ကိုးရီးယားႏိုင္ငံတြင္ ရခိုင္လူငယ္တစ္ဦး ႀကိဳးဆြဲခ် ေသဆံုး

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ဇန္နဝါရီ ၂၂/ ၂၀၂၀

ရခိုင္ျပည္နယ္၊ ေျမပံုၿမိဳ႕နယ္၊ သရက္ေတာင္ေက်းရြာမွ ေတာင္ကိုးရီးယားႏိုင္ငံသုိ႔ အလုပ္လုပ္ရန္ ေရာက္ရွိေနသည့္ လူငယ္တစ္ဦး ႀကိဳးဆြဲခ် ေသဆံုးေၾကာင္း သတင္းရရွိသည္။

ေသဆံုးသူမွာ သရက္ေတာင္ေက်းရြာမွ ဦးေမာင္သန္းေရႊႏွင့္ ေဒၚမၾကည္တို႔၏သား ေမာင္မ်ိဳးျမင့္ (၂၅) ႏွစ္ျဖစ္ေၾကာင္း သိရသည္။ ၄င္းမွာ ဇန္နဝါရီ ၂၀ ရက္ေန႔က ေတာင္ကိုးရီးယားႏိုင္ငံ ေဂ်ာ္လဒိုေဒသ ဂြမ္ဂ်ဴးၿမိဳ႕တြင္ သူေနသည့္ အေဆာင္၌ ဝါယာႀကိဳးမ်ားျဖင့္ ႀကိဳးဆြဲခ် ေသဆံုးေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

̏ ျဖစ္စဥ္ျဖစ္မယ့္ေန႔က သူစက္ရံုမဆင္းဘူး။ သူနဲ႔အတူ အခန္းေဖာ္ ႏွစ္ေယာက္က အလုပ္ ဆင္းသြားတယ္။ သူက ေနမေကာင္းလို႔ဆိုၿပီး ေဆးခန္းလည္း သြားျပေသးတယ္။ ေဆးခန္းက အျပန္ အေဆာင္ကိုေရာက္ေတာ့ အခုလို ႀကိဳးဆြဲခ် ေသဆံုးေနတာကို ေတြ႔ရတယ္လို႔ သိရပါတယ္။ ˝ဟု ေသဆံုးသူ၏ ဖခင္ျဖစ္သူ ဦးေမာင္သိန္းေရႊက နိရဥၥရာသုိ႔ ေျပာသည္။

ေသဆံုးသြားသူအား ဇန္နဝါရီ ၂၃ ရက္ေန႔တြင္ ကိုးရီးယားႏိုင္ငံ၌ ရခိုင္အသင္း (ကိုးရီးယား) မွ ဦးေဆာင္ကာ သၿဂႋဳလ္မည္ျဖစ္ေၾကာင္း၊ ၄င္းမွာ ဂြမ္ဂ်ဴးၿမိဳ႕သို႔ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလက အလုပ္လုပ္ရန္ သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

̏ သူက လြန္ခဲ့တဲ့ တစ္လေလာက္ကတည္းက ေနသိပ္မေကာင္းဘူးခ်ည္းပဲ ေျပာပါတယ္။ ညဆိုရင္လည္း မ်က္လံုးေတြ ေၾကာင္ၿပီး မအိပ္ႏိုင္ဘူးလို႔ ေျပာပါတယ္။ အိပ္ယာထဲလဲရင္လည္း ေနာက္ေက်ာက နာတယ္လို႔ ေျပာတယ္။ ေဆးခန္းျပေပမယ့္လည္း ဘာေရာဂါမွ မရွိဘူးလို႔ ေျပာတယ္ေပါ့ေနာ္။ သူက ကုန္ပစၥည္းေတြ ထုတ္တဲ့ စက္ရံုမွာ လုပ္တာပါ။ သူ႔ကို အဲဒီက တာဝန္ရွိေတြက စစ္ေဆးေတာ့ သူ႔ကို လုပ္ႀကံသတ္တာ မဟုတ္ဘူးလို႔ အေျဖထြက္ပါတယ္။ သူစိတ္ဖိစီးမႈေတြမ်ားလို႔ လုပ္သြားတာလည္း ျဖစ္ႏုိင္ပါတယ္။˝ဟု ေသဆံုးသူ၏ မိခင္ျဖစ္သူ ေဒၚမၾကည္က နိရဥၥရာသုိ႔ ေျပာသည္။

ေသဆံုးသူ အလုပ္လုပ္သည့္ စက္ရံုမွ တာဝန္ရွိသူမ်ားႏွင့္ နယ္ေျမခံ ကိုးရီးယားရဲတပ္ဖြဲ႔ဝင္မ်ား ပူးေပါင္းကာ သူေသဆံုးမႈႏွင့္ ပတ္သက္ျပီး စံုစမ္း စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။

ေသဆံုးသူ ေအာင္မ်ိဳးျမင့္မွာ (စစ္ေတြ) တကၠသိုလ္၌ ျမန္မာစာအထူးျပဳျဖင့္ ဒုတိယႏွစ္ကို ေအာင္ျမင္ခဲ့ကာ ေတာင္ကိုးရီးယားႏိုင္ငံသုိ႔ အလုပ္လုပ္ရန္ သြားေရာက္ခဲ့ရာမွ ယခုလို ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေဆာင္းဇာျခည္
Narinjara
https://www.facebook.com/narinjara.info/
-------------
(Unicode)⤵⤵⤵
ကိုးရီးယားနိုင်ငံတွင် ရခိုင်လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံး

နိရဉ္စရာ၊ ဇန်နဝါရီ ၂၂/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာမှ တောင်ကိုးရီးယားနိုင်ငံသို့ အလုပ်လုပ်ရန် ရောက်ရှိနေသည့် လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ သရက်တောင်ကျေးရွာမှ ဦးမောင်သန်းရွှေနှင့် ဒေါ်မကြည်တို့၏သား မောင်မျိုးမြင့် (၂၅) နှစ်ဖြစ်ကြောင်း သိရသည်။ ၎င်းမှာ ဇန်နဝါရီ ၂၀ ရက်နေ့က တောင်ကိုးရီးယားနိုင်ငံ ဂျော်လဒိုဒေသ ဂွမ်ဂျူးမြို့တွင် သူနေသည့် အဆောင်၌ ဝါယာကြိုးများဖြင့် ကြိုးဆွဲချ သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

̏ ဖြစ်စဉ်ဖြစ်မယ့်နေ့က သူစက်ရုံမဆင်းဘူး။ သူနဲ့အတူ အခန်းဖော် နှစ်ယောက်က အလုပ် ဆင်းသွားတယ်။ သူက နေမကောင်းလို့ဆိုပြီး ဆေးခန်းလည်း သွားပြသေးတယ်။ ဆေးခန်းက အပြန် အဆောင်ကိုရောက်တော့ အခုလို ကြိုးဆွဲချ သေဆုံးနေတာကို တွေ့ရတယ်လို့ သိရပါတယ်။ ˝ဟု သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးမောင်သိန်းရွှေက နိရဉ္စရာသို့ ပြောသည်။

သေဆုံးသွားသူအား ဇန်နဝါရီ ၂၃ ရက်နေ့တွင် ကိုးရီးယားနိုင်ငံ၌ ရခိုင်အသင်း (ကိုးရီးယား) မှ ဦးဆောင်ကာ သင်္ဂြိုလ်မည်ဖြစ်ကြောင်း၊ ၎င်းမှာ ဂွမ်ဂျူးမြို့သို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလက အလုပ်လုပ်ရန် သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

̏ သူက လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက နေသိပ်မကောင်းဘူးချည်းပဲ ပြောပါတယ်။ ညဆိုရင်လည်း မျက်လုံးတွေ ကြောင်ပြီး မအိပ်နိုင်ဘူးလို့ ပြောပါတယ်။ အိပ်ယာထဲလဲရင်လည်း နောက်ကျောက နာတယ်လို့ ပြောတယ်။ ဆေးခန်းပြပေမယ့်လည်း ဘာရောဂါမှ မရှိဘူးလို့ ပြောတယ်ပေါ့နော်။ သူက ကုန်ပစ္စည်းတွေ ထုတ်တဲ့ စက်ရုံမှာ လုပ်တာပါ။ သူ့ကို အဲဒီက တာဝန်ရှိတွေက စစ်ဆေးတော့ သူ့ကို လုပ်ကြံသတ်တာ မဟုတ်ဘူးလို့ အဖြေထွက်ပါတယ်။ သူစိတ်ဖိစီးမှုတွေများလို့ လုပ်သွားတာလည်း ဖြစ်နိုင်ပါတယ်။˝ဟု သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်မကြည်က နိရဉ္စရာသို့ ပြောသည်။

သေဆုံးသူ အလုပ်လုပ်သည့် စက်ရုံမှ တာဝန်ရှိသူများနှင့် နယ်မြေခံ ကိုးရီးယားရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သူသေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

သေဆုံးသူ အောင်မျိုးမြင့်မှာ (စစ်တွေ) တက္ကသိုလ်၌ မြန်မာစာအထူးပြုဖြင့် ဒုတိယနှစ်ကို အောင်မြင်ခဲ့ကာ တောင်ကိုးရီးယားနိုင်ငံသို့ အလုပ်လုပ်ရန် သွားရောက်ခဲ့ရာမှ ယခုလို ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆောင်းဇာခြည်
Narinjara
https://www.facebook.com/narinjara.info/
ကိုးရီးယားႏိုင္ငံတြင္ ရခိုင္လူငယ္တစ္ဦး ႀကိဳးဆြဲခ် ေသဆံုး ကိုးရီးယားႏိုင္ငံတြင္ ရခိုင္လူငယ္တစ္ဦး ႀကိဳးဆြဲခ် ေသဆံုး Reviewed by THITHTOOLWIN on 08:20 Rating: 5
Powered by Blogger.