တ႐ုတ္ ဝူဟန္မွာ စျဖစ္တဲ့ ကို႐ိုနာ ဗိုင္းရပ္စ္အသစ္က ဘယ္ေလာက္ စိုးရိမ္စရာေကာင္းလဲ

ကို႐ိုနာဗိုင္းရပ္စ္ပိုး အမ်ိဳးအစားအသစ္တစ္ခုကို တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ဒီဇင္ဘာလက စေတြ႕ခဲ့
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံထဲမွာ ၿပီးခဲ့တဲ့ ၂၀၁၉ ႏွစ္ကုန္ ဒီဇင္ဘာလေလာက္မွာ စေပၚလာခဲ့တဲ့ ျပင္းထန္တဲ့ အဆုတ္ေရာင္ ေရာဂါပိုးသစ္တစ္မ်ိဳးေၾကာင့္ ကမာၻတစ္ဝန္းမွာ ရွိတဲ့ က်န္းမာေရးအရာရွိေတြ ေတာ္ေတာ္ေလး စိုးရိမ္တႀကီး အလုပ္မ်ားသြားၾကပါတယ္။

အခု ဇန္နဝါရီလလယ္ေရာက္ခ်ိန္မွာ ဒီေရာဂါပိုးေၾကာင့္ လူ သုံးဦးေသဆုံးခဲ့ၿပီး လူ ၂၀၀ ေက်ာ္မွာ ဗိုင္းရပ္စ္ကူးစက္ခံထားရၿပီျဖစ္ေၾကာင့္ တ႐ုတ္အာဏာပိုင္ေတြက ေျပာပါတယ္။

ဒါေပမယ့္ တကယ္တန္း ကူးစက္ခံရသူ အေရအတြက္ဟာ ၁၇၀၀ နီးပါးအထိ ရွိမယ္လို႔ က်န္းမာေရးပညာရွင္ တခ်ိဳ႕ကေတာ့ ယူဆထားၾကပါတယ္။

ဒီဗိုင္းရပ္စ္ပိုးအသစ္ဟာ အရင္ရွိႏွင့္ၿပီးသား ကို႐ိုနာဗိုင္းရပ္စ္ပိုးရဲ႕ မ်ိဳးကြဲတစ္ခုလို႔ သတ္မွတ္ထားၾကပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ဟာ လူေတြနဲ႔ ႏွာေခါင္း၊ လည္ေခ်ာင္း အထက္ပိုင္းနဲ႔ ႏွာေခါင္းတဝိုက္က ေလႁပြန္ေတြကို ထိခိုက္ေစႏိုင္တဲ့ အေတြ႕မ်ား အျဖစ္မ်ားတဲ့ ေရာဂါပိုးျဖစ္ပါတယ္။

ဒါဆိုရင္ အခုေတြ႕ရတဲ့ ေရာဂါပိုးက ဘယ္ေလာက္စိုးရိမ္စရာေကာင္းသလဲ၊ ဘယ္ေလာက္ ျမန္ျမန္ ပ်ံ႕ႏွံ႔ေနသလဲ။ အခုအထိ သိရသမွ်ၾကည့္ရေအာင္ပါ။

ဗိုင္းရပ္စ္ပိုး ဘယ္က လာသလဲ။
ဗိုင္းရပ္စ္ပိုး စေတြ႕တဲ့ေနရာလို႔ ယုံၾကည္ရတဲ့ ဝူဟန္ၿမိဳ႕က ငါးေစ်းႀကီးကို သန္႔ရွင္းေရးလုပ္ဖို႔ ပိတ္ထား
ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး WHO ရဲ႕ ေလ့လာေတြ႕ရွိခ်က္ အရေတာ့ ဗိုင္းရပ္စ္ပိုးဟာ တိရိစာၦန္က စၿပီးကူးစက္တာ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ အခုအခ်ိန္အထိ လူကို ကူးစက္ခဲ့သမွ် ျဖစ္ရပ္ေတြကို ၾကည့္ရင္ အဲဒီ ကူးစက္ခံရသူေတြဟာ ဝူဟန္ၿမိဳ႕က ဟြမ္နန္ပင္လယ္စာေရာင္းဝယ္ေရးေစ်းႀကီးနဲ႔ တနည္းနည္း ဆက္စပ္ခဲ့သူေတြ ျဖစ္ေနပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ပိုးမွာ ပိုးမ်ိဳးကြဲေတြအမ်ားႀကီး ပါဝင္ၿပီး အဲဒီအထဲက ၆ မ်ိဳးကပဲ လူကို ကူးစက္ႏိုင္ေၾကာင္း အရင္က ေတြ႕ထားခဲ့ပါတယ္။ အခုေနာက္ဆုံး ဗိုင္းရပ္စ္ပိုးသစ္ကိုပါ ထည့္သြင္းရင္ လူကို ကူးစက္ႏိုင္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးမ်ိဳး ၇ ခု အထိ ရွိလာၿပီလို႔ ဆိုရမွာ ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေတြဟာ လူကို ေသေလာက္သည္အထိ အႏၲရာယ္ျပဳေလ့မရွိပါဘူး။ ဒါေပမယ့္ အရင္က မသိခဲ့ရဘူးတဲ့ အခုေနာက္ဆုံး ပိုးသစ္ကေတာ့ ျပင္းထန္တဲ့ အဆုတ္ေရာင္ေဝဒနာကို ျဖစ္ေစတာကို ေတြ႕ရပါတယ္။

ေရာဂါလကၡဏာေတြက ဘာေတြပါလဲ။
 အရင္က မေတြ႕ခဲ့ဖူးတဲ့ ဗိုင္းရပ္စ္အမ်ိဳးအစားအသစ္တစ္ခု ကူးစက္လို႔ လူအေတာ္မ်ားမ်ား အသက္ရႈလမ္းေၾကာင္း ေဝဒနာခံစားလာရ
ေရာဂါကူးစက္ခံရၿပီဆိုရင္ အသက္ရႈလမ္းေၾကာင္းကို ထိခိုက္မႈေတြကို စေတြ႕ရပါတယ္။ အဖ်ားရွိလာတာ၊ ေခ်ာင္းဆိုးတာ၊ အသက္ရႉမဝတာနဲ႔ အသက္ရႉရခက္ခဲတာေတြ ျဖစ္လာတတ္ပါတယ္။

အခု ဗိုင္းရပ္စ္ပိုး ပ်ံ႕ပြားလာေတာ့ ၂၀၀၀ ခုႏွစ္ အေက်ာ္ေလာက္မွာ ျဖစ္ခဲ့ဖူးတဲ့ Sars ဗိုင္းရပ္စ္ ကူးစက္တုန္းက အျဖစ္ေတြကို ျပန္ အမွတ္ရစရာ ျဖစ္လာပါတယ္။ အာရွႏိုင္ငံအမ်ားစုမွာ ျဖစ္ခဲ့တဲ့ အဲဒီ Sars ဗိုင္းရပ္စ္ေၾကာင့္ လူေပါင္း ၇၇၄ ေယာက္ အသက္ဆုံးခဲ့ပါတယ္။ Sars ကလည္း ကို႐ိုနာဗိုင္းရပ္စ္အမ်ိဳးအစား တစ္ခုပါပဲ။ အခုေနာက္ဆုံး ဗိုင္းရပ္စ္ပိုးသစ္ရဲ႕ မ်ိဳးဗီဇကို ဓာတ္ခြဲေလ့လာၾကည့္တဲ့ အခါ သူက တျခား လူကို ကူးေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးေတြထဲမွာ Sars ဗိုင္းရပ္စ္နဲ႔ ပိုၿပီးနီးစပ္တူညီမႈ ရွိတာကို ေတြ႕ခဲ့ရပါတယ္။

"ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးစိတ္ထဲက အသစ္တစ္မ်ိဳးေတြ႕ရတဲ့အခါ အဲဒီပိုးေၾကာင့္ျဖစ္ရတဲ့ ေရာဂါလကၡဏာေတြက ဘယ္ေလာက္ ျပင္းထန္သလဲဆိုတာကို ကြၽန္ေတာ္တို႔ သိဖို႔လိုတယ္။ အခုေတြ႕ရတာကေတာ့ သာမန္အေအးမိတာမ်ိဳးထက္ ပိုတယ္၊ ဒါက စိုးရိမ္စရာပဲ၊ ဒါေပမယ့္ အခုပိုးက Sars ေလာက္ေတာ့ မျပင္းထန္တာကိုလည္း ေတြ႕ရပါတယ္" လို႔ အီဒင္ဘာရာတကၠသိုလ္က ပါေမာကၡ မာခ့္ဝူလ္ေဟာက္စ္က ေျပာပါတယ္။

ဘယ္ေလာက္ျမန္ျမန္ ပ်ံ႕ေနလဲ။
 မၾကာခင္ေရာက္လာမယ့္ တ႐ုတ္ႏွစ္ကူးမွာ လူ သန္းေပါင္းမ်ားစြာ ခရီးသြားၾကမယ္။
ဒီပိုးသစ္ကို တ႐ုတ္ႏိုင္ငံက ဝူဟန္ၿမိဳ႕မွာ ၂၀၁၉ ဒီဇင္ဘာလက စေတြ႕ရတာ ျဖစ္ၿပီး အခုအထိ တ႐ုတ္မွာ လူသုံးဦး ေသဆုံးခဲ့ရပါၿပီ။ မၾကာခင္က်ေရာက္လာေတာ့မယ့္ တ႐ုတ္ႏွစ္သစ္ကူးကာလမွာ လူ သန္းေပါင္းမ်ားစြာက ႏိုင္ငံအႏွံ႔ ခရီးသြားၾကေတာ့မွာ ဆိုေတာ့ အဲဒီအခ်ိန္မွာ ေရာဂါပိုးေတြ ပ်ံ႕ႏွံ႔ၿပီး လူကို ကူးစက္တာေတြ မ်ားလာမွာကို တ႐ုတ္အရာရွိေတြက စိုးရိမ္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာပဲ တ႐ုတ္မွာ ေရာဂါပိုး ကူးစက္မႈေနာက္ထပ္ ၁၃၀ ေက်ာ္ထပ္ေတြ႕ရတဲ့အတြက္ ပိုးကူးစက္ခံရသူေပါင္း ၂၀၀ ေက်ာ္အထိ ရွိလာၿပီ ျဖစ္ပါတယ္။ အသက္ဆုံးခဲ့ရသူ သုံးဦးစလုံးကလည္း အသက္ရႉလမ္းေၾကာင္း ေဝဒနာေတြကို ခံစားခဲ့ၿပီး ေသဆုံးခဲ့ၾကရတာပါ။

တ႐ုတ္မွာ ဒီေရာဂါပိုးေတြ႕ခဲ့ၿပီးတဲ့ေနာက္ ေတာင္ကိုရီးယား၊ ဂ်ပန္နဲ႔ ထိုင္းတို႔မွာလည္း ကူးစက္ခံရသူေတြ ရွိေၾကာင္း ေတြ႕ခဲ့ရပါတယ္။

လန္ဒန္ေတာ္ဝင္တကၠသိုလ္ ေဆးပညာဌာနရဲ႕ ကမာၻတစ္ဝန္းကူးစက္ေရာဂါဌာနက လုပ္တဲ့ သုံးသပ္ခ်က္တစ္ခုမွာေတာ့ ကူးစက္ခံရသူ စုစုေပါင္းက ၁၇၀၀ ေက်ာ္မယ္လို႔ ခန္႔မွန္းထားပါတယ္။

လူအခ်င္းခ်င္း ကူးစက္ႏိုင္ပါသလား။
လူတစ္ဦးက တစ္ဦးကို ကူးစက္ႏိုင္ခ်င္းရွိမရွိကို ေစာင့္ၾကည့္စစ္ေဆးေနၾကပါတယ္။
အခုအထိမွာ လူအခ်င္းခ်င္း ကူးစက္တာမ်ိဳး ရွိခဲ့ႏိုင္တယ္လို႔ ပညာရွင္ေတြက ယုံၾကည္ထားပါတယ္။

စကၤာပူမွာ ရွိတဲ့ Duke-NUS ေဆးတကၠသိုလ္က ဝမ္လင္ဖဟာ ဝူဟန္ၿမိဳ႕ကို ေရာက္ခဲ့သူပါ။ သူက တ႐ုတ္အရာရွိေတြကလည္း ဒီ ဗိုင္းရပ္စ္ပိုးဟာ လူအခ်င္းခ်င္း ကူးတာမ်ိဳး ေတြ႕လာရမလားဆိုၿပီး ေရာဂါလကၡဏာေတြကို ေတာ္ေတာ္ေလး အနီးကပ္ေစာင့္ၾကည့္ေနၾကမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

"တ႐ုတ္ႏွစ္ကူးေရာက္လာတာနဲ႔ လူေပါင္း သန္း ၄၀၀ ေလာက္က ျပည္တြင္းမွာ ခရီးေတြ သြားၾကလိမ့္မယ္။ လူေတြ စိတ္ထဲမွာလည္း စိုးရိမ္စိတ္ေတြရွိေနၾကမယ္။ အဲဒီအခ်ိန္မွာ အေသအခ်ာေစာင့္ၾကည့္ဖို႔ လိုပါတယ္။"

ကူးစက္တာကို ဘယ္လိုတားဆီးႏိုင္မလဲ။
 အေရွ႕အာရွႏိုင္ငံေတြနဲ႔ အေမရိကန္ေလဆိပ္ေတြမွာ စစ္ေဆးမႈေတြ ပိုတင္းက်ပ္ထား
ကူးစက္ခံရသူေတြကိုေတာ့ ေနာက္ထပ္ လူေတြဆီ မပ်ံ႕သြားေအာင္ သီးျခားခြဲထားၿပီး ကုသမႈေပးေနပါတယ္။ ဝူဟန္က ပင္လယ္ငါး ပုစြန္ေစ်းႀကီးကိုလည္း ပိတ္ထားၿပီး သန္႔ရွင္းေရးလုပ္တာ ပိုးသတ္တာေတြ လုပ္ေနပါတယ္။ တိရိစာၦန္အရွင္ေတြနဲ႔ ထိေတြ႕တဲ့ေနရာမွာလည္း ကိုယ့္ကိုယ္မွာ အကာအကြယ္မရွိဘဲ မကိုင္တြယ္ၾကဖို႔ သတိေပးထားပါတယ္။ အသားငါးေတြ ဥေတြကိုလည္း က်က္ေအာင္ခ်က္ျပဳတ္ၿပီးမွ စားၾကဖို႔နဲ႔ အေအးမိ တုပ္ေကြးေရာဂါ ရေနတဲ့ လကၡဏာရွိသူေတြနဲ႔ အနီးကပ္ထိေတြ႕တာေတြကို ေရွာင္ဖို႔လည္း သတိေပးထားပါတယ္။

တ႐ုတ္ႏွစ္ကူးကာလမွာ ခရီးသြားေတြကို က်န္းမာေရးစစ္ေဆးဖို႔၊ ခႏၶာကိုယ္အပူခ်ိန္တိုင္းတဲ့ ကိရိယာေတြကို ေနရာေတာ္ေတာ္မ်ားမ်ားမွာ တပ္ဆင္ ေပးထားပါတယ္။

ဝူဟန္က လာတဲ့ ခရီးသည္ေတြကို အဲဒီလို စစ္ေဆးတာကို ေဟာင္ေကာင္နဲ႔ စကၤာပူမွာ လုပ္ေနပါၿပီ။ အေမရိကန္ကလည္း ဆန္ဖရန္စစၥကို၊ ေလာ့စ္အိန္ဂ်လိစ္နဲ႔ နယူးေယာက္လို အဓိက ေလဆိပ္ႀကီး သုံးခုမွာ ခရီးသြားေတြကို ေစာင့္ၾကည့္စစ္ေဆးမႈေတြ လုပ္ေနပါတယ္။

WHO ကမာၻ႔ က်န္းမာေရးအဖြဲ႕ႀကီးကလည္း အခုေရာဂါပိုး ကူးစက္မႈက ပိုၿပီး က်ယ္ျပန္႔လာႏိုင္ေၾကာင္း ကမာၻတစ္ဝန္းက ေဆး႐ုံေတြကို တပ္လွန္႔ထားပါတယ္။

ကိုယ့္အတြက္ေရာ စိုးရိမ္စရာရွိလား။
ါေမာကၡဂ်ိဳနသန္ေဘာလ္ကေတာ့ "လူ႔ခႏၶာကိုယ္ထဲကို ပထမဆုံး ထိုးေဖာက္ဝင္ေရာက္တဲ့ ဘယ္ဗိုင္းရပ္စ္ပိုးကိုမဆို" စိုးရိမ္ဖို႔ ေကာင္းပါတယ္လို႔ ေျပာပါတယ္။
Wellcome Trust က ေဒါက္တာဂ်ိဳဆီဂိုးလ္ဒင္းကေတာ့ ဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ေနာက္ထပ္ မသိရခ်ိန္မွာေတာ့ လူေတြအေနနဲ႔ ဘယ္ေလာက္ စိတ္ပူဖို႔ေကာင္းသလဲဆိုတာကို အတိအက် မေျပာႏိုင္ပါဘူးလို႔ ဆိုပါတယ္။

"ဒီဗိုင္းရပ္စ္အေၾကာင္းလည္း ေပၚလာေရာ လူေတြက Sars တုန္းက အျဖစ္အပ်က္ေတြကို သြားၿပီး သတိရ အမွတ္ရၿပီး ေၾကာက္စိတ္ေတြ ဝင္လာၾကတာ။ ဒါေပမယ့္ အခုေတာ့ ဒီလိုမ်ိဳး ေရာဂါပိုးေတြကို ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔ အမ်ားႀကီး ပိုၿပီး ျပင္ဆင္မႈေတြ ရွိေနပါၿပီ။"

ေနာ္တင္ဟမ္တကၠသိုလ္က ပါေမာကၡဂ်ိဳနသန္ေဘာလ္ကေတာ့ "လူ႔ခႏၶာကိုယ္ထဲကို ပထမဆုံး ထိုးေဖာက္ဝင္ေရာက္တဲ့ ဘယ္ဗိုင္းရပ္စ္ပိုးကိုမဆို" စိုးရိမ္ဖို႔ ေကာင္းပါတယ္လို႔ ေျပာပါတယ္။

"လူ႔ခႏၶာကိုယ္ထဲက ကလာပ္စည္းတစ္ခုထဲကို ေရာက္သြားၿပီး အဲဒီအထဲမွာ ပ်ံ႕ပြားလာၿပီဆို အဲဒီပိုးက ပုံေျပာင္း အသြင္ေျပာင္းၿပီး ခႏၶာကိုယ္ထဲကို ပိုၿပီး လြယ္လြယ္ဝင္ေရာက္ႏိုင္၊ ေနရာယူႏိုင္လာတတ္တယ္။ အဲဒီအခါမ်ိဳးမွာေတာ့ ေၾကာက္စရာ ပိုေကာင္းလာပါတယ္။"

"ဗိုင္းရပ္စ္ပိုးဆိုတာမ်ိဳးကို ဘယ္လို အခြင့္အလမ္းမွ ေပးဖို႔ သင့္တာမဟုတ္ဘူး" လို႔ သူက သတိေပးေျပာဆိုထားပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
တရုတ် ဝူဟန်မှာ စဖြစ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ်အသစ်က ဘယ်လောက် စိုးရိမ်စရာကောင်းလဲ

Image caption ကိုရိုနာဗိုင်းရပ်စ်ပိုး အမျိုးအစားအသစ်တစ်ခုကို တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဒီဇင်ဘာလက စတွေ့ခဲ့

တရုတ်နိုင်ငံထဲမှာ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန် ဒီဇင်ဘာလလောက်မှာ စပေါ်လာခဲ့တဲ့ ပြင်းထန်တဲ့ အဆုတ်ရောင် ရောဂါပိုးသစ်တစ်မျိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ကျန်းမာရေးအရာရှိတွေ တော်တော်လေး စိုးရိမ်တကြီး အလုပ်များသွားကြပါတယ်။

အခု ဇန်နဝါရီလလယ်ရောက်ချိန်မှာ ဒီရောဂါပိုးကြောင့် လူ သုံးဦးသေဆုံးခဲ့ပြီး လူ ၂၀၀ ကျော်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီဖြစ်ကြောင့် တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမယ့် တကယ်တန်း ကူးစက်ခံရသူ အရေအတွက်ဟာ ၁၇၀၀ နီးပါးအထိ ရှိမယ်လို့ ကျန်းမာရေးပညာရှင် တချို့ကတော့ ယူဆထားကြပါတယ်။

ဒီဗိုင်းရပ်စ်ပိုးအသစ်ဟာ အရင်ရှိနှင့်ပြီးသား ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ မျိုးကွဲတစ်ခုလို့ သတ်မှတ်ထားကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေနဲ့ နှာခေါင်း၊ လည်ချောင်း အထက်ပိုင်းနဲ့ နှာခေါင်းတဝိုက်က လေပြွန်တွေကို ထိခိုက်စေနိုင်တဲ့ အတွေ့များ အဖြစ်များတဲ့ ရောဂါပိုးဖြစ်ပါတယ်။

ဒါဆိုရင် အခုတွေ့ရတဲ့ ရောဂါပိုးက ဘယ်လောက်စိုးရိမ်စရာကောင်းသလဲ၊ ဘယ်လောက် မြန်မြန် ပျံ့နှံ့နေသလဲ။ အခုအထိ သိရသမျှကြည့်ရအောင်ပါ။

ဗိုင်းရပ်စ်ပိုး ဘယ်က လာသလဲ။
ဓာတ်ပုံ မူပိုင် AFP
Image caption ဗိုင်းရပ်စ်ပိုး စတွေ့တဲ့နေရာလို့ ယုံကြည်ရတဲ့ ဝူဟန်မြို့က ငါးဈေးကြီးကို သန့်ရှင်းရေးလုပ်ဖို့ ပိတ်ထား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ လေ့လာတွေ့ရှိချက် အရတော့ ဗိုင်းရပ်စ်ပိုးဟာ တိရိစ္ဆာန်က စပြီးကူးစက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အခုအချိန်အထိ လူကို ကူးစက်ခဲ့သမျှ ဖြစ်ရပ်တွေကို ကြည့်ရင် အဲဒီ ကူးစက်ခံရသူတွေဟာ ဝူဟန်မြို့က ဟွမ်နန်ပင်လယ်စာရောင်းဝယ်ရေးဈေးကြီးနဲ့ တနည်းနည်း ဆက်စပ်ခဲ့သူတွေ ဖြစ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးမှာ ပိုးမျိုးကွဲတွေအများကြီး ပါဝင်ပြီး အဲဒီအထဲက ၆ မျိုးကပဲ လူကို ကူးစက်နိုင်ကြောင်း အရင်က တွေ့ထားခဲ့ပါတယ်။ အခုနောက်ဆုံး ဗိုင်းရပ်စ်ပိုးသစ်ကိုပါ ထည့်သွင်းရင် လူကို ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုး ၇ ခု အထိ ရှိလာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်တွေဟာ လူကို သေလောက်သည်အထိ အန္တရာယ်ပြုလေ့မရှိပါဘူး။ ဒါပေမယ့် အရင်က မသိခဲ့ရဘူးတဲ့ အခုနောက်ဆုံး ပိုးသစ်ကတော့ ပြင်းထန်တဲ့ အဆုတ်ရောင်ဝေဒနာကို ဖြစ်စေတာကို တွေ့ရပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေပါလဲ။
ဓာတ်ပုံ မူပိုင် EPA
Image caption အရင်က မတွေ့ခဲ့ဖူးတဲ့ ဗိုင်းရပ်စ်အမျိုးအစားအသစ်တစ်ခု ကူးစက်လို့ လူအတော်များများ အသက်ရှုလမ်းကြောင်း ဝေဒနာခံစားလာရ

ရောဂါကူးစက်ခံရပြီဆိုရင် အသက်ရှုလမ်းကြောင်းကို ထိခိုက်မှုတွေကို စတွေ့ရပါတယ်။ အဖျားရှိလာတာ၊ ချောင်းဆိုးတာ၊ အသက်ရှူမဝတာနဲ့ အသက်ရှူရခက်ခဲတာတွေ ဖြစ်လာတတ်ပါတယ်။

အခု ဗိုင်းရပ်စ်ပိုး ပျံ့ပွားလာတော့ ၂၀၀၀ ခုနှစ် အကျော်လောက်မှာ ဖြစ်ခဲ့ဖူးတဲ့ Sars ဗိုင်းရပ်စ် ကူးစက်တုန်းက အဖြစ်တွေကို ပြန် အမှတ်ရစရာ ဖြစ်လာပါတယ်။ အာရှနိုင်ငံအများစုမှာ ဖြစ်ခဲ့တဲ့ အဲဒီ Sars ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၇၇၄ ယောက် အသက်ဆုံးခဲ့ပါတယ်။ Sars ကလည်း ကိုရိုနာဗိုင်းရပ်စ်အမျိုးအစား တစ်ခုပါပဲ။ အခုနောက်ဆုံး ဗိုင်းရပ်စ်ပိုးသစ်ရဲ့ မျိုးဗီဇကို ဓာတ်ခွဲလေ့လာကြည့်တဲ့ အခါ သူက တခြား လူကို ကူးစေတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးတွေထဲမှာ Sars ဗိုင်းရပ်စ်နဲ့ ပိုပြီးနီးစပ်တူညီမှု ရှိတာကို တွေ့ခဲ့ရပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်ထဲက အသစ်တစ်မျိုးတွေ့ရတဲ့အခါ အဲဒီပိုးကြောင့်ဖြစ်ရတဲ့ ရောဂါလက္ခဏာတွေက ဘယ်လောက် ပြင်းထန်သလဲဆိုတာကို ကျွန်တော်တို့ သိဖို့လိုတယ်။ အခုတွေ့ရတာကတော့ သာမန်အအေးမိတာမျိုးထက် ပိုတယ်၊ ဒါက စိုးရိမ်စရာပဲ၊ ဒါပေမယ့် အခုပိုးက Sars လောက်တော့ မပြင်းထန်တာကိုလည်း တွေ့ရပါတယ်" လို့ အီဒင်ဘာရာတက္ကသိုလ်က ပါမောက္ခ မာခ့်ဝူလ်ဟောက်စ်က ပြောပါတယ်။

ဘယ်လောက်မြန်မြန် ပျံ့နေလဲ။
ဓာတ်ပုံ မူပိုင် AFP
Image caption မကြာခင်ရောက်လာမယ့် တရုတ်နှစ်ကူးမှာ လူ သန်းပေါင်းများစွာ ခရီးသွားကြမယ်။

ဒီပိုးသစ်ကို တရုတ်နိုင်ငံက ဝူဟန်မြို့မှာ ၂၀၁၉ ဒီဇင်ဘာလက စတွေ့ရတာ ဖြစ်ပြီး အခုအထိ တရုတ်မှာ လူသုံးဦး သေဆုံးခဲ့ရပါပြီ။ မကြာခင်ကျရောက်လာတော့မယ့် တရုတ်နှစ်သစ်ကူးကာလမှာ လူ သန်းပေါင်းများစွာက နိုင်ငံအနှံ့ ခရီးသွားကြတော့မှာ ဆိုတော့ အဲဒီအချိန်မှာ ရောဂါပိုးတွေ ပျံ့နှံ့ပြီး လူကို ကူးစက်တာတွေ များလာမှာကို တရုတ်အရာရှိတွေက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ တရုတ်မှာ ရောဂါပိုး ကူးစက်မှုနောက်ထပ် ၁၃၀ ကျော်ထပ်တွေ့ရတဲ့အတွက် ပိုးကူးစက်ခံရသူပေါင်း ၂၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။ အသက်ဆုံးခဲ့ရသူ သုံးဦးစလုံးကလည်း အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို ခံစားခဲ့ပြီး သေဆုံးခဲ့ကြရတာပါ။

တရုတ်မှာ ဒီရောဂါပိုးတွေ့ခဲ့ပြီးတဲ့နောက် တောင်ကိုရီးယား၊ ဂျပန်နဲ့ ထိုင်းတို့မှာလည်း ကူးစက်ခံရသူတွေ ရှိကြောင်း တွေ့ခဲ့ရပါတယ်။

လန်ဒန်တော်ဝင်တက္ကသိုလ် ဆေးပညာဌာနရဲ့ ကမ္ဘာတစ်ဝန်းကူးစက်ရောဂါဌာနက လုပ်တဲ့ သုံးသပ်ချက်တစ်ခုမှာတော့ ကူးစက်ခံရသူ စုစုပေါင်းက ၁၇၀၀ ကျော်မယ်လို့ ခန့်မှန်းထားပါတယ်။

လူအချင်းချင်း ကူးစက်နိုင်ပါသလား။
ဓာတ်ပုံ မူပိုင် Getty Images
Image caption လူတစ်ဦးက တစ်ဦးကို ကူးစက်နိုင်ချင်းရှိမရှိကို စောင့်ကြည့်စစ်ဆေးနေကြပါတယ်။

အခုအထိမှာ လူအချင်းချင်း ကူးစက်တာမျိုး ရှိခဲ့နိုင်တယ်လို့ ပညာရှင်တွေက ယုံကြည်ထားပါတယ်။

စင်္ကာပူမှာ ရှိတဲ့ Duke-NUS ဆေးတက္ကသိုလ်က ဝမ်လင်ဖဟာ ဝူဟန်မြို့ကို ရောက်ခဲ့သူပါ။ သူက တရုတ်အရာရှိတွေကလည်း ဒီ ဗိုင်းရပ်စ်ပိုးဟာ လူအချင်းချင်း ကူးတာမျိုး တွေ့လာရမလားဆိုပြီး ရောဂါလက္ခဏာတွေကို တော်တော်လေး အနီးကပ်စောင့်ကြည့်နေကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"တရုတ်နှစ်ကူးရောက်လာတာနဲ့ လူပေါင်း သန်း ၄၀၀ လောက်က ပြည်တွင်းမှာ ခရီးတွေ သွားကြလိမ့်မယ်။ လူတွေ စိတ်ထဲမှာလည်း စိုးရိမ်စိတ်တွေရှိနေကြမယ်။ အဲဒီအချိန်မှာ အသေအချာစောင့်ကြည့်ဖို့ လိုပါတယ်။"

ကူးစက်တာကို ဘယ်လိုတားဆီးနိုင်မလဲ။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အရှေ့အာရှနိုင်ငံတွေနဲ့ အမေရိကန်လေဆိပ်တွေမှာ စစ်ဆေးမှုတွေ ပိုတင်းကျပ်ထား

ကူးစက်ခံရသူတွေကိုတော့ နောက်ထပ် လူတွေဆီ မပျံ့သွားအောင် သီးခြားခွဲထားပြီး ကုသမှုပေးနေပါတယ်။ ဝူဟန်က ပင်လယ်ငါး ပုစွန်ဈေးကြီးကိုလည်း ပိတ်ထားပြီး သန့်ရှင်းရေးလုပ်တာ ပိုးသတ်တာတွေ လုပ်နေပါတယ်။ တိရိစ္ဆာန်အရှင်တွေနဲ့ ထိတွေ့တဲ့နေရာမှာလည်း ကိုယ့်ကိုယ်မှာ အကာအကွယ်မရှိဘဲ မကိုင်တွယ်ကြဖို့ သတိပေးထားပါတယ်။ အသားငါးတွေ ဥတွေကိုလည်း ကျက်အောင်ချက်ပြုတ်ပြီးမှ စားကြဖို့နဲ့ အအေးမိ တုပ်ကွေးရောဂါ ရနေတဲ့ လက္ခဏာရှိသူတွေနဲ့ အနီးကပ်ထိတွေ့တာတွေကို ရှောင်ဖို့လည်း သတိပေးထားပါတယ်။

တရုတ်နှစ်ကူးကာလမှာ ခရီးသွားတွေကို ကျန်းမာရေးစစ်ဆေးဖို့၊ ခန္ဓာကိုယ်အပူချိန်တိုင်းတဲ့ ကိရိယာတွေကို နေရာတော်တော်များများမှာ တပ်ဆင် ပေးထားပါတယ်။

ဝူဟန်က လာတဲ့ ခရီးသည်တွေကို အဲဒီလို စစ်ဆေးတာကို ဟောင်ကောင်နဲ့ စင်္ကာပူမှာ လုပ်နေပါပြီ။ အမေရိကန်ကလည်း ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်နဲ့ နယူးယောက်လို အဓိက လေဆိပ်ကြီး သုံးခုမှာ ခရီးသွားတွေကို စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်နေပါတယ်။

WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကလည်း အခုရောဂါပိုး ကူးစက်မှုက ပိုပြီး ကျယ်ပြန့်လာနိုင်ကြောင်း ကမ္ဘာတစ်ဝန်းက ဆေးရုံတွေကို တပ်လှန့်ထားပါတယ်။

ကိုယ့်အတွက်ရော စိုးရိမ်စရာရှိလား။
ဓာတ်ပုံ မူပိုင် EPA
Image caption ပါမောက္ခဂျိုနသန်ဘောလ်ကတော့ "လူ့ခန္ဓာကိုယ်ထဲကို ပထမဆုံး ထိုးဖောက်ဝင်ရောက်တဲ့ ဘယ်ဗိုင်းရပ်စ်ပိုးကိုမဆို" စိုးရိမ်ဖို့ ကောင်းပါတယ်လို့ ပြောပါတယ်။

Wellcome Trust က ဒေါက်တာဂျိုဆီဂိုးလ်ဒင်းကတော့ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ နောက်ထပ် မသိရချိန်မှာတော့ လူတွေအနေနဲ့ ဘယ်လောက် စိတ်ပူဖို့ကောင်းသလဲဆိုတာကို အတိအကျ မပြောနိုင်ပါဘူးလို့ ဆိုပါတယ်။

"ဒီဗိုင်းရပ်စ်အကြောင်းလည်း ပေါ်လာရော လူတွေက Sars တုန်းက အဖြစ်အပျက်တွေကို သွားပြီး သတိရ အမှတ်ရပြီး ကြောက်စိတ်တွေ ဝင်လာကြတာ။ ဒါပေမယ့် အခုတော့ ဒီလိုမျိုး ရောဂါပိုးတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အများကြီး ပိုပြီး ပြင်ဆင်မှုတွေ ရှိနေပါပြီ။"

နော်တင်ဟမ်တက္ကသိုလ်က ပါမောက္ခဂျိုနသန်ဘောလ်ကတော့ "လူ့ခန္ဓာကိုယ်ထဲကို ပထမဆုံး ထိုးဖောက်ဝင်ရောက်တဲ့ ဘယ်ဗိုင်းရပ်စ်ပိုးကိုမဆို" စိုးရိမ်ဖို့ ကောင်းပါတယ်လို့ ပြောပါတယ်။

"လူ့ခန္ဓာကိုယ်ထဲက ကလာပ်စည်းတစ်ခုထဲကို ရောက်သွားပြီး အဲဒီအထဲမှာ ပျံ့ပွားလာပြီဆို အဲဒီပိုးက ပုံပြောင်း အသွင်ပြောင်းပြီး ခန္ဓာကိုယ်ထဲကို ပိုပြီး လွယ်လွယ်ဝင်ရောက်နိုင်၊ နေရာယူနိုင်လာတတ်တယ်။ အဲဒီအခါမျိုးမှာတော့ ကြောက်စရာ ပိုကောင်းလာပါတယ်။"

"ဗိုင်းရပ်စ်ပိုးဆိုတာမျိုးကို ဘယ်လို အခွင့်အလမ်းမှ ပေးဖို့ သင့်တာမဟုတ်ဘူး" လို့ သူက သတိပေးပြောဆိုထားပါတယ်။

BBC Burmese
https://www.bbc.com
တ႐ုတ္ ဝူဟန္မွာ စျဖစ္တဲ့ ကို႐ိုနာ ဗိုင္းရပ္စ္အသစ္က ဘယ္ေလာက္ စိုးရိမ္စရာေကာင္းလဲ တ႐ုတ္ ဝူဟန္မွာ စျဖစ္တဲ့ ကို႐ိုနာ ဗိုင္းရပ္စ္အသစ္က ဘယ္ေလာက္ စိုးရိမ္စရာေကာင္းလဲ Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.