တရုတ္ Coronavirus ကူးစက္မႈ WHO အေရးေပၚအဆင့္ မသတ္မွတ္ေသး


(Zawgyi / Unicode)

တ႐ုတ္ႏိုင္ငံမွာ လူေပါင္း ၂၀ ေက်ာ္ေသဆုံးေနတဲ့ Coronavirus ပိုးကူးစက္ေနမႈကုိ ႏိုင္ငံတကာအဆင့္ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေနအဆင့္ သတ္မွတ္ဖုိ႔ မလိုေသးဘူးလုိ႔ WHO ကမာၻ႔က်န္းမာေရးအဖဲြ႔ ၾကာသပေတးေန႔က ဆံုးျဖတ္ခဲ့ပါတယ္။ ဒါေပမဲ့ Virus ပိုးကူးစက္မႈနဲ႔ပတ္သက္လို႔ ႏိုင္ငံေတြအေနနဲ႔ သတိ႐ွိၾကဖုိ႔ WHO ရဲ႕ အေရးေပၚေကာ္မတီက တိုက္တြန္းခဲ့ပါတယ္။

အေမရိကန္ပါအဝင္ ႏိုင္္ငံ ၅ ခုထက္မနည္းမွာ Coronavirus ပိုးကူးစက္ေနသူေတြကို ႐ွိေနေပမဲ့ ႏိုင္ငံတကာ အေရးေပၚ အေျခအေန မေၾကညာေသးဘူးဆိုတဲ့ ဆံုးျဖတ္ခ်က္ကို ေကာ္မတီမွာ တညီတၫြတ္ထဲ ဆံုးျဖတ္ခဲ့တာေတာ့ မဟုတ္ပါဘူး။ ဒီကိစၥနဲ႔ပတ္သက္လို႔ ၂ ရက္အေၾကအလည္ ေဆြးေႏြးခဲ့ၾကၿပီး ေကာ္မတီဝင္ ကၽြမ္းက်င္သူေတြၾကား ေနာက္ဆံုး ဆံုးျဖတ္ခ်က္အတြက္ အေတာ္ေလး သေဘာထား ကြဲခဲ့ၾကတာပါ။

Virus ပိုးကူးစက္သူ အေရအတြက္တိုးေနတာနဲ႔ ေရာဂါျပင္းထန္မႈေၾကာင့္ စိုးရိမ္စရာျဖစ္တယ္လို႔ က်န္းမာေရးအေရးေပၚ အေျခအေန ေၾကညာခ်င္သူေတြဘက္က ေထာက္ျပခဲ့ၾကပါတယ္။ အလားတူ တ႐ုတ္အာဏာပိုင္ေတြက ေရာဂါထိန္းခ်ဳပ္ေရး ႀကိဳးစားေနၾကသလို၊ တျခားႏုိင္ငံေတြမွာ ျဖစ္တဲ့အေရအတြက္နဲ႔ ႀကိဳတင္ကာကြယ္မႈေတြေၾကာင့္ ေတာ္ေတာ္မ်ားမ်ားကလည္း အေရးေပၚ အေျခအေန မေၾကညာသင့္ေသးဘူးလုိ႔ ေျပာၾကေၾကာင္း အေရးေပၚ ေကာ္မတီဥကၠ႒ Didier Houssin ကေျပာျပပါတယ္။

Coronavirus ပိုး ကူးစက္မႈဟာ တ႐ုတ္ႏိုင္ငံသာမက ေဒသတြင္းမွာေရာ တကမာၻလံုးအတြက္ပါ သိပ္ကို အႏၱရာယ္မ်ားတယ္လို႔ WHO ၫႊန္ၾကားေရးမွဴးခ်ဳပ္က ေျပာၿပီး ႏိုင္ငံေတြအေနနဲ႔ သတိ႐ွိၾကဖုိ႔နဲ႔ Virus ပိုးမကူးေအာင္ ႀကိဳတင္ကာကြယ္ေဆာင္႐ြက္မႈေတြ လုပ္ၾကဖုိ႔ တိုက္တြန္းခဲ့ပါတယ္။

...................

( Unicode)

တရုတ်နိုင်ငံမှာ လူပေါင်း ၂၀ ကျော်သေဆုံးနေတဲ့ Coronavirus ပိုးကူးစက်နေမှုကို နိုင်ငံတကာအဆင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဆင့် သတ်မှတ်ဖို့ မလိုသေးဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြာသပတေးနေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ Virus ပိုးကူးစက်မှုနဲ့ပတ်သက်လို့ နိုင်ငံတွေအနေနဲ့ သတိရှိကြဖို့ WHO ရဲ့ အရေးပေါ်ကော်မတီက တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်ပါအဝင် နိုင်ငံ ၅ ခုထက်မနည်းမှာ Coronavirus ပိုးကူးစက်နေသူတွေကို ရှိနေပေမဲ့ နိုင်ငံတကာ အရေးပေါ် အခြေအနေ မကြေညာသေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ကော်မတီမှာ တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ၂ ရက်အကြေအလည် ဆွေးနွေးခဲ့ကြပြီး ကော်မတီဝင် ကျွမ်းကျင်သူတွေကြား နောက်ဆုံး ဆုံးဖြတ်ချက်အတွက် အတော်လေး သဘောထား ကွဲခဲ့ကြတာပါ။

Virus ပိုးကူးစက်သူ အရေအတွက်တိုးနေတာနဲ့ ရောဂါပြင်းထန်မှုကြောင့် စိုးရိမ်စရာဖြစ်တယ်လို့ ကျန်းမာရေးအရေးပေါ် အခြေအနေ ကြေညာချင်သူတွေဘက်က ထောက်ပြခဲ့ကြပါတယ်။ အလားတူ တရုတ်အာဏာပိုင်တွေက ရောဂါထိန်းချုပ်ရေး ကြိုးစားနေကြသလို၊ တခြားနိုင်ငံတွေမှာ ဖြစ်တဲ့အရေအတွက်နဲ့ ကြိုတင်ကာကွယ်မှုတွေကြောင့် တော်တော်များများကလည်း အရေးပေါ် အခြေအနေ မကြေညာသင့်သေးဘူးလို့ ပြောကြကြောင်း အရေးပေါ် ကော်မတီဥက္ကဋ္ဌ Didier Houssin ကပြောပြပါတယ်။

Coronavirus ပိုး ကူးစက်မှုဟာ တရုတ်နိုင်ငံသာမက ဒေသတွင်းမှာရော တကမ္ဘာလုံးအတွက်ပါ သိပ်ကို အန္တရာယ်များတယ်လို့ WHO ညွှန်ကြားရေးမှူးချုပ်က ပြောပြီး နိုင်ငံတွေအနေနဲ့ သတိရှိကြဖို့နဲ့ Virus ပိုးမကူးအောင် ကြိုတင်ကာကွယ်ဆောင်ရွက်မှုတွေ လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

VOA (Burmese)
https://burmese.voanews.com
တရုတ္ Coronavirus ကူးစက္မႈ WHO အေရးေပၚအဆင့္ မသတ္မွတ္ေသး တရုတ္ Coronavirus ကူးစက္မႈ WHO အေရးေပၚအဆင့္ မသတ္မွတ္ေသး Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.