Corona ဗုိင္းရပ္စ္ ကာကြယ္ေရး ျမန္မာတုိးျမွင့္ျပင္ဆင္

ရန္ကုန္ အျပည္ျပည္ဆုိင္ရာေလဆိပ္အတြင္း လာေရာက္တဲ့ ခရီးသြားမ်ားကို စက္ျဖင့္ စစ္ေနစဥ္
(Zawgyi / Unicode)

တရုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕မွာ စတင္ခဲ့တဲ့ Corona ဗုိင္းရပ္စ္ပုိး ကူးစက္သူ အေရအတြက္ တုိးလာေနသလုိ၊ ျပည္ပႏုိင္ငံေတြမွာပါ ကူးစက္မႈေတြ ရွိလာေနတဲ့အတြက္ စုိးရိမ္မႈေတြ ႀကီးထြားလာေနသလုိ ကာကြယ္ေရး အစီအစဥ္ေတြကုိလည္း တုိးျမွင့္ေနၾကပါတယ္။

ျမန္မာႏုိင္ငံမွာလည္း ေရာဂါကူးစက္သူ မေတြ႔ေသးေပမယ့္ တရုတ္ႏွစ္သစ္ကူးပြဲ နီးကပ္လာတာနဲ႔အမွ် ကာကြယ္ေရးလုပ္ငန္းေတြကို အရွိန္ျမွင့္ ေဆာင္ရြက္ေနေၾကာင္း က်န္းမာေရးဌာန တာ၀န္ရွိသူေတြက ေျပာပါတယ္။ အျပည့္အစံုကိုေတာ့ ဗီြအိုေအျမန္မာပုိင္း သတင္းေထာက္ စုစုက ေျပာျပေပးမွာပါ။

ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းေလာက္ကစၿပီး တရုတ္ႏို္င္ငံ ဝူဟန္ၿမိဳ႕မွာ စတင္ျဖစ္ပြားခဲ့တဲ့ Novel Coronavirus ေရာဂါပိုးကူးစက္ခံရသူ ၂၉၁ေယာက္ရွိေနၿပီး၊ လူေလးဦးေသဆံုးခဲ့တယ္လို႔ ဒီကေန႔ တရုတ္အာဏာပိုင္ေတြဘက္က ထုတ္ျပန္ထားပါတယ္။

ကူစက္ႏႈန္းျမန္ၿပီး ေသဆံုးမႈျမင့္တက္လာေနတဲ့ ဒီေရာဂါပိုးနဲ႔ပတ္သက္ၿပီး ေဟာင္ေကာင္၊ မေလးရွား၊ ဖိလစ္ပုိင္၊ စကၤာပူ၊ ထုိင္ဝမ္၊ ထုိင္း၊ ရုရွား၊ ဗီယက္နမ္နဲ႔ ျမန္မာႏိုင္ငံမွာ ေရာဂါကာကြယ္ေရးလုပ္ငန္းေတြကုိ ျမွင့္တင္ေဆာင္ရြက္ေနပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ အျပည္ျပည္ဆုိင္ရာေလဆိပ္ေတြနဲ႔ ေရဆိပ္ေတြအျပင္ တရုတ္ႏုိင္ငံနဲ႔ ထိစပ္ေနတဲ့ နယ္စပ္ေတြမွာ ေရာဂါကာကြယ္ေရးအတြက္ ေဆာင္ရြက္ေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

အခုလာမယ့္ ေသာၾကာေန႔ဆုိ တရုတ္ႏွစ္သစ္ကူးေရာက္ၿပီျဖစ္တာေၾကာင့္ ေရာဂါကာကြယ္ေရး လုပ္ငန္းေတြကို ပံုမွန္ထက္ ပုိၿပီးေဆာင္ရြက္ေနတယ္လုိ႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနခြဲက ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“အခုက China Lunar Year ႏွစ္သစ္ကူးကလည္း ၂၅ရက္ေန႔ဆိုရင္ စေတာ့မယ္။ ႏွစ္သစ္ကူးမွာဆုိရင္လည္း မိသားစုလိုက္ အသြားအလာေတြလည္း မ်ားတယ္ဆုိတဲ့အခါက်ေတာ့ က်မတို႔အေနနဲ႔ ဒါကေတာ့ ပုိဂရုစိုက္ရေတာ့မွာေပါ့ေနာ္။”

အခုျဖစ္ပြားေနတဲ့ Coronavirus ေရာဂါရဲ႕ လကၡဏာအမ်ားစုက ကိုယ္ပူၿပီးဖ်ားတာ၊ အသက္ရွဴၾကပ္တာနဲ႔ အဆုတ္ႏွစ္ဖက္လံုးေရာင္ေနတာ ေတြ႕ရတတ္ၿပီး ရာသီတုတ္ေကြးေရာဂါလကၡဏာနဲ႔ ဆင္တူတယ္လို႔ဆုိပါတယ္။ ေရာဂါျပင္းထန္လာရင္ေတာ့ အဆုတ္ေရာင္ေရာဂါ၊ SARS နဲ႔ MERS တို႔အျပင္ ေက်ာက္ကပ္ပ်က္စီးတဲ့အထိ ျဖစ္သြားႏုိင္ပါတယ္။

တရုတ္ႏုိင္ငံမွာ ၂၀၀၂ ခုႏွစ္တုန္းက SARS လို႔ေခၚတဲ့ ကူးစက္ျမန္ျပင္းထန္ အဆုတ္ေရာင္ေရာဂါျဖစ္ခဲ့ဖူးၿပီး အာရွတုိက္အထိ ပ်ံ႕ႏွံ႕ခဲ့တာေၾကာင့္ တႏွစ္အတြင္းမွာ ေရာဂါကူးစက္ခံရသူ ရွစ္ေထာင္ေက်ာ္ထဲက တေထာင္နီးပါးေသဆံုးခဲ့တဲ့ ျဖစ္စဥ္ ရွိခဲ့ပါတယ္။

အခုျဖစ္ေနတဲ့ Coronavirus ေရာဂါပိုးဟာ လူအခ်င္းခ်င္းကူးစက္တတ္သလားဆုိတဲ့ သံသယကိုေတာ့ ကမာၻ႕က်န္းမာေရးအဖြဲ႕အေနနဲ႕လည္း တိတိက်က် မေျပာႏိုင္ေသးဘဲ ရွာေဖြေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“WHO National Director နဲ႔ Bloomberg မွာ ေျပာထားတဲ့ဟာကို ကိုးကားၿပီးေတာ့ ေျပာမယ္ဆုိလုိ႔ရွိရင္ေတာ့ အခုလက္ရွိအေနအထားေတာ့ WHO မွာဆုိလုိ႔ရွိရင္ လူကေန လူကိုကူးစက္တယ္ဆုိတဲ့ သက္ေသတခ်ိဳ႕ေလးေတြေတာ့ ရထားၿပီေပါ့ေနာ္။ ဒါေပမယ့္လို႔ သူတို႔မွာ Clear Evidence မရွိေသးဘူး။ တကယ္ကို ဗိုင္းရပ္စ္က လူကိုကူးစက္ႏုိင္သလားဆုိတဲ့ Clear Evidence မရွိေသးဘူး။ ဒါေၾကာင့္မုိ႔လို႔ အခုထက္ထိမွာေတာ့ လူကလူကို ကူးစက္တယ္ဆိုၿပီးေတာ့ မေျပာႏိုင္ေသးဘူးေပါ့ေနာ္။”

အခုျဖစ္ေနတဲ့ Novel Coronavirus ေရာဂါအတြက္ ကာကြယ္ေဆးမရွိေသးေပမယ့္ ႀကိဳတင္ ကာကြယ္ႏုိင္ဖို႔အတြက္ကေတာ့ တစ္ကုိယ္ေရက်န္းမာေရးကို ဂရုစိုက္ၿပီး တိရစာၦန္ေတြနဲ႔ တုိက္ရိုက္ထိေတြ႕တာမ်ိဳးကို ေရွာင္ၾကဥ္ရမွာပါ။

ကူးစက္ႏႈန္းျမင့္တက္ေနတဲ့ ဒီေရာဂါနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံအေနနဲ႔ သံသယလူနာ မေတြ႕ရွိေသးေပမယ့္လည္း အျပည္ျပည္ဆုိင္ရာ ခရီးသြားေတြအေနနဲ႔ က်မ္းမာေရးဆုိင္ရာ အၾကံေပးခ်က္ေတြကုိ လိုက္နာၿပီး က်န္းမာေရးဝန္ႀကီးဌာနရဲ႕ တရားဝင္ Website နဲ႔ Myanmar CDC Facebook Page တို႔က ထုတ္ျပန္တဲ့ က်န္းမာေရးလမ္းညႊန္ခ်က္ေတြကို လိုက္နာဖို႔ကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တုိုက္တြန္းထားပါတယ္။

...................

Corona ဗိုင်းရပ်စ် ကာကွယ်ရေး မြန်မာတိုးမြှင့်ပြင်ဆင်

(Unicode)

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ Corona ဗိုင်းရပ်စ်ပိုး ကူးစက်သူ အရေအတွက် တိုးလာနေသလို၊ ပြည်ပနိုင်ငံတွေမှာပါ ကူးစက်မှုတွေ ရှိလာနေတဲ့အတွက် စိုးရိမ်မှုတွေ ကြီးထွားလာနေသလို ကာကွယ်ရေး အစီအစဉ်တွေကိုလည်း တိုးမြှင့်နေကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်သူ မတွေ့သေးပေမယ့် တရုတ်နှစ်သစ်ကူးပွဲ နီးကပ်လာတာနဲ့အမျှ ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် စုစုက ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကစပြီး တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ Novel Coronavirus ရောဂါပိုးကူးစက်ခံရသူ ၂၉၁ယောက်ရှိနေပြီး၊ လူလေးဦးသေဆုံးခဲ့တယ်လို့ ဒီကနေ့ တရုတ်အာဏာပိုင်တွေဘက်က ထုတ်ပြန်ထားပါတယ်။

ကူစက်နှုန်းမြန်ပြီး သေဆုံးမှုမြင့်တက်လာနေတဲ့ ဒီရောဂါပိုးနဲ့ပတ်သက်ပြီး ဟောင်ကောင်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ ရုရှား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံမှာ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို မြှင့်တင်ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေနဲ့ ရေဆိပ်တွေအပြင် တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တွေမှာ ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုလာမယ့် သောကြာနေ့ဆို တရုတ်နှစ်သစ်ကူးရောက်ပြီဖြစ်တာကြောင့် ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို ပုံမှန်ထက် ပိုပြီးဆောင်ရွက်နေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“အခုက China Lunar Year နှစ်သစ်ကူးကလည်း ၂၅ရက်နေ့ဆိုရင် စတော့မယ်။ နှစ်သစ်ကူးမှာဆိုရင်လည်း မိသားစုလိုက် အသွားအလာတွေလည်း များတယ်ဆိုတဲ့အခါကျတော့ ကျမတို့အနေနဲ့ ဒါကတော့ ပိုဂရုစိုက်ရတော့မှာပေါ့နော်။”

အခုဖြစ်ပွားနေတဲ့ Coronavirus ရောဂါရဲ့ လက္ခဏာအများစုက ကိုယ်ပူပြီးဖျားတာ၊ အသက်ရှူကြပ်တာနဲ့ အဆုတ်နှစ်ဖက်လုံးရောင်နေတာ တွေ့ရတတ်ပြီး ရာသီတုတ်ကွေးရောဂါလက္ခဏာနဲ့ ဆင်တူတယ်လို့ဆိုပါတယ်။ ရောဂါပြင်းထန်လာရင်တော့ အဆုတ်ရောင်ရောဂါ၊ SARS နဲ့ MERS တို့အပြင် ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၀၂ ခုနှစ်တုန်းက SARS လို့ခေါ်တဲ့ ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါဖြစ်ခဲ့ဖူးပြီး အာရှတိုက်အထိ ပျံ့နှံ့ခဲ့တာကြောင့် တနှစ်အတွင်းမှာ ရောဂါကူးစက်ခံရသူ ရှစ်ထောင်ကျော်ထဲက တထောင်နီးပါးသေဆုံးခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

အခုဖြစ်နေတဲ့ Coronavirus ရောဂါပိုးဟာ လူအချင်းချင်းကူးစက်တတ်သလားဆိုတဲ့ သံသယကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့လည်း တိတိကျကျ မပြောနိုင်သေးဘဲ ရှာဖွေနေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“WHO National Director နဲ့ Bloomberg မှာ ပြောထားတဲ့ဟာကို ကိုးကားပြီးတော့ ပြောမယ်ဆိုလို့ရှိရင်တော့ အခုလက်ရှိအနေအထားတော့ WHO မှာဆိုလို့ရှိရင် လူကနေ လူကိုကူးစက်တယ်ဆိုတဲ့ သက်သေတချို့လေးတွေတော့ ရထားပြီပေါ့နော်။ ဒါပေမယ့်လို့ သူတို့မှာ Clear Evidence မရှိသေးဘူး။ တကယ်ကို ဗိုင်းရပ်စ်က လူကိုကူးစက်နိုင်သလားဆိုတဲ့ Clear Evidence မရှိသေးဘူး။ ဒါကြောင့်မို့လို့ အခုထက်ထိမှာတော့ လူကလူကို ကူးစက်တယ်ဆိုပြီးတော့ မပြောနိုင်သေးဘူးပေါ့နော်။”

အခုဖြစ်နေတဲ့ Novel Coronavirus ရောဂါအတွက် ကာကွယ်ဆေးမရှိသေးပေမယ့် ကြိုတင် ကာကွယ်နိုင်ဖို့အတွက်ကတော့ တစ်ကိုယ်ရေကျန်းမာရေးကို ဂရုစိုက်ပြီး တိရစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့တာမျိုးကို ရှောင်ကြဉ်ရမှာပါ။ ကူးစက်နှုန်းမြင့်တက်နေတဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ သံသယလူနာ မတွေ့ရှိသေးပေမယ့်လည်း အပြည်ပြည်ဆိုင်ရာ ခရီးသွားတွေအနေနဲ့ ကျမ်းမာရေးဆိုင်ရာ အကြံပေးချက်တွေကို လိုက်နာပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင် Website နဲ့ Myanmar CDC Facebook Page တို့က ထုတ်ပြန်တဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

စုစု/VOA (Burmese)
https://burmese.voanews.com
Corona ဗုိင္းရပ္စ္ ကာကြယ္ေရး ျမန္မာတုိးျမွင့္ျပင္ဆင္ Corona ဗုိင္းရပ္စ္ ကာကြယ္ေရး ျမန္မာတုိးျမွင့္ျပင္ဆင္ Reviewed by THITHTOOLWIN on 23:02 Rating: 5
Powered by Blogger.