န်ဴသေဘာတူခ်က္အသစ္ အစားထိုးဖို႔ အီရန္ျငင္း

ဥေရာပႏိုင္ငံေတြ ကိုယ္ေျပာထားတာကိုယ္ လိုက္နာဖို႔လိုတယ္လို႔ အီရန္သမၼတေျပာ

(Zawgyi)⤵⤵⤵
၂၀၁၅ န်ဴကလီးယား သေဘာတူညီခ်က္ကို ထရမ့္ရဲ႕ သေဘာတူညီခ်က္အသစ္နဲ႔ အစားထိုးဖို႔ ယူေက ဝန္ႀကီးခ်ဳပ္က ေျပာတာကို အီရန္ဘက္က ျငင္းလိုက္ပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ န်ဴကလီးယား သေဘာတူညီခ်က္သစ္နဲ႔ အစားထိုးဖို႔ ယူေကဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က ေျပာတာကို အခုလို ျငင္းလိုက္တာ ျဖစ္ပါတယ္။

၂၀၁၅ သေဘာတူညီခ်က္မွာ အားနည္းခ်က္ေတြ ရွိေနတယ္လို႔ ထရမ့္က ယူဆေနတာကို သူသိထားေၾကာင္းနဲ႔ ျပန္ေဆြးေႏြးတာမ်ိဳး လုပ္ႏိုင္ေၾကာင္း ယူေက ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ဒါေပမဲ့ အီရန္သမၼတ ဟာဆန္႐ိုဟာနီကေတာ့ "ထရမ့္က ကတိေတြ ဖ်က္ပစ္ခဲ့တာပဲ"လို႔ ေျပာပါတယ္။

အီရန္က န်ဴသေဘာတူညီခ်က္ရဲ႕ အဓိက အခ်က္ေတြ ဆက္မလိုက္နာေတာ့တဲ့ေနာက္ ယူေက၊ ျပင္သစ္နဲ႔ ဂ်ာမနီတို႔က န်ဴသေဘာတူညီခ်က္ အျငင္းပြားမႈ လုပ္ငန္းစဥ္ စတင္လိုက္တဲ့ အေပၚကိုလည္း အဲဒီႏိုင္ငံေတြကို အီရန္သမၼတ ေဝဖန္လိုက္ပါတယ္။
၂၀၁၅ သေဘာတူညီခ်က္အရ န်ဴကလီးယား အစီအစဥ္ရဲ႕ လုပ္ငန္းအဆင့္တခ်ိဳ႕ကို အီရန္က ကန႔္သတ္ခဲ့

သမၼတ ထရမ့္က အီရန္နဲ႔ န်ဴသေဘာတူညီခ်က္ကို ၂၀၁၈ မွာ စြန႔္လႊတ္လိုက္တာျဖစ္ပါတယ္။ ၿပီးေတာ့ အီရန္ကို တားျမစ္ပိတ္ဆို႔မႈေတြ ျပန္စခဲ့ၿပီး သေဘာတူညီခ်က္အသစ္ ေဆြးေႏြးဖို႔ ဖိအားေပးခဲ့ပါတယ္။ အဲဒီသေဘာတူညီမႈအသစ္မွာ အီရန္ရဲ႕ န်ဴကလီးယား အစီအစဥ္ကို အကန႔္အသတ္မရွိ တားျမစ္ႏိုင္ဖို႔နဲ႔ ပဲ့ထိန္းဒုံး အဆင့္ျမႇင့္တင္ေရးကို ရပ္လိုက္ဖို႔ေတြ ပါရွိပါတယ္။

ျပင္သစ္နဲ႔ ဂ်ာမနီ အျပင္၂၀၁၅ စာခ်ဳပ္မွာ ပါဝင္ခဲ့တဲ့ ဥေရာပ သမဂၢ၊ တ႐ုတ္နဲ႔ ႐ုရွားတို႔ကေတာ့ စာခ်ဳပ္ကို ဆက္ရွိေစခ်င္ၾကပါတယ္။ ဒါေပမဲ့ ကန႔္သတ္ပိတ္ဆို႔ခ်က္ေတြေၾကာင့္ အီရန္ရဲ႕ ေရနံတင္ပို႔မႈ ၿပိဳလဲတာ၊ ေငြေၾကးတန္ဖိုးက်တာနဲ႔ ေငြေၾကးေဖာင္းပြမႈေတြ ျဖစ္ေစခဲ့ပါတယ္။

၂၀၁၉ ေမမွာ ထရမ့္အစိုးရက အီရန္ကို ဖိအားေတြ ပိုေပးခဲ့ၿပီးေနာက္မွာ အီရန္ဘက္ကလည္း သူ႔တို႔ကို ကန႔္သတ္ထားေတြကို တျဖည္းျဖည္း ျပန္စလုပ္လာပါတယ္။ ယူေရနီယံ သန႔္စင္ထုတ္လုပ္မႈကို ျပန္လုပ္ခဲ့တာ ျဖစ္ပါတယ္။ အဲဒါက န်ဴကလီးယား ဓာတ္အားေပးစက္႐ုံ လည္ပတ္ႏိုင္႐ုံမက န်ဴကလီးယား လက္နက္ထုတ္လုပ္ရာမွာလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

အဲဒီေနာက္ အီရန္ ထိပ္တန္း ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ ဆူေလမာနီကို အေမရိကန္က ေလေၾကာင္းကေန တိုက္ခိုက္လုပ္ႀကံလိုက္ၿပီးေနာက္ စာခ်ဳပ္အရ ေနာက္ဆုံးကန႔္သတ္ခ်က္ကို ရပ္လိုက္ၿပီလို႔ အီရန္ဘက္က ေၾကညာခဲ့ပါတယ္။

ဒါ့အျပင္ အီရန္က လက္တုံ႔ျပန္တဲ့ အေနနဲ႔ အီရတ္ဘက္က အေမရိကန္ စစ္စခန္းေတြကို ဒုံးက်ည္နဲ႔ တိုက္ခိုက္ခဲ့ပါတယ္။

အီရန္က သူတို႔ရဲ႕ န်ဴကလီးယား အစီအစဥ္က စြမ္းအင္ထုတ္လုပ္ဖို႔ပဲ ျဖစ္တယ္လို႔ အခိုင္အမာ ေျပာခဲ့ပါတယ္။ ပိတ္ဆို႔ခံထားရတာေတြ ျပန္ဖြင့္ဖို႔အတြက္ ၂၀၁၅ သေဘာတူညီခ်က္အရ န်ဴကလီးယား အစီအစဥ္ရဲ႕ လုပ္ငန္းအဆင့္တခ်ိဳ႕ကို အီရန္က ကန႔္သတ္ခဲ့ၿပီး ႏိုင္ငံတကာ အႏုျမဴစြမ္းအင္ ေအဂ်င္စီကိုလည္း လာေရာက္စစ္ေဆးခြင့္ေပးခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
နျူသဘောတူချက်အသစ် အစားထိုးဖို့ အီရန်ငြင်း

Image caption ဥရောပနိုင်ငံတွေ ကိုယ်ပြောထားတာကိုယ် လိုက်နာဖို့လိုတယ်လို့ အီရန်သမ္မတပြော

၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ထရမ့်ရဲ့ သဘောတူညီချက်အသစ်နဲ့ အစားထိုးဖို့ ယူကေ ဝန်ကြီးချုပ်က ပြောတာကို အီရန်ဘက်က ငြင်းလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နျူကလီးယား သဘောတူညီချက်သစ်နဲ့ အစားထိုးဖို့ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောတာကို အခုလို ငြင်းလိုက်တာ ဖြစ်ပါတယ်။

၂၀၁၅ သဘောတူညီချက်မှာ အားနည်းချက်တွေ ရှိနေတယ်လို့ ထရမ့်က ယူဆနေတာကို သူသိထားကြောင်းနဲ့ ပြန်ဆွေးနွေးတာမျိုး လုပ်နိုင်ကြောင်း ယူကေ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါပေမဲ့ အီရန်သမ္မတ ဟာဆန်ရိုဟာနီကတော့ "ထရမ့်က ကတိတွေ ဖျက်ပစ်ခဲ့တာပဲ"လို့ ပြောပါတယ်။

အီရန်က နျူသဘောတူညီချက်ရဲ့ အဓိက အချက်တွေ ဆက်မလိုက်နာတော့တဲ့နောက် ယူကေ၊ ပြင်သစ်နဲ့ ဂျာမနီတို့က နျူသဘောတူညီချက် အငြင်းပွားမှု လုပ်ငန်းစဉ် စတင်လိုက်တဲ့ အပေါ်ကိုလည်း အဲဒီနိုင်ငံတွေကို အီရန်သမ္မတ ဝေဖန်လိုက်ပါတယ်။
ဓာတ်ပုံ မူပိုင် EPA
Image caption ၂၀၁၅ သဘောတူညီချက်အရ နျူကလီးယား အစီအစဉ်ရဲ့ လုပ်ငန်းအဆင့်တချို့ကို အီရန်က ကန့်သတ်ခဲ့

သမ္မတ ထရမ့်က အီရန်နဲ့ နျူသဘောတူညီချက်ကို ၂၀၁၈ မှာ စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ ပြီးတော့ အီရန်ကို တားမြစ်ပိတ်ဆို့မှုတွေ ပြန်စခဲ့ပြီး သဘောတူညီချက်အသစ် ဆွေးနွေးဖို့ ဖိအားပေးခဲ့ပါတယ်။ အဲဒီသဘောတူညီမှုအသစ်မှာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို အကန့်အသတ်မရှိ တားမြစ်နိုင်ဖို့နဲ့ ပဲ့ထိန်းဒုံး အဆင့်မြှင့်တင်ရေးကို ရပ်လိုက်ဖို့တွေ ပါရှိပါတယ်။

ပြင်သစ်နဲ့ ဂျာမနီ အပြင်၂၀၁၅ စာချုပ်မှာ ပါဝင်ခဲ့တဲ့ ဥရောပ သမဂ္ဂ၊ တရုတ်နဲ့ ရုရှားတို့ကတော့ စာချုပ်ကို ဆက်ရှိစေချင်ကြပါတယ်။ ဒါပေမဲ့ ကန့်သတ်ပိတ်ဆို့ချက်တွေကြောင့် အီရန်ရဲ့ ရေနံတင်ပို့မှု ပြိုလဲတာ၊ ငွေကြေးတန်ဖိုးကျတာနဲ့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်စေခဲ့ပါတယ်။

၂၀၁၉ မေမှာ ထရမ့်အစိုးရက အီရန်ကို ဖိအားတွေ ပိုပေးခဲ့ပြီးနောက်မှာ အီရန်ဘက်ကလည်း သူ့တို့ကို ကန့်သတ်ထားတွေကို တဖြည်းဖြည်း ပြန်စလုပ်လာပါတယ်။ ယူရေနီယံ သန့်စင်ထုတ်လုပ်မှုကို ပြန်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါက နျူကလီးယား ဓာတ်အားပေးစက်ရုံ လည်ပတ်နိုင်ရုံမက နျူကလီးယား လက်နက်ထုတ်လုပ်ရာမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီနောက် အီရန် ထိပ်တန်း ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်လုပ်ကြံလိုက်ပြီးနောက် စာချုပ်အရ နောက်ဆုံးကန့်သတ်ချက်ကို ရပ်လိုက်ပြီလို့ အီရန်ဘက်က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အီရန်က လက်တုံ့ပြန်တဲ့ အနေနဲ့ အီရတ်ဘက်က အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အီရန်က သူတို့ရဲ့ နျူကလီးယား အစီအစဉ်က စွမ်းအင်ထုတ်လုပ်ဖို့ပဲ ဖြစ်တယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။ ပိတ်ဆို့ခံထားရတာတွေ ပြန်ဖွင့်ဖို့အတွက် ၂၀၁၅ သဘောတူညီချက်အရ နျူကလီးယား အစီအစဉ်ရဲ့ လုပ်ငန်းအဆင့်တချို့ကို အီရန်က ကန့်သတ်ခဲ့ပြီး နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီကိုလည်း လာရောက်စစ်ဆေးခွင့်ပေးခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
န်ဴသေဘာတူခ်က္အသစ္ အစားထိုးဖို႔ အီရန္ျငင္း န်ဴသေဘာတူခ်က္အသစ္ အစားထိုးဖို႔ အီရန္ျငင္း Reviewed by THITHTOOLWIN on 22:32 Rating: 5
Powered by Blogger.