မၿငိမ္းခ်မ္းလုိ႔ မျဖစ္ဘူးလုိ႔ ႏို္င္ငံေတာ္အတုိင္ပင္ခံေျပာ

(Zawgyi)⤵⤵⤵
လြိဳင္ေကာ္၊ ဇန္နဝါရီ ၁၅

ဒီကေန႔ ဇန္န၀ါရီလ ၁၅ ရက္ေန႔မွာ က်ေရာက္တဲ့ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕၊ ကႏၱာရဝတီ ပြဲေတာ္ကြင္း အတြင္းျပဳလုပ္တဲ့ (၆၈) ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ အခမ္းအနားမွာ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ပညာေရးစနစ္မွန္ကန္မွ အေတြးအေခၚေတြလည္း မွန္ကန္လာမွာ ျဖစ္တဲ့အတြက္ေၾကာင့္ လက္ရွိမွာ ကေလးေတြဟာ မၿငိမ္းခ်မ္းလို႔ မျဖစ္ဘူးဆုိတာကုိ ငယ္ငယ္ကတည္း သြန္သင္ထားေၾကာင္း ႏို္င္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

“မၿငိမ္းခ်မ္းလို႔ မျဖစ္ဘူး၊မၿငိမ္းခ်မ္းလုိ႔ရွိရင္ ကြ်န္မတုိ႔ ႏိုင္ငံ မတုိးတက္ႏိုင္ဘူး၊ မဖြံ႔ၿဖိဳးနုိင္ဘူး၊ မတုိးတက္ ၊မဖြံ႔ၿဖိဳးနိုင္လုိ႔ရွိရင္ ၿငိမ္းခ်မ္းေရးကိုဆက္ၿပီးေတာ့ တည္တံ့ခုိင္ၿမဲေအာင္ မလုပ္ႏိုင္ဘူး၊ ဒီအေတြးအေခၚဟာ ကြ်န္မတို႔ ကေလးေတြရဲ႕စိတ္ထဲမွာ စြဲၿမဲသြားေအာင္ ကြ်န္မတုိ႔ လုပ္ဖုိ႔ အင္မတန္မွ အေရးႀကီးပါတယ္ “ လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

အဲဒါေၾကာင့္ ကေလးေတြကုိ အခုခ်ိန္ကတည္းက ဒီမုိကေရစီစိတ္ဓာတ္ေတြ ေက်ာင္းကတည္းက သြင္းေပးေနသလုိ လူႀကီးေတြကလည္း အိမ္မွာလည္း လုပ္ေဆာင္ေပးဖုိ႔လုိအပ္တယ္လို႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္က ေျပာပါတယ္။

မိမိတုိ႔ မိသားစုပတ္၀န္းက်င္မွာ မိမိတုိ႔ရဲ႕ ရပ္ရြာမွာ အားလုံးဟာ ဒီမုိကေရ စီစိတ္ဓာတ္ အမ်ားနဲ႔ သက္ဆုိင္တဲ့ တာ၀န္ေတြကုိ ထမ္းေဆာင္ဖို႔ ဟာ ၀န္မေလးျခင္း၊အမ်ားနဲ႔ သက္ဆုိင္တဲ့ အခြင့္အေရး ေတြကုိ မွန္မွန္ ကန္ကန္နည္းလမ္းတက် ကာကြယ္ျခင္း ဟာ ဒီမုိကေရစီ အတြက္ပဲျဖစ္တယ္လို႔ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဆုသီရိစံ
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
မငြိမ်းချမ်းလို့ မဖြစ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပြော

လွိုင်ကော်၊ ဇန်နဝါရီ ၁၅

ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္တာရဝတီ ပွဲတော်ကွင်း အတွင်းပြုလုပ်တဲ့ (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပညာရေးစနစ်မှန်ကန်မှ အတွေးအခေါ်တွေလည်း မှန်ကန်လာမှာ ဖြစ်တဲ့အတွက်ကြောင့် လက်ရှိမှာ ကလေးတွေဟာ မငြိမ်းချမ်းလို့ မဖြစ်ဘူးဆိုတာကို ငယ်ငယ်ကတည်း သွန်သင်ထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“မငြိမ်းချမ်းလို့ မဖြစ်ဘူး၊မငြိမ်းချမ်းလို့ရှိရင် ကျွန်မတို့ နိုင်ငံ မတိုးတက်နိုင်ဘူး၊ မဖွံ့ဖြိုးနိုင်ဘူး၊ မတိုးတက် ၊မဖွံ့ဖြိုးနိုင်လို့ရှိရင် ငြိမ်းချမ်းရေးကိုဆက်ပြီးတော့ တည်တံ့ခိုင်မြဲအောင် မလုပ်နိုင်ဘူး၊ ဒီအတွေးအခေါ်ဟာ ကျွန်မတို့ ကလေးတွေရဲ့စိတ်ထဲမှာ စွဲမြဲသွားအောင် ကျွန်မတို့ လုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ် “ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒါကြောင့် ကလေးတွေကို အခုချိန်ကတည်းက ဒီမိုကရေစီစိတ်ဓာတ်တွေ ကျောင်းကတည်းက သွင်းပေးနေသလို လူကြီးတွေကလည်း အိမ်မှာလည်း လုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

မိမိတို့ မိသားစုပတ်ဝန်းကျင်မှာ မိမိတို့ရဲ့ ရပ်ရွာမှာ အားလုံးဟာ ဒီမိုကရေ စီစိတ်ဓာတ် အများနဲ့ သက်ဆိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ဟာ ဝန်မလေးခြင်း၊အများနဲ့ သက်ဆိုင်တဲ့ အခွင့်အရေး တွေကို မှန်မှန် ကန်ကန်နည်းလမ်းတကျ ကာကွယ်ခြင်း ဟာ ဒီမိုကရေစီ အတွက်ပဲဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆုသီရိစံ
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မၿငိမ္းခ်မ္းလုိ႔ မျဖစ္ဘူးလုိ႔ ႏို္င္ငံေတာ္အတုိင္ပင္ခံေျပာ မၿငိမ္းခ်မ္းလုိ႔ မျဖစ္ဘူးလုိ႔ ႏို္င္ငံေတာ္အတုိင္ပင္ခံေျပာ Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.