မူဆယ္တြင္ လက္နက္မ်ားသိမ္းဆည္းရမိ

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၂၁၊ ၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္း တရုတ္- ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႕တြင္ လက္နက္မ်ား သိမ္းဆည္းရမိေၾကာင္း သတင္းရရွိသည္။

ယမန္ေန႔(ဇန္နဝါရီ ၂၀)တြင္ မူဆယ္ၿမိဳ႕ ေတာ္ရြက္ရပ္ကြက္ရွိ ေတာ္႐ြက္ေလွဆိပ္ သြားရာလမ္းရွိ ေရျပြန္ေခါင္း အတြင္း လက္နက္မ်ား သိမ္းဆည္းရမိေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုး သတင္း ဝက္ဆုိဒ္ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ သိမ္းဆည္းရမိသည့္ လက္နက္မ်ားမွာ ပါရိအမ်ိုးစားေသနတ္ ၁၀လက္၊ က်ည္အိမ္ ၉ ခု၊ လြယ္ႀကိဳး ၉ ေခ်ာင္း၊ အမ္ ၂၂ ေသနတ္ တလက္ တုိ႔ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ေရးသားထားသည္။

“ မေန႔ က က်ေနာ္တုိ႔ သိမ္းဆည္းရမိတာပါ။ ဘယ္အဖြဲ႔ဟာလဲ။ ဘယ္သူဟာလဲဆုိတာ စံုစမ္းေနဆဲပါ” ဟု မူဆယ္ၿမိဳ႕ မ ရဲစခန္းမွ တာဝန္ရွိသူတဦးက ေျပာသည္။

အဆိုပါ သိမ္းဆည္းရမိသည့္ လက္နက္မ်ားႏွင့္ ပတ္သက္ၿပီး လုပ္ထံုးလုပ္နည္း အရ ေဆာင္ရြက္သြားမည္ဟု သိရသည္။

မူဆယ္သည္ တရုတ္နယ္စပ္ ေဒသတခုျဖစ္ၿပီး လက္နက္ကိုင္ တပ္ဖြဲ႔၊ ျပည္သူ႔စစ္ေပါင္းစံု လႈပ္ရွားသည့္ေနရာတခုျဖစ္သည္။

ထိုေဒသတြင္ လက္နက္ ေရာင္းဝယ္မႈ အလြယ္တကူ ရရွိသည့္ေဒသျဖစ္ၿပီး၊ မၾကာခဏ ပစ္ခတ္မႈ ျဖစ္ပြားသည့္ေနရာတခုလည္း ျဖစ္သည္။

“က်ေနာ္တုိ႔ၿမိဳ႕မွာက ေသနတ္ အလြယ္တကူ ရတယ္။ အခု သိမ္းရတဲ့ ေသနတ္က နည္းေသးတယ္။ ျပည္သူ႔စစ္ေတြေတာင္ ေသနတ္ေတြကိုင္ၿပီး ၿမိဳ႕ထဲသြားေနတာပဲ” ဟု ေတာ္ရြက္ရပ္ကြက္ေန စိုင္းညြန္႔ က ေျပာသည္။

ဇန္နဝါရီ ၁၈ ရက္ေန႔ တြင္ ျမန္မာ့တပ္မေတာ္ မွ မူဆယ္ၿမိဳ႕အတြင္း ဖြင့္လွစ္ထားသည့္ ေလာင္းကစားရံုမ်ား ပိတ္ရန္ ညြန္ၾကားထားေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
----------
(Unicode)⤵⤵⤵
မူဆယ်တွင် လက်နက်များသိမ်းဆည်းရမိ

သျှမ်းသံတော်ဆင့် ၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၂၁၊ ၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့တွင် လက်နက်များ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ယမန်နေ့(ဇန်နဝါရီ ၂၀)တွင် မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ တော်ရွက်လှေဆိပ် သွားရာလမ်းရှိ ရေပြွန်ခေါင်း အတွင်း လက်နက်များ သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်း ဝက်ဆိုဒ် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် လက်နက်များမှာ ပါရိအမျိုးစားသေနတ် ၁၀လက်၊ ကျည်အိမ် ၉ ခု၊ လွယ်ကြိုး ၉ ချောင်း၊ အမ် ၂၂ သေနတ် တလက် တို့ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ မနေ့ က ကျနော်တို့ သိမ်းဆည်းရမိတာပါ။ ဘယ်အဖွဲ့ဟာလဲ။ ဘယ်သူဟာလဲဆိုတာ စုံစမ်းနေဆဲပါ” ဟု မူဆယ်မြို့ မ ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ သိမ်းဆည်းရမိသည့် လက်နက်များနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း အရ ဆောင်ရွက်သွားမည်ဟု သိရသည်။

မူဆယ်သည် တရုတ်နယ်စပ် ဒေသတခုဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့၊ ပြည်သူ့စစ်ပေါင်းစုံ လှုပ်ရှားသည့်နေရာတခုဖြစ်သည်။

ထိုဒေသတွင် လက်နက် ရောင်းဝယ်မှု အလွယ်တကူ ရရှိသည့်ဒေသဖြစ်ပြီး၊ မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာတခုလည်း ဖြစ်သည်။

“ကျနော်တို့မြို့မှာက သေနတ် အလွယ်တကူ ရတယ်။ အခု သိမ်းရတဲ့ သေနတ်က နည်းသေးတယ်။ ပြည်သူ့စစ်တွေတောင် သေနတ်တွေကိုင်ပြီး မြို့ထဲသွားနေတာပဲ” ဟု တော်ရွက်ရပ်ကွက်နေ စိုင်းညွန့် က ပြောသည်။

ဇန်နဝါရီ ၁၈ ရက်နေ့ တွင် မြန်မာ့တပ်မတော် မှ မူဆယ်မြို့အတွင်း ဖွင့်လှစ်ထားသည့် လောင်းကစားရုံများ ပိတ်ရန် ညွန်ကြားထားကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား