ကနီသစ္ေတာႀကိဳးဝိုင္းတြင္ ေတာင္သူတစ္ဦး က်ားကိုက္ခံရ


(Zawgyi)⤵⤵⤵
ယင္းမာပင္ ၊ ဇန္နဝါရီ -၁၄

ယင္းမာပင္ခရိုင္ ကနီၿမိဳ့နယ္ေညာင္ပင္လယ္ ရြာအနီး သစ္ေတာႀကိဳးဝိုင္းတြင္ ေတာင္သူတစ္ဦး ယမန္ေန႔ ညေန ၃ နာရီခန႔္က ေခြးစားက်ားကိုက္ခံခဲ့ရသည္။

၎သည္ ပဲတီစိမ္းရိတ္သိမ္းၿပီးအျပန္ က်ားႏွင့္ရင္ဆိုင္တိုး၍ လုံးေထြးသတ္ပုတ္ စဥ္ ကိုက္ခံရျခင္းျဖစ္ၿပီး မုံရြာေဆး႐ုံတြင္ တက္ေရာက္ကုသ ခံေနရသည္။

" ေခြးေတြ ဝိုင္းေဟာင္ေနလို့ ဘာပါလိမ့္ ဆိုၿပီး သြားၾကည့္တာ။ က်ားက ကၽြန္ေတာ့္ဆီ ေျပးလာၿပီး ခုန္အုပ္တာ။ လက္ထဲ ပါလာတဲ့ ဓားနဲ႔ ထိုးလိုက္တာ။ ဗိုက္ထိုးမိတယ္။သူလဲ သုံးခ်က္ေလာက္ ထိသြားတယ္။ၿပီးေတာ့ ထြက္ေျပးသြားတာ။ ျဖစ္တဲ့အခ်ိန္ကေတာ့ ခဏေလးပါပဲ"ဟု အကိုက္ခံရသူ ယင္းမာပင္ၿမိဳ့နယ္ ကြမ္းဆပ္ရြာေန အသက္ ၄၅ ႏွစ္အရြယ္ ​ေတာင္သူ​က ေျပာသည္။

၎တြင္ ဦးေခါင္းဒဏ္ရာ ၂ ေပါက္၊ ဘယ္ဘက္ လက္ေမာင္းရင္းတြင္ ၃ေပါက္၊ ဘယ္ လက္ေကာက္ဝတ္နားတြင္ ၄ ေပါက္ ဒဏ္ရာရၿပီး ၁၉ ခ်က္ ခ်ဳပ္ခဲ့ရသည္။

ကနီ သစ္ေတာ ႀကိဳးဝိုင္းသည္ အေလာင္းေတာ္ကႆပ သစ္ေတာႀကိဳးဝိုင္းႏွင့္ တစပ္တည္း တည္ရွိသည္။

အိအိမြန္
Monywa Gazette
https://www.facebook.com/monywagazette
------------
(Unicode)⤵⤵⤵
ကနီသစ်တောကြိုးဝိုင်းတွင် တောင်သူတစ်ဦး ကျားကိုက်ခံရ

အိအိမွန်
ယင်းမာပင် ၊ ဇန်နဝါရီ -၁၄

ယင်းမာပင်ခရိုင် ကနီမြို့နယ်ညောင်ပင်လယ် ရွာအနီး သစ်တောကြိုးဝိုင်းတွင် တောင်သူတစ်ဦး ယမန်နေ့ ညနေ ၃ နာရီခန့်က ခွေးစားကျားကိုက်ခံခဲ့ရသည်။

၎င်းသည် ပဲတီစိမ်းရိတ်သိမ်းပြီးအပြန် ကျားနှင့်ရင်ဆိုင်တိုး၍ လုံးထွေးသတ်ပုတ် စဉ် ကိုက်ခံရခြင်းဖြစ်ပြီး မုံရွာဆေးရုံတွင် တက်ရောက်ကုသ ခံနေရသည်။

" ခွေးတွေ ဝိုင်းဟောင်နေလို့ ဘာပါလိမ့် ဆိုပြီး သွားကြည့်တာ။ ကျားက ကျွန်တော့်ဆီ ပြေးလာပြီး ခုန်အုပ်တာ။ လက်ထဲ ပါလာတဲ့ ဓားနဲ့ ထိုးလိုက်တာ။ ဗိုက်ထိုးမိတယ်။သူလဲ သုံးချက်လောက် ထိသွားတယ်။ပြီးတော့ ထွက်ပြေးသွားတာ။ ဖြစ်တဲ့အချိန်ကတော့ ခဏလေးပါပဲ"ဟု အကိုက်ခံရသူ ယင်းမာပင်မြို့နယ် ကွမ်းဆပ်ရွာနေ အသက် ၄၅ နှစ်အရွယ် တောင်သူက ပြောသည်။

၎င်းတွင် ဦးခေါင်းဒဏ်ရာ ၂ ပေါက်၊ ဘယ်ဘက် လက်မောင်းရင်းတွင် ၃ပေါက်၊ ဘယ် လက်ကောက်ဝတ်နားတွင် ၄ ပေါက် ဒဏ်ရာရပြီး ၁၉ ချက် ချုပ်ခဲ့ရသည်။

ကနီ သစ်တော ကြိုးဝိုင်းသည် အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းနှင့် တစပ်တည်း တည်ရှိသည်။

Monywa Gazette
https://www.facebook.com/monywagazette
ကနီသစ္ေတာႀကိဳးဝိုင္းတြင္ ေတာင္သူတစ္ဦး က်ားကိုက္ခံရ ကနီသစ္ေတာႀကိဳးဝိုင္းတြင္ ေတာင္သူတစ္ဦး က်ားကိုက္ခံရ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.