ရခိုင်ပြည်တွင်းနေရာတချို့ ခရီးမသွားဖို့ ဗြိတိန်နိုင်ငံခြားရေးဌာန သတိပေး

ယခင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက မြန်မာနိုင်ငံ နှစ်ရက်ကြာခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ ရောက်လာချိန် လုံခြုံရေးတာဝန်ယူထားသည့် မြန်မာတပ်ဖွဲ့ဝင်တဦး။

(Unicode/Zawgyi)

ရခိုင်၊ ချင်း၊ ရှမ်းမြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေထဲက ဒေသတချို့ဆီကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ဗြိတိန်နိုင်ငံခြားရေးဌာန (FCO) က ဇန်နဝါရီလ ၂၃ ရက်နေ့စွဲနဲ့ ခရီးသွားလာမှုဆိုင်ရာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီသတိပေးချက်ဟာ အရင်ကတည်းကလည်း ထုတ်ထားတာရှိပြီး အခုထပ်ပြီးတော့ တိုးချဲ့ သတိပေးတာပါ။ ဒီလို ခရီးသွား သတိပေးချက်တွေကို ဗြိတိန်နိုင်ငံအပြင် အမေရိကန်နဲ့ တခြားနိုင်ငံတွေကလည်း ထုတ်ထားတာရှိပါတယ်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကလည်း ဗြိတိန်၊ သြစတြေးလျနဲ့ ကနေဒါတို့က ခရီးသွား သတိပေးချက်တွေ ထုတ်ပြန်ဖူးပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးကတော့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှာ သတိပေးချက် ထုတ်ပြန်ဖူးပါတယ်။

ရခိုင်ပြည်နယ်ထဲကဆိုရင် နေရာအတော်များများကိုမသွားဖို့ သတိပေးထားပြီး သွားလို့ရတဲ့နေရာတွေအဖြစ် ဖော်ပြထားတဲ့ထဲ မှာတော့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ ငပလီအပန်းဖြေကမ်းခြေ အပါအဝင် သံတွဲမြို့နဲ့ ဂွမြို့တို့ ပါဝင်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အကြားရှိ "no man's land" ကိုကာရံထားသည့် ခြံစည်းရိုးနားတွင် လုံခြုံရေးတာဝန်ယူထားသည့် မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ။ (တောင်ပြိုလက်ယာကျေးရွာအနီး၊ မောင်တောမြို့) (ဇွန် ၂၉၊ ၂၀၁၈)

ချင်းပြည်နယ်ထဲကဆိုရင် ပလက်ဝမြို့ကို မသွားဖို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ တခုလုံးကို မသွားဖို့ သတိပေးထားသလို ကချင်ပြည်နယ်ထဲမှာ မြစ်ကြီးနား၊ ဗန်းမော်နဲ့ ပူတာအိုမြို့တွေကလွဲလို့ တခြားနေရာတွေကိုမသွားဖို့ FCO ရဲ့ သတိပေးချက်ထဲမှာ ပါရှိပါတယ်။

တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအိုနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေကို မသွားဖို့လည်း သတိပေးထားပြီးတော့ နယ်စပ်ဒေသတွေက လုံခြုံရေးအခြေအနေဟာ တည်ငြိမ်လေ့မရှိဘူးလို့ ပြောထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေပြီး တခြားနယ်စပ်ဒေသတွေမှာလည်း တိုက်ပွဲတွေ ဖြစ်နိုင်ခြေရှိဆဲပဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဂုတ်တွင်းတံတားပေါ်တွင် ဖြတ်လျှောက်သွား ကြသည့် တပ်မတော်သားများ။ သြဂုတ် ၁၅၊ ၂၀၁၉။

ကြိုတင်သတိပေးချက် မရှိဘဲနဲ့ နိုင်ငံရေးတင်းမာမှုနဲ့ မတည်ငြိမ်မှုတွေ ဖြစ်နိုင်ခြေရှိတဲ့အကြောင်းနဲ့ ဆန္ဒပြပွဲတွေ၊ စုဝေးပွဲကြီးတွေ ကို ရှောင်ဖို့၊ ရဲတပ်ဖွဲ့၊ ဆန္ဒပြပွဲတွေ၊ စစ်ဘက်နေရာတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ဓာတ်ပုံ ဒါမှမဟုတ် ဗွီဒီယိုရိုက်ယူတာမျိုး မလုပ်ဖို့ နှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်ဝါဒီတွေက တိုက်ခိုက်ဖို့ ကြိုးစားလာနိုင်ခြေ ရှိတယ်လို့လည်း ထည့်သွင်း ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ၊ Wuhan မြို့၊ Hubei ပြည်နယ်မှာအစပြုတဲ့ coronavirus ဆက်ပြီး ပြန့်ပွားနေတာကို ထောက်ပြထားပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် လေဆိပ်တွေအပါအဝင် မြန်မာအာဏာပိုင်တွေက လုပ်ဆောင်နေတဲ့ စမ်းသပ်စစ်ဆေးမှုတွေကို လိုက်နာလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံတွင်း ခရီးသွားလာမှု အများစုဟာ အန္တရာယ်မရှိဘူးဆိုတာကို ထည့်သွင်းဖော်ပြထားပြီး သံရုံး အကူအညီတောင်းခံတဲ့ ဖြစ်ရပ်အများစုဟာ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးတာ၊ အသေးစား ခိုးမှုလေးတွေ ကြုံရတာနဲ့ မတော်တဆ ယာဉ်အန္တရာယ် ဖြစ်တာတွေနဲ့ပဲ ဆက်စပ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ မြန်မာနိုင်ငံ ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်ထဲမှာ ဖော်ပြထားပါတယ်။


-------------------------------

(Zawgyi)

ရခိုင္ျပည္တြင္းေနရာတခ်ဳိ႕ ခရီးမသြားဖို႔ ၿဗိတိန္ႏုိင္ငံျခားေရးဌာန သတိေပး

ရခိုင္၊ ခ်င္း၊ ရွမ္းေျမာက္ပိုင္းနဲ႔ ကခ်င္ျပည္နယ္ေတြထဲက ေဒသတခ်ဳိ႕ဆီကို မလိုအပ္ဘဲ ခရီးမသြားၾကဖို႔ ၿဗိတိန္ႏုိင္ငံျခားေရးဌာန (FCO) က ဇန္နဝါရီလ ၂၃ ရက္ေန႔စြဲနဲ႔ ခရီးသြားလာမႈဆိုင္ရာ သတိေပးခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ဒီသတိေပးခ်က္ဟာ အရင္ကတည္းကလည္း ထုတ္ထားတာရွိၿပီး အခုထပ္ၿပီးေတာ့ တိုးခ်ဲ႕ သတိေပးတာပါ။ ဒီလို ခရီးသြား သတိေပးခ်က္ေတြကို ၿဗိတိန္ႏုိင္ငံအျပင္ အေမရိကန္နဲ႔ တျခားႏုိင္ငံေတြကလည္း ထုတ္ထားတာရွိပါတယ္။

၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလကလည္း ၿဗိတိန္၊ ၾသစေၾတးလ်နဲ႔ ကေနဒါတို႔က ခရီးသြား သတိေပးခ်က္ေတြ ထုတ္ျပန္ဖူးပါတယ္

ရန္ကုန္ၿမိဳ႕ အေမရိကန္သံ႐ံုးကေတာ့ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လမွာ သတိေပးခ်က္ ထုတ္ျပန္ဖူးပါတယ္။

ရခိုင္ျပည္နယ္ထဲကဆိုရင္ ေနရာအေတာ္မ်ားမ်ားကိုမသြားဖို႔ သတိေပးထားၿပီး သြားလို႔ရတဲ့ေနရာေတြအျဖစ္ ေဖာ္ျပထားတဲ့ထဲ မွာေတာ့ ေက်ာက္ျဖဴ၊ ရမ္းျဗဲ၊ မာန္ေအာင္၊ ေတာင္ကုတ္၊ ငပလီအပန္းေျဖကမ္းေျခ အပါအဝင္ သံတြဲၿမိဳ႕နဲ႔ ဂြၿမိဳ႕တို႔ ပါဝင္ပါတယ္။

ခ်င္းျပည္နယ္ထဲကဆိုရင္ ပလက္ဝၿမိဳ႕ကုိ မသြားဖို႔နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ တခုလံုးကို မသြားဖို႔ သတိေပးထားသလို ကခ်င္ျပည္နယ္ထဲမွာ ျမစ္ႀကီးနား၊ ဗန္းေမာ္နဲ႔ ပူတာအိုၿမိဳ႕ေတြကလြဲလို႔ တျခားေနရာေတြကိုမသြားဖို႔ FCO ရဲ႕ သတိေပးခ်က္ထဲမွာ ပါရွိပါတယ္။

တ႐ုတ္၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္၊ အိႏၵိယ၊ လာအိုႏုိင္ငံတို႔နဲ႔ ထိစပ္ေနတဲ့ နယ္စပ္ေဒသေတြကို မသြားဖုိ႔လည္း သတိေပးထားၿပီးေတာ့ နယ္စပ္ေဒသေတြက လံုျခံဳေရးအေျခအေနဟာ တည္ၿငိမ္ေလ့မရွိဘူးလို႔ ေျပာထားပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း၊ ကခ်င္၊ ကရင္နဲ႔ ရခိုင္ျပည္နယ္ေတြမွာ တိုက္ပြဲေတြျဖစ္ေနၿပီး တျခားနယ္စပ္ေဒသေတြမွာလည္း တိုက္ပြဲေတြ ျဖစ္ႏုိင္ေျခရွိဆဲပဲလို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ႀကိဳတင္သတိေပးခ်က္ မရွိဘဲနဲ႔ ႏုိင္ငံေရးတင္းမာမႈနဲ႔ မတည္ၿငိမ္မႈေတြ ျဖစ္ႏုိင္ေျခရွိတ့ဲအေၾကာင္းနဲ႔ ဆႏၵျပပြဲေတြ၊ စုေဝးပြဲႀကီးေတြ ကို ေရွာင္ဖို႔၊ ရဲတပ္ဖြဲ႔၊ ဆႏၵျပပြဲေတြ၊ စစ္ဘက္ေနရာေတြနဲ႔ တပ္ဖြဲ႔ဝင္ေတြကို ဓာတ္ပံု ဒါမွမဟုတ္ ဗီြဒီယို႐ိုက္ယူတာမ်ဳိး မလုပ္ဖို႔ ႏႈိးေဆာ္ထားပါတယ္။

ျမန္မာႏုိင္ငံမွာ အၾကမ္းဖက္ဝါဒီေတြက တိုက္ခိုက္ဖို႔ ႀကိဳးစားလာႏုိင္ေျခ ရွိတယ္လို႔လည္း ထည့္သြင္း ေဖာ္ျပထားပါတယ္။

တ႐ုတ္ႏုိင္ငံ၊ Wuhan ၿမိဳ႕၊ Hubei ျပည္နယ္မွာအစျပဳတဲ့ coronavirus ဆက္ၿပီး ျပန္႔ပြားေနတာကို ေထာက္ျပထားၿပီး ရန္ကုန္၊ မႏၲေလးနဲ႔ ေနျပည္ေတာ္ ေလဆိပ္ေတြအပါအဝင္ ျမန္မာအာဏာပိုင္ေတြက လုပ္ေဆာင္ေနတဲ့ စမ္းသပ္စစ္ေဆးမႈေတြကို လိုက္နာလုပ္ေဆာင္ၾကဖို႔ တိုက္တြန္းထားပါတယ္။

ဒါေပမယ့္ ျမန္မာႏုိင္ငံတြင္း ခရီးသြားလာမႈ အမ်ားစုဟာ အႏၲရာယ္မရွိဘူးဆိုတာကို ထည့္သြင္းေဖာ္ျပထားၿပီး သံ႐ံုး အကူအညီေတာင္းခံတဲ့ ျဖစ္ရပ္အမ်ားစုဟာ ႏုိင္ငံကူးလက္မွတ္ ေပ်ာက္ဆံုးတာ၊ အေသးစား ခိုးမႈေလးေတြ ၾကံဳရတာနဲ႔ မေတာ္တဆ ယာဥ္အႏၲရာယ္ ျဖစ္တာေတြနဲ႔ပဲ ဆက္စပ္တယ္လို႔ ၿဗိတိန္ႏုိင္ငံျခားေရးဌာနရဲ႕ ျမန္မာႏုိင္ငံ ခရီးသြားလာမႈဆိုင္ရာ သတိေပးခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

VOA (Burmese)
https://burmese.voanews.com
ရခိုင်ပြည်တွင်းနေရာတချို့ ခရီးမသွားဖို့ ဗြိတိန်နိုင်ငံခြားရေးဌာန သတိပေး ရခိုင်ပြည်တွင်းနေရာတချို့ ခရီးမသွားဖို့ ဗြိတိန်နိုင်ငံခြားရေးဌာန သတိပေး Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.