
(Zawgyi)⤵⤵⤵





BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
တရုတ်နိုင်ငံရဲ့မြို့ကြီး၃ခုအထိ ကူးစက်ပျံ့နှံ့
ကော်ရိုနာဗိုင်းရပ်စ် တရုတ်နိုင်ငံရဲ့ မြို့ကြီး ၃ခုထိ ကူးစက်ပျံ့နှံ့

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတွေ့တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ ကော်ရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက်တိုးလာနေသလို တရုတ်နိုင်ငံရဲ့မြို့ကြီး၃ခုအထိ ကူးစက်ပျံ့နှံ့လာပြီဖြစ်ပါတယ်။

ဝူဟန်မြို့ကနေ စလိုက်တဲ့အဆိုပါရောဂါပိုးသစ်ဟာ ကူးစက်ခံရသူအရေအတွက် ၂၀၀ ကျော်ရှိလာသလို ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ ရှန်ကျန်းမြို့တွေမှာပါ ကူးစက်ပျံ့နှံ့လာပြီဖြစ်ပါတယ်။

ဂျပန်၊ တောင်ကိုးရီးယားနဲ့ ထိုင်းနိုင်ငံတွေမှာ ရောဂါပိုးကူးစက်ခံထားရသူတွေတွေ့နေရပြီဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption လူတစ်ဦးကနေ တစ်ဦးကိုကူးစက်စေ နိုင်

ပြင်းထန်အဆုတ်ရောဂါပိုးတစ်မျိုးဖြစ်တဲ့ ကော်ရိုနာဗိုင်းရပ်စ်သစ်ဟာ လူတစ်ဦးကနေတစ်ဦးကိုကူးစက်စေနိုင်တယ်လို့လည်း တရုတ်နိုင်ငံကစစ်ဆေးတွေ့ရှိချက်တွေအရ အတည်ပြုထားပါတယ်။

ဒါ့အပြင် လူနာတွေကို ပြုစုကုသနေတဲ့ ကျန်းမာရေးဝန်ထမ်း ၁၄ ဦးမှာလည်း ရောဂါပိုးကူးစက်ခံထားရ တယ်လို့ တွေ့ရှိခဲ့ကြောင့် တရုတ်နိုင်ငံပိုင်မီဒီယာတွေကနေ အတည်ပြုထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com
ကော်ရိုနာဗိုင်းရပ်စ် တရုတ်နိုင်ငံရဲ့ မြို့ကြီး ၃ခုထိ ကူးစက်ပျံ့နှံ့ ကော်ရိုနာဗိုင်းရပ်စ် တရုတ်နိုင်ငံရဲ့ မြို့ကြီး ၃ခုထိ ကူးစက်ပျံ့နှံ့ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.