ေက်ာက္ေတာ္တြင္ ေဘာ္ဒါေဆာင္ေက်ာင္းသူတစ္ဦးကို အဓမၼျပဳက်င့္ရန္ႀကံစည္သူ ဖမ္းဆီးခံရ

(Zawgyi)⤵⤵⤵
စစ္ေတြ၊ ဇန္နဝါရီ ၂၂/၂၀၂၀

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ျမိဳ႕တြင္ စာဖတ္ဝိုင္းေဘာ္ဒါေဆာင္၌ တိုင္းရင္းသူ အမ်ိဳးသမီးတစ္ဦးအား အဓမၼျပဳက်င့္ရန္ ႀကံစည္မႈ စြဲခ်က္ျဖင့္ အသက္ ၅၀ အရြယ္ လူတစ္ဦး ဖမ္းဆီးခံလိုက္ရသည္ဟု သတင္းရရွိသည္။

၎မွာ ေက်ာက္ေတာ္ျမိဳ႕ စရဖ ရံုးအနီး(Adape) ေဘာ္ဒါေဆာင္၏ အေဆာင္မွဴး ျမိဳတိုင္းရင္းသား ဦးတက္တိုး(၅၀)ႏွစ္ ျဖစ္ေၾကာင္း ဒုစခန္းမွဴး မ်ိဳးျမင့္က အတည္ျပဳ ေျပာၾကားသည္။

“အမႈဖြင့္ထားတာေတာ့ရွိတယ္ဗ်။ ေၾကးနန္းေတြဘာေတြေတာ့တင္ထားျပီးသား အမႈဖြင့္ထားတာေတာ့ မွန္တယ္ဗ်။” ဟု ဒုစခန္းမွဴး မ်ိဳးျမင့္ က ေျပာသည္။

အဓမၼျပဳက်င့္ရန္ ႀကံစည္ခံရသူ မွာ ပလက္ဝျမိဳ႕နယ္မွ အသက္ ၁၇ ႏွစ္ အရြယ္ ဆယ္တန္းေက်ာင္းတက္ေနသည့္ ျမိဳ႕တိုင္းရင္းသူတစ္ဦးျဖစ္ေၾကာင္း၊ ျဖစ္စဥ္မွာ ဇန္နဝါရီလ ၁၂ ရက္ေန႔ ညဥ့္ အာရံုတက္ခ်ိန္ ၅ နာရီခန္႔တြင္ ၎ေက်ာင္းသူအား အခန္းထဲသို႔ ဝင္ေရာက္ျပီး အဓမၼျပဳက်င့္ရန္ ႀကံစည္ခဲ့ျခင္း ျဖစ္ေၾကာင္း နိရဥၥရာသို႔ ဆက္လက္ ေျပာသည္။

ေက်ာက္ေတာ္ျမိဳ႕ခံတစ္ဦးက “ေက်ာက္ေတာ္ျမိဳ႕ ျပည္ေတာ္သာရပ္ကြက္ စရဖ ရံုးအနီး(Adape) ဆိုတဲ့ စာဖတ္ဝိုင္း တစ္ခုရွိပါတယ္။ က်ား/မ သီးသန္႔အဆင့္ျမင့္ ေဘာ္ဒါေဆာင္ပါ။ အဲဒီမွာျဖစ္တာလို႔သိရပါတယ္” ဟု ေျပာသည္။

အဓမၼျပဳက်င့္ရန္ ႀကံစည္ခဲ့သည့္ အေဆာင္မႈအား ေက်ာက္ေတာ္ျမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ေရးယူရန္ ေဆာင္ရြက္လွ်က္ ရွိသည္ဟု ၾကားသိရေၾကာင္း အဆိုပါ ျမိဳ႕ခံက ေျပာသည္။

----------------------

Unicode:

ကျောက်တော်တွင် ဘော်ဒါဆောင်ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ရန်ကြံစည်သူ ဖမ်းဆီးခံရ

သန့်မြတ်ခိုင်
စစ်တွေ၊ ဇန်နဝါရီ ၂၂/၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် စာဖတ်ဝိုင်းဘော်ဒါဆောင်၌ တိုင်းရင်းသူ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်မှု စွဲချက်ဖြင့် အသက် ၅၀ အရွယ် လူတစ်ဦး ဖမ်းဆီးခံလိုက်ရသည်ဟု သတင်းရရှိသည်။

၎င်းမှာ ကျောက်တော်မြို့ စရဖ ရုံးအနီး(Adape) ဘော်ဒါဆောင်၏ အဆောင်မှူး မြိုတိုင်းရင်းသား ဦးတက်တိုး(၅၀)နှစ် ဖြစ်ကြောင်း ဒုစခန်းမှူး မျိုးမြင့်က အတည်ပြု ပြောကြားသည်။

“အမှုဖွင့်ထားတာတော့ရှိတယ်ဗျ။ ကြေးနန်းတွေဘာတွေတော့တင်ထားပြီးသား အမှုဖွင့်ထားတာတော့ မှန်တယ်ဗျ။” ဟု ဒုစခန်းမှူး မျိုးမြင့် က ပြောသည်။

အဓမ္မပြုကျင့်ရန် ကြံစည်ခံရသူ မှာ ပလက်ဝမြို့နယ်မှ အသက် ၁၇ နှစ် အရွယ် ဆယ်တန်းကျောင်းတက်နေသည့် မြို့တိုင်းရင်းသူတစ်ဦးဖြစ်ကြောင်း၊ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ ညဉ့် အာရုံတက်ချိန် ၅ နာရီခန့်တွင် ၎င်းကျောင်းသူအား အခန်းထဲသို့ ဝင်ရောက်ပြီး အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း နိရဥ္စရာသို့ ဆက်လက် ပြောသည်။

ကျောက်တော်မြို့ခံတစ်ဦးက “ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက် စရဖ ရုံးအနီး(Adape) ဆိုတဲ့ စာဖတ်ဝိုင်း တစ်ခုရှိပါတယ်။ ကျား/မ သီးသန့်အဆင့်မြင့် ဘော်ဒါဆောင်ပါ။ အဲဒီမှာဖြစ်တာလို့သိရပါတယ်” ဟု ပြောသည်။

အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည့် အဆောင်မှုအား ကျောက်တော်မြို့မရဲစခန်းတွင် အမှုဖွင့်ရေးယူရန် ဆောင်ရွက်လျှက် ရှိသည်ဟု ကြားသိရကြောင်း အဆိုပါ မြို့ခံက ပြောသည်။

သန္႔ျမတ္ခိုင္
Narinjara
https://www.facebook.com/narinjara.info/

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား