AA နဲ႔ပတ္သက္တယ္လို႔ စြပ္စြဲခံရသူ ၁၄ ဦး ျပန္လြတ္

မတရားအသင္းဆက္သြယ္မႈနဲ႔ တရားရင္ဆိုင္ေနရသူၿပီး ျပန္လည္လြတ္ေျမာက္လာတဲ့ ၁၄ ဦးနဲ႔ သူတို႔ရဲ႕မိသားစုေတြကို ၂ဝ၂ဝ ဇန္နဝါရီလ ၂၄ ရက္ေန႔က စစ္ေတြတရား႐ုံးေရွ႕မွာ ေတြ႕ရစဥ္ / ဓာတ္ပုံ -ေမယု ထြန္း
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA နဲ႔ပတ္သက္တယ္ဆိုၿပီး မတရားအသင္းဆက္သြယ္မႈ၊ အၾကမ္းဖက္မႈေတြနဲ႔ တရားရင္ဆိုင္ ေနရသူ ၁၄ ဦးကို မွားယြင္းဖမ္းဆီးမႈလို႔ သုံးသပ္ၿပီး စစ္ေတြတရား႐ုံးက ဒီေန႔ ျပန္လႊတ္ေပးလိုက္ပါတယ္။

စစ္ေတြၿမိဳ႕နယ္တရား႐ုံးမွာ မတရားအသင္းဆက္သြယ္မႈနဲ႔ အမႈရင္ဆိုင္ေနရတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ခ်င္းလက္ဝေက်း႐ြာက ႐ြာသား ၁၃ ဦးကို တရား႐ုံးက ဒီေန႔ျပန္လႊတ္ေပးလိုက္တာပါ။

ေအေအအဖြဲ႕ကို ရိကၡာေထာက္ပံ့တယ္၊ ပံ့ပိုးမႈေတြလုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ေက်ာက္ေတာ္အေျခစိုက္ တပ္မေတာ္အရာရွိတစ္ဦးက ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလက ေက်ာက္ေတာ္ၿမိဳ႕နယ္ တရား႐ုံးမွာ တရားစြဲဆိုခဲ့တာပါ။

အဲဒီအမႈကို စစ္ေတြၿမိဳ႕နယ္ တရား႐ုံးမွာ ႐ုံးေျပာင္းစစ္ေဆးခဲ့ၿပီးေနာက္ ခိုင္လုံတဲ့စြပ္စြဲခ်က္ေတြ မဟုတ္တဲ့အတြက္ ဒီေန႔ စြဲခ်က္တင္သင့္မတင္သင့္ ဆုံးျဖတ္တဲ့ေန႔မွာပဲ ျပန္လႊတ္ေပးခဲ့တာျဖစ္ပါတယ္။

အမႈကိုလိုက္ပါေဆာင္႐ြက္ခဲ့တဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးထြန္းလွက ဒါဟာမွားယြင္းမႈလို႔ တရား႐ုံးက သုံးသပ္ၿပီး ျပန္လႊတ္ေပးလိုက္တာျဖစ္တယ္လို႔ RFA ကို ေျပာပါတယ္။

“အဓိကကေတာ့ တရားလိုဘက္က စြပ္စြဲတဲ့ဟာက အဲဒီစြပ္စြဲတဲ့ပုဒ္မနဲ႔ မၿငိဘူးေပါ့ဗ်ာ။ အဲဒါေၾကာင့္ ဒီအမႈကို မွားယြင္းမႈဆိုၿပီးေတာ့ လႊတ္လိုက္တာေပါ့။ အမႈစြဲခံရတာကေတာ့ မတရားအသင္း ၁၇(၁)(၂)ေပါ့ေနာ္။ ပထမဆုံး စစြဲတာကေတာ့ လူ ၂၆ ေယာက္ေပါ့။ ၂၆ ေယာက္မွာ ၁၃ ေယာက္က တရားစြဲမခံရဘူး။ ၁၃ ေယာက္က တရားစြဲခံရတယ္။ အေၾကာင္းျပခ်က္ကေတာ့ ေအေအအဖြဲ႕ကို ပစၥည္းေထာက္ပံ့တယ္၊ ရိကၡာပို႔တယ္ေပါ့ အဲဒါနဲ႔တရားစြဲဆိုတာျဖစ္တယ္”

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ ရကၡိဳင့္တပ္ေတာ္(AA)နဲ႔ တပ္မေတာ္တို႔အၾကား ျဖစ္ပြားေနတဲ့တိုက္ပြဲေတြ ေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလက ပလက္ဝၿမိဳ႕နယ္ ခ်င္းလက္ဝေက်း႐ြာကေန ႐ြာသား ၂၄ ဦးဟာ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ကို ထြက္ေျပးေရာက္ရွိလာၾကတာပါ။

ေဖေဖာ္ဝါရီ ၄ ရက္ေန႔မွာေတာ့ အဲဒီ႐ြာသား ၂၄ ဦးနဲ႔ သူတို႔ကိုလက္ခံခဲ့တဲ့ ေက်ာက္ေတာ္ၿမိဳ႕က အိမ္ရွင္အမ်ိဳးသားနဲ႔ အမ်ိဳးသမီးတို႔ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာပါ။

စုစုေပါင္း ၂၆ ဦးထဲက ၁၃ ဦးကို ခံဝန္နဲ႔ျပန္လႊတ္ေပးခဲ့ၿပီး က်န္ ၁၃ ဦးကို မတရားအသင္း ဆက္သြယ္မႈနဲ႔ အမႈဖြင့္စစ္ေဆးခံရၿပီးေနာက္ အခ်ိန္ ၁၀ လေက်ာ္အၾကာ ဒီေန႔မွာ မွားယြင္းဖမ္းဆီးတယ္ဆိုၿပီး ျပန္လည္ လြတ္ေျမာက္လာၾကတာလည္း ျဖစ္ပါတယ္။

အလားတူ ေျမာက္ဦးၿမိဳ႕နယ္ ဘုရားႀကီးေက်း႐ြာက အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈရင္ဆိုင္ခဲ့ရတဲ့ အသက္ ၆၀ ေက်ာ္အ႐ြယ္ ဦးေမာင္စိန္လွကိုလည္း မွားယြင္းဖမ္းဆီးမႈလို႔ သုံးသပ္ၿပီး စစ္ေတြ ခ႐ိုင္တရား႐ုံးက ဒီေန႔ ျပန္လႊတ္ေပးလိုက္ပါတယ္။

ဦးေမာင္စိန္လွဟာ ၿပီးခဲ့တဲ့ႏွစ္ မတ္လ ၁၄ ရက္ေန႔က ငါးရွာဖို႔ထြက္သြားရင္း တပ္မေတာ္ယာဥ္တန္းကို မိုင္းခြဲတိုက္ခိုက္တာနဲ႔ႀကဳံရစဥ္ ဖမ္းဆီးခံခဲ့ရတာပါ။

ရခိုင္မွာ ငါးဖမ္းတဲ့ ျမႇဳံးကို ဗုံးလို႔သုံးႏႈန္းေခၚေဝၚၿပီး အဲဒါကိုနားလည္မႈလြဲၿပီးေတာ့ ဖမ္းဆီးတရားစြဲဆိုခံခဲ့ရတာ ျဖစ္တယ္လို႔ အမႈကိုလိုက္ပါေဆာင္႐ြက္ခဲ့တဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚေအးႏုစိန္က ေျပာပါတယ္။

“ကြၽန္မတို႔ ရခိုင္ေတြမွာ ငါးေထာင္တဲ့ ျမႇဳံးကို ဗုံးလို႔ေခၚတာ။ သူက နားကလည္းေလးတယ္။ ဆိုေတာ့ အဘိုးႀကီး ဗုံးေထာင္တတ္လားဆိုၿပီးေတာ့ ေအာ္ဟစ္ေငါက္ငမ္းၿပီးေတာ့ေမးေတာ့ ေထာင္တတ္တယ္လို႔ ေျဖတယ္။ ႐ြာမွာ ဗုံးေထာင္တတ္တဲ့သူေတြရွိလား၊ ဗုံးေထာင္တဲ့သူေတြရွိလားလို႔ေမးေတာ့ သူကရွိတယ္လို႔ေျဖတယ္။ ႐ြာကိုေရာက္တဲ့အခါမွာ ငါးေထာင္တဲ့ျမႇဳံးေတြကို ျပတာေပါ့ေလ။ အဲဒါနဲ႔ ၁၀ လနီးနီးကို ခ်ဳပ္ေႏွာင္ခံၿပီးတဲ့အခါမွာ အခုစြဲခ်က္မတင္ဘဲလႊတ္တဲ့ အမိန႔္ကိုခ်သြားတယ္။ မွားယြင္းမႈဆိုၿပီးေတာ့ သတ္မွတ္လိုက္တာေပါ့ေလ”

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၂ ရက္ေန႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ အငူေမာ္ေက်း႐ြာက စက္ျပင္ဆရာ အိုးေဖာက္(ေခၚ) ဦးေမာင္စံသိန္းကိုလည္း မွားယြင္းဖမ္းဆီးတာလို႔ သုံးသပ္ၿပီး စစ္ေတြခ႐ိုင္တရား႐ုံးက ျပန္လႊတ္ေပးခဲ့ပါတယ္။

ဦးေမာင္စံသိန္းရဲ႕ေနအိမ္မွာ လက္လုပ္ဗုံးေတြ႕တယ္ဆိုၿပီးေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၃ ရက္ေန႔က တပ္မေတာ္က ဖမ္းဆီးၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္စစ္ေဆးခံခဲ့ရတာပါ။

ရခိုင္ျပည္နယ္မွာ ေအေအအဖြဲ႕နဲ႔ ပတ္သက္ၿပီးေတာ့ ဖမ္းဆီးတရားစြဲဆိုခံခဲ့ရသူေတြဟာ ခိုင္မာတဲ့ သက္ေသထြက္ ခ်က္ေတြ မရွိတဲ့အတြက္ တရား႐ုံးက ျပန္လႊတ္ေပးတာေတြ ရွိလာေနတာပါ။ဒီအေပၚမွာ အမႈလိုက္ေရွ႕ေနေတြ ဘက္က တရား႐ုံးေတာ္ဟာ ဥပေဒအတိုင္း မွန္မွန္ကန္ကန္ စီရင္လာတာကို ေတြ႕ရတယ္ဆိုၿပီး သုံးသပ္ေျပာဆို တာေတြလည္း ရွိေနပါတယ္။

ဒါေပမဲ့ ဘာအျပစ္မွမရွိသူေတြအေပၚ သံသယနဲ႔ဖမ္းဆီးခံရတာမ်ိဳးကေတာ့ နစ္နာရတယ္လို႔ ဖမ္းဆီးခံရသူေတြက ေျပာဆိုၾကပါတယ္။

ဒီေန႔ တရား႐ုံးကေနျပန္လည္လြတ္ေျမာက္လာတဲ့ ပလက္ဝၿမိဳ႕နယ္ ခ်င္းလက္ဝေက်း႐ြာက ဦးေမာင္ခိုင္ ကေတာ့ အျပစ္မရွိဘဲ ၁၀ လေက်ာ္ၾကာဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာေၾကာင့္ စီးပြားပ်က္ခဲ့ရတယ္လို႔ေျပာပါတယ္။

မတရားအသင္းဆက္သြယ္မႈနဲ႔ ဖမ္းဆီးခံခဲ့ရလို႔ ဆုံးရႈံးနစ္နာမႈေတြ အမ်ားႀကီးရွိခဲ့ေၾကာင္း၊ လူ႔အခြင့္အေရး အတြက္ပါ နစ္နာခဲ့ရတာေတြရွိခဲ့ေၾကာင္း ဦးေမာင္ခိုင္က ရခိုင္ဘာသာစကားနဲ႔ ေျပာဆိုသြားတာပါ။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ရကၡိဳင့္တပ္ေတာ္(AA)နဲ႔ ပတ္သက္လို႔ သံသယနဲ႔ အမႈဖြင့္ခံရထားရသူဟာ ၅၀၀ ေက်ာ္ရွိတယ္လို႔ စစ္ေတြၿမိဳ႕အေျခစိုက္ သဇင္ဥပေဒအေထာက္အကူျပဳ အဖြဲ႕က ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
AA နဲ့ပတ်သက်တယ်လို့ စွပ်စွဲခံရသူ ၁၄ ဦး ပြန်လွတ်

မတရားအသင်းဆက်သွယ်မှုနဲ့ တရားရင်ဆိုင်နေရသူပြီး ပြန်လည်လွတ်မြောက်လာတဲ့ ၁၄ ဦးနဲ့ သူတို့ရဲ့မိသားစုတွေကို ၂ဝ၂ဝ ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်တွေတရားရုံးရှေ့မှာ တွေ့ရစဉ် / ဓာတ်ပုံ -မေယု ထွန်း

ရက္ခိုင့်တပ်တော် AA နဲ့ပတ်သက်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှုတွေနဲ့ တရားရင်ဆိုင် နေရသူ ၁၄ ဦးကို မှားယွင်းဖမ်းဆီးမှုလို့ သုံးသပ်ပြီး စစ်တွေတရားရုံးက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

စစ်တွေမြို့နယ်တရားရုံးမှာ မတရားအသင်းဆက်သွယ်မှုနဲ့ အမှုရင်ဆိုင်နေရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာက ရွာသား ၁၃ ဦးကို တရားရုံးက ဒီနေ့ပြန်လွှတ်ပေးလိုက်တာပါ။

အေအေအဖွဲ့ကို ရိက္ခာထောက်ပံ့တယ်၊ ပံ့ပိုးမှုတွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျောက်တော်အခြေစိုက် တပ်မတော်အရာရှိတစ်ဦးက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ကျောက်တော်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။

အဲဒီအမှုကို စစ်တွေမြို့နယ် တရားရုံးမှာ ရုံးပြောင်းစစ်ဆေးခဲ့ပြီးနောက် ခိုင်လုံတဲ့စွပ်စွဲချက်တွေ မဟုတ်တဲ့အတွက် ဒီနေ့ စွဲချက်တင်သင့်မတင်သင့် ဆုံးဖြတ်တဲ့နေ့မှာပဲ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းလှက ဒါဟာမှားယွင်းမှုလို့ တရားရုံးက သုံးသပ်ပြီး ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“အဓိကကတော့ တရားလိုဘက်က စွပ်စွဲတဲ့ဟာက အဲဒီစွပ်စွဲတဲ့ပုဒ်မနဲ့ မငြိဘူးပေါ့ဗျာ။ အဲဒါကြောင့် ဒီအမှုကို မှားယွင်းမှုဆိုပြီးတော့ လွှတ်လိုက်တာပေါ့။ အမှုစွဲခံရတာကတော့ မတရားအသင်း ၁၇(၁)(၂)ပေါ့နော်။ ပထမဆုံး စစွဲတာကတော့ လူ ၂၆ ယောက်ပေါ့။ ၂၆ ယောက်မှာ ၁၃ ယောက်က တရားစွဲမခံရဘူး။ ၁၃ ယောက်က တရားစွဲခံရတယ်။ အကြောင်းပြချက်ကတော့ အေအေအဖွဲ့ကို ပစ္စည်းထောက်ပံ့တယ်၊ ရိက္ခာပို့တယ်ပေါ့ အဲဒါနဲ့တရားစွဲဆိုတာဖြစ်တယ်”

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ကြောင့် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာကနေ ရွာသား ၂၄ ဦးဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ထွက်ပြေးရောက်ရှိလာကြတာပါ။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ အဲဒီရွာသား ၂၄ ဦးနဲ့ သူတို့ကိုလက်ခံခဲ့တဲ့ ကျောက်တော်မြို့က အိမ်ရှင်အမျိုးသားနဲ့ အမျိုးသမီးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

စုစုပေါင်း ၂၆ ဦးထဲက ၁၃ ဦးကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၁၃ ဦးကို မတရားအသင်း ဆက်သွယ်မှုနဲ့ အမှုဖွင့်စစ်ဆေးခံရပြီးနောက် အချိန် ၁၀ လကျော်အကြာ ဒီနေ့မှာ မှားယွင်းဖမ်းဆီးတယ်ဆိုပြီး ပြန်လည် လွတ်မြောက်လာကြတာလည်း ဖြစ်ပါတယ်။

အလားတူ မြောက်ဦးမြို့နယ် ဘုရားကြီးကျေးရွာက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုရင်ဆိုင်ခဲ့ရတဲ့ အသက် ၆၀ ကျော်အရွယ် ဦးမောင်စိန်လှကိုလည်း မှားယွင်းဖမ်းဆီးမှုလို့ သုံးသပ်ပြီး စစ်တွေ ခရိုင်တရားရုံးက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဦးမောင်စိန်လှဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၁၄ ရက်နေ့က ငါးရှာဖို့ထွက်သွားရင်း တပ်မတော်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်တာနဲ့ကြုံရစဉ် ဖမ်းဆီးခံခဲ့ရတာပါ။

ရခိုင်မှာ ငါးဖမ်းတဲ့ မြှုံးကို ဗုံးလို့သုံးနှုန်းခေါ်ဝေါ်ပြီး အဲဒါကိုနားလည်မှုလွဲပြီးတော့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတာ ဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

“ကျွန်မတို့ ရခိုင်တွေမှာ ငါးထောင်တဲ့ မြှုံးကို ဗုံးလို့ခေါ်တာ။ သူက နားကလည်းလေးတယ်။ ဆိုတော့ အဘိုးကြီး ဗုံးထောင်တတ်လားဆိုပြီးတော့ အော်ဟစ်ငေါက်ငမ်းပြီးတော့မေးတော့ ထောင်တတ်တယ်လို့ ဖြေတယ်။ ရွာမှာ ဗုံးထောင်တတ်တဲ့သူတွေရှိလား၊ ဗုံးထောင်တဲ့သူတွေရှိလားလို့မေးတော့ သူကရှိတယ်လို့ဖြေတယ်။ ရွာကိုရောက်တဲ့အခါမှာ ငါးထောင်တဲ့မြှုံးတွေကို ပြတာပေါ့လေ။ အဲဒါနဲ့ ၁၀ လနီးနီးကို ချုပ်နှောင်ခံပြီးတဲ့အခါမှာ အခုစွဲချက်မတင်ဘဲလွှတ်တဲ့ အမိန့်ကိုချသွားတယ်။ မှားယွင်းမှုဆိုပြီးတော့ သတ်မှတ်လိုက်တာပေါ့လေ”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာက စက်ပြင်ဆရာ အိုးဖောက်(ခေါ်) ဦးမောင်စံသိန်းကိုလည်း မှားယွင်းဖမ်းဆီးတာလို့ သုံးသပ်ပြီး စစ်တွေခရိုင်တရားရုံးက ပြန်လွှတ်ပေးခဲ့ပါတယ်။

ဦးမောင်စံသိန်းရဲ့နေအိမ်မှာ လက်လုပ်ဗုံးတွေ့တယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က တပ်မတော်က ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်စစ်ဆေးခံခဲ့ရတာပါ။

ရခိုင်ပြည်နယ်မှာ အေအေအဖွဲ့နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသူတွေဟာ ခိုင်မာတဲ့ သက်သေထွက် ချက်တွေ မရှိတဲ့အတွက် တရားရုံးက ပြန်လွှတ်ပေးတာတွေ ရှိလာနေတာပါ။ဒီအပေါ်မှာ အမှုလိုက်ရှေ့နေတွေ ဘက်က တရားရုံးတော်ဟာ ဥပဒေအတိုင်း မှန်မှန်ကန်ကန် စီရင်လာတာကို တွေ့ရတယ်ဆိုပြီး သုံးသပ်ပြောဆို တာတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ ဘာအပြစ်မှမရှိသူတွေအပေါ် သံသယနဲ့ဖမ်းဆီးခံရတာမျိုးကတော့ နစ်နာရတယ်လို့ ဖမ်းဆီးခံရသူတွေက ပြောဆိုကြပါတယ်။

ဒီနေ့ တရားရုံးကနေပြန်လည်လွတ်မြောက်လာတဲ့ ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာက ဦးမောင်ခိုင် ကတော့ အပြစ်မရှိဘဲ ၁၀ လကျော်ကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာကြောင့် စီးပွားပျက်ခဲ့ရတယ်လို့ပြောပါတယ်။

မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံခဲ့ရလို့ ဆုံးရှုံးနစ်နာမှုတွေ အများကြီးရှိခဲ့ကြောင်း၊ လူ့အခွင့်အရေး အတွက်ပါ နစ်နာခဲ့ရတာတွေရှိခဲ့ကြောင်း ဦးမောင်ခိုင်က ရခိုင်ဘာသာစကားနဲ့ ပြောဆိုသွားတာပါ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ရက္ခိုင့်တပ်တော်(AA)နဲ့ ပတ်သက်လို့ သံသယနဲ့ အမှုဖွင့်ခံရထားရသူဟာ ၅၀၀ ကျော်ရှိတယ်လို့ စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေအထောက်အကူပြု အဖွဲ့က ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
AA နဲ႔ပတ္သက္တယ္လို႔ စြပ္စြဲခံရသူ ၁၄ ဦး ျပန္လြတ္ AA နဲ႔ပတ္သက္တယ္လို႔ စြပ္စြဲခံရသူ ၁၄ ဦး ျပန္လြတ္ Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.