Coronavirus အႏၱရာယ္ ျမန္မာႏိုင္ငံသားေတြ သတိရွိဖို႔ ေဘက်င္းျမန္မာသံရံုး ႏိႈးေဆာ္

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ေစာင့္ေနၾကေသာ ခရီးသည္မ်ား
(Zawgyi / Unicode)

လူေသဆုံးတဲ့အထိ ကူးစက္ေနတဲ့ Coronavirus အႏၱရာယ္ကုိ တ႐ုတ္ႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြ သတိထားၾကဖုိ႔ ျမန္မာသံ႐ုံးက သတိေပးလုိက္ပါတယ္။

အထူးသျဖင့္ Hubei ျပည္နယ္ထဲက ေရာဂါပုိး စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ Wuhan ၿမိဳ႕မွာ ေနထုိင္ၾကတဲ့ ျမန္မာႏုိင္ငံသားေတြ အေနနဲ႔ တ႐ုတ္အစုိးရနဲ႔ ေဒသခံအာဏာပုိင္ေတြ၊ က်န္းမာေရးဌာန တာ၀န္ရွိသူေတြရဲ႕ လမ္းညႊန္ခ်က္ေတြကုိ လုိက္နာၾကဖုိ႔ တုိက္တြန္းထားတာပါ။

သက္ဆုိင္ရာ အာဏာပုိင္ေတြ ထုတ္ျပန္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကုိ အတိအက် လုိက္နာဖုိ႔နဲ႔ အခက္အခဲရွိရင္ ေဘဂ်င္းၿမိဳ႕ေတာ္က ျမန္မာသံ႐ုံးကုိ ဆက္သြယ္အကူအညီ ေတာင္းခံႏုိင္ေၾကာင္းလည္း မေန႔တုန္းက ရက္စဲြနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဗုိင္းရပ္စ္ပုိး ကူးစက္မႈေၾကာင့္ လူေပါင္း ၂ ဒါဇင္ေလာက္ေသဆုံးၿပီး တ႐ုတ္ႏုိင္ငံတြင္းမွာ လူေပါင္း ၈၀၀ ေက်ာ္အျပင္ျပည္ပႏုိင္ငံေတြမွာပါ ကူးစက္သူေတြလည္း ရွိေနပါတယ္။

Wuhan ၿမိဳ႕က စလုိက္တဲ့ ဗုိင္းရပ္စ္ပုိး ပ်ံ႕ႏွံ႔မႈဟာ တ႐ုတ္ႏုိင္ငံ ေဘဂ်င္း၊ ရွန္းဟုိင္းနဲ႔ ဂြမ္ေဒါင္း ျပည္နယ္ေတြလုိ ၿမိဳ႕ႀကီးေတြအျပင္၊ ဂ်ပန္၊ ေတာင္ကုိရီးယား၊ ထုိင္း၊ ထုိင္၀မ္နဲ႔ အေမရိကန္အထိ ကူးစက္ခံေနရတာပါ။ တ႐ုတ္ႏုိင္ငံနဲ႔ အိမ္နီးခ်င္း ျမန္မာႏုိင္ငံမွာေတာ့ ကူးစက္မႈရွိတဲ့ သတင္းေတြ မၾကားရေသးေပမဲ့ ႀကိဳတင္ကာကြယ္ေရး အစီအမံေတြ ခ်မွတ္ထားေၾကာင္း က်န္းမာေရးအာဏာပုိင္ေတြက ေျပာဆုိထားၾကတာပါ။

Wuhan ၿမိဳ႕ကေန တ မေန႔တုန္းက ျမန္မာႏုိင္ငံကုိ တုိက္႐ုိက္ပ်ံသန္းလာတဲ့ ေလယာဥ္တစင္းမွာ လုိက္ပါလာတဲ့ ခရီးသည္တခ်ဳိ႕ကုိ စစ္ေဆးခဲ့ရာမွာ ေရာဂါကူးစက္မႈ မေတြ႔ရေၾကာင္းလည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

ထုိင္းႏုိင္ငံမွာေတာ့ ၅ ေယာက္ေျမာက္ ကူးစက္သူတဦး ေတြ႔ရွိခဲ့ေၾကာင္း ဒီကေန႔ပဲ အတည္ျပဳခဲ့တာပါ။ တ႐ုတ္ႏုိိင္ငံ Wuhan ၿမိဳ႕က ျပန္လာတဲ့ အသက္ ၃၃ ႏွစ္အရြယ္ အမ်ဳိးသမီးမွာ ဗုိင္းရပ္စ္ပုိး ကူးစက္ေနတာ ေတြ႔ရွိခဲ့တာျဖစ္ၿပီး၊ ဒါဟာဆုိရင္ ထုိင္းႏုိင္ငံမွာ ေလဆိပ္မွာ စစ္ေဆးစဥ္မွာ ကူးစက္မႈမေတြ႔ခဲ့ဘဲ ေနာက္ပုိင္းက်မွ သိရတဲ့ ဒုတိယေျမာက္လူနာ ျဖစ္ေၾကာင္းလည္း လူထုက်န္းမာေရး ဒုတိယ၀န္ႀကီး Sathit Patucha ကုိ ကုိးကားၿပီး Reuters သတင္းက ေဖာ္ျပခဲ့ပါတယ္။

..................

Coronavirus အန္တရာယ် မြန်မာနိုင်ငံသားတွေ သတိရှိဖို့ ဘေကျင်းမြန်မာသံရုံး နှိုးဆော်

(Unicode)

လူသေဆုံးတဲ့အထိ ကူးစက်နေတဲ့ Coronavirus အန္တရာယ်ကို တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ သတိထားကြဖို့ မြန်မာသံရုံးက သတိပေးလိုက်ပါတယ်။ အထူးသဖြင့် Hubei ပြည်နယ်ထဲက ရောဂါပိုး စတင်ပျံ့နှံ့ခဲ့တဲ့ Wuhan မြို့မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ တရုတ်အစိုးရနဲ့ ဒေသခံအာဏာပိုင်တွေ၊ ကျန်းမာရေးဌာန တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားတာပါ။

သက်ဆိုင်ရာ အာဏာပိုင်တွေ ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတိအကျ လိုက်နာဖို့နဲ့ အခက်အခဲရှိရင် ဘေဂျင်းမြို့တော်က မြန်မာသံရုံးကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းလည်း မနေ့တုန်းက ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် လူပေါင်း ၂ ဒါဇင်လောက်သေဆုံးပြီး တရုတ်နိုင်ငံတွင်းမှာ လူပေါင်း ၈၀၀ ကျော်အပြင်ပြည်ပနိုင်ငံတွေမှာပါ ကူးစက်သူတွေလည်း ရှိနေပါတယ်။

Wuhan မြို့က စလိုက်တဲ့ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုဟာ တရုတ်နိုင်ငံ ဘေဂျင်း၊ ရှန်းဟိုင်းနဲ့ ဂွမ်ဒေါင်း ပြည်နယ်တွေလို မြို့ကြီးတွေအပြင်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ထိုင်ဝမ်နဲ့ အမေရိကန်အထိ ကူးစက်ခံနေရတာပါ။ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ ကူးစက်မှုရှိတဲ့ သတင်းတွေ မကြားရသေးပေမဲ့ ကြိုတင်ကာကွယ်ရေး အစီအမံတွေ ချမှတ်ထားကြောင်း ကျန်းမာရေးအာဏာပိုင်တွေက ပြောဆိုထားကြတာပါ။

Wuhan မြို့ကနေ တ မနေ့တုန်းက မြန်မာနိုင်ငံကို တိုက်ရိုက်ပျံသန်းလာတဲ့ လေယာဉ်တစင်းမှာ လိုက်ပါလာတဲ့ ခရီးသည်တချို့ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှု မတွေ့ရကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာတော့ ၅ ယောက်မြောက် ကူးစက်သူတဦး တွေ့ရှိခဲ့ကြောင်း ဒီကနေ့ပဲ အတည်ပြုခဲ့တာပါ။ တရုတ်နိုင်ငံ Wuhan မြို့က ပြန်လာတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နေတာ တွေ့ရှိခဲ့တာဖြစ်ပြီး၊ ဒါဟာဆိုရင် ထိုင်းနိုင်ငံမှာ လေဆိပ်မှာ စစ်ဆေးစဉ်မှာ ကူးစက်မှုမတွေ့ခဲ့ဘဲ နောက်ပိုင်းကျမှ သိရတဲ့ ဒုတိယမြောက်လူနာ ဖြစ်ကြောင်းလည်း လူထုကျန်းမာရေး ဒုတိယဝန်ကြီး Sathit Patucha ကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့ပါတယ်။

VOA (Burmese)
https://burmese.voanews.com
Coronavirus အႏၱရာယ္ ျမန္မာႏိုင္ငံသားေတြ သတိရွိဖို႔ ေဘက်င္းျမန္မာသံရံုး ႏိႈးေဆာ္ Coronavirus အႏၱရာယ္ ျမန္မာႏိုင္ငံသားေတြ သတိရွိဖို႔ ေဘက်င္းျမန္မာသံရံုး ႏိႈးေဆာ္ Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.