ဗင္နီဇြဲလားႏိုင္ငံပိုင္ ေလယာဥ္ ၁၅ စင္းကို အေမရိကန္က နာမည္ပ်က္စာရင္းသြင္း

ဗင္နီဇြဲလားႏိုင္ငံ သမၼတ နီကိုးလပ္စ္မာဒူ႐ိုအား ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
ဝါရွင္တန္၊ ဇန္နဝါရီ ၂၂ ရက္ (ဆင္ဟြာ)

အေမရိကန္ႏိုင္ငံ အစိုးရက ဗင္နီဇြဲလားႏိုင္ငံ သမၼတ နီကိုးလပ္စ္ မာဒူ႐ို (Nicolas Maduro) အစိုးရအား ဖိအားေပးရန္ လုပ္ေဆာင္မႈအျဖစ္ ဗင္နီဇြဲလားအစိုးရပိုင္ Petroleos de Venezuela ေရနံကုမၸဏီ၏ ေလယာဥ္ ၁၅ စင္းကို ဇန္နဝါရီ ၂၁ ရက္က ေ႐ြးခ်ယ္ကာ နာမည္ပ်က္စာရင္းသြင္းခဲ့ေၾကာင္း သိရသည္။

၎ေလယာဥ္အမ်ားစုကို မာဒူ႐ိုအစိုးရ၏ အဆင့္ျမင့္အရာရွိမ်ားက သြားလာေရးအတြက္ အသုံးျပဳခဲ့ၾကၿပီး အခ်ိဳ႕မွာမူ အေမရိကန္ စစ္ေလယာဥ္မ်ားႏွင့္ မလုံၿခဳံသည့္အေနအထားနီးကပ္စြာတည္ရွိေနျခင္းေၾကာင့္ ျဖစ္ေၾကာင္း အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

၎လုပ္ေဆာင္ခ်က္ေၾကာင့္ အေမရိကန္ ျပည္သူမ်ားအေနျဖင့္ ယင္းေလယာဥ္မ်ားႏွင့္ အလုပ္လုပ္၍ ရေတာ့မည္မဟုတ္ေၾကာင္း သတိေပးခ်က္ ရရွိခဲ့သည္။

အေမရိကန္သည္ ဗင္နီးဇြဲလား အတိုက္အခံေခါင္းေဆာင္ ဂ်ဴအန္ ဂြိဳင္ဒို (Juan Guaido) ကို ေထာက္ခံၿပီး ဗင္နီဇြဲလားအစိုးရကို ဆန႔္က်င္သည့္အေနျဖင့္ စီးပြားေရးပိတ္ဆို႔မႈမ်ားႏွင့္ သံတမန္ေရးျဖတ္ေတာက္မႈမူဝါဒအား က်င့္သုံးလ်က္ရွိသည္။

ယခုလအေစာပိုင္းတြင္လည္း ဗင္နီဇြဲလား အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ၇ ဦးကို အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက နာမည္ပ်က္စာရင္းသြင္းခဲ့သည္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြမ္ပီယိုက ဂြိဳင္ဒိုႏွင့္ ကိုလံဘီယာႏိုင္ငံတြင္ ဇန္နဝါရီ ၂၀ ရက္က ေတြ႕ဆုံခဲ့စဥ္ အေမရိကန္အေနျဖင့္ ေထာက္ပံ့ေရးလုပ္ေဆာင္မႈမ်ား ပိုမိုေဆာင္႐ြက္သြားမည္ဟု ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
---------
(Unicode)⤵⤵⤵
ဗင်နီဇွဲလားနိုင်ငံပိုင် လေယာဉ် ၁၅ စင်းကို အမေရိကန်က နာမည်ပျက်စာရင်းသွင်း

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ်မာဒူရိုအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အစိုးရက ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) အစိုးရအား ဖိအားပေးရန် လုပ်ဆောင်မှုအဖြစ် ဗင်နီဇွဲလားအစိုးရပိုင် Petroleos de Venezuela ရေနံကုမ္ပဏီ၏ လေယာဉ် ၁၅ စင်းကို ဇန်နဝါရီ ၂၁ ရက်က ရွေးချယ်ကာ နာမည်ပျက်စာရင်းသွင်းခဲ့ကြောင်း သိရသည်။

၎င်းလေယာဉ်အများစုကို မာဒူရိုအစိုးရ၏ အဆင့်မြင့်အရာရှိများက သွားလာရေးအတွက် အသုံးပြုခဲ့ကြပြီး အချို့မှာမူ အမေရိကန် စစ်လေယာဉ်များနှင့် မလုံခြုံသည့်အနေအထားနီးကပ်စွာတည်ရှိနေခြင်းကြောင့် ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းလုပ်ဆောင်ချက်ကြောင့် အမေရိကန် ပြည်သူများအနေဖြင့် ယင်းလေယာဉ်များနှင့် အလုပ်လုပ်၍ ရတော့မည်မဟုတ်ကြောင်း သတိပေးချက် ရရှိခဲ့သည်။

အမေရိကန်သည် ဗင်နီးဇွဲလား အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုင်ဒို (Juan Guaido) ကို ထောက်ခံပြီး ဗင်နီဇွဲလားအစိုးရကို ဆန့်ကျင်သည့်အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများနှင့် သံတမန်ရေးဖြတ်တောက်မှုမူဝါဒအား ကျင့်သုံးလျက်ရှိသည်။

ယခုလအစောပိုင်းတွင်လည်း ဗင်နီဇွဲလား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၇ ဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နာမည်ပျက်စာရင်းသွင်းခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ဂွိုင်ဒိုနှင့် ကိုလံဘီယာနိုင်ငံတွင် ဇန်နဝါရီ ၂၀ ရက်က တွေ့ဆုံခဲ့စဉ် အမေရိကန်အနေဖြင့် ထောက်ပံ့ရေးလုပ်ဆောင်မှုများ ပိုမိုဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဗင္နီဇြဲလားႏိုင္ငံပိုင္ ေလယာဥ္ ၁၅ စင္းကို အေမရိကန္က နာမည္ပ်က္စာရင္းသြင္း ဗင္နီဇြဲလားႏိုင္ငံပိုင္ ေလယာဥ္ ၁၅ စင္းကို အေမရိကန္က နာမည္ပ်က္စာရင္းသြင္း Reviewed by THITHTOOLWIN on 22:58 Rating: 5
Powered by Blogger.