တ႐ုတ္ႏိုင္ငံမွာ ေျမတြင္းႀကီး ႐ုတ္တရက္ျဖစ္ေပၚလာၿပီး ဘတ္စ္ကားတစီးျပဳတ္က်

 တ႐ုတ္သတင္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ ေျမတြင္းရဲ႕ အဝဟာ ၃၂ ေပက်ယ္တယ္လို႔ ဆိုပါတယ္။
(Zawgyi)⤵⤵⤵

႐ုတ္တရက္ေျမတြင္းႀကီးျဖစ္လာၿပီး ဘတ္စ္ကားတစီးျပဳတ္က်ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ ကားလမ္းမႀကီးရဲ႕ ဘတ္စ္ကားမွတ္တိုင္တခုမွာ ႐ုတ္တရက္ေျမၿပိဳက်ၿပီး ေျမတြင္းႀကီးတတြင္းျဖစ္လာပါတယ္။ တမဟုတ္ခ်င္း ေဘးကို ျပန္႔ကားလာတဲ့ အဲဒီေျမတြင္းႀကီးဟာ မွတ္တိုင္မွာ ရပ္ထားတဲ့ ဘတ္စ္ကားကို ဝါးၿမိဳသြားတဲ့အတြက္ အနည္းဆုံး လူ ၆ ေယာက္ေသဆုံးခဲ့ၿပီး ေနာက္ထပ္ ၁၆ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။

ဇန္နဝါရီလ ၁၃ ရက္ တနလၤာေန႔ညေနက တ႐ုတ္ႏိုင္ငံခ်င္းဟိုင္ျပည္နယ္ ရွင္းနင္းၿမိဳ႕က ေဆး႐ုံေရွ႕ ဘတ္စ္ကားမွတ္တိုင္မွာ အဲဒီအျဖစ္အပ်က္ျဖစ္ခဲ့တာပါ။

စီစီတီဗီလုံၿခဳံေရးကင္မရာမွာ ေတြ႕ခဲ့ရတဲ့ ဗီဒီယိုအရ ေျမတြင္းထဲကို ဘတ္စ္ကားနဲ႔ ကားမွတ္တိုင္က လူေတြက်သြားၿပီး ခဏအၾကာမွာ ေပါက္ကြဲမႈျဖစ္ခဲ့ပါတယ္။ ေျမတြင္းထဲကေန မီးေတာက္ေတြ တက္လာတာေတြ႕ရပါတယ္။

အခုလတ္တေလာ ႏွစ္ေတြအတြင္း တ႐ုတ္ႏိုင္ငံမွာ လူေသေလာက္တဲ့ ေျမတြင္းၿပိဳက်မႈတခ်ိဳ႕ ျဖစ္ပြားခဲ့ပါတယ္။

အခုဗီဒီယိုမွာေတြ႕ရတာက ဘတ္စ္ကားမွတ္တိုင္မွာ ေစာင့္ေနတဲ့သူေတြဟာ ေျမတြင္းၿပိဳက်လာတာကို ျမင္ရတဲ့ အတြက္ ထြက္ေျပးေနၾကခ်ိန္မွာပဲ ဘတ္စ္ကားဟာ ေျမတြင္းထဲ တျဖည္းျဖည္းက်သြားတာ ျဖစ္ပါတယ္။

လူေတာ္ေတာ္မ်ားမ်ားဟာ ဘတ္စ္ကားထဲမွာပါလာတဲ့ ခရီးသည္ေတြကို ေျပးၿပီး ကယ္ဆယ္ဖို႔ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ၿပိဳက်သြားတဲ့ ေျမတြင္းဟာ ေဘးကို႐ုတ္တရက္ ျပန္႔ကားလာၿပီး ကယ္ဆယ္ဖို႔လာတဲ့သူေတြပါ ေျမတြင္းထဲက်သြားၾကပါတယ္။

တ႐ုတ္အစိုးရ သတင္းမီဒီယာရဲ႕ ထုတ္ျပန္ခ်က္အရ ေျမတြင္းႀကီးရဲ႕ အဝဟာ ၃၂ ေပက်ယ္ပါတယ္။

ဘတ္စ္ကားကို ေျမမ်ိဳသြားခ်ိန္မွာ ခရီးသည္ဘယ္ႏွေယာက္ကားေပၚပါသြားသလဲဆိုတာ တိတိက်က် မသိရေသးပါဘူး။

အခုေျမၿပိဳက်ရတဲ့ အေၾကာင္းရင္းကို တိတိက်က်မသိရေသးပါဘူး။ အရင္က ျဖစ္ခဲ့ဖူးတဲ့ ေျမၿပိဳက်မႈေတြကေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြနဲ႔ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးကို အလ်င္အျမန္တည္ေဆာက္တာေတြေၾကာင့္လို႔ ဆိုပါတယ္။

၂၀၁၈ ခုႏွစ္တုန္းကလည္း တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းက ဒါဂ်ိဳးၿမိဳ႕မွာ လူစည္ကားတဲ့ ပလက္ေဖာင္းတခုေပၚမွာ ႐ုတ္တရက္ေျမၿပိဳလို႔ ေျမတြင္းႀကီးထဲက်ၿပီး လူ ၄ ေယာက္ေသဆုံးခဲ့ပါတယ္။

၂၀၁၃ ခုႏွစ္တုန္းကလည္း ေတာင္ပိုင္းက ရွင္ဂ်န္းၿမိဳ႕ စက္မႈဇုန္တခုမွာ တြင္းႀကီးတတြင္းျဖစ္လာၿပီး လူ ၅ ေယာက္ေသခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵

ရုတ်တရက်မြေတွင်းကြီးဖြစ်လာပြီး ဘတ်စ်ကားတစီးပြုတ်ကျခဲ့ပါတယ်။

တရုတ်နိုင်ငံ ကားလမ်းမကြီးရဲ့ ဘတ်စ်ကားမှတ်တိုင်တခုမှာ ရုတ်တရက်မြေပြိုကျပြီး မြေတွင်းကြီးတတွင်းဖြစ်လာပါတယ်။ တမဟုတ်ချင်း ဘေးကို ပြန့်ကားလာတဲ့ အဲဒီမြေတွင်းကြီးဟာ မှတ်တိုင်မှာ ရပ်ထားတဲ့ ဘတ်စ်ကားကို ဝါးမြိုသွားတဲ့အတွက် အနည်းဆုံး လူ ၆ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် ၁၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့ညနေက တရုတ်နိုင်ငံချင်းဟိုင်ပြည်နယ် ရှင်းနင်းမြို့က ဆေးရုံရှေ့ ဘတ်စ်ကားမှတ်တိုင်မှာ အဲဒီအဖြစ်အပျက်ဖြစ်ခဲ့တာပါ။

စီစီတီဗီလုံခြုံရေးကင်မရာမှာ တွေ့ခဲ့ရတဲ့ ဗီဒီယိုအရ မြေတွင်းထဲကို ဘတ်စ်ကားနဲ့ ကားမှတ်တိုင်က လူတွေကျသွားပြီး ခဏအကြာမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ မြေတွင်းထဲကနေ မီးတောက်တွေ တက်လာတာတွေ့ရပါတယ်။

အခုလတ်တလော နှစ်တွေအတွင်း တရုတ်နိုင်ငံမှာ လူသေလောက်တဲ့ မြေတွင်းပြိုကျမှုတချို့ ဖြစ်ပွားခဲ့ပါတယ်။

အခုဗီဒီယိုမှာတွေ့ရတာက ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေတဲ့သူတွေဟာ မြေတွင်းပြိုကျလာတာကို မြင်ရတဲ့ အတွက် ထွက်ပြေးနေကြချိန်မှာပဲ ဘတ်စ်ကားဟာ မြေတွင်းထဲ တဖြည်းဖြည်းကျသွားတာ ဖြစ်ပါတယ်။

လူတော်တော်များများဟာ ဘတ်စ်ကားထဲမှာပါလာတဲ့ ခရီးသည်တွေကို ပြေးပြီး ကယ်ဆယ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပြိုကျသွားတဲ့ မြေတွင်းဟာ ဘေးကိုရုတ်တရက် ပြန့်ကားလာပြီး ကယ်ဆယ်ဖို့လာတဲ့သူတွေပါ မြေတွင်းထဲကျသွားကြပါတယ်။

တရုတ်အစိုးရ သတင်းမီဒီယာရဲ့ ထုတ်ပြန်ချက်အရ မြေတွင်းကြီးရဲ့ အဝဟာ ၃၂ ပေကျယ်ပါတယ်။

ဘတ်စ်ကားကို မြေမျိုသွားချိန်မှာ ခရီးသည်ဘယ်နှယောက်ကားပေါ်ပါသွားသလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။
ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ မြေတွင်းရဲ့ အဝဟာ ၃၂ ပေကျယ်တယ်လို့ ဆိုပါတယ်။

အခုမြေပြိုကျရတဲ့ အကြောင်းရင်းကို တိတိကျကျမသိရသေးပါဘူး။ အရင်က ဖြစ်ခဲ့ဖူးတဲ့ မြေပြိုကျမှုတွေကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ မြို့ပြဖွံ့ဖြိုးရေးကို အလျင်အမြန်တည်ဆောက်တာတွေကြောင့်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်တုန်းကလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ဒါဂျိုးမြို့မှာ လူစည်ကားတဲ့ ပလက်ဖောင်းတခုပေါ်မှာ ရုတ်တရက်မြေပြိုလို့ မြေတွင်းကြီးထဲကျပြီး လူ ၄ ယောက်သေဆုံးခဲ့ပါတယ်။

၂၀၁၃ ခုနှစ်တုန်းကလည်း တောင်ပိုင်းက ရှင်ဂျန်းမြို့ စက်မှုဇုန်တခုမှာ တွင်းကြီးတတွင်းဖြစ်လာပြီး လူ ၅ ယောက်သေခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
တ႐ုတ္ႏိုင္ငံမွာ ေျမတြင္းႀကီး ႐ုတ္တရက္ျဖစ္ေပၚလာၿပီး ဘတ္စ္ကားတစီးျပဳတ္က် တ႐ုတ္ႏိုင္ငံမွာ ေျမတြင္းႀကီး ႐ုတ္တရက္ျဖစ္ေပၚလာၿပီး ဘတ္စ္ကားတစီးျပဳတ္က် Reviewed by THITHTOOLWIN on 04:36 Rating: 5
Powered by Blogger.