လူမႈကူညီေရး ကားႏွင့္ ဆိုင္ကယ္ တိုက္မိ၊ဆယ္တန္းေက်ာင္းသား ေသဆုံး

(Zawgyi)⤵⤵⤵
မုံ႐ြာ၊ ဇန္နဝါရီ ၁၄

မုံ႐ြာၿမိဳ႕ အလုံရပ္ကြက္တြင္ လူမႈကူညီေရးကားႏွင့္ ဆိုင္ကယ္တို႔ ယေန႔နံနက္ ၅ နာရီခန႔္ က တိုက္မိၿပီး ဆိုင္ကယ္ေမာင္းလာေသာ ဆယ္တန္းေက်ာင္းသား ေသဆုံး ခဲ့သည္။

ဘုတလင္ၿမိဳ႕ခုံမင္းႀကီးရပ္ကြက္ေန ဆယ္တန္းေက်ာင္းသားေမာင္းႏွင္ၿပီး အမ်ိဳးသားတစ္ဦးလိုက္ပါလာေသာ ဆိုင္ကယ္ႏွင့္ ဘုတလင္ၿမိဳ႕ ႐ြာမြန္႐ြာမွ လူမႈကူညီေရးအသင္းတို႔သည္ အလုံရဲကင္းစခန္းေရွ႕တြင္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိၾကျခင္းျဖစ္ေၾကာင္း မုံ႐ြာယာဥ္ထိန္းရဲတပ္ဖြဲ႕ထံမွ သိရသည္။

“ လူမႈေရးကားကလည္း မႏၲေလးအ႐ိုးအေၾကာကို ေဆးျပသြားမယ့္ လူနာပါတယ္။ ဆိုင္ကယ္နဲ႔ ကေလးေတြက ဘုတလင္ကိုျပန္တာ အလုံသုံးေထာင့္ခြၽန္အလြန္နား ရဲစခန္းေရွ႕မ်က္ႏွာခ်င္းဆိုင္တိုက္မိၾကတာ။ လူမႈေရးကားက ေၾကာက္လန႔္ၿပီး ေမာင္းေျပးေပမယ့္ ေအာင္မဂၤလာအဝိုင္းနားမွာ ဖမ္းမိခဲ့တယ္” ဟု အမွတ္ ၁၁၂ ယာဥ္ထိန္းတပ္ဖြဲ႕မွ ရဲအုပ္ေအာင္ထိုက္က ေျပာသည္။

ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းသူ ဘုတလင္ အထက္တန္းေက်ာင္းေန ဆယ္တန္းေက်ာင္းသားေသဆုံးၿပီး ေနာက္မွ ထိုင္လိုက္သူမွာ မုံ႐ြာေဆး႐ုံတြင္ ကုသခံေနရသည္။

ယာဥ္တိုက္မႈျဖစ္ခဲ့ေသာ လူမႈကူညီေရးကားေမာင္းသူအား အမႈဖြင့္ႏိုင္ေရး ရဲတပ္ဖြဲ႕မွ စစ္ေဆးေဆာင္႐ြက္ေနသည္။

ေမာင္ေလးငယ္ငယ္
Monywa Gazette
https://www.facebook.com/monywagazette
------------
(Unicode)⤵⤵⤵
လူမှုကူညီရေး ကားနှင့် ဆိုင်ကယ် တိုက်မိ၊ဆယ်တန်းကျောင်းသား သေဆုံး

မောင်လေးငယ်ငယ်
မုံရွာ၊ ဇန်နဝါရီ ၁၄

မုံရွာမြို့ အလုံရပ်ကွက်တွင် လူမှုကူညီရေးကားနှင့် ဆိုင်ကယ်တို့ ယနေ့နံနက် ၅ နာရီခန့် က တိုက်မိပြီး ဆိုင်ကယ်မောင်းလာသော ဆယ်တန်းကျောင်းသား သေဆုံး ခဲ့သည်။

ဘုတလင်မြို့ခုံမင်းကြီးရပ်ကွက်နေ ဆယ်တန်းကျောင်းသားမောင်းနှင်ပြီး အမျိုးသားတစ်ဦးလိုက်ပါလာသော ဆိုင်ကယ်နှင့် ဘုတလင်မြို့ ရွာမွန်ရွာမှ လူမှုကူညီရေးအသင်းတို့သည် အလုံရဲကင်းစခန်းရှေ့တွင် မျက်နှာချင်းဆိုင် တိုက်မိကြခြင်းဖြစ်ကြောင်း မုံရွာယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ လူမှုရေးကားကလည်း မန္တလေးအရိုးအကြောကို ဆေးပြသွားမယ့် လူနာပါတယ်။ ဆိုင်ကယ်နဲ့ ကလေးတွေက ဘုတလင်ကိုပြန်တာ အလုံသုံးထောင့်ချွန်အလွန်နား ရဲစခန်းရှေ့မျက်နှာချင်းဆိုင်တိုက်မိကြတာ။ လူမှုရေးကားက ကြောက်လန့်ပြီး မောင်းပြေးပေမယ့် အောင်မင်္ဂလာအဝိုင်းနားမှာ ဖမ်းမိခဲ့တယ်” ဟု အမှတ် ၁၁၂ ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်အောင်ထိုက်က ပြောသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ဘုတလင် အထက်တန်းကျောင်းနေ ဆယ်တန်းကျောင်းသားသေဆုံးပြီး နောက်မှ ထိုင်လိုက်သူမှာ မုံရွာဆေးရုံတွင် ကုသခံနေရသည်။

ယာဉ်တိုက်မှုဖြစ်ခဲ့သော လူမှုကူညီရေးကားမောင်းသူအား အမှုဖွင့်နိုင်ရေး ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်နေသည်။

Monywa Gazette
https://www.facebook.com/monywagazette
လူမႈကူညီေရး ကားႏွင့္ ဆိုင္ကယ္ တိုက္မိ၊ဆယ္တန္းေက်ာင္းသား ေသဆုံး လူမႈကူညီေရး ကားႏွင့္ ဆိုင္ကယ္ တိုက္မိ၊ဆယ္တန္းေက်ာင္းသား ေသဆုံး Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.