ေက်ာက္ေတာ္မဟာမုနိ ပစ္ခတ္မႈအတြင္းမွာ အမ်ိဳးသမီးတစ္ဦး လက္နက္ႀကီးက်ည္စထိမွန္ကာ ေက်ာက္ေတာ္ေဆး႐ုံကို ေရာက္ရွိေန

(Zawgyi)⤵⤵⤵
ေက်ာက္ေတာ္၊ ဇန္နဝါရီ ၆-၂၀၂၀

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ မဟာျမတ္မုနိဘုရားအနီးမွာ ဇန္နဝါရီလ ၅ရက္၊ ညေန ၅ နာရီ ၂၀ မိနစ္ခန႔္က မဟာမုနိဘုရားအနီးမိုင္းေပါက္ကြဲၿပီး ပစ္ခတ္မႈတစ္ခ်ိဳ႕ျဖစ္ပြားခဲ့ရာ မဟာမုနိေက်း႐ြာက အမ်ိဳးသမီးတစ္ဦးကို လက္နက္ႀကီးက်ဥ္စထိမွန္ခဲ့တဲ့အတြက္ ေက်ာက္ေတာ္ေဆး႐ုံကို ပို႔ေဆာင္ထားရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အဲ့ဒီ လက္နက္ႀကီးက်ည္စထိမွန္သူ အသက္ ၂၀ အ႐ြယ္ မဦးဝင္းေအးဆိုတဲ့အမ်ိဳးသမီးဟာ ကေလးအေမတစ္ဦးျဖစ္ၿပီး ညာဖက္ရင္အုံ၊ ေမး႐ိုးနဲ႔ နဖူးေတြမွာ ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

" ပစ္ခတ္မႈျဖစ္တာက မဟာမုနိအနီးမွာ ျဖစ္တာ။ ထမင္းစားေနခ်ိန္မွာပစ္တာ။ ကြၽန္ေတာ္လည္းမိသားစု ဝိုင္းၿပီးစားေနတယ္။ သိလည္းမသိလိုက္ဘူး။ သူ႔သားေလးကို အက်ႌဝတ္ေပးဖို႔လွမ္းလို႔ယူတာမွာ ထိသြာတာ။ သူ႔ကို သယ္ၿပီးလာတဲ့အခါလည္း က်ေနာ္တို႔ကို လိုက္ပစ္ေသးတယ္။ ညာဖက္ရင္အုံမွာ တစ္ခ်က္ထိတယ္။ ေမး႐ိုးနဲ႔ နဖူးမွာနည္းနည္း ထိသြားတယ္။"လို႔ ဒဏ္ရာရွိသူ မဦးဝင္းေအးရဲ႕ ဖခင္ဦးေက်ာ္ၫႊန႔္စိန္က ေျပာပါတယ္။

ဒဏ္ရာရရွိၿပီး ေဆး႐ုံတက္ေနရသူ ကေလးရဲ႕မိခင္အေျခအေနဟာ စိုးရိမ္မႈမရွိေၾကာင္းနဲ႔ ယခုလက္ရွိမွာ စကားပါနည္းနည္းပါးပါး ေျပာႏိုင္ေနၿပီလို႔ ဦးေက်ာ္ၫႊန႔္စိန္က ေျပာၾကားပါတယ္။

" ျဖစ္စဥ္ကေတာ့ အဲ့ဒီ႐ြာသားေတြေျပာတာက မဟာမုနိနားမွာ မိုင္းႏွစ္လုံးေပါက္တယ္လို႔ေျပာတယ္။ စစ္တပ္ကေနၿပီး အဲ့နားမွာ စစ္သားေတြရွိပါတယ္။ လက္နက္ႀကီးနဲ႔ပစ္တာမွာ လက္နက္ႀကီးက်တယ္လို႔ေျပာပါတယ္။"လို႔ ျဖဴစင္ေမတၱာလူမႈကူညီေရးအသင္း ဥကၠဌ ကိုညီပုကေျပာျပပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ တပ္မေတာ္ေျပာေရးဆိုခြင့္ရွိသူနဲ႔ ေအေအေျပာခြင့္သူတို႔ကိုဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုမႉမရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္းကလည္း မဟာမုနိဘုရားကုန္းေပၚမွာ တပ္စြဲထားတဲ့ တပ္မေတာ္စစ္ေၾကာင္းက ပစ္ခတ္မႈေတြျပဳလုပ္ရာမွာ ေက်း႐ြာအတြင္းကို က်ည္ဆံေတြက်ေရာက္ၿပီးေတာ့ ထမင္းစားေနတဲ့အမ်ိဳးသမီးတစ္ဦး က်ည္ထိမွန္ဒဏ္ရာရရွိခဲ့ဖူးပါတယ္။

ဒီဇင္ဘာလ ၃၀ ရက္ေန႔ ကလည္း တပ္မေတာ္က ပစ္ခတ္မႉေတြရွိခဲ့ၿပီးေတာ့ ၿမိဳ႕ေပၚအေဆာက္အဦး၊ လူေနအိမ္ေတြအပါအဝင္ ေဒသခံတစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ တပ္မေတာ္နဲ႔ ေအေအတို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့တာ သုံးႀကိမ္ထိရွိေနၿပီလည္းျဖစ္ပါတယ္။

ခိုင္လင္းစံ (VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------
(Unicode)⤵⤵⤵
ကျောက်တော်မဟာမုနိ ပစ်ခတ်မှုအတွင်းမှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ကာ ကျောက်တော်ဆေးရုံကို ရောက်ရှိနေ

ကျောက်တော်၊ ဇန်နဝါရီ ၆-၂၀၂၀

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရားအနီးမှာ ဇန်နဝါရီလ ၅ရက်၊ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က မဟာမုနိဘုရားအနီးမိုင်းပေါက်ကွဲပြီး ပစ်ခတ်မှုတစ်ချို့ဖြစ်ပွားခဲ့ရာ မဟာမုနိကျေးရွာက အမျိုးသမီးတစ်ဦးကို လက်နက်ကြီးကျဉ်စထိမှန်ခဲ့တဲ့အတွက် ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီ လက်နက်ကြီးကျည်စထိမှန်သူ အသက် ၂၀ အရွယ် မဦးဝင်းအေးဆိုတဲ့အမျိုးသမီးဟာ ကလေးအမေတစ်ဦးဖြစ်ပြီး ညာဖက်ရင်အုံ၊ မေးရိုးနဲ့ နဖူးတွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

" ပစ်ခတ်မှုဖြစ်တာက မဟာမုနိအနီးမှာ ဖြစ်တာ။ ထမင်းစားနေချိန်မှာပစ်တာ။ ကျွန်တော်လည်းမိသားစု ဝိုင်းပြီးစားနေတယ်။ သိလည်းမသိလိုက်ဘူး။ သူ့သားလေးကို အင်္ကျီဝတ်ပေးဖို့လှမ်းလို့ယူတာမှာ ထိသွာတာ။ သူ့ကို သယ်ပြီးလာတဲ့အခါလည်း ကျနော်တို့ကို လိုက်ပစ်သေးတယ်။ ညာဖက်ရင်အုံမှာ တစ်ချက်ထိတယ်။ မေးရိုးနဲ့ နဖူးမှာနည်းနည်း ထိသွားတယ်။"လို့ ဒဏ်ရာရှိသူ မဦးဝင်းအေးရဲ့ ဖခင်ဦးကျော်ညွှန့်စိန်က ပြောပါတယ်။

ဒဏ်ရာရရှိပြီး ဆေးရုံတက်နေရသူ ကလေးရဲ့မိခင်အခြေအနေဟာ စိုးရိမ်မှုမရှိကြောင်းနဲ့ ယခုလက်ရှိမှာ စကားပါနည်းနည်းပါးပါး ပြောနိုင်နေပြီလို့ ဦးကျော်ညွှန့်စိန်က ပြောကြားပါတယ်။

" ဖြစ်စဉ်ကတော့ အဲ့ဒီရွာသားတွေပြောတာက မဟာမုနိနားမှာ မိုင်းနှစ်လုံးပေါက်တယ်လို့ပြောတယ်။ စစ်တပ်ကနေပြီး အဲ့နားမှာ စစ်သားတွေရှိပါတယ်။ လက်နက်ကြီးနဲ့ပစ်တာမှာ လက်နက်ကြီးကျတယ်လို့ပြောပါတယ်။"လို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း ဥက္ကဌ ကိုညီပုကပြောပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူနဲ့ အေအေပြောခွင့်သူတို့ကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုမှူမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းကလည်း မဟာမုနိဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ တပ်မတော်စစ်ကြောင်းက ပစ်ခတ်မှုတွေပြုလုပ်ရာမှာ ကျေးရွာအတွင်းကို ကျည်ဆံတွေကျရောက်ပြီးတော့ ထမင်းစားနေတဲ့အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ဖူးပါတယ်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ ကလည်း တပ်မတော်က ပစ်ခတ်မှူတွေရှိခဲ့ပြီးတော့ မြို့ပေါ်အဆောက်အဦး၊ လူနေအိမ်တွေအပါအဝင် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောက်တော်မြို့ပေါ်မှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာ သုံးကြိမ်ထိရှိနေပြီလည်းဖြစ်ပါတယ်။

ခိုင်လင်းစံ (VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေက်ာက္ေတာ္မဟာမုနိ ပစ္ခတ္မႈအတြင္းမွာ အမ်ိဳးသမီးတစ္ဦး လက္နက္ႀကီးက်ည္စထိမွန္ကာ ေက်ာက္ေတာ္ေဆး႐ုံကို ေရာက္ရွိေန ေက်ာက္ေတာ္မဟာမုနိ ပစ္ခတ္မႈအတြင္းမွာ အမ်ိဳးသမီးတစ္ဦး လက္နက္ႀကီးက်ည္စထိမွန္ကာ ေက်ာက္ေတာ္ေဆး႐ုံကို ေရာက္ရွိေန Reviewed by THITHTOOLWIN on 02:14 Rating: 5
Powered by Blogger.