အခြန္နဲ႔ အေႂကြးမရလို႔ ရန္ကုန္တိုင္း ဝင္ေငြ သန္းတစ္သိန္းခြဲေလ်ာ့

ကိုယ့္အစိုးရကိုယ္ အေကာင္းဘက္ကို ဦးတည္ၿပီးေတာ့ ေဝဖန္တယ္လို႔ဆိုပါတယ္။
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းရဲ႕ ၂၀၁၇-၁၈ ခုႏွစ္အတြင္း ရရွိႏိုင္တဲ့ ဝင္ေငြပမာဏဟာ လ်ာထားခ်က္ထက္ က်ပ္သန္းေပါင္း တစ္သိန္းခြဲေက်ာ္ (အေမရိကန္ေဒၚလာ သန္းတစ္ရာေက်ာ္) ေလ်ာ့နည္း နစ္နာခဲ့တယ္လို႔ ရန္ကုန္တိုင္း စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာအရ သိရပါတယ္။

ရန္ကုန္တိုင္းရဲ႕ အရအသုံး ခန္႔မွန္းေျခ ေငြစာရင္းနဲ႔ ပတ္သက္ၿပီး စာရင္းစစ္ခ်ဳပ္က အစီရင္ခံစာ တင္ျပခဲ့တာ ျဖစ္ၿပီး အဲဒီေငြေတြက စည္ပင္နဲ႔ ရန္ကုန္တိုင္း အစိုးရ လက္ေအာက္က ဌာန ၂၆ ခုက ေကာက္ခံခြင့္ ရထားတဲ့ အခြန္အေကာက္ေတြ၊ ေျမကြက္ေရာင္းခ်တာ၊ ငွားတာအစရွိတာေတြကေန ရရွိတဲ့ ဝင္ေငြေတြ ျဖစ္ပါတယ္။

အဲဒီဝင္ေငြေတြကို မေပးသြင္းႏိုင္တာ၊ စီမံကိန္းေတြမၿပီးေျမာက္တာ၊ ေႂကြးေတာင္းယူလို႔ မရတာေတြေၾကာင့္ အခုလို ဝင္ေငြေတြ ေလ်ာ့နည္းရရွိတာ ျဖစ္တယ္လို႔ တိုင္းလႊတ္ေတာ္အမတ္တခ်ိဳ႕နဲ႔ စာရင္းစစ္ ခ်ဳပ္အစီရင္ခံစာပါ အခ်က္အလက္ေတြအရ သိရပါတယ္။

အဲဒီလိုေတြ႕ရွိခ်က္နဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္အမတ္ေတြကလည္း တိုင္းလႊတ္ေတာ္မွာ ေမးခြန္းေတြ ေမးျမန္းေနၾကေပမယ့္ တိုင္းအစိုးရကေတာ့ လႊတ္ေတာ္အတြင္းမွာ ျပန္ရွင္းျပမွာမဟုတ္ဘူးလို႔ အမတ္ေတြထံက သိရပါတယ္။

အခုလို အစီရင္ခံစာမွာပါတဲ့အခ်က္ေတြကို လႊတ္ေတာ္မွာ လာေရာက္ေျဖရွင္းေပးဖို႔ ရန္ကုန္တိုင္းအစိုးရကို တိုက္တြန္းၾကေပမယ့္ အစိုးရ အဖြဲ႕ဝင္ေတြ လႊတ္ေတာ္မွာ တရားဝင္ မေျဖၾကားဘဲ လႊတ္ေတာ္နားခ်ိန္မွာသာ ရွင္းျပခဲ့တဲ့အေၾကာင္း ဒဂုံမဲဆႏၵနယ္ တိုင္းလႊတ္ေတာ္အမတ္ ဦးေက်ာ္ေဇယ်က ဘီဘီစီကို ေျပာပါတယ္။

"စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာပါ တခ်ိဳ႕အခ်က္ေတြက သေဘာထားလြဲေနတယ္။ ၿမိဳ႕ေတာ္ဝန္ႀကီးကလည္း သူ႔ကို ၿမိဳ႕ေတာ္ခန္းမမွာ မီဒီယာနဲ႔ ေတြ႕တဲ့အခါ စာရင္းစစ္ခ်ဳပ္က တခ်ိဳ႕အခ်က္ေတြ မွားေနတယ္လို႔ သူကိုယ္တိုင္ေျပာၿပီးၿပီေလ"

"ေနာက္တစ္ခါ (လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး)ေဒၚနီလာေက်ာ္ကလည္း အေနာ္မာကို ဝန္ႀကီးမ်ား႐ုံးငွားရမ္းမႈေတြ၊ မီးစက္အေၾကာင္းေတြ မီးစက္ကလည္း လုပ္ငန္းလိုအပ္မႈအရ ဝယ္တယ္ေပါ့"

"ကြၽန္ေတာ့္အျမင္ေျပာရရင္ေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ဒါကို နားလည္မႈ လြဲသြားမွာစိုးလို႔ လို႔။ အမွန္ေတာ့ သူတို႔က မေဆြးေႏြးေစခ်င္ဘူးေပါ့။ အဲဒါေတြေျပာတာ"

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားျပဳအမတ္အမ်ားစုရွိတဲ့ ရန္ကုန္လႊတ္ေတာ္မွာ ျပည္သူ႔ဘ႑ာေတြကို သုံးစြဲထားတဲ့ ကိစၥကို ပြင့္လင္းျမင္သာစြာ လာေရာက္ရွင္းလင္းေပးသင့္၊မသင့္ဆိုတဲ့အေပၚ လမ္းမေတာ္ မဲဆႏၵနယ္က NLD ပါတီကိုယ္ စားျပဳအမတ္ျဖစ္သူ ေဒၚေအးေအးမာ ဘီဘီစီကို အခုလို ေျပာပါတယ္။

"ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ ေျပာရမွာပါပဲ။ ဒီလို စီမံခန႔္ခြဲမႈအားနည္းတာေတြ၊ ဆုံးရႈံးမႈေတြ ရွိတာေတြ ကြၽန္မတို႔အေနနဲ႔ ေျပာသင့္ပါတယ္"

"ကြၽန္မတို႔လည္း ေျပာသင့္ေျပာထိုက္တာေတာ့ ေျပာပါတယ္။ ေဝဖန္ေထာက္ျပတယ္ဆိုတဲ့အထဲမွာ ကြၽန္မတို႔က အစိုးရအေနနဲ႔ ေကာင္းမြန္ေအာင္ ဆက္လက္လုပ္ေဆာင္ဖို႔ အျပဳသေဘာအေနနဲ႔ ကြၽန္မတို႔က ေဝဖန္ေထာက္ျပျခင္းပါ"

"ေျပာရမယ္ဆိုရင္ အခု ကိုယ့္အစိုးရလက္ထက္မွာလည္း ဆုံးရႈံးမႈေတြ၊ နစ္နာမႈေတြ ဒီဥစၥာေတြကေတာ့ အကုန္လုံးထိန္းထိန္းသိမ္းသိမ္း လုပ္သင့္တယ္ဆိုတာကေတာ့ ကိုယ့္အစိုးရကိုယ္ေတာ့ ေျပာရတာပါပဲ"

"ေထာက္ျပတဲ့ကိစၥေတြဟာဆိုလို႔ရွိရင္ အေကာင္းဘက္ကို ဦးတည္ၿပီးေတာ့ ေဝဖန္တယ္လို႔ယူဆပါတယ္။ အဲဒါေတာ့ အစိုးရအေနနဲ႔ ေျဖရွင္းသင့္တယ္လို႔ ကြၽန္မအေနနဲ႔က ယူဆပါတယ္"

၂၀၁၇-၁၈ ခုႏွစ္ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာ ေတြ႕ရွိခ်က္ေတြကို အခုက်င္းပေနတဲ့ ရန္ကုန္လႊတ္ေတာ္အစည္းအေဝးမွာ လႊတ္ေတာ္အမတ္ေတြက ထပ္မံေထာက္ျပေဆြးေႏြးေနတာ ႏွစ္ရက္အတြင္း လႊတ္ေတာ္အမတ္ ၁၈ေယာက္ ရွိေနၿပီျဖစ္ၿပီး ေနာက္ထပ္ေဆြးေႏြးဖို႔ ၁၀ေယာက္ေက်ာ္ က်န္ေနပါေသးတယ္။

၂၀၁၆-၁၇ခုႏွစ္တုန္းက ပါခဲ့တဲ့ အစီရင္ခံစာပါ ဆုံးရႈံးတဲ့ ဘ႑ာေငြေတြကိစၥကိုလည္း တိုင္းအစိုးရက လႊတ္ေတာ္မွာ လာရွင္းျပခဲ့တာမရွိဘူးလို႔ သိရပါတယ္။

အခု ၂၀၁၇-၁၈မွာလည္း လႊတ္ေတာ္အမတ္ေတြက လာရွင္းျပဖို႔ ေတာင္းဆိုၾကေပမယ့္ တိုင္းအစိုးရအဖြဲ႕ကေတာ့ လႊတ္ေတာ္ကေန တရားဝင္လာရွင္းျပမယ့္ အေျခအေနမရွိသလို၊ ဇန္နဝါရီလ အတြင္း ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆုံစဥ္မွာလည္း လာရွင္းျပဖို႔အတြက္ ကတိျပဳ ေျပာဆိုတာမရွိဘူးလို႔ အမတ္ေတြထံက သိရပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
အခွန်နဲ့ အကြွေးမရလို့ ရန်ကုန်တိုင်း ဝင်ငွေ သန်းတစ်သိန်းခွဲလျော့

ဓာတ်ပုံ မူပိုင် Yangon Region Government
Image caption ကိုယ့်အစိုးရကိုယ် အကောင်းဘက်ကို ဦးတည်ပြီးတော့ ဝေဖန်တယ်လို့ဆိုပါတယ်။

ရန်ကုန်တိုင်းရဲ့ ၂၀၁၇-၁၈ ခုနှစ်အတွင်း ရရှိနိုင်တဲ့ ဝင်ငွေပမာဏဟာ လျာထားချက်ထက် ကျပ်သန်းပေါင်း တစ်သိန်းခွဲကျော် (အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်) လျော့နည်း နစ်နာခဲ့တယ်လို့ ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရပါတယ်။

ရန်ကုန်တိုင်းရဲ့ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနဲ့ ပတ်သက်ပြီး စာရင်းစစ်ချုပ်က အစီရင်ခံစာ တင်ပြခဲ့တာ ဖြစ်ပြီး အဲဒီငွေတွေက စည်ပင်နဲ့ ရန်ကုန်တိုင်း အစိုးရ လက်အောက်က ဌာန ၂၆ ခုက ကောက်ခံခွင့် ရထားတဲ့ အခွန်အကောက်တွေ၊ မြေကွက်ရောင်းချတာ၊ ငှားတာအစရှိတာတွေကနေ ရရှိတဲ့ ဝင်ငွေတွေ ဖြစ်ပါတယ်။

အဲဒီဝင်ငွေတွေကို မပေးသွင်းနိုင်တာ၊ စီမံကိန်းတွေမပြီးမြောက်တာ၊ ကြွေးတောင်းယူလို့ မရတာတွေကြောင့် အခုလို ဝင်ငွေတွေ လျော့နည်းရရှိတာ ဖြစ်တယ်လို့ တိုင်းလွှတ်တော်အမတ်တချို့နဲ့ စာရင်းစစ် ချုပ်အစီရင်ခံစာပါ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီလိုတွေ့ရှိချက်နဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေကလည်း တိုင်းလွှတ်တော်မှာ မေးခွန်းတွေ မေးမြန်းနေကြပေမယ့် တိုင်းအစိုးရကတော့ လွှတ်တော်အတွင်းမှာ ပြန်ရှင်းပြမှာမဟုတ်ဘူးလို့ အမတ်တွေထံက သိရပါတယ်။

အခုလို အစီရင်ခံစာမှာပါတဲ့အချက်တွေကို လွှတ်တော်မှာ လာရောက်ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းအစိုးရကို တိုက်တွန်းကြပေမယ့် အစိုးရ အဖွဲ့ဝင်တွေ လွှတ်တော်မှာ တရားဝင် မဖြေကြားဘဲ လွှတ်တော်နားချိန်မှာသာ ရှင်းပြခဲ့တဲ့အကြောင်း ဒဂုံမဲဆန္ဒနယ် တိုင်းလွှတ်တော်အမတ် ဦးကျော်ဇေယျက ဘီဘီစီကို ပြောပါတယ်။

"စာရင်းစစ်ချုပ် အစီရင်ခံစာပါ တချို့အချက်တွေက သဘောထားလွဲနေတယ်။ မြို့တော်ဝန်ကြီးကလည်း သူ့ကို မြို့တော်ခန်းမမှာ မီဒီယာနဲ့ တွေ့တဲ့အခါ စာရင်းစစ်ချုပ်က တချို့အချက်တွေ မှားနေတယ်လို့ သူကိုယ်တိုင်ပြောပြီးပြီလေ"

"နောက်တစ်ခါ (လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး)ဒေါ်နီလာကျော်ကလည်း အနော်မာကို ဝန်ကြီးများရုံးငှားရမ်းမှုတွေ၊ မီးစက်အကြောင်းတွေ မီးစက်ကလည်း လုပ်ငန်းလိုအပ်မှုအရ ဝယ်တယ်ပေါ့"

"ကျွန်တော့်အမြင်ပြောရရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒါကို နားလည်မှု လွဲသွားမှာစိုးလို့ လို့။ အမှန်တော့ သူတို့က မဆွေးနွေးစေချင်ဘူးပေါ့။ အဲဒါတွေပြောတာ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုအမတ်အများစုရှိတဲ့ ရန်ကုန်လွှတ်တော်မှာ ပြည်သူ့ဘဏ္ဍာတွေကို သုံးစွဲထားတဲ့ ကိစ္စကို ပွင့်လင်းမြင်သာစွာ လာရောက်ရှင်းလင်းပေးသင့်၊မသင့်ဆိုတဲ့အပေါ် လမ်းမတော် မဲဆန္ဒနယ်က NLD ပါတီကိုယ် စားပြုအမတ်ဖြစ်သူ ဒေါ်အေးအေးမာ ဘီဘီစီကို အခုလို ပြောပါတယ်။

"ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြောရမှာပါပဲ။ ဒီလို စီမံခန့်ခွဲမှုအားနည်းတာတွေ၊ ဆုံးရှုံးမှုတွေ ရှိတာတွေ ကျွန်မတို့အနေနဲ့ ပြောသင့်ပါတယ်"

"ကျွန်မတို့လည်း ပြောသင့်ပြောထိုက်တာတော့ ပြောပါတယ်။ ဝေဖန်ထောက်ပြတယ်ဆိုတဲ့အထဲမှာ ကျွန်မတို့က အစိုးရအနေနဲ့ ကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်ဖို့ အပြုသဘောအနေနဲ့ ကျွန်မတို့က ဝေဖန်ထောက်ပြခြင်းပါ"

"ပြောရမယ်ဆိုရင် အခု ကိုယ့်အစိုးရလက်ထက်မှာလည်း ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ ဒီဥစ္စာတွေကတော့ အကုန်လုံးထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တယ်ဆိုတာကတော့ ကိုယ့်အစိုးရကိုယ်တော့ ပြောရတာပါပဲ"

"ထောက်ပြတဲ့ကိစ္စတွေဟာဆိုလို့ရှိရင် အကောင်းဘက်ကို ဦးတည်ပြီးတော့ ဝေဖန်တယ်လို့ယူဆပါတယ်။ အဲဒါတော့ အစိုးရအနေနဲ့ ဖြေရှင်းသင့်တယ်လို့ ကျွန်မအနေနဲ့က ယူဆပါတယ်"

၂၀၁၇-၁၈ ခုနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာ တွေ့ရှိချက်တွေကို အခုကျင်းပနေတဲ့ ရန်ကုန်လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တွေက ထပ်မံထောက်ပြဆွေးနွေးနေတာ နှစ်ရက်အတွင်း လွှတ်တော်အမတ် ၁၈ယောက် ရှိနေပြီဖြစ်ပြီး နောက်ထပ်ဆွေးနွေးဖို့ ၁၀ယောက်ကျော် ကျန်နေပါသေးတယ်။

၂၀၁၆-၁၇ခုနှစ်တုန်းက ပါခဲ့တဲ့ အစီရင်ခံစာပါ ဆုံးရှုံးတဲ့ ဘဏ္ဍာငွေတွေကိစ္စကိုလည်း တိုင်းအစိုးရက လွှတ်တော်မှာ လာရှင်းပြခဲ့တာမရှိဘူးလို့ သိရပါတယ်။

အခု ၂၀၁၇-၁၈မှာလည်း လွှတ်တော်အမတ်တွေက လာရှင်းပြဖို့ တောင်းဆိုကြပေမယ့် တိုင်းအစိုးရအဖွဲ့ကတော့ လွှတ်တော်ကနေ တရားဝင်လာရှင်းပြမယ့် အခြေအနေမရှိသလို၊ ဇန်နဝါရီလ အတွင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာလည်း လာရှင်းပြဖို့အတွက် ကတိပြု ပြောဆိုတာမရှိဘူးလို့ အမတ်တွေထံက သိရပါတယ်။

BBC Burmese
https://www.bbc.com
အခြန္နဲ႔ အေႂကြးမရလို႔ ရန္ကုန္တိုင္း ဝင္ေငြ သန္းတစ္သိန္းခြဲေလ်ာ့ အခြန္နဲ႔ အေႂကြးမရလို႔ ရန္ကုန္တိုင္း ဝင္ေငြ သန္းတစ္သိန္းခြဲေလ်ာ့ Reviewed by THITHTOOLWIN on 08:24 Rating: 5
Powered by Blogger.