ရခိုင္ ခရီးသြားလာမႈနဲ႔ ကုန္စည္ပို႔ေဆာင္ေရး က်ဆင္း

စစ္ေတြၿမိဳ႕
(Zawgyi / Unicode)

ရခိုင္ျပည္နယ္အတြင္းက တိုက္ပြဲေတြေၾကာင့္ ခရီးသည္ယာဥ္လိုင္းနဲ႔ ကုန္ကားအမ်ားစု ခရီးစဥ္ေတြရပ္နားလိုက္ပါတယ္။ အထူးသျဖင့္ မၾကာခဏ မိုင္းေပါက္ကြဲမႈေတြရွိလာတဲ့ ရန္ကုန္- စစ္ေတြ လမ္းေၾကာင္းတေလွ်ာက္ကို လုံၿခဳံေရး တင္းက်ပ္ထားတဲ့အတြက္ ကုန္စည္စီးဆင္းမႈလည္း က်ဆင္းသြားပါတယ္။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္ ေမးျမန္းေပးပို႔ထားပါတယ္။

တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တိုက္ပြဲေတြဟာ ရခိုင္ေျမာက္ပိုင္းမွာ ၂၀၁၉ တႏွစ္လုံး ျပင္းျပင္ထန္ထန္ ျဖစ္ပြားခဲ့ၿပီး ခရီးသြားနဲ႔ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းအေပၚ ထိခိုက္မႈရွိေနပါတယ္။ အဓိက ကူးသန္းေရာင္းဝယ္ေရး လမ္းေၾကာင္း တခုျဖစ္တဲ့ ရန္ကုန္-စစ္ေတြလမ္းမွာ မိုင္းေပါက္ကြဲမႈ ၁၀ႀကိမ္ေလာက္ျဖစ္ခဲ့လို႔ တခ်ိဳ႕ေနရာေတြမွာ လုံၿခဳံေရးအရ စစ္ေဆးတာေတြလုပ္ရေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ မိုင္းနဲ႔ျဖစ္တဲ့ကိစၥက ၁၀ႀကိမ္ဝန္းက်င္ေလာက္ရွိတယ္။ ဒီကိစၥေတြေၾကာင့္ က်ေနာ္တို႔ လုံၿခဳံေရး တင္းက်ပ္ထားတာပဲ၊ အဓိကေတာ့၊ အဓိကေနရာေတြေပါ့၊ အေရွ႕ဘက္ကစေျပာရင္ ေယာေခ်ာင္းနဲ႔ ယိုးတ႐ုတ္ၾကားေလာက္ထိေတာ့ ဂ႐ုစိုက္ရတဲ့ အေနအထားရွိပါတယ္။ တံတားေတြရွိတဲ့ေနရာေတြမွာေတာ့ က်ေနာ္တို႔ စစ္ေဆးႏိုင္ပါတယ္ ဗ်။”

ေ႐ႊမန္းရတနာ ခရီးသည္ယာဥ္တစီးဟာ ၂၀၁၉ ေမလ ၃၁ရက္က ရန္ကုန္-စစ္ေတြ လမ္းေပၚမွာ မိုင္းထိခဲ့ပါတယ္။ နယ္ေျမမတည္ၿငိမ္တဲ့အတြက္ အရင္ကနဲ႔ ႏႈိင္းယွဥ္ရင္ ခရီးစဥ္ ထက္ဝက္ေလာက္က်သြားသလို တခ်ိဳ႕စစ္ေတြယာဥ္လိုင္းေတြက တလေလာက္ ရပ္နားထားေၾကာင္း ေ႐ႊမန္းရတနာ ခရီးသည္ ပို႔ေဆာင္ေရး ဂိတ္မႉး ကိုမ်ိဳးက ေျပာပါတယ္။

“ အခုက တစီးေတာင္မွျပည့္ဖို႔ အေတာ္႐ုန္းကန္ေနရတဲ့ အေနအထား ျဖစ္ေနတာေပါ့။ ၿပီးေတာ့ ကုန္စည္စီးဆင္းမႈေတြ ရပ္သြားတဲ့သေဘာေပါ့၊ အဲဒီလိုမ်ိဳး။ တခ်ိဳ႕က ေလယာဥ္နဲ႔ေတာ့ အသြားအလာမ်ားတယ္ အဲဒီဘက္ကို။ ကားနဲ႔က အေတာ္နည္းသြားတယ္။ တခ်ိဳ႕က ဥပမာ ၂ဂိတ္၊ ၃ဂိတ္ ေပါင္းလိုက္တယ္ ၿပီးမွ တဂိတ္ထဲကေန စုၿပီးေတာ့ထြက္တယ္ အဲဒီသေဘာမ်ိဳးေတြျဖစ္ေနတယ္။”

၂၀၁၉ ဩဂုတ္လ ၂၈ ရက္က ေျမာက္ဦးနဲ႔ ေက်ာက္ေတာ္ၾကား တိုက္ပြဲေတြ ျပင္းထန္ခဲ့လို႔ ရန္ကုန္-စစ္ေတြလမ္းပိုင္းကို ပိတ္ခဲ့ရပါတယ္။ အဲဒီေနာက္ပိုင္း

ရန္ကုန္-စစ္ေတြ ကားလမ္းတေလွ်ာက္ လုံၿခဳံေရး ပိုတင္းက်ပ္ထားၿပီး ခရီးသြားလည္း နည္းလာေၾကာင္း အမ္းၿမိဳ႕နယ္ သဂၤဟကမ္းလက္ရကၡိတ ပရဟိတ အဖြဲ႕က ကိုအမ္းသားႀကီးက ေျပာပါတယ္။

“ လုံၿခဳံေရးပိုင္းလို႔ ေျပာရမလား၊ အေႏွာက္အယွက္ေပးတယ္လို႔ပဲ ေျပာရမလားမသိဘူး ဒီ ႐ိုးေခ်ာင္းတံတားတို႔၊ တျခားေနရာေတြမွာ ဆိုရင္လည္း စစ္တပ္ကေန မလိုလားအပ္ဘဲနဲ႔ ပိုၿပီးေတာ့ အစစ္အေဆး လုပ္ေနတာေတြရွိတယ္။ တခါတခါ လူတေယာက္မွာ တက္တူးထိုးလာတာတို႔၊ အဲဒီတက္တူးကို ျမင္႐ုံေလာက္နဲ႔ မလိုလားအပ္ဘဲနဲ႔ ဒါေတြကဘာေတြလဲ၊ မွတ္ပုံတင္ပါလား၊ အဲဒီလိုအေႏွာက္အယွက္ေတြေၾကာင့္လဲ ခရီးသည္ နည္းသြားတာထင္တယ္။ တခါတခါ ျပန္မလႊတ္ဘဲနဲ႔ တညအိပ္၊ ႏွစ္ညအိပ္ ထိုင္ေစာင့္ရတဲ့အခါလည္းရွိတယ္။ အဲဒီအတြက္ေၾကာင့္ express ကားေတြမွာေရာ၊ ကုန္ကားေတြမွာေရာ လူေတြက အသြားအလာ နည္းသြားတာေပါ့။”

ကုန္စည္ေတြလမ္းမွာ ၾကန႔္ၾကာတဲ့အတြက္ အပ်က္အစီးမ်ားတယ္လို႔ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္ေတြကေျပာပါတယ္။

တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တိုက္ပြဲေတြဟာ ၂၀၁၉ ဇန္နဝါရီ ေနာက္ပိုင္းမွာ ပိုၿပီး ျပင္းထန္လာၿပီး AA ရဲ႕ ထုတ္ျပန္ခ်က္အရဆိုရင္ ၂၀၁၉ တႏွစ္လုံးမွာ တိုက္ပြဲေပါင္း ၆၈၁ခု ျဖစ္ပြားခဲ့ပါတယ္။ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး REC ရဲ႕ အခ်က္အလက္အရဆိုရင္ ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္ ၉ခုမွာ စစ္ေရွာင္ဦးေရ ၁၀၀,၀၀၀ ဝန္းက်င္ရွိလာပါၿပီ။ ေသဆုံးသူ ၁၀၀ ေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာရတဲ့သူက ၃၀၀ ဝန္းက်င္ေၾကာင္း ရခိုင္အေျခစိုက္ သတင္းဌာနေတြက ေရးသား၊ ေဖာ္ျပၾကပါတယ္။

....................

ရခိုင် ခရီးသွားလာမှုနဲ့ကုန်စည်ပို့ဆောင်ရေးကျဆင်း

(Unicode)

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ခရီးသည်ယာဉ်လိုင်းနဲ့ ကုန်ကားအများစု ခရီးစဉ်တွေရပ်နားလိုက်ပါတယ်။ အထူးသဖြင့် မကြာခဏ မိုင်းပေါက်ကွဲမှုတွေရှိလာတဲ့ ရန်ကုန်- စစ်တွေ လမ်းကြောင်းတလျှောက်ကို လုံခြုံရေး တင်းကျပ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုလည်း ကျဆင်းသွားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA တိုက်ပွဲတွေဟာ ရခိုင်မြောက်ပိုင်းမှာ ၂၀၁၉ တနှစ်လုံး ပြင်းပြင်ထန်ထန် ဖြစ်ပွားခဲ့ပြီး ခရီးသွားနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအပေါ် ထိခိုက်မှုရှိနေပါတယ်။ အဓိက ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်း တခုဖြစ်တဲ့ ရန်ကုန်-စစ်တွေလမ်းမှာ မိုင်းပေါက်ကွဲမှု ၁၀ကြိမ်လောက်ဖြစ်ခဲ့လို့ တချို့နေရာတွေမှာ လုံခြုံရေးအရ စစ်ဆေးတာတွေလုပ်ရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ မိုင်းနဲ့ဖြစ်တဲ့ကိစ္စက ၁၀ကြိမ်ဝန်းကျင်လောက်ရှိတယ်။ ဒီကိစ္စတွေကြောင့် ကျနော်တို့ လုံခြုံရေး တင်းကျပ်ထားတာပဲ၊ အဓိကတော့၊ အဓိကနေရာတွေပေါ့၊ အရှေ့ဘက်ကစပြောရင် ယောချောင်းနဲ့ ယိုးတရုတ်ကြားလောက်ထိတော့ ဂရုစိုက်ရတဲ့ အနေအထားရှိပါတယ်။ တံတားတွေရှိတဲ့နေရာတွေမှာတော့ ကျနော်တို့ စစ်ဆေးနိုင်ပါတယ် ဗျ။”

ရွှေမန်းရတနာ ခရီးသည်ယာဉ်တစီးဟာ ၂၀၁၉ မေလ ၃၁ရက်က ရန်ကုန်-စစ်တွေ လမ်းပေါ်မှာ မိုင်းထိခဲ့ပါတယ်။ နယ်မြေမတည်ငြိမ်တဲ့အတွက် အရင်ကနဲ့ နှိုင်းယှဉ်ရင် ခရီးစဉ် ထက်ဝက်လောက်ကျသွားသလို တချို့စစ်တွေယာဉ်လိုင်းတွေက တလလောက် ရပ်နားထားကြောင်း ရွှေမန်းရတနာ ခရီးသည် ပို့ဆောင်ရေး ဂိတ်မှူး ကိုမျိုးက ပြောပါတယ်။

“ အခုက တစီးတောင်မှပြည့်ဖို့ အတော်ရုန်းကန်နေရတဲ့ အနေအထား ဖြစ်နေတာပေါ့။ ပြီးတော့ ကုန်စည်စီးဆင်းမှုတွေ ရပ်သွားတဲ့သဘောပေါ့၊ အဲဒီလိုမျိုး။ တချို့က လေယာဉ်နဲ့တော့ အသွားအလာများတယ် အဲဒီဘက်ကို။ ကားနဲ့က အတော်နည်းသွားတယ်။ တချို့က ဥပမာ ၂ဂိတ်၊ ၃ဂိတ် ပေါင်းလိုက်တယ် ပြီးမှ တဂိတ်ထဲကနေ စုပြီးတော့ထွက်တယ် အဲဒီသဘောမျိုးတွေဖြစ်နေတယ်။”

၂၀၁၉ ဩဂုတ်လ ၂၈ ရက်က မြောက်ဦးနဲ့ ကျောက်တော်ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ ရန်ကုန်-စစ်တွေလမ်းပိုင်းကို ပိတ်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း

ရန်ကုန်-စစ်တွေ ကားလမ်းတလျှောက် လုံခြုံရေး ပိုတင်းကျပ်ထားပြီး ခရီးသွားလည်း နည်းလာကြောင်း အမ်းမြို့နယ် သင်္ဂဟကမ်းလက်ရက္ခိတ ပရဟိတ အဖွဲ့က ကိုအမ်းသားကြီးက ပြောပါတယ်။

“ လုံခြုံရေးပိုင်းလို့ ပြောရမလား၊ အနှောက်အယှက်ပေးတယ်လို့ပဲ ပြောရမလားမသိဘူး ဒီ ရိုးချောင်းတံတားတို့၊ တခြားနေရာတွေမှာ ဆိုရင်လည်း စစ်တပ်ကနေ မလိုလားအပ်ဘဲနဲ့ ပိုပြီးတော့ အစစ်အဆေး လုပ်နေတာတွေရှိတယ်။ တခါတခါ လူတယောက်မှာ တက်တူးထိုးလာတာတို့၊ အဲဒီတက်တူးကို မြင်ရုံလောက်နဲ့ မလိုလားအပ်ဘဲနဲ့ ဒါတွေကဘာတွေလဲ၊ မှတ်ပုံတင်ပါလား၊ အဲဒီလိုအနှောက်အယှက်တွေကြောင့်လဲ ခရီးသည် နည်းသွားတာထင်တယ်။ တခါတခါ ပြန်မလွှတ်ဘဲနဲ့ တညအိပ်၊ နှစ်ညအိပ် ထိုင်စောင့်ရတဲ့အခါလည်းရှိတယ်။ အဲဒီအတွက်ကြောင့် express ကားတွေမှာရော၊ ကုန်ကားတွေမှာရော လူတွေက အသွားအလာ နည်းသွားတာပေါ့။”

ကုန်စည်တွေလမ်းမှာ ကြန့်ကြာတဲ့အတွက် အပျက်အစီးများတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေကပြောပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA တိုက်ပွဲတွေဟာ ၂၀၁၉ ဇန်နဝါရီ နောက်ပိုင်းမှာ ပိုပြီး ပြင်းထန်လာပြီး AA ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၁၉ တနှစ်လုံးမှာ တိုက်ပွဲပေါင်း ၆၈၁ခု ဖြစ်ပွားခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ အချက်အလက်အရဆိုရင် ရခိုင်မြောက်ပိုင်း မြို့နယ် ၉ခုမှာ စစ်ရှောင်ဦးရေ ၁၀၀,၀၀၀ ဝန်းကျင်ရှိလာပါပြီ။ သေဆုံးသူ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရတဲ့သူက ၃၀၀ ဝန်းကျင်ကြောင်း ရခိုင်အခြေစိုက် သတင်းဌာနတွေက ရေးသား၊ ဖော်ပြကြပါတယ်။

ေဇာ္ထက္/VOA Burmese
https://burmese.voanews.com
ရခိုင္ ခရီးသြားလာမႈနဲ႔ ကုန္စည္ပို႔ေဆာင္ေရး က်ဆင္း ရခိုင္ ခရီးသြားလာမႈနဲ႔ ကုန္စည္ပို႔ေဆာင္ေရး က်ဆင္း Reviewed by THITHTOOLWIN on 02:30 Rating: 5
Powered by Blogger.