေဒါက္တာဝင္းျမတ္ေအးက ဆက္ေျပာပါတယ္။

လာမယ့္၂၃ ရက္ေန႔မွာေတာ့ ဂမ္ဘီယာဘက္က ICJ ကို တင္ထားတဲ့အထဲက ၾကားျဖတ္ အစီအမံခ်မွတ္ေပးဖို႔ ေတာင္းဆိုတာကို အဓိက ဆုံးျဖတ္ၾကမွာပါ။
 ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္တဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႕
ဂမ္ဘီယာဘက္က ေတာင္းထားတာက ၂ မ်ိဳးျဖစ္ၿပီး အၾကမ္းဖက္မႈ သတ္ျဖတ္မႈေတြရွိရင္ ဆက္မလုပ္ဖို႔နဲ႔ ဒုတိယ အခ်က္က သက္ေသ အေထာက္အထားေတြကို မဖ်က္ဆီးဘဲ ထိန္းသိမ္းထားဖို႔ ျဖစ္ပါတယ္။

ၾကားနာေလွ်ာက္လဲမႈေတြ ျပဳလုပ္ရာမွာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးေဆာင္ၿပီး ျမန္မာဘက္က ငွားရမ္းတဲ့ ေရွ႕ေနေတြနဲ႔ တဖက္က စြပ္စြဲခ်က္ေတြကို ျပန္လည္ေခ်ပခဲ့ပါတယ္။

ေခ်ပရာမွာ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က "ICJ တရားသူႀကီးေတြအေနနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုတဲ့ စြပ္စြဲခ်က္ကို ပယ္ဖ်က္ေပးဖို႔နဲ႔ ျမန္မာ့တရားေရးစနစ္ကို တရားမွ်တမႈ ျဖစ္ေအာင္လုပ္ဖို႔ အခြင့္ေပးသင့္ပါတယ္" လို႔ ေလွ်ာက္လဲခဲ့ပါတယ္။

ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးကလည္း လက္ရွိမွာ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္လာေရး UNDP (ကုလသမဂၢဖြံၿဖိဳးေရး အစီအစဥ္)၊ UNHCR (ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး) တို႔နဲ႔ သေဘာတူညီခ်က္ လက္မွတ္ေတြထိုးထားၿပီး ျဖစ္ေၾကာင္းနဲ႔ အဲဒီသေဘာတူညီခ်က္ေတြအတိုင္း ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ေပးဖို႔ လိုေနပါတယ္ လို႔ ေျပာပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ICJ မှာ မြန်မာ့အရေး ဆုံးဖြတ်ချက်ချမယ့်အပေါ် ဥပဒေအရ ပြင်ဆင်ထားပြီလို့ မြန်မာပြော

ဓာတ်ပုံ မူပိုင် International Court of Justice / Handout/Anadolu A
Image caption အပြည်ပြည်ဆိုင်ရာ တရားရုံးရောက် ဒေါ်အောင်ဆန်းစုကြည်

နယ်သလန်နိုင်ငံ သည်ဟိဂ်မြို့ အခြေစိုက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂပဋိဉာဉ်ကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆို ကြားဖြတ်အစီအမံ ချမှတ်ဖို့တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက် ထွက်လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မြန်မာဘက်က ကိုယ်စားလှယ်စေလွှတ်ဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဘီဘီစီကို ပြောပါတယ်။

"၂၃ ရက်နေ့မှာ အိုင်စီဂျေက ထုတ်ပြန်ဖို့ ရှိတာပေါ့၊ အဲ့ဒီအတွက် ဥပဒေပိုင်းဆိုင်ရာ လိုအပ်တဲ့ အစီအမံတွေ လုပ်ထားပါတယ်၊ ကိုယ်စားလှယ် စေလွှတ်ဖို့လည်း ရှိပါတယ်" လို့ နိုင်ငံရေးရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ပြောပါတယ်။

ICJ ဘက်ကတော့ ရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို မြန်မာက ချိုးဖောက်တယ်ဆိုပြီး ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ICJ ကိုယ်စား အမှုဖွင့်ထားတာဖြစ်ပါတယ်။

ICJ အဆုံးအဖြတ် ထွက်လာမယ့်နေ့မှာ မြန်မာဘက်က ဘယ်သူ့ကို ကိုယ်စားလှယ်စေလွှတ်မယ်၊ ဥပဒေပိုင်းဆိုင်ရာ ဘယ်လို လျှောက်ထားမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက တိတိပပ မပြောပါဘူး။

ဒီအမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ICJ မှာ ကြားနာခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို ထွက်ပြေးခိုလှုံခဲ့တဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

အစိုးရက ဖွဲ့ထားတဲ့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး ကော်မတီ(UEHRD) ဥက္ကဋ္ဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ ICJ အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို UEHRD က ဆောင်ရွက်နေတဲ့ အချက်အလက်တွေ ပို့ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် MUNIR UZ ZAMAN/AFP/Getty Images
Image caption ၂၀၁၈ ခု ဧပြီတုန်းက ဘင်္ဂလားဒေ့ရှ်ဘက်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ရိုဟင်ဂျာတွေ တရားဝင်လမ်းကြောင်းကနေ ပြန်လာဖို့ ၂ ကြိမ် တိုင်တိုင် ဆောင်ရွက်ပြီးကာမှ ပြန်လာမယ့်နေ့မှာ မြန်မာဘက်က စခန်းကို တစ်ဦးတစ်ယောက်မှ ပြန်မလာခဲ့ကြပါဘူး။

ဒေါက်တာဝင်းမြတ်အေးကတော့ "သူတို့ဆီက ပို့လာတဲ့စာရင်းက တကယ်ပဲ ပြန်လာချင်လို့ဆိုတဲ့ အခြေအနေသဘော မပေါ်လွင်ဘူး၊ ၂ နိုင်ငံ သဘောတူညီချက်က ရိုးရိုးရှင်းရှင်းလေး၊ ဒီက ပေးတဲ့ ပုံစံတွေကို ဟိုဘက်က ပြန်လာမယ့်သူတွေက မျက်ဝါးထင်ထင် တွေ့ပြီးတော့ ဒါတွေကို သဘောပေါက်နားလည်ပြီးတော့ ဒါတွေကို ဖြည့်စွက်ပြီးတော့ တာဝန်ရှိတဲ့သူက ပြန်ပို့ရမှာ၊ ခုက အဲ့လို မဟုတ်ဘူး ဖြစ်နေတယ်" လို့ ပြောပါတယ်။

"လတ်တလောမှာတော့ ပြန်လာချင်တဲ့ ဟိန္နူ ၄၀၀ ကျော် ရှိပြီးတော့ ဒီဘက်ကလည်း စစ်ဆေးပြီး စာရင်းတွေလည်း ပြန်ပို့ထားပြီး ဖြစ်တယ်" လို့ ဒေါက်တာဝင်းမြတ်အေးက ဆက်ပြောပါတယ်။

လာမယ့်၂၃ ရက်နေ့မှာတော့ ဂမ်ဘီယာဘက်က ICJ ကို တင်ထားတဲ့အထဲက ကြားဖြတ် အစီအမံချမှတ်ပေးဖို့ တောင်းဆိုတာကို အဓိက ဆုံးဖြတ်ကြမှာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့

ဂမ်ဘီယာဘက်က တောင်းထားတာက ၂ မျိုးဖြစ်ပြီး အကြမ်းဖက်မှု သတ်ဖြတ်မှုတွေရှိရင် ဆက်မလုပ်ဖို့နဲ့ ဒုတိယ အချက်က သက်သေ အထောက်အထားတွေကို မဖျက်ဆီးဘဲ ထိန်းသိမ်းထားဖို့ ဖြစ်ပါတယ်။

ကြားနာလျှောက်လဲမှုတွေ ပြုလုပ်ရာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး မြန်မာဘက်က ငှားရမ်းတဲ့ ရှေ့နေတွေနဲ့ တဖက်က စွပ်စွဲချက်တွေကို ပြန်လည်ချေပခဲ့ပါတယ်။

ချေပရာမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "ICJ တရားသူကြီးတွေအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စွပ်စွဲချက်ကို ပယ်ဖျက်ပေးဖို့နဲ့ မြန်မာ့တရားရေးစနစ်ကို တရားမျှတမှု ဖြစ်အောင်လုပ်ဖို့ အခွင့်ပေးသင့်ပါတယ်" လို့ လျှောက်လဲခဲ့ပါတယ်။

ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း လက်ရှိမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်လာရေး UNDP (ကုလသမဂ္ဂဖွံဖြိုးရေး အစီအစဉ်)၊ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) တို့နဲ့ သဘောတူညီချက် လက်မှတ်တွေထိုးထားပြီး ဖြစ်ကြောင်းနဲ့ အဲဒီသဘောတူညီချက်တွေအတိုင်း ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးဖို့ လိုနေပါတယ် လို့ ပြောပါတယ်။

BBC Burmese
https://www.bbc.com
ICJ မွာ ျမန္မာ့အေရး ဆုံးျဖတ္ခ်က္ခ်မယ့္အေပၚ ဥပေဒအရ ျပင္ဆင္ထားၿပီလို႔ ျမန္မာေျပာ ICJ မွာ ျမန္မာ့အေရး ဆုံးျဖတ္ခ်က္ခ်မယ့္အေပၚ ဥပေဒအရ ျပင္ဆင္ထားၿပီလို႔ ျမန္မာေျပာ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.