
(Zawgyi)⤵⤵⤵
တောင်ကြီး၊ ဇန်နဝါရီ ၆




------------
(Unicode)⤵⤵⤵
မတ်လအထိ ကျောင်းတက်ရမယ်ဆိုပါက ၂၀၂၀ ရွေးကောက်ပွဲ မဲရုံမှူးတာဝန်ကို ငြင်းမယ်လို့ ဆရာများအဖွဲ့ချုပ်ထုတ်ပြန်

တောင်ကြီး၊ ဇန်နဝါရီ ၆

အခြေခံပညာ ဆရာ/ဆရာမတွေ မတ်လကုန်ထိ ကျောင်းတက်ရမယ်ဆိုတဲ့ ပညာရေးဝန်ကြီး၏ ပြဌာန်းချက်နဲ့ပတ်သက်ပြီး အဲဒီအချက်ကို မပြင်ပါက ဆရာ/ဆရာမတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲရုံမှူးတာဝန်တွေကို ကူညီ လုပ်ကိုင်တော့မှာ မဟုတ်ဘူးလို့ ဇန်နဝါရီ၅ရက်က ဆရာ/ဆရာမများ အဖွဲ့ချုပ်မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခြေခံပညာကျောင်းတွေကို မတ်လကုန်အထိ ဖွင့်လှစ်စေရန် ပညာရေးဝန်ကြီးဌာနမှ ပြင်ဆင်သက်မှတ်ခဲ့ခြင်းဖြစ်ပြီး အဲဒီလိုပြင်လိုက်တဲ့အတွက် မိဘတွေ စီးပွားပိုရှာနိုင်မယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သတင်းမီဒီယာ‌တွေကို ပြောကြားခဲ့ဖူးပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများရဲ့ဆန္ဒကို အလေးထားကာ ပညာသင်ကာလကို ပြင်ဆင်သက်မှတ်ရန်၊ ဝန်ကြီးဌာန အနေနဲ့ ပြန်လည်သုံးသပ်အဖြေရှာရန်နဲ့ အဲဒီလိုမလုပ်ဆောင်ပါက ၂၀၂၀ ရွေးကောက်ပွဲ ဆရာ၊ဆရာမတွေ
အနေနဲ့ ဥပဒေနှင့်အညီငြင်းပယ်ခြင်းအရ တုံ့ပြန်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မတ်လအထိ ကျောင်းတက်ရမယ်ဆိုပါက ၂၀၂၀ ရွေးကောက်ပွဲ မဲရုံမှူးတာဝန်ကို ငြင်းမယ်လို့ ဆရာများအဖွဲ့ချုပ်ထုတ်ပြန် မတ်လအထိ ကျောင်းတက်ရမယ်ဆိုပါက ၂၀၂၀ ရွေးကောက်ပွဲ မဲရုံမှူးတာဝန်ကို ငြင်းမယ်လို့ ဆရာများအဖွဲ့ချုပ်ထုတ်ပြန် Reviewed by THITHTOOLWIN on 02:17 Rating: 5
Powered by Blogger.