ရက္ဆက္ မိုင္းနင္းမိသူမ်ားလာ

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၂၄၊၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ အတြင္း အရပ္သားမ်ား ရက္ဆက္တိုက္ မိုင္းနင္းမိေနေၾကာင္း သတင္းရရွိသည္။

ယမန္ေန႔ ညေန ၄ နာရီ ဝန္းက်င္တြင္ ေက်ာက္မဲၿမိဳ႕နယ္ အာေျပာင္ေက်း႐ြာ ေဒသခံ အမ်ိဳးသား ၃ဦးသည္ ထင္ခုတ္ၿပီး ေနအိမ္ကို ဆိုင္ကယ္ျဖင့္ အျပန္ မိုင္းနင္းမိကာ ၃ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း အိုမ္တမာဝ္ လူမႈကူညီေရးအသင္း မွ မိုင္းအဘမ္း က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ မိုင္းထိတာ ၃ဦးပါ။ တေယာက္က ေျခတလုံး၊ ပါး၊ လက္ေခ်ာင္းေတြထိတယ္။ ေနာက္ တေယာက္က ေပါင္၊ ေျခတလုံးေတြထိတယ္။ ေနာက္တေယာက္က ဗိုက္ထိတယ္” ဟု မိုင္းအဘမ္း ကဆိုသည္။

အဆိုပါ မိုင္းထိမွန္သည့္ အမ်ိဳးသား ၃ဦးသည္ အသက္ ၂၅ ႏွစ္ အထက္ အ႐ြယ္မ်ားျဖစ္ၾကၿပီး၊ ထိုသူ ၃ဦးသည္ လက္ရွိ မွာ ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသခံေနရေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္တြင္ တအာင္း (ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္(TNLA )၊ သွ်မ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္( RCSS/SSA) ႏွင့္ ျမန္မာ့တပ္မေတာ္တို႔ လႈပ္ရွားသည့္ေဒသျဖစ္သည္။

ထိုေနရာ တဝွိက္တြင္ တိုင္းရင္းသား လက္နက္ကိုင္ႏွင့္ ျမန္မာ့တပ္မေတာ္တို႔ မၾကာခဏ တိုက္ပြဲျဖစ္ပြားကာ ေျမျမဳပ္မိုင္းမ်ားစြာ ေထာင္ထားသည့္ေနရာလည္း ျဖစ္သည္ ဟု ေက်ာက္မဲၿမိဳ႕ နယ္ ေဒသခံမ်ားက ေျပာဆိုၾကသည္။

“ မိုင္းက ေန႔တိုင္း နင္းမိေနတယ္။ ရက္ဆက္တိုက္ပဲ။ ၂၀၁၉ ခုႏွစ္ကေတာ့အမ်ားဆုံး လို႔ က်ေနာ္ထင္တယ္” ဟု မိုင္းအဘမ္း က ေျပာသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-----------
(Unicode)⤵⤵⤵
ရက်ဆက် မိုင်းနင်းမိသူများလာ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၂၄၊၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း အရပ်သားများ ရက်ဆက်တိုက် မိုင်းနင်းမိနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် ကျောက်မဲမြို့နယ် အာပြောင်ကျေးရွာ ဒေသခံ အမျိုးသား ၃ဦးသည် ထင်ခုတ်ပြီး နေအိမ်ကို ဆိုင်ကယ်ဖြင့် အပြန် မိုင်းနင်းမိကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အိုမ်တမာဝ် လူမှုကူညီရေးအသင်း မှ မိုင်းအဘမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မိုင်းထိတာ ၃ဦးပါ။ တယောက်က ခြေတလုံး၊ ပါး၊ လက်ချောင်းတွေထိတယ်။ နောက် တယောက်က ပေါင်၊ ခြေတလုံးတွေထိတယ်။ နောက်တယောက်က ဗိုက်ထိတယ်” ဟု မိုင်းအဘမ်း ကဆိုသည်။

အဆိုပါ မိုင်းထိမှန်သည့် အမျိုးသား ၃ဦးသည် အသက် ၂၅ နှစ် အထက် အရွယ်များဖြစ်ကြပြီး၊ ထိုသူ ၃ဦးသည် လက်ရှိ မှာ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသခံနေရကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA )၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် မြန်မာ့တပ်မတော်တို့ လှုပ်ရှားသည့်ဒေသဖြစ်သည်။

ထိုနေရာ တဝှိက်တွင် တိုင်းရင်းသား လက်နက်ကိုင်နှင့် မြန်မာ့တပ်မတော်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားကာ မြေမြုပ်မိုင်းများစွာ ထောင်ထားသည့်နေရာလည်း ဖြစ်သည် ဟု ကျောက်မဲမြို့ နယ် ဒေသခံများက ပြောဆိုကြသည်။

“ မိုင်းက နေ့တိုင်း နင်းမိနေတယ်။ ရက်ဆက်တိုက်ပဲ။ ၂၀၁၉ ခုနှစ်ကတော့အများဆုံး လို့ ကျနော်ထင်တယ်” ဟု မိုင်းအဘမ်း က ပြောသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ရက္ဆက္ မိုင္းနင္းမိသူမ်ားလာ ရက္ဆက္ မိုင္းနင္းမိသူမ်ားလာ Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.