တ႐ုတ္ Corona ဗိုင္းရပ္ေရာဂါ အိမ္နီးခ်င္းႏိုင္ငံတခ်ိဳ႕ကို ကူးစက္


(Zawgyi / Unicode)

တရုတ္ႏုိင္ငံမွာ လက္ရွိကူးစက္ျပန္႔ႏွ႔ံေနတဲ့ ဗုိင္းရပ္ပုိးေၾကာင့္ ေသဆုံးသူ ၃ ဦးရွိသြားၿပီး ေရာဂါပုိး ကူးစက္ေနသူ အေရအတြက္ဟာလည္း ႏွစ္ရာေက်ာ္ ရွိသြားၿပီ ျဖစ္ပါတယ္။ ဒီေရာဂါပုိးကုိ ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ အစြမ္းကုန္ ေဆာင္ၾကဖုိ႔ တရုတ္သမၼတ ရွီက်င့္ဖ်င္က အမိန္႔ထုတ္ျပန္လုိက္ၿပီး ဒီ ေရာဂါပုိး ကူးစက္ ျပန္႔ႏွံ႔ေနတဲ့ႏုိင္ငံေတြနဲ႔ အနီးကပ္ ပူးေပါင္းေဆာင္ရြက္မႈေတြ ျပဳလုပ္ေနေၾကာင္း တရုတ္ႏုိင္ငံျခားေရးဌာနကလည္း ေျပာပါတယ္။ ဒီအေၾကာင္း ေအပီသတင္းေဆာင္းပါးကုိ အေျခခံၿပီး ကုိေဇာ္၀င္းလႈိင္က စုစည္း တင္ျပေပးပါမယ္။

တရုတ္ႏုိင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ Coronavirus အသစ္အဆန္း ကူးစက္ ျပန္႔ႏွံ႔ေနတာကုိ အျမန္ဆုံး ထိန္းခ်ဳပ္ႏုိင္ေရး ေဆာင္ရြက္ၾကဖုိ႔ တရုတ္သမၼတ ရွီက်င့္ဖ်င္က အမိန္႔ထုတ္ျပန္လုိက္တာပါ။

ဒီဗုိင္းရပ္ပုိး ၿမိဳ႕ေတာ္ ေဘဂ်င္းမွာ ပထမဆုံးအႀကိမ္ ေတြ႔ရွိခဲ့တာအပါအ၀င္ ႏုိင္ငံတ၀ွမ္း တနလၤာေန႔မွာ က်ယ္ျပန္႔စြာ ကူးစက္ ျပန္႔ႏွံ႔ေနေၾကာင္း အစုိးရတာ၀န္ရွိသူေတြက ေျပာၾကားတဲ့အခ်ိန္မွာဘဲ သမၼတရွီရဲ႕ အမိန္႔ထြက္လာတာပါ။

ဒီေရာဂါ ကူးစက္ ျပန္႔ႏွံ႔မႈဟာ တရုတ္ႏုိင္ငံမွာ လူေတြ မီးရထား၊ ေလယာဥ္ပ်ံတုိ႔နဲ႔ ခရီးသြား အမ်ားဆုံးအခ်ိန္ျဖစ္တဲ့ ႏွစ္သစ္ကူး အခါသမယနဲ႔လည္း တုိက္ဆုိင္ေနတာေၾကာင့္ ဒီကိစၥကုိ ဦးစားေပး ေဆာင္ရြက္ၾကဖုိ႔ က်န္းမာေရးတာ၀န္ရွိသူေတြကုိ သမၼတ ရွီက အမိန္႔ထုတ္လုိက္ပါတယ္။

ဗုိင္းရပ္ပုိး စတင္ေတြ႔ရွိတဲ့ တရုတ္ႏုိင္ငံအလယ္ပုိင္း Wuhan ေဒသမွာ ေရာဂါပုိး ကူးစက္ေနသူ ၁၃၆ ဦး ထပ္မံ ေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးအရာရွိေတြက အတည္ျပဳ ေျပာၾကားလုိက္တာေၾကာင့္ တနလၤာေန႔ ညေနပုိင္းအထိ ေရာဂါပုိးကူးစက္သူ စုစုေပါင္း ၂၂၄ ဦးအထိ ရွိသြားၿပီ ျဖစ္ပါတယ္။ အဲဒီအထဲက ၂၁၇ ဦးကုိ အတည္ျပဳၿပီးျဖစ္ၿပီး က်န္ ၇ ဦးကေတာ့ သံသယျဖစ္ဖြယ္အဆင့္မွာ ရွိေနတယ္လုိ႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ပုိင္းမွာ တဦးထပ္မံ ေသဆုံးသြားတာေၾကာင့္ ဒီကူးစက္ ဗုိင္းရပ္ပုိးေၾကာင့္ ေသဆုံးသူ ၃ ဦးရွိသြားၿပီ ျဖစ္ပါတယ္။

ၿမိဳ႕ေတာ္ ေဘဂ်င္းမွာ ေရာဂါပုိးကူးစက္ေနသူ ၂ ဦးနဲ႔ ေတာင္ပုိင္း Shenzhen ေဒသက တဦးတုိ႔လည္း ေရာဂါပုိး ကူးစက္ေနတာကုိ ေတြ႔ရွိခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒီလူ ၃ ဦးစလုံးဟာ Wuhan ေဒသကုိ သြားခဲ့သူေတြျဖစ္တယ္လုိ႔ ဆုိပါတယ္။

တရုတ္ျပည္ကုိ မၾကာေသးခင္ကသြားခဲ့တဲ့ ထုိင္းႏုိ္င္ငံသား ၂ ဦးနဲ႔ ဂ်ပန္ႏုိင္ငံသား ၁ ဦး၊ ေတာင္ကုိရီးယားႏုိင္ငံမွာ ၁ ဦး စုစုေပါင္း ၄ ဦး ဒီေရာဂါပုိး ကူးစက္ေနတာကုိ ေတြ႔ရေၾကာင္း သက္ဆုိင္ရာ အာဏာပုိင္ေတြက အတည္ျပဳ ေျပာၾကားပါတယ္။

ေရာဂါပုိးကူးစက္ေနေၾကာင္း ေတြ႔ရွိရတဲ့ ႏုိင္ငံေတြက အာဏာပုိင္ေတြနဲ႔ အနီးကပ္ ဆက္သြယ္ေဆာင္ရြက္ေနေၾကာင္း တရုတ္ ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Geng Shaung က တနလၤာေန႔မွာ ေျပာပါတယ္။

“တျခားႏုိင္ငံေတြမွာ ဒီဗုိင္းရပ္ပုိး ကူးစက္ ျဖစ္ေပၚေနတယ္ဆုိတဲ့သတင္းေတြ ထြက္ေနတဲအေပၚ တရုတ္အစုိးရက အေလးထား ေဆာင္ရြက္ေနပါတယ္။ ေရာဂါပုိးကူးစက္ေနတယ္ဆုိတဲ့ ႏုိင္ငံအားလုံးနဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္းေတြ အားလုံးဖြင့္ထားသလုိ ပူးေပါင္းေဆာင္ရြက္မႈေတြ တုိးျမင့္ လုပ္ေဆာင္ေနၿပီး အေျခအေနေတြ ထိန္းခ်ဳပ္ႏုိင္ေအာင္ အစြမ္းကုန္ႀကိဳးစားေနပါတယ္။”

လက္ရွိအခ်ိန္အထိေတာ့ ဂ်ပန္၊ ထုိင္းနဲ႔ ေတာင္ကုိရီးယားႏုိင္ငံေတြမွာ ဒီေရာဂါပုိး ကူးစက္ ျပန္႔ႏွံ႔ေနတယ္ဆုိတာ သူတုိ႔ သိထားရေၾကာင္းလည္း Geng Shaung က ေျပာပါတယ္။

“သက္ဆုိင္ရာဌာနေတြထံက က်ေနာ္သိရသေလာက္ကေတာ့ ဂ်ပန္၊ ထုိင္းနဲ႔ ေတာင္ကုိရီးယားႏုိင္ငံေတြက သူတုိ႔ႏုိင္ငံသားေတြ ဒီ Coronavirus ေရာဂါပုိး ကူးစက္ေနတယ္ဆုိတာ အေၾကာင္းၾကားတယ္လုိ႔ ဆုိပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီ ကူးစက္ေရာဂါ မျပန္႔ပြားေအာင္ အဲဒီ ၃ ႏုိင္ငံနဲ႔ တရုတ္အစုိးရက အနီးကပ္ ပူးေပါင္းေဆာင္ရြက္ၿပီး ေရာဂါအျမန္ဆုံးေပ်ာက္ႏုိင္ေအာင္ ကုသေရးနဲ႔ ႀကိဳတင္ကာကြယ္ေရးေတြ လုပ္ေဆာင္ေနပါတယ္။ ဒီေရာဂါပုိး မျပန္႔ႏွ႔ံေအာင္ Wuhan ေဒသအစုိးရက ေဒသတြင္းကေန တျခားေနရာေတြကုိ ခရီးသြားၾကမယ့္သူေတြရဲ႕ က်န္းမာေရး အေျခအေနကုိ အနီးကပ္ ေစာင့္ၾကည့္ေနတယ္ပါတယ္လုိ႔ က်ေနာ္ေျပာႏုိင္ပါတယ္။”

Coronavirus ေရာဂါပုိးအမ်ဳိးအစားထဲမွာ သာမွန္ အေအးမိတာကေန SARS လုိ ကူးစက္ျမန္ျပင္းထန္တဲ့ အဆုပ္ေရာဂါအထိ ျဖစ္ႏုိင္ပါတယ္။

တရုတ္ႏုိင္ငံေတာင္ပုိင္းမွာ ၂၀၀၂ ခုႏွစ္က ျဖစ္ေပၚခဲ့တဲ့ SARS ကူးစက္ေရာဂါဟာ ႏုိင္ငံေပါင္း တဒါဇင္ေက်ာ္ကုိ ကူးစက္ခဲ့ၿပီး အနည္းဆုံး လူေပါင္း ၈၀၀ ေလာက္ ေသဆုံးခဲ့တာပါ။ တရုတ္အစုိးရက အေစာပုိင္းမွာ အဲဒီေရာဂါရဲ႕ ဆုိးရြားမႈကုိ ဖုံးကြယ္ဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ အဆင့္ျမင့္ ဆရာ၀န္ေတြက ဖြင့္ခ်လုိက္တဲ့အတြက္ ေနာက္ပုိင္းမွာ အဲဒီ ဖုံးကြယ္ထားမႈေတြ ေပၚသြားခဲ့ပါတယ္။

အခုေတြ႔ရွိတဲ့ ကူးစက္ေရာဂါဟာ အရင္ကေတြ႔ခဲ့တဲ့ SARS လုိ ျပင္းထန္တဲ့ေရာဂါပုိးနဲ႔ မတူေၾကာင္း တရုတ္သိပၸံပညာရွင္ေတြက အခုလ အေစာပုိင္းမွာ ေျပာထားပါတယ္။ Coronavirus ကူးစက္ေရာဂါရဲ႕ အေစာပုိင္း လကၡဏာေတြကေတာ့ ဖ်ားတာ၊ ေခ်ာင္းဆုိးတာ၊ ရင္က်ပ္တာနဲ႔ အသက္ရႈက်ပ္တာေတြ ပါ၀င္ပါတယ္။

....................

တရုတ် Corona ဗိုင်းရပ်ရောဂါ အိမ်နီးချင်းနိုင်ငံတချို့ကိုကူးစက်

(Unicode)

တရုတ်နိုင်ငံမှာ လက်ရှိကူးစက်ပြန့်နှံ့နေတဲ့ ဗိုင်းရပ်ပိုးကြောင့် သေဆုံးသူ ၃ ဦးရှိသွားပြီး ရောဂါပိုး ကူးစက်နေသူ အရေအတွက်ဟာလည်း နှစ်ရာကျော် ရှိသွားပြီ ဖြစ်ပါတယ်။ ဒီရောဂါပိုးကို ထိန်းချုပ်နိုင်ရေးအတွက် အစွမ်းကုန် ဆောင်ကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမိန့်ထုတ်ပြန်လိုက်ပြီး ဒီ ရောဂါပိုး ကူးစက် ပြန့်နှံ့နေတဲ့နိုင်ငံတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း တရုတ်နိုင်ငံခြားရေးဌာနကလည်း ပြောပါတယ်။ ဒီအကြောင်း အေပီသတင်းဆောင်းပါးကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးပါမယ်။

တရုတ်နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ Coronavirus အသစ်အဆန်း ကူးစက် ပြန့်နှံ့နေတာကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမိန့်ထုတ်ပြန်လိုက်တာပါ။

ဒီဗိုင်းရပ်ပိုး မြို့တော် ဘေဂျင်းမှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာအပါအဝင် နိုင်ငံတဝှမ်း တနင်္လာနေ့မှာ ကျယ်ပြန့်စွာ ကူးစက် ပြန့်နှံ့နေကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောကြားတဲ့အချိန်မှာဘဲ သမ္မတရှီရဲ့ အမိန့်ထွက်လာတာပါ။

ဒီရောဂါ ကူးစက် ပြန့်နှံ့မှုဟာ တရုတ်နိုင်ငံမှာ လူတွေ မီးရထား၊ လေယာဉ်ပျံတို့နဲ့ ခရီးသွား အများဆုံးအချိန်ဖြစ်တဲ့ နှစ်သစ်ကူး အခါသမယနဲ့လည်း တိုက်ဆိုင်နေတာကြောင့် ဒီကိစ္စကို ဦးစားပေး ဆောင်ရွက်ကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေကို သမ္မတ ရှီက အမိန့်ထုတ်လိုက်ပါတယ်။

ဗိုင်းရပ်ပိုး စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံအလယ်ပိုင်း Wuhan ဒေသမှာ ရောဂါပိုး ကူးစက်နေသူ ၁၃၆ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးအရာရှိတွေက အတည်ပြု ပြောကြားလိုက်တာကြောင့် တနင်္လာနေ့ ညနေပိုင်းအထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၂၂၄ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီအထဲက ၂၁၇ ဦးကို အတည်ပြုပြီးဖြစ်ပြီး ကျန် ၇ ဦးကတော့ သံသယဖြစ်ဖွယ်အဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ တဦးထပ်မံ သေဆုံးသွားတာကြောင့် ဒီကူးစက် ဗိုင်းရပ်ပိုးကြောင့် သေဆုံးသူ ၃ ဦးရှိသွားပြီ ဖြစ်ပါတယ်။

မြို့တော် ဘေဂျင်းမှာ ရောဂါပိုးကူးစက်နေသူ ၂ ဦးနဲ့ တောင်ပိုင်း Shenzhen ဒေသက တဦးတို့လည်း ရောဂါပိုး ကူးစက်နေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလူ ၃ ဦးစလုံးဟာ Wuhan ဒေသကို သွားခဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်ပြည်ကို မကြာသေးခင်ကသွားခဲ့တဲ့ ထိုင်းနိုင်ငံသား ၂ ဦးနဲ့ ဂျပန်နိုင်ငံသား ၁ ဦး၊ တောင်ကိုရီးယားနိုင်ငံမှာ ၁ ဦး စုစုပေါင်း ၄ ဦး ဒီရောဂါပိုး ကူးစက်နေတာကို တွေ့ရကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြု ပြောကြားပါတယ်။

ရောဂါပိုးကူးစက်နေကြောင်း တွေ့ရှိရတဲ့ နိုင်ငံတွေက အာဏာပိုင်တွေနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်နေကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shaung က တနင်္လာနေ့မှာ ပြောပါတယ်။

“တခြားနိုင်ငံတွေမှာ ဒီဗိုင်းရပ်ပိုး ကူးစက် ဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတဲအပေါ် တရုတ်အစိုးရက အလေးထား ဆောင်ရွက်နေပါတယ်။ ရောဂါပိုးကူးစက်နေတယ်ဆိုတဲ့ နိုင်ငံအားလုံးနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ အားလုံးဖွင့်ထားသလို ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့် လုပ်ဆောင်နေပြီး အခြေအနေတွေ ထိန်းချုပ်နိုင်အောင် အစွမ်းကုန်ကြိုးစားနေပါတယ်။”

လက်ရှိအချိန်အထိတော့ ဂျပန်၊ ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ဒီရောဂါပိုး ကူးစက် ပြန့်နှံ့နေတယ်ဆိုတာ သူတို့ သိထားရကြောင်းလည်း Geng Shaung က ပြောပါတယ်။

“သက်ဆိုင်ရာဌာနတွေထံက ကျနော်သိရသလောက်ကတော့ ဂျပန်၊ ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံတွေက သူတို့နိုင်ငံသားတွေ ဒီ Coronavirus ရောဂါပိုး ကူးစက်နေတယ်ဆိုတာ အကြောင်းကြားတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဒီ ကူးစက်ရောဂါ မပြန့်ပွားအောင် အဲဒီ ၃ နိုင်ငံနဲ့ တရုတ်အစိုးရက အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး ရောဂါအမြန်ဆုံးပျောက်နိုင်အောင် ကုသရေးနဲ့ ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်နေပါတယ်။ ဒီရောဂါပိုး မပြန့်နှံ့အောင် Wuhan ဒေသအစိုးရက ဒေသတွင်းကနေ တခြားနေရာတွေကို ခရီးသွားကြမယ့်သူတွေရဲ့ ကျန်းမာရေး အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်ပါတယ်လို့ ကျနော်ပြောနိုင်ပါတယ်။”

Coronavirus ရောဂါပိုးအမျိုးအစားထဲမှာ သာမှန် အအေးမိတာကနေ SARS လို ကူးစက်မြန်ပြင်းထန်တဲ့ အဆုပ်ရောဂါအထိ ဖြစ်နိုင်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်းမှာ ၂၀၀၂ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ SARS ကူးစက်ရောဂါဟာ နိုင်ငံပေါင်း တဒါဇင်ကျော်ကို ကူးစက်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၈၀၀ လောက် သေဆုံးခဲ့တာပါ။ တရုတ်အစိုးရက အစောပိုင်းမှာ အဲဒီရောဂါရဲ့ ဆိုးရွားမှုကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင့်မြင့် ဆရာဝန်တွေက ဖွင့်ချလိုက်တဲ့အတွက် နောက်ပိုင်းမှာ အဲဒီ ဖုံးကွယ်ထားမှုတွေ ပေါ်သွားခဲ့ပါတယ်။

အခုတွေ့ရှိတဲ့ ကူးစက်ရောဂါဟာ အရင်ကတွေ့ခဲ့တဲ့ SARS လို ပြင်းထန်တဲ့ရောဂါပိုးနဲ့ မတူကြောင်း တရုတ်သိပ္ပံပညာရှင်တွေက အခုလ အစောပိုင်းမှာ ပြောထားပါတယ်။ Coronavirus ကူးစက်ရောဂါရဲ့ အစောပိုင်း လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ ရင်ကျပ်တာနဲ့ အသက်ရှုကျပ်တာတွေ ပါဝင်ပါတယ်။

ကိုေဇာ္ဝင္းလႈိင္/VOA (Burmese)
https://burmese.voanews.com
တ႐ုတ္ Corona ဗိုင္းရပ္ေရာဂါ အိမ္နီးခ်င္းႏိုင္ငံတခ်ိဳ႕ကို ကူးစက္ တ႐ုတ္ Corona ဗိုင္းရပ္ေရာဂါ အိမ္နီးခ်င္းႏိုင္ငံတခ်ိဳ႕ကို ကူးစက္ Reviewed by THITHTOOLWIN on 23:04 Rating: 5
Powered by Blogger.