ဩစေၾတးလ် ႏိုင္ငံ၌ မိုးသည္းထန္စြာ ႐ြာသြန္းၿပီးေနာက္ ကမာၻ႔အႏၲရာယ္ အရွိဆုံး ပင့္ကူမ်ား ထြက္ေပၚလာျခင္းကို သတိေပးခ်က္ ထုတ္ျပန္

ဩစေၾတးလ် funnel-web ပင့္ကူအား ေတြ႕ရစဥ္(ဓာတ္ပုံ - Australian Reptile Park)
(Zawgyi)⤵⤵⤵
ဆစ္ဒနီ ၊ ဇန္နဝါရီ ၂၃ ရက္(ဆင္ဟြာ)

ဩစေၾတးလ် ႏိုင္ငံ၌ မၾကာေသးမီက ျဖစ္ေပၚခဲ့ေသာ ျပင္းထန္သည့္ မုန္တိုင္း တိုက္ခတ္ျခင္းမ်ား ႏွင့္ အတူ တြားသြား တိရစာၦန္မ်ား အတြက္ ၿပီးျပည့္စုံေသာ အေျခအေနကို ဖန္တီး ေပးေနခဲ့ရာ ကမာၻ႔ အႏၲရာယ္ အရွိဆုံး ပင့္ကူမ်ား ေျမေအာက္မွ ထြက္ေပၚလာခဲ့ေၾကာင္း တိရိစာၦန္ေရးရာ ကြၽမ္းက်င္ ပညာရွင္မ်ားက ဇန္နဝါရီ ၂၂ ရက္တြင္ ေျပာၾကားခဲ့သည္။

အဆိုပါ ပင့္ကူမ်ားသည္ ဩစေၾတးလ် ႏိုင္ငံ အေရွ႕ဘက္ ကမ္း႐ိုးတန္းတြင္ အဓိက ထြက္ေပၚလာခဲ့ျခင္း ျဖစ္ၿပီး အဆိုပါ funnel-web ပင့္ကူမ်ားသည္ ေအးခဲ ၊ စိုစြတ္မႈကို ႏွစ္သက္ေၾကာင္း ၊ ေျမေအာက္တြင္းမ်ားရွိ သစ္လုံးမ်ား ႏွင့္ ေက်ာက္တုံး မ်ား ေအာက္ တြင္ မၾကာခဏ ပုန္းေနေလ့ ရွိေၾကာင္း သိရသည္။
ဩစေၾတးလ် funnel-web ပင့္ကူအား ေတြ႕ရစဥ္(ဓာတ္ပုံ - Australian Reptile Park) 

ဩစေၾတးလ် funnel-web ပင့္ကူအား ေတြ႕ရစဥ္(ဓာတ္ပုံ - Australian Reptile Park) 

ဩစေၾတးလ် ႏိုင္ငံ တြားသြား တိရစာၦန္ ဥယ်ာဥ္မွ တြားသြား တိရိစာၦန္ ႏွင့္ ပင့္ကူ ထိန္းသိမ္း ေစာင့္ေရွာက္သူ Jake Meney ၏ ေျပာၾကားခ်က္ အရ ေျခေထာက္ရွစ္ေခ်ာင္းပါ ပင့္ကူမ်ားအား တစ္ခါတစ္ရံတြင္ လူေနအိမ္မ်ား အတြင္း ေတြ႕ရွိ ႏိုင္ၿပီး  အမ်ားအားျဖင့္ အဝတ္ေလွ်ာ္ခန္း ၊ ကားဂိုေဒါင္ သို႔မဟုတ္ လူစိမ္းမ်ား၏ ဖိနပ္တို႔တြင္ ေတြ႕ရွိႏိုင္ေၾကာင္းလည္း သိရသည္။

“ျပည္သူေတြ အေနနဲ႔ funnel-web ပင့္ကူေတြကို ေတြ႕ႀကဳံရတဲ့ အခါမွာ ႏိုးႏိုးၾကားၾကားနဲ႔ သတိရွိဖို႔ ၊ ဂ႐ုစိုက္ဖို႔ လိုပါတယ္။”ဟု ၎က ေျပာသည္။

“ဒီစေန ၊ တနဂၤေႏြမွာ ႐ြာခဲ့တဲ့ မိုးက စိုထိုင္းတဲ့ အေျခအေန ျဖစ္ေပၚၿပီးေတာ့ funnel-web ပင့္ကူေတြ ရွင္သန္ ေပါက္ဖြား ေစပါတယ္။”ဟု Jake Meney က ျဖည့္စြက္ ေျပာၾကားခဲ့သည္။

ကမာၻေပၚတြင္ အဆိပ္ျပင္း ရွိသည့္ မည္သည့္ ပင့္ကူ အမ်ိဳးအစားမဆို လူတစ္ေယာက္အား တစ္ႀကိမ္ ကိုက္မိၿပီးပါက ၁၅ မိနစ္ အတြင္း ထိုလူမွာ ေသဆုံးႏိုင္ေၾကာင္း သိရသည္။

သို႔ေသာ္ ေခတ္မီ ေဆးဘက္ဆိုင္ရာ နည္းပညာမ်ား၏ အက်ိဳးေက်းဇူးေၾကာင့္  အဆိပ္ေျဖေဆးကို စတင္ မိတ္ဆက္ၿပီးခ်ိန္ ကတည္းက ေသဆုံးမႈမ်ား မရွိေတာ့ေၾကာင္း သိရသည္။

ေသေစႏိုင္ေသာ ပင့္ကူမ်ား ေဘးပတ္ဝန္းက်င္၌ ရွိေနသည္ ဆိုသည့္ အေတြးမ်ားက ဩစေတးလ် ႏိုင္ငံရွိ ျပည္သူမ်ား အတြက္ ထိတ္လန႔္ တုန္လႈပ္ ဖြယ္ရာ ျဖစ္ေစၿပီး တြားသြား တိရစာၦန္ ႏွင့္ ပင့္ကူ ထိန္းသိမ္း ေစာင့္ေရွာက္သူ Jake Meney ကဲ့သို႔ေသာ လူမ်ား အတြက္ အဆိပ္ေျဖေဆးမ်ား ပိုမို ထုတ္ႏိုင္ရန္ ယခုအခ်ိန္သည္ အခြင့္အလမ္းေကာင္း တစ္ရပ္ ျဖစ္ေၾကာင္း သိရသည္။

 “တကယ္လို႔ သင္ဟာ အ႐ြယ္ေရာက္ၿပီးသားသူ တစ္ေယာက္ ဆိုရင္ funnel-web ပင့္ကူကို ဖမ္းဖို႔ အတြက္ ဖန္ခြက္ ႀကီးႀကီး တစ္လုံးကို သုံးၿပီး ဖမ္းႏိုင္ပါတယ္။ဖမ္းမိတဲ့ ပင့္ကူကို လက္နဲ႔ မကိုင္ဘဲနဲ႔ ရွည္လ်ားတဲ့ တုတ္ေခ်ာင္းကို အသုံးျပဳၿပီး အိုးထဲ ထည့္လာၿပီးေတာ့ ကြၽန္ေတာ္တို႔ ဥယ်ာဥ္ကို ယူလာေပးပါ။”ဟု ၎က ေျပာသည္။

ဩစေၾတးလ် ႏိုင္ငံသားမ်ား အေနျဖင့္ မွန္ကန္သည့္ အေရးေပၚ ကုသမႈမ်ား ႏွင့္ ပင့္ကူကို မည္ကဲ့သို႔ ေဘးကင္းစြာ ဖမ္းဆီး ႏိုင္သည္ကို သိထားရန္ အေရးႀကီးၿပီး ၎တို႔က ေဆးရည္ ထုတ္လုပ္ကာ လူမ်ား၏ အသက္ကို ကယ္ႏိုင္မည္ ျဖစ္ေၾကာင္း Jake Meney က ေျပာခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
ဩစတြေးလျ နိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကမ္ဘာ့အန္တရာယ် အရှိဆုံး ပင့်ကူများ ထွက်ပေါ်လာခြင်းကို သတိပေးချက် ထုတ်ပြန်

ဩစတြေးလျ funnel-web ပင့်ကူအား တွေ့ရစဉ်(ဓာတ်ပုံ - Australian Reptile Park)
ဆစ်ဒနီ ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဩစတြေးလျ နိုင်ငံ၌ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ပြင်းထန်သည့် မုန်တိုင်း တိုက်ခတ်ခြင်းများ နှင့် အတူ တွားသွား တိရစ္ဆာန်များ အတွက် ပြီးပြည့်စုံသော အခြေအနေကို ဖန်တီး ပေးနေခဲ့ရာ ကမ္ဘာ့ အန္တရာယ် အရှိဆုံး ပင့်ကူများ မြေအောက်မှ ထွက်ပေါ်လာခဲ့ကြောင်း တိရိစ္ဆာန်ရေးရာ ကျွမ်းကျင် ပညာရှင်များက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပင့်ကူများသည် ဩစတြေးလျ နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းတွင် အဓိက ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး အဆိုပါ funnel-web ပင့်ကူများသည် အေးခဲ ၊ စိုစွတ်မှုကို နှစ်သက်ကြောင်း ၊ မြေအောက်တွင်းများရှိ သစ်လုံးများ နှင့် ကျောက်တုံး များ အောက် တွင် မကြာခဏ ပုန်းနေလေ့ ရှိကြောင်း သိရသည်။

ဩစတြေးလျ funnel-web ပင့်ကူအား တွေ့ရစဉ်(ဓာတ်ပုံ - Australian Reptile Park)

ဩစတြေးလျ funnel-web ပင့်ကူအား တွေ့ရစဉ်(ဓာတ်ပုံ - Australian Reptile Park)

ဩစတြေးလျ နိုင်ငံ တွားသွား တိရစ္ဆာန် ဥယျာဉ်မှ တွားသွား တိရိစ္ဆာန် နှင့် ပင့်ကူ ထိန်းသိမ်း စောင့်ရှောက်သူ Jake Meney ၏ ပြောကြားချက် အရ ခြေထောက်ရှစ်ချောင်းပါ ပင့်ကူများအား တစ်ခါတစ်ရံတွင် လူနေအိမ်များ အတွင်း တွေ့ရှိ နိုင်ပြီး  အများအားဖြင့် အဝတ်လျှော်ခန်း ၊ ကားဂိုဒေါင် သို့မဟုတ် လူစိမ်းများ၏ ဖိနပ်တို့တွင် တွေ့ရှိနိုင်ကြောင်းလည်း သိရသည်။

“ပြည်သူတွေ အနေနဲ့ funnel-web ပင့်ကူတွေကို တွေ့ကြုံရတဲ့ အခါမှာ နိုးနိုးကြားကြားနဲ့ သတိရှိဖို့ ၊ ဂရုစိုက်ဖို့ လိုပါတယ်။”ဟု ၎င်းက ပြောသည်။

“ဒီစနေ ၊ တနင်္ဂနွေမှာ ရွာခဲ့တဲ့ မိုးက စိုထိုင်းတဲ့ အခြေအနေ ဖြစ်ပေါ်ပြီးတော့ funnel-web ပင့်ကူတွေ ရှင်သန် ပေါက်ဖွား စေပါတယ်။”ဟု Jake Meney က ဖြည့်စွက် ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် အဆိပ်ပြင်း ရှိသည့် မည်သည့် ပင့်ကူ အမျိုးအစားမဆို လူတစ်ယောက်အား တစ်ကြိမ် ကိုက်မိပြီးပါက ၁၅ မိနစ် အတွင်း ထိုလူမှာ သေဆုံးနိုင်ကြောင်း သိရသည်။

သို့သော် ခေတ်မီ ဆေးဘက်ဆိုင်ရာ နည်းပညာများ၏ အကျိုးကျေးဇူးကြောင့်  အဆိပ်ဖြေဆေးကို စတင် မိတ်ဆက်ပြီးချိန် ကတည်းက သေဆုံးမှုများ မရှိတော့ကြောင်း သိရသည်။

သေစေနိုင်သော ပင့်ကူများ ဘေးပတ်ဝန်းကျင်၌ ရှိနေသည် ဆိုသည့် အတွေးများက ဩစတေးလျ နိုင်ငံရှိ ပြည်သူများ အတွက် ထိတ်လန့် တုန်လှုပ် ဖွယ်ရာ ဖြစ်စေပြီး တွားသွား တိရစ္ဆာန် နှင့် ပင့်ကူ ထိန်းသိမ်း စောင့်ရှောက်သူ Jake Meney ကဲ့သို့သော လူများ အတွက် အဆိပ်ဖြေဆေးများ ပိုမို ထုတ်နိုင်ရန် ယခုအချိန်သည် အခွင့်အလမ်းကောင်း တစ်ရပ် ဖြစ်ကြောင်း သိရသည်။

 “တကယ်လို့ သင်ဟာ အရွယ်ရောက်ပြီးသားသူ တစ်ယောက် ဆိုရင် funnel-web ပင့်ကူကို ဖမ်းဖို့ အတွက် ဖန်ခွက် ကြီးကြီး တစ်လုံးကို သုံးပြီး ဖမ်းနိုင်ပါတယ်။ဖမ်းမိတဲ့ ပင့်ကူကို လက်နဲ့ မကိုင်ဘဲနဲ့ ရှည်လျားတဲ့ တုတ်ချောင်းကို အသုံးပြုပြီး အိုးထဲ ထည့်လာပြီးတော့ ကျွန်တော်တို့ ဥယျာဉ်ကို ယူလာပေးပါ။”ဟု ၎င်းက ပြောသည်။

ဩစတြေးလျ နိုင်ငံသားများ အနေဖြင့် မှန်ကန်သည့် အရေးပေါ် ကုသမှုများ နှင့် ပင့်ကူကို မည်ကဲ့သို့ ဘေးကင်းစွာ ဖမ်းဆီး နိုင်သည်ကို သိထားရန် အရေးကြီးပြီး ၎င်းတို့က ဆေးရည် ထုတ်လုပ်ကာ လူများ၏ အသက်ကို ကယ်နိုင်မည် ဖြစ်ကြောင်း Jake Meney က ပြောခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဩစေၾတးလ် ႏိုင္ငံ၌ မိုးသည္းထန္စြာ ႐ြာသြန္းၿပီးေနာက္ ကမာၻ႔အႏၲရာယ္ အရွိဆုံး ပင့္ကူမ်ား ထြက္ေပၚလာျခင္းကို သတိေပးခ်က္ ထုတ္ျပန္ ဩစေၾတးလ် ႏိုင္ငံ၌ မိုးသည္းထန္စြာ ႐ြာသြန္းၿပီးေနာက္ ကမာၻ႔အႏၲရာယ္ အရွိဆုံး ပင့္ကူမ်ား ထြက္ေပၚလာျခင္းကို သတိေပးခ်က္ ထုတ္ျပန္ Reviewed by THITHTOOLWIN on 01:45 Rating: 5
Powered by Blogger.